ကြိုဆိုပါသည်

♥♥သံယောဇဉ်ပင်လယ်မှနှင်းဆီကလှိုက်လှဲစွာကြိုဆိုပါ၏..အလယ်ေ၇ာက်လာသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်..လှုပ်လှုပ်သဲ၇င်တွင်းစကားလေးတွေအန်ချရာပင်လယ်..Roseayemaung@gmail.comမှာပျော်ရွှင်နိုင်ကြပါစေ.♥♥.

Monday, January 2, 2012

*ဗိုလ်ချုပ်အောင်ဆန်း*

**ယောကျာင်္းတို့အတွက်သဘောင်္ရွက်**

**ယောကျာင်္းတို့အတွက်သဘောင်္ရွက်**
 
ယောက်ျားမှာ ဆီး၊ မိန်းမမှာ မီး-လို့ ဆိုရိုးစကား ရှိပါတယ်။ 
စာရေးသူတို့ ယောက်ျားတွေ တော်တော်များများ ဖြစ်တတ်တဲ့ ဝေဒနာတမျိုးပါ။ စာရေးသူဟာ မကြာခဏ ဆီးနည်း၊ ဆီးအောင့်၊ ကျောက်ကပ်ရောင်ခြင်း ဖြစ်တတ်ပါတယ်။
ဆီးအောင့်ပါများပြီး ကပ်ပယ်အိတ်ပါ ရောင်လာတတ်ပါတယ်။ လက်သီးဆုတ်လောက်အထိ ရောင်လာပြီး ထိုင်ထ လမ်းလျှောက်ရင် အောင့်ပြီး ခံရခက်တာကို ဖြစ်ဖူးသူတိုင်း သိကြမှာပါ။ အလေးအပင် မ,မိရင်လဲ ဖြစ်တတ်ပါတယ်။ 
တနေ့မှာ စာရေးသူလဲ ကပ်ပယ်အိတ်ပါရောင်ပြီး လမ်းတောင် မလျှောက်နိုင်ပါဘူး။ ဆေးထိုးတော့လဲ သက်သာပေမယ့် အရောင်က မကျဘူး ဖြစ်နေပါတယ်။ 
ဒီလိုနဲ့ တနေ့မှာ (ကိုကြည်နိုင်)ဆိုတဲ့ မိတ်ဆွေနဲ့ တွေ့တုန်း သူဖြစ်တုန်းက ပအိုဝ်းတိုင်းရင်းသား မိတ်ဆွေပြောတဲ့ ဆေးမြီးတိုနည်းကြောင့် သက်သာ ပျောက်ကင်းခဲ့တဲ့နည်းကို ပြောပြပါတယ်။

စာရေးသူလဲ သူပြောတဲ့နည်းလေးကို သုံးကြည်တာ သက်သာပျောက်ကင်းခဲ့လို့ အခု တင်ပြပေးလိုက်ပါတယ်။
* သင်္ဘောရွက် အကြမ်းရွက်ကို မီးနဲ့ ကျွမ်းအောင်ကင်ပြီး ရေနွေးဖြူ ပူပူထဲ ခြွေထည့်ပြီး
ရေနွေးကြမ်းသောက်ပန်းကန် နှစ်လုံးစာလောက်ကို တနေ့ သုံးကြိမ် သောက်ပေးရပါတယ်။ 
ခါးလွန်းခြင်း မရှိဘဲ သောက်လို့ ကောင်းပါတယ်။
သင်္ဘောရွက် အနုကိုတော့ မီးအုံးကင်ပြီး ထမင်းစားတဲ့အခါ တို့စရာလို စားပေးရပါတယ်။
၂-ရက်လောက် စားပြီးတဲ့အခါ သက်သာလာပါတယ်။ ၅-ရက်လောက် သုံးပြီးတော့ သက်သာပျောက်ကင်းသွားပါတယ်။


ဦးဌေးနိုင်-မန့်စတိုး (ရွှေညောင်ဈေး) 
(နက္ထတ္တ ၂၀၀၉-ဇွန်)

**ဂရင်ဂျီနာ လိပ်ခေါင်းအတွက် ဆေးတလက် **

**ဂရင်ဂျီနာ လိပ်ခေါင်းအတွက် ဆေးတလက်**

အဲဒီအနာတွေဟာ အပူအပုပ်ကြောင့် ပေါက်တာ၊ ပေါက်လိုက်ရင်လဲ ချက်ကောင်းချည်းပဲ။ 
လက်ပံဆူးကို အစိုအတိုင်း ဖြတ်၊ အစီးတွေ အဖြူရောင် ထွက်တယ်။ အဲဒီ အဖြူရောင် အစီး (အစေး)နဲ့ အနာပေါ် လိမ်းပေး၊ လက်ပံဆူး ခြောက်သွားရင်လဲ ကျောက်ပျဉ်ပေါ်မှာ ရေနည်းနည်းဆွတ်ပြီး သွေး၊ အဲဒီအရည်ကို ဆွတ်ပေး၊ လူးပေး၊ တနေ့ သုံးခါလောက် ပျစ်ပျစ်လူးပေး၊ သက်သာသွားမယ်။

ဒီထက်ကောင်းတဲ့နည်း ရှိသေးတယ်။
ရှားစောင်းလက်ပပ် အလက်ထဲက အရောင်အဆင်းမဲ့ တုံတုံတုံတုံနဲ့ အစေး၊ အဲဒါသာ အနာပေါ်လူးပေး၊ ဂရင်ဂျီနာ မပြောနဲ့ လိပ်ခေါင်းတောင် သက်သာပျောက်ကင်းတယ်။

ရှားစောင်းလက်ပပ် အနှစ်ကို လိပ်ခေါင်းမှာ ပွတ်၊ တဖြည်းဖြည်း ပြန်သွင်း၊ ဝင်တယ်ဗျာ၊ နောက်တော့ စအိုထဲကို ရှာစောင်းလက်ပပ်အနှစ်ထည့်၊ အပြင်က တိပ်နဲ့ ပိတ်ထား၊ (အဲ ဝမ်းသွားပြီးမှ လုပ်နော်၊) သက်သာပျောက်ကင်းတယ်ဗျ။ အပူအစပ်နဲ့ အညောင်းထိုင်တာ ရှောင်၊ ရေများများ သောက်၊ လမ်းလျှောက်ပေးဗျာ။
အန္တရာယ် မရှိပါဘူး၊ ရောဂါရှင်များ လက်တွေ့စမ်းကြည့်ပါ။ 

ကျော်ကြီး(လှည်းကူး)
(နက္ခတ္တ ၂၀၀၉-ဇွန်လ) မင်္ဂလာသတင်းစဉ်မှမှတ်သားဖွယ်
 ဗဟုသုတဆိုင်ရာ အကြောင်းအရာများမှကူးယူတင်ပြပါတယ်။

 ♥♥နှင်းဆီအေးမောင♥♥ 2012.Jan.2.Pm 10:00

♥♥ လက်ဖက်၇ည်ကြမ်း..(ေ၇နွေးကြမ်း)..(အခါးရည်ကြမ်း)♥♥

♥♥ လက်ဖက်၇ည်ကြမ်း..(ေ၇နွေးကြမ်း)..(အခါးရည်ကြမ်း)
သောက်းပေးပါက♥♥

1*လက်ဖက်ရည်ကြမ်းသောက်ခြင်းဖြင့်ကင်ဆာ..
ကင်ဆာရောဂါဖြစ်ပွားနိုင်မှုကို လျှော့ချပေးနိုင်ပါတယ်။

2*လက်ဖက်ရည်ကြမ်းသောက်သုံးခြင်းနှလုံး
လက်စထရောကိုကျဆင်းစေတာကြောင့်
နှလုံးရောဂါဖြစ်ခြင်က်ာကွယ်ပေးပါတယ်.။

3*လက်ဖက်ရည်ကြမ်းနှင့် အိုမင်း
ရင့်ရော်ခြင်း. ပါးရည်တွန့်ခြင်း၊
အသားအရေပျက်စီးခြင်းကိုကာကွယ်ပေးပါတယ်။
..
4*လက်ဖက်ရည်ကြမ်းနှင့် ကိုယ်အလေးချိန်လျှော့ပါ
လက်ဖက်ရည်ကြမ်းဟာ…ကိုယ်အလေးချိန်လျှော့ချနိုင်ဖို့လည်း
ထိရောက်စွာ ကူညီပေးပါတယ်။

5*လက်ဖက်ရည်ကြမ်းသောက်သုံးပေးခြင်းဖြင့်အဆစ်နာ
 နာကျင်ကိုက်ခဲမှုကို.ကာကွယ်ပေးနိုင်ပြီး၊.အဆစ်အမြစ်ရောင်ရမ်းကိုက်ခဲသည့်ရောဂါဖြစ်ပွားနိုင်ခြင်းကို  လျှော့ချပေးပါတယ်…ကာကွယ်ပေးနိုင်ပါတယ်။

6*နေ့စဉ်.လက်ဖက်ရည်ကြမ်း.သောက်သုံးပေးခြင်းဖြင့်အရိုး.
ကိုသိပ်သည်းကျစ်လစ်စေပါတယ်ယ်။အရိုးကို သန်မာစေနိုင်ပါတယ်။

7*လက်ဖက်ရည်ကြမ်းသောက်ခြင်းဖြင့်
အဝလွန်ခြင်းမှတာဆီးပေးပါတယ်။

8*လက်ဖက်ရည်ကြမ်းဟာ..မှတ်ဥာဏ်စွမ်းအား
ကို ကောင်းမွန်လာစေတဲ့အစွမ်းရှိတယ်။

9*လက်ဖက်ရည်ကြမ်းနှင့်သွေးတိုးရောဂါ
သွေးအရမ်းတက်ခြင်းကိုကာကွယ်
ပေးပါတယ်.. သွေးတိုးခြင်းကို ကျဆင်းစေပါတယ်။

10*လက်ဖက်ရည်ကြမ်းဟာ ပန်းနာရင်ကျပခြင်းမှု.
အသက်ရှုလေပြွန်ကို.ထောက်ပံ့ပေးတဲ့.ကြွက်သားတွေကို
.ပြေလျှော့စေတာကြောင့် ပန်းနာရင်ကျပ်ရောဂါကို သက်သာစေပါတယ်===

11*လက်ဖက်ရည်ကြမ်းနှင့် သွားပျက်စီးမှု
.ခံတွင်းအနံ့ဆိုးမှုကိုကာကွယ်ပေးပါတယ်===

♥♥ နှင်းဆီအေးမောင်♥♥.ရှာဖွေတင်ပြပေးလိုက်ပါတယ်.
ကျန်းမာခြင်းဖြင့်ပျော်ရွှင်နိုင် ကြပါစေ..2012.Jun.3..PM1:20