ကြိုဆိုပါသည်

♥♥သံယောဇဉ်ပင်လယ်မှနှင်းဆီကလှိုက်လှဲစွာကြိုဆိုပါ၏..အလယ်ေ၇ာက်လာသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်..လှုပ်လှုပ်သဲ၇င်တွင်းစကားလေးတွေအန်ချရာပင်လယ်..Roseayemaung@gmail.comမှာပျော်ရွှင်နိုင်ကြပါစေ.♥♥.

Monday, December 26, 2011

♥♥မမေ့နိုင်ဘူးချစ်ဦး♥♥



♥♥မမေ့နိုင်ဘူးချစ်ဦး♥♥

မေနိုင်ဘူးကွဲ့ချစ်ဦး…ေ၇♥♥

မဆုံဖြစ်ခဲ့  ရက်လတွေနဲ့♥♥

ဝေးနေ၇တဲ့၇က်တွေလဲဆက်♥♥

နစ်ဟောင်းမှာလွမ်းမျက်ရည် ♥♥

အကြွေအစတွေနဲ့ထားခဲ့တဲ့ချစ်ဦးရေ♥♥

အတိတ်ဆိုတာအ၇ိပ်လိုထင်နေဆဲ ♥♥

ကြင်နာယုယချစ်စကားတွေ♥♥

လမ်းကြောင်းဟောင်းကိုပြန်လယ်တွေးမိလေတိုင်း♥♥

ငေးမောနွမ်းလျ လွမ်းဆွတ်ရင်းနဲ့♥♥

ဆွေးမြေ့ ကြွေကျ ငါ့သဲညှာ♥♥

လှမ်းလို့သာ ကောက်လှဲ့ပါ…ချစ်ဦးရေ♥♥

တွေ့ဆုံကြုံမဲ့နေ့တွေလည်း ကုန်ဆုံးသွားနေပြီပဲ♥♥

နှင်းဆီအေးမောင်.2100.Dec.28..Pm…2:30

“ အန်တုသူ ”


“ အန်တုသူ ”



http://t1.gstatic.com/images?q=tbn:ANd9GcS4Z0TyKlrFcZqhQF48aLemLlVVth-SbJjUg9r5jKMZvTLyF1l7


လောကကို ခါးစောင်းတင်...
ခါချဉ်ကောင်မာန် မျိုးတော့မဟုတ်ဘူး...
လာချင်ရာလာလို့ရတယ်...
လက်ဖြန့်ရင် လက်ဖဝါး...
နောက်ကြည့်ရင် ငါ့ကျော ပဲရှိတဲ့ ဘဝ...
ဒီဘဝမှာ လူမလှရင်နေပါစေ...
စိတ်ထားမွန်မြတ် အနေတတ်ရင်ကျေနပ်စရာပဲ...။

အိမ်ကထရံကာ ၊လူက အပေစုတ်
ရွှေထုပ်တဲ့ မြပဝါမဖြစ်ချင်နေပါစေ...
ဒီဝန်တာကျေမယ်ဆို...
ငါ့ပုခုံးတွေ သွေးအလိမ့်လိမ့်စီးစမ်းပါစေ....
နာကျင်စရာတွေ မျိုသိပ်...
အံကိုကြိတ်လို့ ခါးစီးခံမယ်...။တစ်နေ့ တစ်လှမ်း ပုဂံ ဘယ်ရွေ့မလည်း...
ငါရွေ့ တဲ့ ခြေလှမ်းဝေးချင်ဝေးပါစေ...
ငါကျတဲ့မျက်ရည် လူမမြင်စေရ...
ငါယုံကြည်တဲ့ ဘဝမှာ..
ငါ ရင်ခုန်ကြည့်ချင်တာ အချစ်မဟုတ်ဘူး..။

ဝမ်းရေးထက်လွမ်းရေးတွေးတွေးခဲ့တဲ့ငါ...
လမ်းဘေးက အတွေးလောက်မှ ဇောက်မနက်...
ကိုယ့်ဘဝကိုမသိ ၊ကိုယ်အကြောင်းကိုယ်မသိနဲ့..
ယဉ်မိတဲ့စိတ်ကူး ခြေဖျားထောက်လို့ ဘုံထိရူး...
အချစ်ကြောင်းတွေ အခါခါမှန်းဆတဲ့စိတ်...
သွားစမ်းပါ....
ထားရာနေ...စေရာသွား
အချစ်ရဲ့စကားတွေအောက်..နှလုံးသားတွေ
စတေးသူတွေ ဘယ်လောက်များပြီလည်း...။

ဘဝဟာစိတ်ကူးယဉ်ဆန်တဲ့ ဇာတ်လမ်းမဟုတ်ဘူး...
အမှားနဲ့အမှန်ရောထွေး...
အမှားတွေပဲအထပ်ထပ်ကြုံ..ရီစရာတော့ကောင်းနေပြီ...
မာနကိုလတ်ဆုတ်..ငါမရွံလို့လှမ်းခဲ့တာ...
လူတကာရဲ့ အသနားခံစုတ်သပ်...
မင့်ဘဝက ရင်နင့်စရာပဲတဲ့...ဟဟဟ..
တော်ပါ...အလိုလူတွေကပဲ...
နင်းနင်းချေသွားတာ...။

အစမ်းသပ်ခံဘဝမှာ
ကြုံစရာတွေ ဘာကျန်သေးလည်း...
နောက်ဆုတ်ဖို့တော့ ငါအတိတ်မှာမရှိဘူး...
ကြုံရာလမ်းကြုံရာဘဝမှာကြုံသလိုဖြတ်သန်းနေကျ...
အခြေမလှတဲ့ ဘဝမှာ ရင်ထုပြီး
ငါနာနေလည်းအပိုပဲ...။ဒုက္ခတွေနာကျင်မူ့တွေသာ
စကားပြောတတ်ရင် ပြောလိုက်ချင်တယ်...
မင်းနဲ့စတွေ့ကတည်းက ငါဟာအရင်အတိုင်း...
ရှိဆဲနေမြဲရပ်ဆဲ...ဒီလိုပဲ...
မပြောင်းလဲပဲ ရင်ဆိုင်...
အမှောင်ထဲလည်း ငါထိုင်ရဲတယ်...ဆိုတာမမေ့နဲ့...။

ငါလှမ်းတဲ့လမ်း ဘယ်လောက်ကြမ်းကြမ်း...
ငါနေတဲ့အိမ် အမိုးမလုံစေလည်း...
နွေးထွေးအေးမြ ငါနေရဖို့ မှာမာန်ရှိတယ်..။စကားတွေတလှေကြီး...
အသွားအပြန်တစ်စုံခရီးမရှိမှတော့...

လှမ်းကြည့်နေလည်း ဘာထူးတော့လည်း...
ကဲ..လောကကြီးရေ...
မင်းနေတတ်သလိုနေလိုက်စမ်း...
စိန်ခေါ်လာရင် မာနကို လက်ဆုပ်...
မင်းလုပ်သမျှ ငါညွှတ်ရမယ့်ဘဝမဟုတ်ဘူး...။ယောက်ျားမာန ပြင်းပြလိုက်မယ်..
လွယ်မယ်ထင်ရင်....
မင်းသိမ်းပိုက်ကြည့်စမ်း....။


လေးစားလျက်.ချမ်းhttp://htarwayathitsar.blogspot.com/
နှင်းဆီအေးမောင်