ကြိုဆိုပါသည်

♥♥သံယောဇဉ်ပင်လယ်မှနှင်းဆီကလှိုက်လှဲစွာကြိုဆိုပါ၏..အလယ်ေ၇ာက်လာသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်..လှုပ်လှုပ်သဲ၇င်တွင်းစကားလေးတွေအန်ချရာပင်လယ်..Roseayemaung@gmail.comမှာပျော်ရွှင်နိုင်ကြပါစေ.♥♥.

Sunday, January 8, 2012

သူရဲကောင်းဘွဲ့နှင့်ထိုက်တန်သူများ

သူရဲကောင်းဘွဲ့နှင့်ထိုက်တန်သူများ


အတွဲ ၂၈ ၊ အမှတ် ၅၅၁ ( ၆ - ၁၂ ၊ ၁ ၊ ၂၀၁၂)
၂၀၁၁ ကုန်ခါနီး ရက်ပိုင်းအလိုတွင် ရန်ကုန်မြို့နှင့် မြန်မာ တစ်နိုင်ငံ လုံးကို လှုပ်ခတ်သွားစေခဲ့သော မင်္ဂလာတောင်ညွန့်မြို့နယ်၌ ဖြစ်ပွား ခဲ့သည့် မီးလောင်ပေါက်ကွဲမှုဖြစ်ရပ်တွင် မီးသတ်တပ်ဖွဲ့ဝင်ငါးဦး သေဆုံးခဲ့ပြီး ၎င်းတို့၏ရက်လည်ဆွမ်းသွတ်အခမ်းအနားကို လွတ်လပ် ရေးနေ့ (၄-၁-၂၀၁၂) နေ့က ပြုလုပ်ခဲ့သည်။
နိုင်ငံတော်အစိုးရက ၎င်းမီးသတ်တပ်ဖွဲ့ဝင် ငါးဦးအား နိုင်ငံတော် သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၁၂ ဖြင့် ဂုဏ်ထူးဆောင် ဘွဲ့များနှင့် ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့် အပ်နှင်းခဲ့သည်။
ထိုနေ့ဖြစ်ရပ်တွင် မီးသတ်ရဲဘော်များ စွမ်းစွမ်းတမံ သက်စွန့်ဆံဖျား တာဝန်ထမ်းဆောင်ခဲ့မှုကို ဖော်ပြပါပုံဖြင့် ဂုဏ်ပြုအပ်ပါသည်။


စွမ်းရည်သတ္တိဆိုင်ရာဆုရခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များ
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မီးလောင်ပေါက်ကွဲမှုတွင် အသက်စွန့်၍ ရဲဝံ့စွန့်စားစွာ တာဝန်ထမ်းဆောင်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင် ငါးဦးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဆိုင်ရာတံဆိပ်များကို နိုင်ငံတော်အစိုးရက ချီးမြှင့်အပ်နှင်း ခဲ့သည်။
၁။ မီးသတ်တပ်ကြပ် ဦးတင်စိုး ရဲသီဟတံဆပ်
၂။ မီးသတ်တပ်ကြပ်ကြီး ဦးဇော်ဌေး ရဲသူရတံဆိပ်
၃။ မီးသတ်တပ်သား ဦးမျိုးကျော်ကျော် ရဲသူရတံဆိပ်
၎။ မီးသတ်တပ်သား ဦးသော်ဇင်မျိုး ရဲသူရတံဆိပ်
၅။ မီးသတ်တပ်သား ဦးအောင်အောင် ရဲသူရတံဆိပ်


http://www.myanmar.mmtimes.com/2012/news/551/news03.html