♥♥•*¨*•လက်ကျန်အားဆေးတခွက်•*¨*•♥♥
ကံစေရာမျောလွင့်ရ
မိဘမေတ္တာခံစားလိုလဲ
ခိုကိုးရာမဲ့ အားငယ်ရ
ပေးခဲ့တဲ့ ဖေဖေ-မေမေ အမွေ
နင်တယောက်သာလက်ကျန်အားဆေးတခွက်
နင်သာငါ့ဘေးမှာအမြဲရှိနေချင်
ဒီလိုပဲ စဉ်းစားရင်း
လေပူသက်ပြင်းမှုတ်ထုပ်ရင်း
နင့်ကိုပဲလွမ်းတတ်နေပြီ....
မိဘမေတ္တာခံစားလိုလဲ
ခိုကိုးရာမဲ့ အားငယ်ရ
ပေးခဲ့တဲ့ ဖေဖေ-မေမေ အမွေ
နင်တယောက်သာလက်ကျန်အားဆေးတခွက်
နင်သာငါ့ဘေးမှာအမြဲရှိနေချင်
ဒီလိုပဲ စဉ်းစားရင်း
လေပူသက်ပြင်းမှုတ်ထုပ်ရင်း
နင့်ကိုပဲလွမ်းတတ်နေပြီ....
♥♥•*¨*•ရင်ခုန်သံ•*¨*•♥♥
ရင်ခုန်ခြင်းတွေကိုပွေ့ဖက်ထားရင်း
နင်ကိုလွမ်းနေတာဘယ်သူမသိ.....
ရင်မှာဆို့နစ် တယောက်ထဲကြိတ်မှိတ်လို့
လွမ်းမျက်ရည်စို့.....
ထွက်ပေါ်လာတဲ့ရင်ခုန်သံတိုင်းမှာ
မေးကြည့်လိုက်တိုင်း နင်ပဲဖြစ်နေတာ.....
နင်ကိုလွမ်းနေတာဘယ်သူမသိ.....
ရင်မှာဆို့နစ် တယောက်ထဲကြိတ်မှိတ်လို့
လွမ်းမျက်ရည်စို့.....
ထွက်ပေါ်လာတဲ့ရင်ခုန်သံတိုင်းမှာ
မေးကြည့်လိုက်တိုင်း နင်ပဲဖြစ်နေတာ.....
♥♥•*¨*• ဆောင်း•*¨*•♥♥
ဟေမာန်ဆောင်းညတည
နှင်းမှုန်ပုလဲ ဖွဖွကြဲရွေ့
သဲခိုက်အောင်တုံ
ချစ်သူ ရင်ခွင်နွေး တမ်းတမိတယ်
ဘယ်မှာလဲကွယ်....
နှင်းမှုန်ပုလဲ ဖွဖွကြဲရွေ့
သဲခိုက်အောင်တုံ
ချစ်သူ ရင်ခွင်နွေး တမ်းတမိတယ်
ဘယ်မှာလဲကွယ်....
ဒီညတည ငါတို့၂ယောက်
အိပ်မပျော်နိုင်ဘူးဆိုတာ
ငါတို့အတွေးတွေထဲမှာ
နင်ရယ်.....ငါရယ်
ဝမ်းနဲနေကြလို....
အိပ်မပျော်နိုင်ဘူးဆိုတာ
ငါတို့အတွေးတွေထဲမှာ
နင်ရယ်.....ငါရယ်
ဝမ်းနဲနေကြလို....
♥♥နှင်းဆီ♥♥၂၀၁၂.ဒီဇဘာၤ.၂၂ ည၁း၄၅