**မမျှတခြင်း**
Tuesday, 6 December 2011
အချစ်ဆုံး ချစ်သူ နှစ်ယောက်ဟာအဝေးဆုံးမှာ ရှိနေကြသတဲ့လား...
နာကျင်မူ့ကိုယ်စီနဲ့
ဆုံမှတ်တစ်ခု ရောက်ဖို့
အလွမ်းတွေ စတေးသူနှစ်ယောက်..
အချစ်စစ်တို့လမ်း မဖြောင့်တန်း..တဲ့လား
ဆို၇ိုးစကားထားခဲ့သူများ
ကျိန်ဆို ခဲ့လေရော့သလား...။
သူလည်း လွမ်း ၊ကိုယ်လည်းလွမ်း
သူလည်းငို ၊ ကိုယ်လည်း ငို..
အို..
ချစ်သူနဲ့ ဝေးကွားခြင်းဟာ
ခါးသီးပါလား..။
ငါတို့ အနာဂတ်တွေ
သေချာပါ့မလား ချစ်သူရေ...
ဘယ်လိုတွေးတွေး..
ဝေးဖို့အေ၇း စဉ်စားလေတိုင်း..
နာကျင်စို့နင့် ရင်ဘတ်တွေ မွန်းကြပ်လေပါလား...။
ချစ်ဆုံး ချစ်သူနှစ်ယောက်ရဲ့ ...
နှလုံးသားတွေ စာနာဖေးမ
ကံတရားရယ်..တစ်ခါလောက်
ငါတို့ ဆုံပါရစေ....။
နှစ်ယောက်မပျော်ရရင်တောင်မှ
ငါမလိုချင်ဘူး...
သူငိုမယ့်အစား..
သူနာကျင်မယ့်အစား..
ငါ့တစ်ယောက်တည်းသာ..
ပေးပါဟာ...........။
အချစ်စစ်တို့ လမ်း မဖြောင့်တန်း..တဲ့..
မျှတပါရဲ့လား..အို..ကံတရား..။
သူငယ်ချင်း...http://htarwayathitsar.blogspot.com/ထာ၀၇လေးစားလျက်..
နှင်းဆီ(ဆူး)..2011.December.8.pm11:00