ကြိုဆိုပါသည်

♥♥သံယောဇဉ်ပင်လယ်မှနှင်းဆီကလှိုက်လှဲစွာကြိုဆိုပါ၏..အလယ်ေ၇ာက်လာသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်..လှုပ်လှုပ်သဲ၇င်တွင်းစကားလေးတွေအန်ချရာပင်လယ်..Roseayemaung@gmail.comမှာပျော်ရွှင်နိုင်ကြပါစေ.♥♥.

Monday, January 2, 2012

**ဂရင်ဂျီနာ လိပ်ခေါင်းအတွက် ဆေးတလက် **

**ဂရင်ဂျီနာ လိပ်ခေါင်းအတွက် ဆေးတလက်**

အဲဒီအနာတွေဟာ အပူအပုပ်ကြောင့် ပေါက်တာ၊ ပေါက်လိုက်ရင်လဲ ချက်ကောင်းချည်းပဲ။ 
လက်ပံဆူးကို အစိုအတိုင်း ဖြတ်၊ အစီးတွေ အဖြူရောင် ထွက်တယ်။ အဲဒီ အဖြူရောင် အစီး (အစေး)နဲ့ အနာပေါ် လိမ်းပေး၊ လက်ပံဆူး ခြောက်သွားရင်လဲ ကျောက်ပျဉ်ပေါ်မှာ ရေနည်းနည်းဆွတ်ပြီး သွေး၊ အဲဒီအရည်ကို ဆွတ်ပေး၊ လူးပေး၊ တနေ့ သုံးခါလောက် ပျစ်ပျစ်လူးပေး၊ သက်သာသွားမယ်။

ဒီထက်ကောင်းတဲ့နည်း ရှိသေးတယ်။
ရှားစောင်းလက်ပပ် အလက်ထဲက အရောင်အဆင်းမဲ့ တုံတုံတုံတုံနဲ့ အစေး၊ အဲဒါသာ အနာပေါ်လူးပေး၊ ဂရင်ဂျီနာ မပြောနဲ့ လိပ်ခေါင်းတောင် သက်သာပျောက်ကင်းတယ်။

ရှားစောင်းလက်ပပ် အနှစ်ကို လိပ်ခေါင်းမှာ ပွတ်၊ တဖြည်းဖြည်း ပြန်သွင်း၊ ဝင်တယ်ဗျာ၊ နောက်တော့ စအိုထဲကို ရှာစောင်းလက်ပပ်အနှစ်ထည့်၊ အပြင်က တိပ်နဲ့ ပိတ်ထား၊ (အဲ ဝမ်းသွားပြီးမှ လုပ်နော်၊) သက်သာပျောက်ကင်းတယ်ဗျ။ အပူအစပ်နဲ့ အညောင်းထိုင်တာ ရှောင်၊ ရေများများ သောက်၊ လမ်းလျှောက်ပေးဗျာ။
အန္တရာယ် မရှိပါဘူး၊ ရောဂါရှင်များ လက်တွေ့စမ်းကြည့်ပါ။ 

ကျော်ကြီး(လှည်းကူး)
(နက္ခတ္တ ၂၀၀၉-ဇွန်လ) မင်္ဂလာသတင်းစဉ်မှမှတ်သားဖွယ်
 ဗဟုသုတဆိုင်ရာ အကြောင်းအရာများမှကူးယူတင်ပြပါတယ်။

 ♥♥နှင်းဆီအေးမောင♥♥ 2012.Jan.2.Pm 10:00

No comments:

Post a Comment