ကြိုဆိုပါသည်

♥♥သံယောဇဉ်ပင်လယ်မှနှင်းဆီကလှိုက်လှဲစွာကြိုဆိုပါ၏..အလယ်ေ၇ာက်လာသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်..လှုပ်လှုပ်သဲ၇င်တွင်းစကားလေးတွေအန်ချရာပင်လယ်..Roseayemaung@gmail.comမှာပျော်ရွှင်နိုင်ကြပါစေ.♥♥.

Sunday, February 26, 2012

ရှားပါးဖြစ်စဉ်အဖြစ် ခန္ဓာကိုယ်အပြင်ဘက် နှလုံးရောက်သည့်ကလေး အသက်သုံးနှစ်ပြည့်တော့မည်

ခန္ဓာကိုယ်အပြင်ဘက်တွင် နှလုံးရောက်ရှိသည့် ကလေးများမှာ ပုံမှန်အားဖြင့်ဆိုလျှင် သုံးရက်အထိသာ အသက်ရှင်နိုင်သော်လည်း အမေရိကန်မှ Ryan Marquiss ဆိုသူကလေးမှာ အသက်သုံးနှစ်ပြည့်မွေးနေ့ကို မကြာမီပြုလုပ်နိုင်တော့မည်ဖြစ်သည်။ Ryan ၏မိခင် Marquiss ကိုယ်ဝန် ၁၂ ပတ်ရှိသည့်အချိန်တွင် ကလေးအသက်ရှင်နိုင်ခြေမရှိသည်ကို စမ်းသပ်တွေ့ရှိခဲ့သဖြင့် ယင်းကိုယ်ဝန်ဖျက်ချရန် ဆရာဝန်များက အကြံပြုခဲ့သော်လည်း Ryan ၏မိဘနှစ်ဦးစလုံးက ငြင်းဆန်ခဲ့သည်။
အသက် ၃၄ နှစ်ရှိ မိခင် Marquiss က မိမိတို့ သည် သဘာဝဖြစ်စဉ်အတိုင်းရှိစေလိုသဖြင့် ဖျက်ချရန်ငြင်းဆိုခဲ့ခြင်းဖြစ်ကြောင်း၊ Ryan ကဲ့သို့ အခြေအနေမျိုးမှာ အသက်ရှင်နိုင်ခြေမရှိဟု ဆရာဝန်များက ပြောကြားခဲ့သော်လည်း ယခုအခါ Ryan က မိမိတို့အနီးတွင် ရှိနေသေးသဖြင့် အားလုံးအတွက် အံ့အားသင့်စရာ ဖြစ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။ Ryan ကဲ့သို့ ကလေးမျိုးမှာ သန်းပေါင်းများစွာ မွေးဖွားလာမှုတွင် ရှစ်ဦးခန့်သာရှိနိုင်ပြီး ယင်းရှစ်ဦးခန့်မှာလည်း သုံးရက်အတွင်း သေဆုံးနိုင်ကြောင်း သိရသည်။
Ryan ကို ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလကုန်ပိုင်းတွင် ၀ါရှင်တန်ရှိ ကလေးဆေးရုံတစ်ခု၌ မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သော နှစ်နှစ်အတွင်း Ryan ကို ခွဲစိတ်ကုသမှု တစ်ဒါဇင်ကျော် ပြုလုပ်ပေးခဲ့ရပြီး တစ်ဝက်သာ ဖွံ့ဖြိုးသော ၎င်း၏နှလုံးကို ပုံမှန်နှလုံးကဲ့သို့ အလုပ်လုပ်နိုင်ရန်အတွက် နေရာချသည့် ခွဲစိတ်ကုသမှုပြုလုပ်ခဲ့သည်။ ယင်းနောက် အပြင်ဘက်ထွက်နေသော နှလုံးကိုဖုံးသွားစေရန်အတွက် ၎င်း၏အရေပြားအောက်တွင် တစ်သျူးများ ပျံ့ထွက်စေသည့် အရာများကို ဆရာဝန်များက ထည့်သွင်းပေးခဲ့ကြောင်းသိရပြီး နှလုံးအစားထိုးကုသမှုကိုလည်း အနာဂတ်တွင် ပြုလုပ်ရန်ရှိကြောင်း သိရသည်။
Ref: Weekly Eleven

chandra bahadur dangi from nepal the new world's smallest man

ကမ္ဘာ့သက်ကြီးပု ဂရင်းနစ်စံချိန်ဝင်

2/25/2012 ယခုလ 21 ရက်နေ့ တုန်းက Nepal’s နိုင်ငံတွင် Chandra Bahadur Dangi ဆိုသည့် အသက် 72အရွယ်အမျိုးသားတစ်ဦး

သည် Media များနှင့်တွေ့ ဆုံကာ ၄င်းသည်ယခုလက်ရှိကမ္ဘာ့အရပ်အပုဆုံး(short man) တစ်ဦးဖြစ်ကြောင်း ဂရင်းနစ် စံချိန်

တင်လိုက်ပါသည် ။ Chandra မတ်တပ်ရပ်နေ စဉ်တွင် ၄င်းအရပ်သည် 56 cm ခန္ဒာကိုယ်အလေးချိန်ကတော့ 12 kg သာရှိပါ

သည်.။ယခုဆို Chandra ဟာ 2012ဂရင်းနစ် စာအုပ်ကြီးထဲကို ၀င်သွားပြီဖြစ်ပါသည်။‘the World’s shortest man ' ဟုအမည်ဖြင့်ဝင်သွားတာဖြစ်ပါတယ်. ယခင် Chandra အရင်ဝင်ထားသည့် သူကတော့ Filipino Junrey ဆိုသည့်သူပဲဖြစ်ပါသည် ။ ၄င်းအရပ်ကတော့ 60 cm ဖြင့်ဝင်ရောက်ထားတာဖြစ်ပါတယ် ယခုတော့ ၄င်းထက်ပုသော သူပေါ်ပေါက်လာပြီဖြစ်ပါသည် ။ Chandra က၄င်းစံချိန်ကို 4 cm နှင့်ချိုးလိုက်နိုင်ပါသည် ။



*ဆက်လက်ကြည့်ရှုပါခလေးလေးတွေရဲ့ဘ၀ဖြစ်အင်*
အနော်ကတော့အပစ်မဲ့တဲ့ခလေးတွေကိုအ၇မ်းချစ်တာ..အပစ်မဲ့တဲ့ခလေးဘ၀မှာ..
ဒီလိုလာခံစားနေ၇ပါလားနော့
ဒီလိုခလေးတွေကြည့်မိပြီး..အနော်ခလေးမမွေးချင်ဘူး...အနော့ကြောင့်ခလေး
လေးဒီဘ၀မျိုးမရောက်လာလိုဘူး..သနားတယ်...သနားတယ်......
ဟင့်ဟင့်....အိအိ...
ခလေးတို့ေ၇....ဘ၀ဆက်တိုင်း..သန်မာထွားကျိုင်းတဲ့ဘ၀မျိုးရနိုင်ပါစေလားနော့...