ကြိုဆိုပါသည်

♥♥သံယောဇဉ်ပင်လယ်မှနှင်းဆီကလှိုက်လှဲစွာကြိုဆိုပါ၏..အလယ်ေ၇ာက်လာသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်..လှုပ်လှုပ်သဲ၇င်တွင်းစကားလေးတွေအန်ချရာပင်လယ်..Roseayemaung@gmail.comမှာပျော်ရွှင်နိုင်ကြပါစေ.♥♥.

Saturday, July 28, 2012

*ပျား*


မွေးမြူရေးပျား လူအများအတွက်

ဆေးဖက်လည်းဝင် ငွေလည်းရွှင်၏

အားအင်ပြည့်မောက် တန်ခိုးတောက်ဖို့

သူသူငါငါ သုံးကြသည်။။။။။။။။။။။



ရောဂါ ဝေဒနာ  ၇ှိသော် ငြား

ပျောက်ကင်းစေရန် အာမခံတဲ့

ဇီဝက ဆေးအမည်ပေးလို့

ဖော်စပ်တာလည်း  ပျားရည်ပါ၏။။။။။



သိုပါသော်ငြား ပျားတွေများဟာ

သတ္တိအံ့ခဲ မြဲမြံစိတ်ဓါတ်

လူသားရန်သူတပ်မက်ပျားရည်

လိုချင်တာနဲ့ ပျားအုံအသိုက်

မီး၇ှို့ခိုက် လွတ်ရာလွတ်ကြောင်း

ပြေးသော်ကောင်း၏...ဒါပေမဲ့

မဆုတ်မခွာ မရှောင်မပုန်း

သားသားမီမီး မယားဇနီးနဲ့

မလှမပ ယခုခါ ပျားဘ၀အစုစုဟာဖြင့်

မိဆ္ဆာလူသား မီးတောထဲမှာ

ဘ၀ခရီး  စီးမျော၇ှာပြီ။။။။။။။။။။



သနားစ၇ာ ပျားခင်ဗျားဖြင့်

စိတ်ဓါတ်တွေမြင့် မေတ္တာဆင့်လို့

အတုစ၇ာအခုမြင်သာပေါ့။။။

၇က်စက်ကြမ်းကြုတ်  လူငယုတ်တို့

မိုက်ရှိုင်းစော်ကား လူ့ငနွားဟာ

စာနာသနား ကင်းမဲ့ပုံက

၇ှက်ရွံ့စ၇ာ ကောင်လှ၏။။။။။။။။



သတိ............



ပျားရည်ကြိုက်လျှင် ပျားကောင်တွေကိုချစ်ရမည်။။။။။။။။။။။။။။။။။



နန်းချစ်သူ..ရေးတဲ့ကဗျာပါ…၂၀၁၂.ဇွန်လိုင်.28..ည..26နာရီ...






`♥မုသားမဲ့အလင်္ကာ`♥


 ဘ၀တစ်ကွေ့မှာ ကြုံတွေ့ခဲ့ပေမယ့်
ဆုံနိုင်ဖို့ တော့သိပ်မလွယ်..
မိုင်တွေခြားဝေးနေလည်း
ကံကြမ္မာရေစီးက
လွင်ပြင်ကြားကိုဖြတ်စီးခဲ့ပြီ...
နေသာသလိုနေကြည့်ပေမယ့်
မေ့မရတဲ့ မင်းအကြောင်းကို
အဖန်ဖန်အခါခါ တွေးနေမိတာ
ရင်ထဲကတစ်ခုတည်းသော မေတ္တာကြောင့်ပါ..
အသံလေးကြားလိုက်တိုင်း ပျော်နေမိတဲ့ ကိုယ့်ဘ၀ကို
ဟားတိုက်လို့ရယ်မယ်ဆိုလည်း
မျက်လွှာချလို့ .ပါးစပ်ပိတ်
ကြိတ်မှိတ်ကာ ခံလိုက်ပါ့မယ်...
ကံတရားရယ်အခွင့်ပေးလို့
လေညင်းလေးတို့သယ်ဆောင်ပေးပါ
သူလေးရှိရာ ဝေးတစ်နေရာသို့ ....




`pyarlay♥ရေးတဲ့ကဗျာပါ...ဇူလိုင် 28, 2012 at 5:10pm`