ကြိုဆိုပါသည်

♥♥သံယောဇဉ်ပင်လယ်မှနှင်းဆီကလှိုက်လှဲစွာကြိုဆိုပါ၏..အလယ်ေ၇ာက်လာသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်..လှုပ်လှုပ်သဲ၇င်တွင်းစကားလေးတွေအန်ချရာပင်လယ်..Roseayemaung@gmail.comမှာပျော်ရွှင်နိုင်ကြပါစေ.♥♥.

News

 

 

ပင်လယ်ရေအောက်ဖိုင်ဘာကေဘယ် (SEA-ME-WE 3) ဆက်ကြောင်းချို့ယွင်းမှုကိစ္စ ပြည်သူများသို့အသိပေးကြေငြာခြင်း

 

၁။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အပြည်ပြည်ဆိုင်ရာ ဆက်ကြောင်းများနှင့် အဓိကချိတ်ဆက် ထားသော ပင်လယ်ရေအောက်ဖိုင်ဘာကေဘယ် (SEA-ME-WE 3) ဆက်ကြောင်း သည် (၂၂-၇-၂၀၁၃) ရက်နေ. ညနေ (၀၅:၀၀) နာရီခန်.တွင် ချို.ယွင်းမှု ဖြစ်ပွားခဲ့ပါသည်။

၂။ ဤဆက်ကြောင်းမှ ဝန်ဆောင်မှုပေးထားသော အင်တာနက်နှင့် နိုင်ငံရပ်ခြား တယ်လီဖုန်း အဝင်/အထွက် ခေါ်ဆိုမှုများ လုံးဝပြတ်တောက်ခြင်းမရှိစေရန် ကုန်းတွင်းနယ်စပ်ဖြတ်ကျော် ဆက်ကြောင်းများမှ ချိတ်ဆက်ပေးထားပါသည်။

၃။ SEA-ME-WE 3 ဆက်ကြောင်း၏ မြန်မာပြည်တွင်း လမ်းကြောင်းတစ်လျှောက်ဖြစ်သော ဖျာပုံ၊ ကျုံကဒွန်းနှင့် ကုလားထိပ်ပင်လယ်ကမ်းစပ်အထိ လိုက်လံစစ်ဆေးခဲ့ရာ ချို.ယွင်းမှုသည် ပင်လယ်အတွင်း ( ၁၃ ) ကီလိုမီတာခန်.တွင် ဖြစ်နိုင်ကြောင်းတိုင်းတာ တွေ.ရှိရပါသည်။

၎။ ဤချို.ယွင်းမှုအား စင်ကာပူနိုင်ငံအခြေစိုက် ပင်လယ်ရေအောက်ကေဘယ် ပြုပြင်ထိမ်းသိမ်း ရေးအဖွဲ.နှင့် ညှိနှိုင်းပြီး အမြန်ဆုံးပြုပြင်နိုင်ရန်ဆောင်ရွက်လျှက်ရှိပါသည်။ ပြုပြင်ရန် ခန်.မှန်း ကြာမြင့်ချိန်မှာ (၁) လခန့်ဖြစ်ပါသည်။ ပြုပြင်ဆဲကာလအတွင်း အင်တာနက်အသုံးပြုမှုများ နှောင့်နှေးနေမည် ဖြစ်ပါကြောင်း မိဘပြည်သူများအား အသိပေးကြေညာအပ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

 

  » » I-Phone က လူသတ်လိုက်ပြီ

 
တရုတ်နိုင်ငံ စီချွမ် စီရင်စုတွင် နေထိုင်သည့် အသက်၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် I-Phone ဖြင့် ဖုန်းပြောနေစဉ် ဓာတ်လိုက် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူအမျိုးသမီး၏ အမဖြစ်သူ မအီလန် က အတည်ပြုပြောကြားခဲ့ရာတွင် ၄င်း၏ညီမဖြစ်သူသည် I-Phone ကို အားသွင်းနေစဉ်တွင်
ဖုန်းပြောခဲ့ပြီး ရုတ်တရက် ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ပြောခဲ့သည်။

ဖခင်ဖြစ်သူကလည်း သေဆုံးသွားသောသမီးဖြစ်သူတွင် ဓာတ်လိုက်သေဆုံးသည့် လက္ခဏာပြခဲ့ကြောင်း ပြောခဲ့သည်။
Apple ကုမ္ပဏီက အဆိုပါ အဖြစ်အပျက်နှင့်ပတ်သက်၍ အထူးဝမ်းနည်းကြေကွဲပါကြောင်းနှင့် အဆိုပါ အဖြစ်အပျက်မျိုး ထပ်မဖြစ်စေရန်အဖြေရှာသွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

MMT
Source: xinhua (14-7-2013, 18:11:24)
ရွှေနိုင်ငံသစ် သတင်းစာ

ကွန်ပျူတာများအတွက် အသုံးပြုနိုင်သော Viber ထွက်

Photo
ရန်ကုန်၊ မေ-၁၂
နိုင်ငံခြားဖုန်း အခမဲ့ခေါ်ဆိုနိုင်သည့် Viber Application အသစ်ထပ်မံ ထွက်ရှိလာပြီး ကွန်ပျူတာများတွင်ပါ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ Viber 3.0 Version မှာ  ios နှင့် Android ဖုန်းများတွင်သာမက ကွန်ပျူတာနှင့်ပါ ချိတ်ဆက်အသုံးပြုနိုင်သည်။ ထို့အပြင် Window ကွန်ပျူတာတွင်သာမက Mac ကွန်ပျူတာတွင်ပါ အသုံးပြုနိုင်သည်။ အသစ်ထွက်ရှိလာသော Viber Version အသစ်မှာ မိုဘိုင်းဖုန်းများတွင်သာမက ကွန်ပျူတာများတွင်ပါ ပြည်ပခေါ်ဆိုနိုင်ပြီး မီဒီဖိုင်များပါ အသုံးပြု၍ရကြောင်း သတင်းရရှိသည်။
Viber အသုံးပြု၍ အင်တာနက်မှ ဖုန်းပြောသူဦးရေမှာ များပြားလာပြီး မြန်မာနိုင်ငံအတွင်း အင်တာနက်သုံးစွဲသူဦးရေ ထက်ဝက်ကျော်မှာ Viber အသုံးပြုသူများဖြစ်သည်။
ယင်း Viber Version အသစ်ကို http://www.viber.com/#windows တွင် ကူးယူအသုံးပြုနိုင်ပြီဖြစ်သည်။
http://www.7daynewsjournal.com/

Monday, 25 March 2013


ဂျပန်ဆယ်ကျော်သက်တစ်ဦး မိခင်ဖြစ်သူအား သတ်ဖြတ်



အသက်(၁၉)နှစ်ရှိ သံသယ တရားခံက မိမိသည် မိခင်ဖြစ်သူကို သဘောမကျကြောင်းနှင့် လူ့ခန္ဓာကိုယ်အား ခွဲစိတ်မှုအကြောင်း ပိုမိုသိရှိလို၍ ယခုလို လုပ်ဆောင်ခဲ့ခြင်းဟု ရဲများထံ ထွက်ဆိုခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
Posted on Mar 25 13 - 02:23 PM | Hits : 13
ဂျပန်ဆယ်ကျော်သက်တစ်ဦး မိခင်ဖြစ်သူအား သတ်ဖြတ်

ဂျပန်နိုင်ငံတွင် ဆယ်ကျော်သက် လူငယ် တစ်ဦးသည် မယ်မယ်ရရ အကြောင်းမရှိဘဲ မိခင်ကို သတ်ဖြတ်ကာ ခန္ဓာကိုယ် အစိတ်အပိုင်းများအား ဖြတ်တောက်ခဲ့ကြောင်း သိရှိရသည်။ အသက်(၁၉)နှစ်ရှိ သံသယ တရားခံက မိမိသည် မိခင်ဖြစ်သူကို သဘောမကျကြောင်းနှင့် လူ့ခန္ဓာကိုယ်အား ခွဲစိတ်မှုအကြောင်း ပိုမိုသိရှိလို၍ ယခုလို လုပ်ဆောင်ခဲ့ခြင်းဟု ရဲများထံ ထွက်ဆိုခဲ့ကြောင်း

သတင်းများက ဖော်ပြခဲ့သည်။ အမည်ဖော်မပြသော အဆိုပါ လူငယ်သည် မိခင်ရင်းကို သတ်ဖြတ်ကာ ရေချိုးခန်းထဲတွင် အနည်းဆုံး (၁၅)ပိုင်းမျှ ပိုင်းဖြတ်ခဲ့သည်။ အလောင်းကို အစိတ်စိတ် အမြွှာမြွှာ ခုတ်ပိုင်းရာတွင် မီးဖိုချောင်သုံး ဓားများကို အသုံးပြုခဲ့ကြောင်း အမည်ပြောကြားရန် ငြင်းဆိုခဲ့သည့် ရဲအရာရှိ တစ်ဦးက AFPသို့ ထုတ်ဖော် ပြောဆိုသွားသည်။

စနေနေ့က ယင်းသတင်းကို ဆန်ကီဒေးလီး သတင်းစာက စတင် ဖော်ပြခဲ့သည်။ ယင်းလူငယ်သည် တိုကျိုမြို့ အနီးရှိ တိုက်ခန်းငယ် တစ်ခုတွင် မိခင်နှင့်အတူ နေထိုင်သည်။ ၎င်းသည် မိခင်ကို သတ်ဖြတ်ပြီးနောက် အလောင်းကို ရေချိုးခန်းထဲ ဆွဲယူလာကာ ရေချိုးကန်ထဲတွင် အပိုင်းပိုင်း ဖြတ်ခဲ့သည်။ ထို့နောက်တွင်မူ အဆိုပါ လူ့ခန္ဓာကိုယ် အပိုင်းအစများ ပြည့်နေသည့် ရေချိုးကန်ကို ရေအပြည့် ဖြည့်ခဲ့ပြီးမှ အပိုင်းအစများကို ပလတ်စတစ် အိတ်များထဲတွင် ထည့်ကာ တစ်ထုပ်ချင်းစီ စွန့်ပစ်ခဲ့ကြောင်း ရဲများက ပြောဆိုသွားသည်။

၎င်းက "ကျွန်တော် သူ့ကို မကြိုက်ဘူး"၊ "သူက ရိုးရိုးသာမန် လူတစ်ယောက်ပါပဲ"စသည့် မှတ်ချက်များသာ မိခင်နှင့် ပတ်သက်၍ ရဲများထံ ပြောကြားခဲ့သည်။ ၎င်းက မိမိသည် လူ့ခန္ဓာကိုယ်အား ခွဲစိတ်ဖြတ်တောက်ရသည်ကို စိတ်ဝင်စားမိကြောင်းလည်း ရဲများထံ ထွက်ဆိုခဲ့ကြောင်း ယူမီရီနှင့် မိန်နီချီ သတင်းစာများက ဖော်ပြခဲ့သည်။ ဂျပန်ဥပဒေအရ ယခုအသက်အရွယ်သည် အသက်မပြည့်သေးဟု သတ်မှတ်ခြင်းကြောင့် ၎င်း၏ အမည်ကို သတင်းမီဒီယာများက ဖော်ပြခွင့် မရှိချေ။

၎င်းကို မတ်လ (၁၄)ရက်နေ့တွင် ရဲများက ဖမ်းဆီးခဲ့သည်။ အမျိုးတစ်ဦးက နေအိမ်သို့ လာရောက် လည်ပတ်စဉ် ခန္ဓာကိုယ် ကြွင်းကျန် အစိတ်အပိုင်း အချို့ကို တွေ့ရှိခဲ့၍ ရဲအား တိုင်ကြားခဲ့ရာမှ ယခုလို အဖမ်းခံရခြင်း ဖြစ်သည်။ ရဲများက ယင်းအချိန်တွင် လူသတ်မှု ကျူးလွန်ပြီးသည်မှာ (၂)ပတ်မျှ ရှိပြီဟု ယူဆထားသည်။

တရုတ် လေကြောင်းလိုင်းများတွင် ဗုံးလန့်မှုများ ဖြစ်ပေါ်ခဲ့

Planet Myanmar Network






Sunday, May 19, 2013

တရုတ်နိုင်ငံတွင်းရှိ လေကြောင်းလိုင်း ၃လိုင်းမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဗုံးလန့်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ဗုံးလန့်မှုဖြစ်ပွားခဲ့တဲ့
လေကြောင်းလိုင်းတွေကတော့ China Eastern လေကြောင်းလိုင်း၊ Juneyao လေကြောင်းလိုင်းနဲ့ Shenzhen လေကြောင်းလိုင်း တို့ဖြစ်ပါ
တယ်။ ဗုံးလန့်မှုဖြစ်ပွားခဲ့တဲ့ Juneyao လေကြောင်းလိုင်းမှ လေယာဉ်
တစ်စင်းဟာ ရှန်ဟိုင်းမြို့မှ ထွက်ခွာပျံသန်းလာစဉ် ဗုံးလှန့်ခြိမ်းခြောက်တဲ့ ဖုန်းခေါ်ဆိုမှု တစ်ခုကိုလက်ခံခဲ့ရတဲ့အတွက် လေယာဉ်ကို လေဆိပ်သို့
ပြန်လည် ဆင်းသက်စေကာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရပါတယ်။

သက်ဆိုင်ရာက လေယာဉ်ကို ရှာဖွေစစ်ဆေးခဲ့ပေမယ့်လည်း အသက်
အန္တရာယ် ဖြစ်စေနိုင်တဲ့ အရာကို ရှာဖွေမတွေ့ရှိခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။ အဲဒီနောက် လေဆိပ် အာဏာပိုင်တွေက ခရီးသည်တွေနဲ့ ခရီးဆောင်အိတ်တွေကို ရှာဖွေစစ်ဆေးခဲ့ပြီးနောက် ခရီးသည်တွေကို အခြားလေယာဉ်တစ်စင်းနဲ့ အစားထိုးပျံသန်း ပြေးဆွဲပေးခဲ့ပါတယ်။ အလားတူပဲ China Eastern လေကြောင်းလိုင်းမှ လေယာဉ်တွေနဲ့ Shenzhen လေကြောင်းလိုင်းမှ လေယာဉ်တွေလည်း ဗုံးလှန့်ခြိမ်းခြောက်
မှုတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

လေယာဉ်တွေကို စစ်ဆေးရာမှာ ပုံမှန်မဟုတ်တဲ့ အနေအထားမျိုးကို မတွေ့ရှိရတဲ့အတွက် ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။ တရုတ်လေကြောင်းဆိုင်ရာ ဥပဒေအရ လေယာဉ်ပျံသန်းမှုကို ထိခိုက်စေတဲ့ အခုလို လုပ်ကြံသတင်းဖြန်
့မှုအတွက် အနည်းဆုံး ထောင်ဒဏ် ၅နှစ်မှ အများဆုံး ထောင်ဒဏ် ၁၅နှစ်အထိ ပြစ်မှုအနည်းအများပေါ် မူတည်ပြီး အပြစ်ပေး နိုင်ပါတယ်။ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ကလည်း လေယာဉ်ပျံသန်းစဉ် ဗုံးလှန့်မှု ၁၀ကြိမ်ထက် မနည်း ဖြစ်ပေါ်ခဲ့တဲ့အတွက် လေကြောင်းလိုင်းနဲ့ လေဆိပ်တွေ
အတွက် ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။