ကြိုဆိုပါသည်

♥♥သံယောဇဉ်ပင်လယ်မှနှင်းဆီကလှိုက်လှဲစွာကြိုဆိုပါ၏..အလယ်ေ၇ာက်လာသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်..လှုပ်လှုပ်သဲ၇င်တွင်းစကားလေးတွေအန်ချရာပင်လယ်..Roseayemaung@gmail.comမှာပျော်ရွှင်နိုင်ကြပါစေ.♥♥.

Friday, December 23, 2011

**ကျောက်ကပ်ရောဂါ.**


**Polycystic Kidney Disease (PKD) (ပေါ်လီဆစ်စတစ်) ကျောက်ကပ်ရောဂါ **


ဆိုတာ မျိုးဗီဇရောဂါတခု ဖြစ်ပါတယ်။ ကျောက်ကပ်ထဲမှာ Cysts ခေါ်တဲ့ အရည်ပါအိတ်လေးတွေ ဖြစ်လာတာပါ။
အိတ်တွေကြောင့် ကျောက်ကပ်အရွယ်က ကြီးကြီးလာမယ်။ သူ့အလုပ်က လည်းနည်း လာမယ်။ နှစ်တွေ ကြာတော့ သူ့အလုပ်သူ မလုပ်နိုင်တော့ဘူး။ Dialysis ကျောက်ကပ်ဆေးတာနဲ့ Kidney transplantation ကျောက်ကပ်အစားထိုးတာ လိုလာမယ်။ တချို့ကြ ကျောက်ကပ်သာ မဟုတ်ဘဲ အသဲ၊ သွေးကြော၊ ဦးနှောက်တွေမှာပါ ရောဂါတွေ ဆက်ဖြစ်တတ်တယ်။

**ကျောက်ကပ်ေ၇ာဂါကုထုံးနည်း**

 သွေးတိုး ထိန်းဆေးပေးမယ်၊ အစာ (အငန်-အချို-အဆီ) ရှောင်ရမယ်၊ 
  အနာသက်သာဆေး၊   ပဋိဇီဝဆေးတွေ ပေးမယ်။ 
  ရောဂါက တဖြေးဖြေး ကြာလေဆိုးလေ၊
  နောက်ဆုံး End-stage renal disease ကျောက်ကပ်
အလုပ်မနိုင်တော့တာ ဖြစ်လာရင်
  Dialysis ကျောက်ကပ်ဆေးတာ နဲ့
  Kidney transplantation ကျောက်ကပ် အစားထိုးတာ လုပ်ရမယ်။
 
ပူပိုင်းဒေသမှာချွေးထွက်များပြီအပူပိုင်းဒေသများတွင် နေထိုင်သူများမှာ ကျောက်ကပ်ရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ်နှင့်ပိုမို နီးစပ်ပါတယ်…
လူတစ်ယောက်က တစ်နေ့ကို ရေတစ်လီတာဝင် ရေသန့်ဘူး ၂ ဘူး၊ ၃ ဘူး ပုံမှန်သောက်သင့်ပါတယ်။ ဒါဆို အညစ်အကြေးအဖြစ် ၁ ဘူးပြန်ထွက်မယ်။ ချွေးတို့၊ ဆီးတို့ အနေနဲ့ပေါ့။ ဆီးအရမ်းသွား နေရင်လည်း ကျောက်ကပ် အား နည်းတာမျိုးဖြစ်တတ်ပါတယ် ကျောက်ကပ်ဝေဒနာမှာ အသက်အရွယ်အပိုင်းအခြား မရွေးဖြစ်ပွားနိုင်ကြောင်း၊ ဆီးချိုရောဂါရှိသူ များမှာ နောက်ဆက်တွဲ ကျောက်ကပ်ပျက်စီးမှုရောဂါ ခံစားရနိုင်ပြီး ဆေးဝါးသုံးစွဲမှုများပြားပါက ဆေးများ၏ ဘေးထွက်ဆိုးကျိုးများကြောင့်လည်း ကျောက်ကပ်ပျက်စီးမှု ဝေဒနာခံစားရနိုင်ပါတယ်
၎င်းအပြင် အမျိုးသမီးများမှာ သဘာဝအရ ဆီးလမ်းကြောင်းတိုသည့်အတွက် ပိုးဝင်လွယ်ကာ ကျောက်ကပ်ရောဂါခံစားရနိုင်ပြီး ဓမ္မတာလာသည့်အချိန်နှင့် သွေးဆုံး ချိန်တို့တွင် ဂရုစိုက်ရန်လိုအပ်ကြောင်း၊ အမျိုးသားများအနေဖြင့်လည်း အသက် ၅ဝ ကျော်ပါက ဆီးကျိတ်ကြီးလာတတ်သည့် သဘောရှိရာ ယင်းအချိန်၌ ကျောက်ကပ် ယောင်ရောဂါများ ခံစားရလွယ်ကြောင်း ကျောက်ကပ်အထူးကု ဆရာဝန်ကြီးဦးမြသောင်းကပြောသည်။
လူတစ်ဦးတွင် ကျောက်ကပ် ၂ လုံးရှိရာ ယင်းမှ ၁ လုံး၏ တစ်ဝက်ကောင်းလျှင်ပင် အသက်ရှင် နိုင်ကြောင်း၊ ကျောက်ကပ်ရောဂါ ခံစားနေရသည်ဆိုသည်မှာ ကျောက် ကပ်အတွင်း အဆိပ်အတောက်များ ဖြစ်ပွားနေခြင်းမျိုး ဖြစ်သဖြင့် တစ်ပတ်လျှင် ၃ ကြိမ် ကျောက်ကပ်ဆေးရန်လိုအပ်ပြီး ယင်းမှ သက်သာလာပါက တစ်ပတ် လျှင် ၂ ကြိမ်မှ ၁ ကြိမ်အထိ လျှော့ချကာ ကျောက်ကပ်ဆေးမှု ပြုလုပ်ရမည်ဟု ဆရာဝန်ကြီး ဦးခင်မောင်ဌေးက ဆိုသည်။

”နာတာရှည် ကျောက်ကပ် ပျက်စီးမှု ဝေဒနာခံစားရတာဆိုရင် အသက်ရှင်သမျှ ကာလပတ်လုံး ကျောက်ကပ်ဆေးမှု ပြုလုပ်ရပါ တယ်။ တချို့က ခဏတာကျောက် ကပ်မကောင်းတာမျိုးလည်းရှိတယ်။ ဥပမာ-ြေ>ွမကိုက်တာ၊ ဝမ်းလျှော တာ မျိုးဖြစ်ရင် ကျောက်ကပ်မှာ အဆိပ်ဖြစ်တယ်။ ဒါဆို ကျောက် ကပ်ကောင်းတဲ့အချိန်ထိပဲ ဆေးဖို့လို ပါတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောသည်။ ကျောက်ကပ်အတွင်း အဆိပ်အတောက်များ၍ ကျောက်ကပ်ဆေးရန် လိုအပ်ပါ က ဗိုက်ဖောက်၍ ဆေးခြင်း၊ သွေးဖောက်၍ ဆေးခြင်း  ၂ မျိုးအနက် အဆင်ပြေမည့်နည်းဖြင့် ဆေးကြောနိုင်ပြီး ကျောက်ကပ်အတွင်း၌ ကျောက်တည်ပါက ကျောက်ချေစက်ဖြင့် ကျောက်ချေခြင်း၊ မှန်ပြောင်းဖြင့် ခြစ်ခြင်းများ ပြုလုပ်နိုင်သည်ဟု သိရသည်။

 *http://popularmyanmar.com/mpaper/archives/18741*

**ကျောက်ကပ်အတွက်ဆီးကိုစစ်ဆေးပါ**

ဓါတ်ခွဲခန်းမှာစစ်ဆေးရပါမယ်..ဆီးစစ်ဆေးတဲပအခါဆီရဲ့အသွင်အပြင်နဲ့ဆီးမှာပါဝင်တဲ့ဓါတုပစ္စည်းတွေကိုစစ်ဆေးတာပါ.စစ်ဆေးတဲ့အဖြေကပံမြမှန်ခဲ့၇င်ကျောက်ကပ်ရောဂါ.ဆီးလမ်းကြောင်းပိုးဝင်တာ.အချို့ကင်ဆာ(သို့)ဆီးချိုဖြစ်တဲ့လက္ခဏာတွေပါပဲ
ပရိုတင်း…….ပုံမှန်အားဖြင့်ကျောက်ကပ်အနေနဲ့..ပရိုတင်းကိုဆီးထဲမှာမစွန့်နိုင်ပါဘူး…ဆီးထဲမှာပါရိုတင်းပါဝင်နေရင်ကျောက်ကပ်ရောဂါလိုမျိုးဆီးရေဂါတခုခုဖြစ်နေပါပြီ…ကျောက်ကပ်မှထွက်လာတဲ့အနည်အနစ်များ..ဆီးထဲမှာပါဝင်နေ၇င်ကျောက်ကပ်ရောဂါ.ဆီးချိုရောဂါပြသာနာညွန်ပြနေပါပြီ
ဆိုးဝါးတဲ့အသဲရောဂါဖြစ်ဖို့လဲပြသနေပါပြီဆကျာက်ကပ်ရောဂါ၉သို့)ဆီးလမ်းကြောင်းမှာထိခိုက်ဒဏ်၇ာရတာ..ကင်ဆာရေါဂါဒါမှမဟုတ်ဆီးလမ်းကြောင်းပိုးဝင်တာတွေရဲ့လက္ခဏာပါ…။။


**လူငယ်နဲ့ကျန်းမာေ၇းသွေး.ချို.ဆီးချို.နဲကျောက်ကပ်**


 သွေးချို-ဆီးချိုရောဂါရျင်များဟာကျောက်ကပ်ပျက်ယွင်းမှုကြုံရတတ်တယ်
.သွေးချို-ဆီချိုကြောင့်