ကြိုဆိုပါသည်

♥♥သံယောဇဉ်ပင်လယ်မှနှင်းဆီကလှိုက်လှဲစွာကြိုဆိုပါ၏..အလယ်ေ၇ာက်လာသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်..လှုပ်လှုပ်သဲ၇င်တွင်းစကားလေးတွေအန်ချရာပင်လယ်..Roseayemaung@gmail.comမှာပျော်ရွှင်နိုင်ကြပါစေ.♥♥.

Tuesday, February 19, 2013

¤°3 D စိတ်ကူးသူများ°¤


နတ်ဆိုး…လေးရဲ့စာပန်းချီလက်ရာလေးပါ ကျေးဇူးတင်ပါသည်..ချင်

¤°3 D စိတ်ကူးသူများ°¤
လေပြေသည်..အလွန်ပျင်းရိစွာတိုက်ခက်နေတက်၏
ညသည်..သူယောင်မယ်နှင့်..တွေ့ဆုံဖို့အကောင်းဆုံးအချိန်သို့ရောက်နှင့်နေပြီ
ခပ်စောစောအချိန်က..မြင်တွေ့ခဲ့ဖူးသောမြင်ကွင်းများသည်လည်း
ယခုအချိန်၌..အစွယ်များလည်းထွက်လာကြ၏
လူတို့၏..အမြင်သည်..မဟူရာညထက်နက်၏..မှောင်၏..စက္ကုဒုက္ခိတသည်များသာ
မဖြစ်နိုင်တာ..တွေး၏..ရေး၏..အသိခေါက်ခက်အဝင်နက်၏
ကိုယ်ကိုကိုယ်တက်၏..မြက်၏..ငါသာဆရာဟု..သွေးနထင်ရောက်နေတက်၏
မသေခင်..ယူလို့ရသမျှယူ၍ကောင်းရာဘုံဘဝသို့လည်း..လားချင်ကြ၏
လောဘ..ဒေါသ..မောဟနှင့်တဏှာအားနေ့စဉ်တွေ့နေကြမြင်ကွင်းဟုသဘောထားကြ၏
ကိုယ်မကြားဖူးသောစကားကို..ကိုယ်ရင်ထဲရောက်အောင်ထည့်ပေးနိုင်သူကိုလည်းထိုင်ရှိခိုးချင်ကြ၏
အမှန်စင်စစ်..ထိုသူသည်..လူ့အလကားလူသာဖြစ်၏
တရားသဘောအား..သိ၏..လောကသဘာဝတရားအားထိုသူမသိနားမလည်
တရားသဘော..သိ၍..တရားဟော၏
လောကသဘာဝတရားအားထိုသူမသိ..နားမလည်၍..ထိုသူ၏စကားဘောင်မဝင်ဖြစ်၏
ထိုအခါ..ထိုသူသည်..မခံမရပ်နိုင်ဖြစ်၍..တဖက်စွန်းသို့ရောက်၏
သိထားသောအရာအား..လိုက်မလုပ်နိုင်သောအချိန်သည်..ယခုအချိန်လည်းဖြစ်နေ၏
ဘဝနှင့်အသိသည်..လက်တွေ့မှာတထပ်တည်းကျဖို့အတွက်..ကောင်းကင်က
နေမင်းအရည်ဖျော်ချခံရဦးမည်ဖြစ်သည်
အမြင်သည်..ဒြပ်မဲ့..အသိသည်..နာမ်မဲ့..စိတ်ကူးသည်..ဒြပ်မဲ့..နာမ်မဲ့
လက်တွေ့ဘဝသာလျှင်..ဒြပ်ရှိ..နာမ်ရှိ..ဖြစ်၏

Nattso နတ်ဆိုး..2013.Feb.19