ကြိုဆိုပါသည်

♥♥သံယောဇဉ်ပင်လယ်မှနှင်းဆီကလှိုက်လှဲစွာကြိုဆိုပါ၏..အလယ်ေ၇ာက်လာသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်..လှုပ်လှုပ်သဲ၇င်တွင်းစကားလေးတွေအန်ချရာပင်လယ်..Roseayemaung@gmail.comမှာပျော်ရွှင်နိုင်ကြပါစေ.♥♥.

Wednesday, November 16, 2011

“ မိန်းမယုတ် နှင့် ယောက်ျားယုတ် ”


မိန်းမတို့ အိဒြေ္ဒ ရွှေပေးလို့မရ ”...တဲ့
နှစ်ပြားမတန် ၊ မာန်မရှိ
ဖော်သည့်သူ့ဂုဏ် ၊ ပေါ်သည့်ရင်သား..
ကြည့်သူ ချီးမွမ်း ၊တဏှာချီးမွမ်းတာသူမသိ
မာန်ဝင့်လို့နေသေး ၊ သနားဖို့ကောင်းပါဘိ
ယိုသူမရှက် ၊မြင်သူရှက်..
လှုပ်တိလှုပ်လှည့် ၊ဒေါက်မြင့်ဖိနပ်နှင့်
ဟန်ကြီးတစ်ခွဲ ၊ မျက်မှန်မည်းနှင့်..
ဟေးလားဝါးလား ၊လမ်းသလားလျှက်..
သာယာယစ်မှုး ၊ လင်တာရူးလို့...
သူ့ဟန် သူ့သဏ္ဌာန် ၊သူ့အမှန်မေ့လို့...
အမျိုးဂုဏ်မဆယ် ၊ ရေဝေး ရပ်ဝေး..
သူ့အမေပေးတဲ့ သွေး..
သူမို့သာစတေးရဲတော့....
ဖေနဲ့သာ ဆဲလိုက်ချင်တော့ရဲ့...
တပါးသူ ယောက်ျား ၊ရည်စူးဖောက်ပြား..
ညုတုတုပြီတီတီ ၊အော့အန်စကားနှင့်
သူ့လင် သူ့ချစ်သူအား..
သူဖောက်ပြားဖို့သာဝန်မလေး..
မိန်းမယုတ်တို့ အရေး..
ရင်လေးလို့သာနေသေးသည်...။




ယောက်ျားတို့ထုံး နှလုံး..တဲ့..
တည်ကြည်မဲ့သုဉ်း ၊ သူသာလူမိုက်..
သူမိုက်ဘွဲ့ခံ ၊သေရည်လေးတမြမြ
ဖွာတော်တခဲခဲနှင့် ၊ ဘိုင်စကုတ်ထဲက
မင်းသားကြီးလို၊ ဟန်ကြီးတစ်ခွဲနှင့် ၊
နှမ အမောင် ၊အကို စိတ်မထား
မညှာတာမထောက်ထား ၊ သူမှောက်မှားဖို့သာကြည့်..။
အားနည်းသူကိုဖိနှိမ့် ၊ဟန်ကြီးတစ်အိတ်နှင့်...
မယားတာရူးတို့မစာနာ ၊သူ့ မယား သူ့ချစ်သူမှမတွေး...
တဏှာအကြောအရေးသာ စဉ်းစား..
ဒင်းသနားမှ ၊ ချမ်းသာရမလိုလို..
တွေ့သမျှမရှောင် ၊ စောင့်ထိန်းမတတ်..
ကိုယ်အကျင့်ပျက်လို့ ၊ ကိုယ့်ရမ္မတ်ကိုသာ ကြည့်..
သူသာ လူ့အဟိတ် ၊ သူ့ဘဝကိုမေ့တဲ့သူ..
အမျိုးဂုဏ်မဆယ် ၊ ယောက်ျားကောင်းမတွေး..
ဤသို့ပုံမျိုး ၊ သူဂုဏ်တိုးလို့ယူနေသေးတယ်..
အမိုက်သားရဲ့...
မိဘမတွေး ၊မိသားစုအရေး..
ရှောင်ကာဝေးလို့ ၊ လာသမျှကို..
-ာသည်မ လို့ထင်..
မိန်းမယုတ်တစ်ယောက်အတွက်
မိန်းမကောင်းတို့ အမည်ပျက်တာ.
စာနာတတ်ဖို့ မေ့တဲ့သူ..
ဤသို့ ယောက်ျား...
ဤသို့ မိန်းမ...
လိုက်ဖတ်ညီပါပေ့...
ဘဝကံတစ်ကွေ့တွင်...
ကံနာ ဝဋ်အမြဲ..
ကပ်လို့လိုက်လျှက် ၊
လူလုံးမလှ ၊ယူကြုံးမရဖြစ်ကိန်းသာမြင်တော့သည်။
ကိုယ်ပြုသည့်ကံ ကိုယ်ထံတစ်နေ့
ပြန်ကာတွေ့မည်..ကောင်းကျင့်သူတွေအစား..
သင့်ထံပြန်ကာ...တွေ့ရပေဦးမည်...
ထိုသံသည်ကား..ပဲ့တင်အား..
တစ်နေ့အမှန်...သင့်ထံ ပြန်လာပါလိမ့်မည်..
အို....သူယုတ်တို့ ၊သင့်ထံသို့.............
သင့်ထံသို့....သင့်ထံသို့...
.....................


သူငယ်ချင်း..ဆူး..ဧဒင်ဥယျာဉ်..http://htarwayathitsar.blogspot.com/
နှင်းဆီကတင်ပြပါတယ်...။