ကြိုဆိုပါသည်

♥♥သံယောဇဉ်ပင်လယ်မှနှင်းဆီကလှိုက်လှဲစွာကြိုဆိုပါ၏..အလယ်ေ၇ာက်လာသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်..လှုပ်လှုပ်သဲ၇င်တွင်းစကားလေးတွေအန်ချရာပင်လယ်..Roseayemaung@gmail.comမှာပျော်ရွှင်နိုင်ကြပါစေ.♥♥.

Friday, May 25, 2012

**ဒဏ်ရာ တစ်ခု ရဲ့  လျှော်ကြေး**(အပိုင်း၇)

မောင်လွမ်းဆု(၀တ္ထု)

ဒေါ်ချယ်ရီ ရဲ့ မျှော်လင့်ချက် ရှိုင်းထက် ရဲ့  ရက်ဆက်ခြင်း ဘယ်ဘ၀ က ၀ဋ်ကြွေး တွေ ပါလာခဲ့ ကြတာလဲ။
အခုတော့  ဗိုလ်ရှိုင်း တစ်ယောက် တစ်ခါ တစ်ခါ တစ်ပါတ် လောက် ရွာက ပျောက်သွားလိုက် ။
တစ်ခါတစ်ခါ သူ့ အမေ့  နှင့်  သူညီမလေးရဲ့  အုတ်ဂူ ကြား မှာ သွားသွားငို လိုက် နဲ့ ။
ရွာက လူတွေ က သူ့ ကို ဂရုမစိုက်ပေမယ့် ကျောင်းဆရာမ ကတော့  သူ့ကို တွေ့ တိုင်း သူဘ၀ရဲ့ နောက် ကြောင်းတွေကို အစဏ မေးကြည့် တော့လဲ
ဘာမှ ပြန်မပြော ဒီလို အချိန် ရှိသရွေ့  စိတ်တွေ ကို အရက်ထဲ မျှော ပြီး သူဘ၀ကို သူ ကိုယ် တိုင်ပဲ မေ့ နေပြီထင်ပါတယ်။
ဒီနေ့ တော့  အရက်ပုလင်းကို လက်က ကိုင်ပြီး ခေါင်းငိုက်စိုက်နဲ့ အရက်ဆိုင်ထဲ

**ဒဏ်ရာ တစ်ခုရဲ့  လျှော်ကြေး*(အပိုင်း၆)


မောင်လွမ်းဆု (၀တ္ထု)

သံသရာ စက်ဝန်းထဲမှာ ငိုကြွေးရင်း နဲ့  ရင်မောခဲ့ ရပါပြီ....ဖြစ်ချင်တဲ့ အရာကို ဖြစ်လာအောင် လုပ်နိုင်ခဲ့ ပေမယ့်
မဖြစ်သင့် တဲ့ အရာတွေကလဲ ဖြစ်လာခဲ့ တော့  ငိုကြွေးရင်း နဲ့ သံသရာ စက်ဝန်းကြီးကို ဆက်ရအုံးမယ်ပေါ့ ။
အခု အမေ့ ရဲ့ အုတ်ဂူ နဲ့  ညီမလေးရဲ့ အုတ်ဂူ ကြားမှာ ကျနော် ငိုနေရင်း နောက်က ရောက်လာသူက တော့  တစ်ခြားသူမဟုတ်
ကျနော်နဲ့ ငယ်ငယ်က ပေါင်းလာခဲ့ တဲ့ ကျနော်သူငယ်ချင်း မြင့်သော် ပါ။
မြင့်သော် ပြောလာတဲ့ စကားတွေကတော့ ။
....သူငယ်ချင်း မင်းပြန်လာတယ် ကြားလို့  မင်းဒီနေရာမှာ ရှိနေမယ်ဆိုတာ ငါ သိလို့  လိုက်လာခဲ့ တာ....
...ဒီလို ပါပဲလူဘ၀ကြီး က ကိုယ်ဖြစ်ချင်တာတွေ အားလုံးဖြစ်လို့ မရပါဘူး.. ..
..လောကကြီးက ဖြစ်ပေးတဲ့ အရာတွေနဲ့ ပဲ ဒို့ တွေ ဖြစ်နေကြရတာပါ ...
...လာပါ သူငယ်ချင်း ရာ ရွာပြန်ရအောင်.....
...ဟေ့ ကောင် ဖိုးသော် ဒီအချိန်မှာ ငါ ဘယ်လောက်ခံစားနေရတယ်ဆိုတာ

**ဒဏ်ရာတစ်ခုရဲ့  လျှော်ကြေး**အပိုင်း(၅)

မောင်လွမ်းဆု (၀တ္ထု)

ကျနော် ဘ၀မှာ ကျေကျေနပ်နပ် ရခဲ့ ရတဲ့  ဒေါ်ချယ်ရီ ရဲ့  အချစ် ဒေါ်ချယ်ရီ ကြောင့် သေခဲ့ ရတဲ့  ကျနော်ညီမလေး ကျနော်ဘ၀ပြို ပျက်ခဲ့ ရတယ်။
အခုတော့ လဲ ဘ၀အသစ်ဆိုတာ ဒေါ်ချယ်ရီနဲ့ ပေါင်းပြီး ထူထောင်ခဲ့ ရပေမယ့် အဓိပ္ပါယ် ရှိပေမယ့်လဲ အဓိပ္ပါယ်မဲ့ ခဲ့ တာလဲရှိပါတယ်။
ကျနော် သူမ ကို ရခဲ့ တာ ညီမလေး အတွက် လက်စား ချေခွင့် က အဓိပ္ပါယ်ရှိပါတယ်။ မချစ်မနှစ်သက်ပဲ နဲ့ သူမကို လက်ထပ်ခဲ့ ရတာကတော့  အဓိပ္ပါယ်
မဲ့ နေလျှက်ပါ။
အရာရာတိုင်းကို အကောင်းမမြင်ပဲ ကြည့် ခဲ့ တဲ့  ကျနော်ကို ခွင့်လွတ်နားလည်စွာ ချစ်တတ်တဲ့  ဒေါ်ချယ်ရီကို လေးစားပေမယ့် ။ သူမရဲ့  မာနတရား နဲ့ 
လူတစ်ယောက် ကို မစာမနာ ပြောဆိုမူကြောင့် ကျနော်ညီမ အသက်တစ်ချောင်း

**ဒဏ်ရာတစ်ခု ရဲ့  လျှော်ကြေး**(အပိုင်း၎)

မောင်လွမ်းဆု (၀တ္ထု)


ဒေါ်ချယ်ရီတစ်ယောက် ကျနော်စာကိုဖတ်ပြီး ။
အမယ်လေး ငါ့ အတွက်နဲ့  နေမကောင်းဖြစ်ရတယ်လို့ ...
တကယ်တော့  သူနဲ့ ငါနဲ့ ဟာ ဘာမဟုတ်တဲ့ နှင်းဆီပန်းကနေ ဖုန်းဆက်လာတဲ့  အဆင့်ထိရောက်ခဲ ပေမယ့်။
သူဘယ်သူဘယ်ဝါ လဲ ဆိုတာ ငါ အသေချာမသိပဲ နဲ့  ငါသူကို ဘာဖြစ်လို့ အသိအမှတ်ပြုမိနေတာလဲ။
ဒါလုံးဝမဖြစ်နိင်ဘူး ငါတစ်သက်လုံး ငါမာန နဲ့  ငါနေလာတာ ဒါလေးကြမှ ဖြစ်စရာလား။
သူစိတ်ကို သူတွေးရင်း သူရဲ့ မာနတွေ ကို သူမကိုယ်တိုင်ပဲ ပြန်အားပေးနေပါတယ်။
ဒီလိုနဲ့ ပဲ သူမနဲ့ ကျနော် တစ်ပါတ်လောက် အဆက်အသွယ်တွေ ပြတ်ခဲ့ ပါတယ်။
သူမက လဲ သူမာနနဲ့ သူနေနိုင်အောင်နေတယ် ကျနော်က လည်း တိုက်ကွက်တစ်ခုပြောင်းကြည့်တာ အဆင်ပြေမယ်ထင်လို့  အခုတော့  အဆက်သွယ်တွေပါပြတ်နေပါပြီ။
အခုတော့  ကျနော် ဘာလုပ်ရတော့မလဲ ဒေါ်ချယ်ရီ ခင်များကို တော့ မရရအောင် ကျနော်လုပ်ကို လုပ်ရမယ့် တာဝန်ရှိနေပြီ။
ကျနော် သူကို ပေါ်တင်ပဲ လမ်းခင်းတော့ မယ်။
ဒီနေ့ ပဲ ကျနော် ဖုန်းခေါ်လိုက်ပါပြီ။
ဟဲလို.....မမလား..
...ဟုတ်တယ် ပြော..ဘာကိစ္စလဲ ..မင်းကလေးဆန်တဲ အပြုမူတွေ မရပ်ရင် ငါကို မဆက်သွယ်ပါနဲ့ ...
ဒါဟာကလေးဆန်တယ်ဟုတ်လားထားပါတော့ ...မမ ကျနော်

**ဒဏ်ရာတစ်ခုရဲ့  လျှော်ကြေး **အပိုင်း(၃)

 မောင်လွမ်းဆု (၀တ္ထု)


ဒေါ်ချယ်ရီ တစ်ယောက်အိပ်ခန်းထဲက ကုတင်ပေါ်တွင် သူကို နှင်းဆီအနီရောင်တွေနဲ့ လိုက်နှောက်ယှက်နေတာ ဘယ်သူလဲဆိုတာကို စဉ်းစားနေချိန်မှာပဲ
သူမရဲ့  ဟန်ဖုန်းလေး မြည်လာပါတော့သည်။
..............ဟဲလို...ဟုတ်ကဲ့  ချယ်ရီပါ....ဘယ်သူပါလဲ ရှင်..
......မမလား...
..ရှင်...
ဒေါ်ချယ်ရီ တစ်ယောက် ဖုန်းထဲ က မမလားဆိုတဲ့ စကားကိုကြားပြီး တစ်ချက်တွေဝေသွားတယ်။
...မင်းဘယ်သူလဲ...မင်း ငါ့ကို သိလို့ လား..
..မမ ကျနော်ကို မသိပေမယ့် ကျနော်မမ ကို သိခဲ့ တာကြာပြီ...
...နေပါအုံး ငါမကြိုက်တဲ့  နှင်းဆီပန်း အနီ တွေ နဲ့  လိုက်နှောက်ယှက်နေတာ မင်းလား..
..လိမ်တာကို မကြိုက်တဲ့  ကျနော်အတွက်တော့  မလိမ်ပါဘူးဆိုရင်ရော...
...အော်..ဒါဆိုမင်းပေါ့ ...ဘာသဘောနဲ့  ငါ့ ကိုလိုက်လုပ်နေတာလဲ..
...အခုလို တကူးတက အချိန်ကုန်ခံပြီး လိုက်လုပ်နေမှတော့ ..ဘာသဘောလဲ ဆို တာ ကျနော်ဘက်ကပြောပြစရာ မလိုဘူးထင်ပါတယ်..
...မမလဲ ..ကလေးမဟုတ်တော့ ပါဘူး...
....မင်း.. ရူးနေတာတော့  မဟုတ်ပါဘူး...နော်..
..ဟဟ..လူတစ်ချို့  ပြောတာတော့  အရူးစကားက မှန်တတ်တယ်..
..တော်ပြီ... မင်းကို ငါ စကား အများကြီး မပြောချင်ဘူး..မင်းဘာရည်ရွယ်ချက်နဲ့  ငါ့ ကို အခုလိုလုပ်နေတာလဲ ပြော..
..လူတစ်ယောက် ကို စိတ်မ၀င်စားပဲ နဲ့  တော့ 


Wednesday, May 23, 2012

**ဒဏ်ရာ တစ်ခုရဲ့  လျှော်ကြေး** အပိုင်း(၂)

မောင်လွမ်းဆု(၀တ္ထု)


ကျနော်ရဲ့  ညီမလေး အဆိပ်သောက်ပြီးသေခဲ့  တာ ရိုးရိုးသားသားတော့ မဖြစ်နိုင်ဘူးဆိုတာ ကျနော် ကြိုသိနေတယ်။
အခု တော့  အဖေလဲ ရွာကို ရောက်လာပါပြီ။ မိထွေးတော့ ပါမလာပါဘူး။
အဖေရောက်ရောက်ခြင်းပဲ ညီမလေးရဲ့  ဘေးအနားမှာ ထိုင်ပြီး စကားသံ သဲ့ သဲ့ လေးနဲ့ ငိုနေပါတော့ တယ်။
....မိုက်လိုက်လေ သမီး ရယ်...ကိုယ့် ဘ၀ကို အဆုံးစီရင် ရတဲ့ အထိပဲလား....
အမေကလဲ သဲ့ သဲ့ လေးနဲ့ ငိုနေပါတယ်။ ....သမီးရယ် .....ကို့ ကိုယ် ကို သတ်သေတယ်ဆို တာ အဖန်ငါးရာ ငါးကမ္ဘာ ဆိုတာ မသိဘူးလား.....
ကျနော်ကတော့  မရတော့  ပါ ကျနော့  ရင် တစ်ခုလုံးမီးဟုန်းဟုန်း တောက်ပါပြီ။ ကျနော် အခန်းနံရံတွေ ကို လက်သီး ဖြင့်ထိုးရင်း အော်၍ ငိုနေရပါတော့ သည်။
...ညီမလေး...ညီမလေး...
(တောက်) ...ဒါ အကြောင်း တစ်ခုခု တော့ ရှိကို ရှိရမယ်..................
ကျနော်လဲ ညီမလေး ဘာကြောင့် သေရတယ် ဆို တာ သိချင် စိတ်ပြင်းထန်စွာဖြင့် ညီမလေးရဲ့  ခရီးဆောင် အိတ်ကို ဖွင့်ပြီး အချက်လက် ရှာကြည့် တော့  ညီမလေးရေးထားတဲ့ စာအုပ်ကလေး တစ်အုပ်ကို

**ဒဏ်ရာ တစ်ခုရဲ့  လျှော်ကြေး** (အပိုင်း ၁)

မောင်လွမ်းဆု(၀တ္ထု)

(ဘ၀) ဆိုတာကို လူတွေ အမျိုးမျိုး ပုံဖော်ရေးဖွဲ့ နေကြပေမယ့် ကျနော် ဘ၀ကတော့ ဘာကို ဘယ်လိုရေးပြီးဘယ်လိုဖွဲ့ ရမှန်းမသိလောက်အောင်ပါပဲ။
ဘ၀ ဟာ ၀ိုင်တစ်ခွက်မဟုတ်တာတော့ သေချာတယ် တမာမြေမှာ မွေးခဲ့ တဲ့  ကျနော် ဘ၀ဟာ တမာလိုများ ခါးသွားခဲ့ တာလား။
လူဘ၀ကြီးမှာ ပြည့်စုံမူ တစ်ချို့ တစ်ဝက်နဲ့ အဆင်ပြေခဲ့  ပေမယ့် မိဘတွေရဲ့  သဘောထားမတိုက်ဆိုင် မူလေးတစ်ခုနဲ့  ကျနော်ရဲ့  မိသားစု ဘ၀လေးပျောက်ကွယ်ခဲ့ ရတယ်။
နယ်မြို့ ကလေးက ရွာလေးတစ်ရွာရဲ့ ဘေးမှာ ရေလှောင်တမန် တစ်ခုအတွက် ထက်က တာဝန်ကျလာတဲ့  အင်ဂျင်နီယာ လူငယ်လေးတစ်ယောက် မျိုးသန့်
ရွာက ဘွဲ့ ရပြီးခါစ မိန်ကလေးလေး တင်နွဲ့  နယ်ခံစာရေးမလေးအဖြစ်နဲ့  ရုံးအလုပ်ကလေးဝင်လုပ်ရင်း အင်ဂျင်နီယာပေါက်ကလေး မျိုးသန့် နဲ့ တွေ့ ခဲ့ ကြတယ်။
သူတို့  နှစ်ယောက် မေတ္တာမျှ ချစ်ကျွမ်းဝင်ခဲ့ တဲ့  တစ်နှစ်တာခရီးကုန်ဆုံးသွားချိန်မှာတော့  အကြင်လင်မယား ဘ၀သို့  ရောက်ရှိခဲ့ ပါတယ်။
ကောင်းလေး က ရန်ကုန်သား တောသူနဲ့ ကြိုက်ခဲ့ တဲ့ အတွက် ပိုက်ဆံရှိ အသိုင်းဝိုင်းဖြစ်တဲ့ ကောင်းလေးဘက်က မိဘတွေကသဘောမတူလို

**သုံးယောက်ပေါင်း သောင်းကျော်.**

     မောင်လွမ်းဆု(၀ထ္ထု)
ဒီနေ့ ကျွန်တော်တို့ ရွာ ကျမ်းပိုးသုံးယောက်ဖြစ်တဲ့  ကျွန်တော်ရယ်နီတွတ်ရယ်
သံဂဲ ရယ် ထန်းရည်ဘိုး ပိုက်ဆံ မရှိလို 
အကြံခက်နေကြပါတယ် ။
လူပျိုကြီး ကိုတင်လှ အိမ်ဝိုင်းထဲ မစင်စွန့် တဲ
့ပြဿနာကလည်း..သူကြီးထိပ်တုံးတစ်ရက်ခတ်ခံလိုက်ရပါတယ်။
ဒါပေမဲ့  ကျွန်တော်တို့ သုံးယောက်က လူပျိုကြီးကိုတော့
အစာမကျေဖြစ်နေကြပါတယ်။ ရွာထဲက ဒေါ်လမ်း ထန်းရည်ဆိုင်မှာလည်းအကြွေးကများနေပြီ
ကျွန်တော်တို့ ထဲမှာ အကြံကောင်းဆုံးနီတွတ်ကစထုတ်လိုက်ပါတော့ တယ်။
....ဟေ့ကောင်တွေ ဒို့ ထန်းရည်ဘိုးကို ငါအကြံရပြီ......ဒီလိုလုပ်
ဟိုဘက်ရွာကဦးလွန်းကြည်ပျောင်းဖူး ခင်းကအခုဆို တော်တော်ကောင်းနေပြီ ..ဒို
သုံးယောက်သွားခိုးကျမယ် ရလာတဲ့ဟာကို ရွာထဲမှာပြန်ရောင်းမယ် ဒါဆိုရင်
ဒေါ်လမ်း အကြွေးတောင်းတဲ့ နားပူလည်းမခံရတော့ ဘူး..ဒီနေ
လည်းထန်းရည်အ၀သောက်လို
့ရပြီ...ဘယ်နဲ့ လဲ.....

Wednesday, 23 May 2012

အချစ်ငှက်

ကောင်းကင်လေးရေ..
မင်းရင်ခွင်ပျံသန်းလာတဲ့
 ငါ့တောင်ပံတွေကို
မင်းနူတ်ခမ်းဖူးနဲ့
ထိတွေ့ကြိုဆိုပါ..။

အရာရာကိုကျော်ဖြတ်ဝံတဲ့
ငါ့တောင်ပံခတ်သံ..
မင်းနားစိုက်ထောင်ပါ..။
 
တစ်လမ်းလုံး ငါဆိုလာတဲ့
သီချင်းက ..
မင်းကို ငါအရမ်း... ချစ်တယ်..
ကောင်းကင် သီချင်းလေးပေါ့..။

ကြည်ပြာရောင် မင်းရဲ့ကိုယ်ပေါ်
ခြုံလွှမ်းထားတဲ့ အဖြူရောင်တိမ်လွှာလေးလည်း
ငါမြတ်နိုးလွန်းလို့ကွယ်...

လေကြမ်းကြမ်းမိုးကြမ်းကြမ်းကိုဖြတ်...
ခိုနားဖို့ နေ့ရက်အတွက်...
ဘယ်လောက်ဝေးဝေး...
ငါတောင်ပံအားတွေ
ခပ်ပြင်းပြင်းရိုက်ခတ်နေဆဲပဲ.. 
ကောင်းကင်...။

Saturday, May 12, 2012

♥♥ထင်ချင်သလိုထင်♥♥




အနော်ကလေ.လေယာဉ်စီးပြီးခရီးသွားရမယ်ဆို၇င်အ၇မ်းကိုပျော်တာ…
ပျော်လဲပျော်လောက်ပါတယ်အမိမြေမွေးရပ်မြေကိုပြန်၇လို့ ပေါ့ဗျာ…
စီးရတဲ့လေယာဉ်ကလဲမနဲတော့ပါဘူး.ခဏခဏပါပဲ…
လေယာဉ်စီးတိုင်းလဲအနော့မှာပြသာနာ လေယာဉ်ပေါ်မှာထမင်းစားပြီးတော့…
ဗိုက်ကဆန္ဒ္ဒပြပါလေေ၇ာ ဒါနဲ့ Toilet ထဲဝင်သွားပြီး ကိစ္စရှင်းလိုက်ရတယ်…။
ပြီးတော့ကာ ပေါ့ပေါ့ပါးပါးထွက်လာတာဘယ်လွတ်ပါ့မလဲဗျ…လေယာဉ်မယ်က
Toilet တံခါးကိုလှမ်းပိတ်တော့သူမြင်လိုက်တယ်ထင်ပါရဲ့…. အနော့ထိုင်နေတဲ့ခုန်ဘေးမှာလာရပ်ပြီးပြောပါတယ်…

လေယာဉ်မယ်……ရှင်… လေယာဉ်မစီးဖူးဘူးလာ…?

အနော်……………….ဟာ  စီးဖူးတာမှ၁၀၀ခါမကတော့ဘူးလေ ဘာဖြစ်လို့လဲ…

လေယာဉ်မယ်………အော….ရှင်(အ၀ါဖတ်) တွေတပုံကြီးချ ခဲ့ပြီးရေမသွန်တာလေ…

အနော်………………..အမ် ဟုတ်လားဘယ်လိုသွန်ရမလဲဗျ…

လေယာဉ်မယ်……….စာရေးထားတယ်စာကြည့်ပြီးခလုတ်လေးနှိပ်လိုက်ပေါ့နော်…

အနော်…………………ဟီးဟီး.ညီမတော် အနော်စာမတတ်လို့ပါနော်..

လေယာဉ်မယ်….က…ခိ ခိ ခိ လို့ရယ်သွားပါလေရော…ဘာတတ်နိုင်ပါ့မလဲေ၇သွန်ချဖို့ အနော်ကမေ့သွားတာကို ..စာတတ်တာမှ ရက်လွန်ဂုဏ်ထူးဘွဲ့ကိုရထားပြီးပြီ…
အဲလိဲု မပြောလဲမရဘူး မှတ်လား….?...ဗျာ…ဟဲဟဲ

                                 ///////        //////         //////


♥♥ကျမအသက်(၁၆)နှစ်♥♥

ဟူး…ဟဲ…….ဟူး...ဟဲ……ဟူး…ဟဲ…..

မေမေ့ ရှေ့ကျမခြေစုံရပ်နေပြီ ဘာစကားမှပြောမထွက်ပေ

ဟဲ့……ပလုတ်တုတ် ၊့ သမီး ဘာဖြစ်လာတာလဲ
 မြန်မြန်ပြော မေမေရင်တွေတုန်လိုက်တာ…

ကျမလဲ အမောလုံးတွေကို မှုတ်ထုပ်ရင်း ….

မေမေ ဟိုလူကြီးကလေ သမီးကိုခြှစ်မယ်တဲ့…

……အဲတော့……

သမီးကိုခြှစ်မယ်ဆိုတော့ကြောက်ပြီးထွက်ပြေးလာတာပါ သူ့လက်ထဲမှာလဲအုန်းသီးခြှစ်တဲ့ သံတုတ်လဲကိုင်ထားတယ်မေမေ♥♥♥♥

ခြှစ်မယ် (ချစ်မယ်) တဲ့


♥♥နှင်းဆီအေးမောင်♥♥ မူဟာသ..2012.May.13.Pm 26:00

Wednesday, May 9, 2012


♥♥ လွမ်းလှပြီ သူလေး ♥♥

သူလေးရယ် ငါလွမ်းလို့လဲမ၀ပါလားဟင်
ခတ်မိန်မိန်ကြယ်ေ၇ာင်အောက်မှာငါတယောက်တည်းရယ်လေ
ငါတို့၂ယောက်နီးဖို့ရာလည်း ငါဆုတောင်းနေတာမမောနိုင်အောင်ပဲ..တနေဆိုတဲ့တနေ့  ငါပြန်လာပါ့မယ်
တနေ့ပြန်လည်ဆုံတွေ့၇မယ်ဆိုရင်လေ ငါတို့အ၇မ်းကိုပျော် ပျော်မဆုံးပေါ့နော်….ခုတော့ငါတယောက်ထဲအားငယ်လို့နေတယ်လေ
နင်လည်းသိမှာပါနော် တကယ်ဆို ငါ နင့်ကိုအ၇မ်း အ၇မ်းကိုခင်ခဲ့တာပါ …သူငယ်ချင်း ရဲ့အချစ်စစ်လွန်ကဲသွားတာပဲလား.
ခုတော့ 2028..ပေါ့နင်သိတယ်မို့လား….? ငါ့ ရဲ့မျှော်လင့်ချက်မနက်ဖန် မနက်ဖန်တွေဟာ…တသက်လုံး ငါတို့ ၂ ဦးအမြဲတမ်းပဲရှိနေချင်တယ်လေ ငါပြန်လာမဲ့ရက် ငါပြန်လာမဲ့အချိန်ဆို၇င်လေ
…ဟော….သစ်ပင်ငယ်လေး…ခုလောက်ဆိုကြီးလာေ၇ာ့ပေါ့နော်….
သစ်ပင်ဘေးမှာမဟုတ်တော့ပဲ သစ်ပင်အ၇ိပ်အောက်မှာ…ငါတို့ ၂ယောက်…းးးးးးးးးးးး သတိလဲ၇တယ် အချိန်တိုင်းပဲ…..
 နင်ပြန်လာမဲ့ရက် ပြန်လာမဲ့အချိန်ကို
……..ဟော……..ရေလိုင်းလေးတွေတွန်လိပ်နေတဲ့
ပင်လယ်ပြာကြီးဘေး မှာ ငါစောင့်လို့နေတယ်လေ…
ရေလိုင်းအော်သံလေးနဲ့အတူ
….နှင်းဆီ….ရေးးးးးးးးးးးးးး ငါ ပြန်လာပြီ…
ဟာ..ဟ….ဆိုတဲ့ အသံလေး…ငါ ကြားပါရစေလားနော့ ♥♥♥♥

♥♥ နှင်းဆီအေးမောင် ♥♥၇င်တွင်း...2012.MayPm:25:30