ကြိုဆိုပါသည်

♥♥သံယောဇဉ်ပင်လယ်မှနှင်းဆီကလှိုက်လှဲစွာကြိုဆိုပါ၏..အလယ်ေ၇ာက်လာသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်..လှုပ်လှုပ်သဲ၇င်တွင်းစကားလေးတွေအန်ချရာပင်လယ်..Roseayemaung@gmail.comမှာပျော်ရွှင်နိုင်ကြပါစေ.♥♥.

Sunday, February 24, 2013

´¯) •.¸.•´ ♥♥၇င်ထဲကယိုဖိတ်ကျလာတဲ့အတွေးတစ♥♥•.¸.•´ (¯`

   
   
ဦးနှောက်ကဆုံးဖြတ်နိုင်ပေမဲ့ နှလုံးသားကလက်မခံဘူး
 
စူးနစ်နေတဲ့ အချစ်ဆူးကို ဆွဲနုတ်ချင်ပေမဲ့
 
သွေးစိမ်းတွေပန်းထွက်လာမှာကိုမခံစားနိုင်ဘူး
 
သူဘယ်လောက်ချစ်တယ်ပြောပြော အပြင်လူဝင်လာရင်
 
ငါ့ကိုဘေးချိတ် ချောင်ကုတ်ထားခြင်းခံ၇တာများနေတယ်
 
တယောက်ထဲဝမ်းနဲစွာကျန်ခဲ့ရတာ  ကျလာတဲ့မျက်ရည် သူ မှမမြင်ပဲ
 
နားလည်မှုတွေပေးလိုက်ရတာ ရင်ထဲမှာဆို့နစ်နေတယ်ကွာ
 
အချစ်တခုထဲသာပေးဆပ်တတ်ပြီး အကြိမ်ကြိမ်နားလည်ပေးပါလို့တောင်းဆိုတတ်တဲ့ သူ
 
စိတ်တွေ ပင်ပမ်းလွန်းလို့ အော်ငိုမိတာ သူ မှမကြားနိုင်ပဲ
 
မာကျောလှတယ်ဆိုတဲ့ ငါ့ အသဲ...သူ နဲ့ကျမှအရည်ပျော်ကျခဲ့၇တယ်
 
သူ့ ကို ငါ ဘယ်လောက်ချစ်တာ ငါ့ ကိုယ်တိုင်တောင်မသိလိုက်ဘူး
 
ပင်လယ်ကိုဖြတ်သမ်းအေ၇ာက်လှမ်းခဲ့ဖို့မျှော်လင့်နေရင်း
 
လေထဲမှကောင်းကင်ယံ ငါ့ စိတ်တွေဘယ်ဆီထိလွင့်မျောနေ၇အုံးမယ်ဆိုတာ
 
တိမ်လွှာလေးတွေသိ၇င်ပြောပြခဲ့ပါအုံးလားနော့......
 
 

           ♥♥နှင်းဆီအေးမောင်♥♥ ~2013.FEB.24.PM..26:15

Saturday, February 23, 2013

**မိတ်ဆက်ကြေညာအပ်ပါသည**

မိတ်ဆက်ကြေညာအပ်ပါသည်..အွန်လှိုင်းပေါ်ကမောင်နှလိုခင်မင်တဲ့အကိုတယောက်...

 သူငယ်ချင်းများသို့
ကျွှန်တော်က ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်၊သံပုရာကုန်ကျေးရွှာမှ
 လူငယ်တယောက်ပါ ကျွှန်တော်အခုတင်ပြလိုသောအကြောင်အရာက
ိုစိတ်ဝင်တစားနဲ့ဖတ်ကြည့်ပေးပါရန်လေးစားစွာမေတ္တာရပ်ခံအပ်ပါတယ် ။
ကျွှန်တော်တို့ရွှာဟာ ရန်ကုန်-မန္တလေးအမြန်လမ်းရဲ့
92 မိုင် 5 ဖာလုံ တွင်တည်ရှိပါသည်။သူငယ်ချင်းများအားလုံးနှင့်တကွ
 မိဘ၊ဆွေမျိုးများ၊ညီအစ်ကိုမောင်းနှမများကို ခရီးသွားလာရာတွင် အ
ခက်အခဲရှိပါက ရွှာထဲသို့ဝင်ပြီး ကိုနေ၀င်းအောင်အိမ် ဘယ်နားမှာလဲဟ
ု မေးကာ အကူတောင်းနိုင်ပါသည်။ လိုအပ်သည့်အခက်ခဲများကို
တက်နိုင်သလောက်ကူညီဖြေရှင်းပါမည်။ရွှာနားရောက်ပြီး ဖုန်းနံပါတ်ဖြင့်
့်ဆက်သွယ်ကူအညီတောင်းလိုလျှင် 09-428199325 ကိုဆက်သွယ်
လိုက်ပါ .အလည်အပတ်လာရောက်လိုသူများကိုလည်တောဓလေ့နဲ့
တောသဘာဝကိုပြချင်ပါသေးသည် လာရောက်လည်ပတ်ကြပါရန
် အထူး
ဖိတ်ကြားအပ်ပါတယ်....................

သူငယ်ချင်းအားလုံးကိုခင်မင်စွာဖြင်......*phyutharlay007@gmail.com*
ကိုနေ၀င်းအောင်  ( 09-428199325 ) ကိုဆက်သွယ် ပါခင်ဗျား

မျှဝေလိုပါ၏..

Tuesday, February 19, 2013

¤°3 D စိတ်ကူးသူများ°¤


နတ်ဆိုး…လေးရဲ့စာပန်းချီလက်ရာလေးပါ ကျေးဇူးတင်ပါသည်..ချင်

¤°3 D စိတ်ကူးသူများ°¤
လေပြေသည်..အလွန်ပျင်းရိစွာတိုက်ခက်နေတက်၏
ညသည်..သူယောင်မယ်နှင့်..တွေ့ဆုံဖို့အကောင်းဆုံးအချိန်သို့ရောက်နှင့်နေပြီ
ခပ်စောစောအချိန်က..မြင်တွေ့ခဲ့ဖူးသောမြင်ကွင်းများသည်လည်း
ယခုအချိန်၌..အစွယ်များလည်းထွက်လာကြ၏
လူတို့၏..အမြင်သည်..မဟူရာညထက်နက်၏..မှောင်၏..စက္ကုဒုက္ခိတသည်များသာ
မဖြစ်နိုင်တာ..တွေး၏..ရေး၏..အသိခေါက်ခက်အဝင်နက်၏
ကိုယ်ကိုကိုယ်တက်၏..မြက်၏..ငါသာဆရာဟု..သွေးနထင်ရောက်နေတက်၏
မသေခင်..ယူလို့ရသမျှယူ၍ကောင်းရာဘုံဘဝသို့လည်း..လားချင်ကြ၏
လောဘ..ဒေါသ..မောဟနှင့်တဏှာအားနေ့စဉ်တွေ့နေကြမြင်ကွင်းဟုသဘောထားကြ၏
ကိုယ်မကြားဖူးသောစကားကို..ကိုယ်ရင်ထဲရောက်အောင်ထည့်ပေးနိုင်သူကိုလည်းထိုင်ရှိခိုးချင်ကြ၏
အမှန်စင်စစ်..ထိုသူသည်..လူ့အလကားလူသာဖြစ်၏
တရားသဘောအား..သိ၏..လောကသဘာဝတရားအားထိုသူမသိနားမလည်
တရားသဘော..သိ၍..တရားဟော၏
လောကသဘာဝတရားအားထိုသူမသိ..နားမလည်၍..ထိုသူ၏စကားဘောင်မဝင်ဖြစ်၏
ထိုအခါ..ထိုသူသည်..မခံမရပ်နိုင်ဖြစ်၍..တဖက်စွန်းသို့ရောက်၏
သိထားသောအရာအား..လိုက်မလုပ်နိုင်သောအချိန်သည်..ယခုအချိန်လည်းဖြစ်နေ၏
ဘဝနှင့်အသိသည်..လက်တွေ့မှာတထပ်တည်းကျဖို့အတွက်..ကောင်းကင်က
နေမင်းအရည်ဖျော်ချခံရဦးမည်ဖြစ်သည်
အမြင်သည်..ဒြပ်မဲ့..အသိသည်..နာမ်မဲ့..စိတ်ကူးသည်..ဒြပ်မဲ့..နာမ်မဲ့
လက်တွေ့ဘဝသာလျှင်..ဒြပ်ရှိ..နာမ်ရှိ..ဖြစ်၏

Nattso နတ်ဆိုး..2013.Feb.19

Sunday, February 17, 2013

♡❤♡❤ GO TO ❤♡❤♡


❤♡❤ဘယ်လောက်ပြောပြောနားမထောင်ဘူး
အရေးမထားတော့..ဒီကလဲပေါ့ပေါ့ပဲ
GO TO….အမှိုက်ပုံး..သွား…ကွာ ❤♡❤


Wednesday, February 13, 2013

♥♥ချစ်သူ(Valentine`s Day) ♥♥


  ချစ်သူများနေ့..ချစ်သူတိုင်းပျော်ရွှင်ကြပါစေ..

Saturday, February 9, 2013

                                      新年快樂...

Friday, February 8, 2013

♥♥အစောဆုံးပြန်ခဲ့ပါ ♥♥ချစ်သူနေ့ရဲ့ချစ်သူ~~Valentineဲs Day~~♥♥




တယောက်တနေရာစီဝေးနေကြတဲ့ချစ်သူတွေဒီအဖြစ်တွေထဲအနော် လည်းပါတယ်..လွမ်းနေတယ်နော့လွမ်းတယ်.. သူများအတွဲတွေကြည့်ပြီးအားမကျနေနဲ့နော်..အစောဆုံးပြန်ခဲ့ပါ့မယ်..

´*•´*•အနမ်း၁၀၀ အလွမ်း´*•´*• ချစိသူမရှိတဲ့ည´*•´*•


    
                                                   ချစ်သူနေ့ရဲ့ချစ်သူသို့ 

°¤ နွားမဟုတ်တဲ့ ကျား ¤° °¤သဲကန္တာရ¤°



သူငယ်ချင်းနတ်ဆိုး.......လေးရဲ့ကဗျာ..ခံစာကြည့်ပါလားနော့
တမူထူးခြားတဲ့နတ်ဆိုးကဗျာလေးပါ...ချင့်

°¤ နွားမဟုတ်တဲ့ ကျား ¤°

ငါ..ချစ်လို့အလိုလိုက်တာနဲ့
ဝင်ချင်တိုင်းဝင်..ထွက်ချင်တိုင်းထွက်ရအောင်
ငါ့..နှလုံးသားက..ဇရပ်မဟုတ်ဘူး။
မင်းအပြစ်တွေကို..ငါ့အချစ်တွေနဲ့ကွယ်ထားလို့
ကြိုးဆွဲတိုင်းကရအောင်လည်း
ငါက..ရုပ်သေးမဟုတ်ဘူး။
နင်းလိုကနင်းချေလိုချေ
ကြောင်လက်ထဲကကြွက်လိုလဲ
ငါက..ကြွက်တကောင်မဟုတ်ဘူး။
ဒီမယ်အမိ...အမိသိထားရမှာက
အစာဝလို့ငြိမ်နေတဲ့..ကျား..တကောင်ရှေ့မှာ
သမင်မလေးတကောင်လာကစားလိုက..ရတယ်
အေး...ဒါပေမယ့်...
ငါ..စာလောင်လာတဲ့အခါ...မင်းဘယ်လောက်ပြေးပြေး
သမင် ၁၀ လှမ်း ကျား ၁ လှမ်းဆိုတဲ့စကားပုံတခုကို
အမိ...အချိန်ပြည့်ထည့်ထား...။...။


နတ်ဆိုး ..ကဗျာ..2013.Feb.9...PM 26:50...

 
°¤သဲကန္တာရ¤°

လေနီကြမ်းတွေ..တဝှီးဝှီးတိုက်ခက်သံ
လွင့်ချင်ရာမျောလွင့်နေသော
တည်ချက်မဲ့သဲမှုန်များ
ငါ့ရင်မှလာသော..ငါ့ချစ်ခြင်းတရားအား
အစာငတ်ရေငတ်နဲ့
လဲကျသွားသွားသောလူသားတဦး
မကြာပါဘူး
သဲမုန်တိုင်းတခုရဲ့အောက်မှာပဲ
ပျောက်ကွယ်သွားတယ်
လှိုင်းပုတ်သံလေတိုးသံ.
နောက်ထပ်အသံတခု
နောက်ထပ်ညည်းတွားသံတခု
လှီးထုပ်ဖြတ်တောက်သံ..
ညည်းညူသံ
တစက္ကန့်ကို ၂ ခါနှုန်းနဲ့မြည်နေတဲ့အသံ
ဒုတ်ဒုတ်..ဒုတ်ဒုတ်..ဒုတ်ဒုတ်
သေတ္တာဖွင့်သံ………
ကြေကွဲဝမ်းနည်းဖို့ကောင်းတဲ့
လူသားတဦးရဲ့
သက်ရှိနှလုံးသားတခု
သေတ္တာပိတ်သံ………
ထာဝရပိတ်လှောင်ခြင်းခံလိုက်ရပြီ
ဝုန်းအကြီးစားလှိုင်းပုတ်သံ
သမုဒ္ဒရာရဲ့ကြမ်းပြင်အောက်မှာသာ
ထာဝရစံမြန်းဖို့
အသင်လောက
စီမံလိုက်လေသလား
ညည်းညူသံညည်းတွားသံ
စူးရှရှအလင်းရောင်နဲ့အတူ
လူတွေကြားထဲရောက်နေတဲ့..
နှလုံးသားမဲ့..လူသားတဦး
ရေရေ..ရေပေးပါဗျာ..
ရေစာလို့ပါ
လေပြေတခုရဲ့..လက်ဆက်သန့်ရှင်းမှု
နေရောင်ခြည်ရဲ့နွေးထွေးမှု
ရေကြည်တပေါက်ရဲ့..အေးမြမှု
ဘာဆိုဘာမှခံစားလို့မရတော့တဲ့
ခံစားချက်မဲ့လူသား
အနာတရနဲ့လူသား
နှလုံးသားမဲ့လူသား
သေခြင်းတရားကိုသာအားကိုးတကြီး
မျှော်လင့်ပိုင်ခွင့်ရှိတဲ့လူသား


Nattso နတ်ဆိုး(ကဗျာ)2013.Feb.9.Pm 27:10

Wednesday, February 6, 2013

°¤ အညံ့စား ¤°

ဒီကဗျာလေးကသူငယ်ချင်း.နတ်ဆိုးကရေးပို့ပေးလိုက်တာပါ
°¤အညံ့စား¤° နတ်ဆိုးကဗျာလေးကိုစားကြည့်ကြရအောင်နော်…
အားပေးကြသောသူငယ်ချင်း..စာဖတ်ပရိသတ်တို့အားအထူးကျေးဇူးတင်ပါတယ်…ချင်

°¤ အညံ့စား ¤°

မြစ်တွေလည်း..အကြောင်းအရာမဲ့စီးဆင်းနေ
ကောင်းကင်လည်း..သူ့နေရာနဲ့သူမမြဲချင်တော့ဘူး
အရာရာကိုပြောင်းပြန်လှန်ဖို့..လူတချို့ကလည်းစဉ်းစားနေကြတယ်
၃ထပ်တိုက်ပေါ်က..လမင်း..မင်းဘယ်အချိန်ဆင်းလာမှာလဲကွယ်
ညနေစောင်းရင်..ငါ..နေဝင်တဲ့နေရာမှာစောင့်နေပါ့မယ်
တွေ့နေကြမြင်ကွင်းတွေ..မမြဲတော့တာ..သုဘရာဇာနဲ့မဆိုင်ဘူးနော်
တကယ်ပိုင်ဆိုင်ခွင့်ရခဲ့တုန်းကရော..ငါ့ကိုအခွင့်ရေးပေးခဲ့ဖူးလား
ငြင်းလို့ရရင်..ငါမင်းကိုမလိုချင်ဘူးကွာ
တကယ်တမ်းစဉ်းစားကြည့်ရင်ဥရောပကအမျိုးသမီးတွေပြုံးတာက
ကမ္ဘာပေါ်မှာကြည့်လို့အကောင်းဆုံးဆိုတာကို
မိုနာလီဇာပန်းချီကားချပ်ကြီးက..ယခုချိန်ထိ..သက်သေထူနေတုန်းပဲလေ
ငါးတွေကရေကို..ဘယ်သူအရင်ရှာတွေ့တာလဲလို့လည်း..မေးလာခဲ့ရင်ရော...
ဒါပေမယ့်..ငါကဘာစောတကမှတက်မှာမဟုတ်ဘူး
ကိုယ့်ကိုကိုယ်သာစွတ်အထင်ကြီးလာတက်တဲ့လောမှာ
နောင်လာနောင်သားတွေကလည်း..လူကြီးကိုလူကြီးမှန်းမရိုသေကြတော့ဘူး
တကယ်တမ်းသာငါတို့တွေပြာချခံခဲ့ရရင်..လေပြေကတောင်လက်ခံမှာမဟုတ်ဘူးကွာ
အရောင်တွေရှိနေသရွေ့..ငါတိုစိတ်ကြိုက်ခြယ်လှယ်ခွင့်ရှိတယ်
မသေဆုံးသေးသ၍..ပျံသန်းနေရမဲ့..တောင်တန်းတွေနဲ့..တောအုပ်တွေ
ဘယ်လောက်မှောင်မှောင်..အလင်းရောင်တော့လိုချင်သား
ငါလိုချင်တာလေးက..အများကြီးမတန်ပါဘူးကွာ
အချင်းချင်းတွေပဲ..လျှော့လျှော့ပေါ့ပေါ့တော့လုပ်ပါကွာ..နော်..
ထားပါတော့လေ..ငါကိုက..မစစ်မှန်ဘူးလို့သတ်မှတ်ခံထားရမှတော့
ငါလိုချင်တာ..ငါသိတယ်..ငါလိုချင်တာ..ငါသိတယ်
ဒါတွေပဲထပ်ထပ်ခါခါ..ဆိုညည်းလို့
ခေါင်းငုံ့..ပြီးတွေးမယ်..ရေးမယ်
ငါကိုသိတဲ့သူတွေကတော့..ငါဘာတွေးတွေး..ငါဘာရေးရေး
အနည်းဆုံးတော့..တခုခုထားခဲ့ဦးမှာပဲလေ
ဒီလိုနဲ့ပဲ..ရာသီတွေအလီလီပြောင်း
ရွက်ဟောင်းကြွေပြီးရွက်သစ်ဝေတဲ့..ဒီနွေရောက်တိုင်း
လောကတခွင်..မှောင်မည်းကာညို
တိမ်ညိုဆိုင်း..မိုးတွေသည်းတိုင်း
ဆောင်တော်ကူးပန်းတွေ..အပြိုင်အဆိုင်ဖူးပွင့်တဲ့
ဟေမာန်ဆောင်ကိုရောက်တိုင်း

ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

မလွယ်ပါလားကွာ
ရင်မောရတဲ့ဖြစ်ရပ်တွေမှာ..ဘယ်သူကမှကြိုတင်စီမံချင်းမရှိပါဘူး
လူတွေကသာသတ်မှတ်သွားတာပါ..ရင်မောစရာကြီးရယ်လို့
ငါလည်းဘာမှမသိတော့တဲ့နောက်ဆုံး..ဒီစာကို
ဒီလိုပဲ..အဆုံးသတ်ရင်းနဲ့
ဒီလိုခေါင်းစဉ်တပ်ပေးလိုက်တယ်လေ

Nattso..နတ်ဆိုး(ကဗျာ)၂၀၁၃.ဖေဖော်ဝါရီ.၅.ရက်..ည၂၃း၄၅..နာရီ


°¤နတ်ဆိုးရဲ့အသည်းနှလုံး¤°

 အဲ့ဒီလောက်တေင် စိမ်းရသလားကွယ် စိမ်းပြလိုက်တာမှ
ဂီယာပြောင်းမောင်းထွက်ကြဖို့
စိမ်းပြလိုက်တဲ့ အချက်ပြမီးစိမ်းလို
အသည်းစိမ်းစားဖို့
နတ်ဝင်သည်ရဲ့နတ်စိမ်းလို
နှလုံးသားတွေပွင့်ထွက်ဖို့
ပြင်းအားမကောင်းတဲ့
ယမ်းစိမ်းလို
တကယ်တော့ နတ်ဆိုးအတွက်
စေတန်ဟာ
သူစိမ်းတော့ သူစိမ်းပေမယ့်
အမြဲမစိမ်းတတ်ဖို့ လေ့ကျင့်သင်ကြားနေသူပါ
သေချာစွာနဲ့လျှောက်လှမ်း
အပျော်တမ်းတော့မဟုတ်ခဲ့ပါဘူး
တကယ်ကမ်းထားတဲ့..ကျနော့်လက်တွေနဲ့
သူ..ပြန်အလှန်မှာ
ဝှေ့ယမ်းသွားတဲ့
သူ့ဆံနွယ်တွေမှာ
ကျနော့်အသည်းနှလုံးတစုံပါသွားလေရဲ့

Nattso..နတ်ဆိုး(ကဗျာ)၂၀၁၃.ဖေဖော်ဝါရီ.၅.ရက်..ည၂၃း၄၅..နာရီ

Monday, February 4, 2013

♥♥ချိန်ခါတန်ရှာပုံဖွင့်♥♥



                                  ♥♥နှင်းဆီအေးမောင်♥♥၂၀၁၃.ဖေဖော်ဝါရီ.၅.ရက်...ညသမ်းကောင်ယံ.၃း၁၅ အချိန်

Saturday, February 2, 2013

~~~၁၃ ယောက်မြောက်...မဟေသီ~~~




                          သူငယ်ချင်း..နတ်ဆိုး(nattso)..လေးပေးပို့လာသောကဗျာဖြစ်ပါတယ် 
                                      အနော့နဲ့အတူခံစားကြည့်ကြရအောင်နော်


    ~~~၁၃ ယောက်မြောက်...မဟေသီ~~~

အဆုံးအစမရှိ..ဖြစ်ပေါ်လာတဲ့အနီရောင်သက္ကရာဇ်အောက်ထဲမှာ
သူရဲ့အကြိုက်ဆုံးအရောင်က..အဖြူ နဲ့ အနက်
ဘယ်တော့မှလည်း..လိမ်းချယ်မှုမရှိခဲ့တဲ့..သူ့ရဲ့မူပိုင်မျက်နှာနဲ့
စကားလုံးပေါင်းများစွာကိုလည်းသူပြောတယ်
ဒါပေမယ့်..သူ့နှုတ်ခမ်းက..ပန်းနီရောင်
ပြောတက်လွန်းတဲ့သူ့ရဲ့စကားတွေကလည်း
ရင်တွင်းက..ရိုးရှင်းလွန်းတဲ့..လိုရင်းတိုရှင်းတွေ
ပြတ်သားတယ်..ရဲရင့်တယ်
ထားတော့..ကျုပ်လည်းသူနဲ့မှ..ငုတ်တုပ်မေ့တာ
ဖြစ်ပီရောလား..အမိရယ်
တဇတဇငြိတွယ်လာတဲ့ဒီသံယောဇဉ်တွေက..အခုတော့
တောင်ပုံ..ယာပုံလေ..
သူကဘယ်တုန်းကမှမလိမ်းချယ်ခဲ့ဖူးတော့..
သူ့မျက်နှာကငွေလမင်းပေါ့...
ကိုယ့်ထက်ပြတ်တဲ့..စကားလုံးတွေလည်းသူကစေတယ်
ကိုယ့်ထက်ရင့်တဲ့..အကြည့်တွေလည်းသူပိုင်တယ်
ဒါပေမယ့်..သူကအမြဲရိုးရိုးလေးပဲနေခဲ့တာ
မထင်ဘူး..ကျုပ်လည်းပြုတ်ကျတယ်
မထင်ဘူး..အမိလည်းပြုတ်ကျတယ်
ဘယ်မှာလဲ..
ကျုပ်တို့ပိုင်တဲ့..မာနတွေ..အတ္တတွေ
သေချာပြီလား..မရှိတော့တာ
အသည်းကွဲခြင်းဆိုတွေကရိုးလွန်းပါတယ်
ခံစားချက်တခုထက်ဘာမှပိုမလာနိုင်ဘူးလေ
အချစ်ဆိုတဲ့..ဒီဝေါဟာရအောက်မှာ
အမိကြိုက်တဲ့..အဖြူနဲ့အနက်ကရော
ကျုပ်ကတော့ဘယ်တခုကိုမှအစွဲလန်းမထားပါဘူး
ဒါပေမယ့်
စိတ်ဝင်စားမှုတော့လွန်ကဲတက်တယ်
ဘာပဲဖြစ်ဖြစ်..ကျုပ်တခုတော့ဝန်ခံပါတယ်အမိရယ်
အမိနဲ့တွေ့တိုင်း..ကျုပ်ရဲ့စိတ်တွေ..ယဉ်ပါးလားတယ်
အမိအတွက်ပဲကြည့်တက်လာတယ်
လူတိုင်းထက်အမိကိုပိုပြီး..ကျုပ်..စိတ်ရှည်တယ်
ဒါတွေကရော..တကယ့်အစစ်တွေလို့အမိယုံကြည်ခဲ့ရင်...
ကျုပ်ပြောမယ့်စကားတွေကအများကြီး
ဒါပေမယ့်..မှန်တချက်လိုပြန်တုံ့ပြန်မယ့်..အမိကိုတော့
ကျုပ်..မဝံ့ရဲခဲ့တာအမှန်ပါဗျာ
ဒါကြောင့်..အနိုင်ယူဖို့အတွက်ဆိုရင်တော့
ကျုပ်ရဲ့စိတ်ဓါတ်တွေက...သူ့အလိုလိုအရှုံးဆိုတာကို
အမိအတွက်..ကျုပ်..ရာသက်ပန်ပေးအပ်ထားပါတယ်..အမိရယ်

nattso.နတ်ဆိုး(ရေးသားသောကဗျာ)2013.Feb..



  ~~~သိပ်သည်းမှု ~~~

 လွင်ပြင်ကိုဖြတ်ရင်..ဒီရင်မှာကျန်ရစ်မယ့်..ပုံရိပ်လွှာဆိုတာ

နောင်လာနောင်သားတွေအတွက်တော့

စိတ်အပန်းဖြေစရာ..သိပ်သည်းမှုတခု

ရူးလို့လည်းကုန်နေပြီ..မူးလို့လည်းပုံနေပြီ..ထူးခြားမလာသေးတဲ့..

ရင်ပျိုတစုံရဲ့နားခိုမှု(

တိမ်လွှာပါးပါးလေးတွေကြားလွင့်ပါးလာတဲ့..စံတော်ချိန်နဲ့..

နေဝင်ချိန်ဆိုတာ..ပုစွန်ဆီရောင်တဲ့လား

ချစ်ခဲ့တုန်းကလည်းသိပ်သည်းမှု..ရစ်ခဲ့တုန်းကလည်းသိပ်သည်းမှု

( သံယောဇဉ် )

ချစ်ခဲ့တာက..ချစ်တက်လာခဲ့တဲ့..ဘာသာတခုရဲ့..သိပ်သည်းမှု

ရင်နဲ့ခေါင်းကြား..တိုက်ရိုက်ဆက်သွယ်နေတဲ့..

ခံစားမှုကလည်း..လျှို့ဝှက်စွာနဲ့..သိပ်သည်းမှု

တူညီမှုတွေနဲ့ဝေးနေရတာ..ပြောင်းပြန်အချိုးချပြီင်္း..

အထက်နဲ့အောက်ကို..ညီမျှခြင်းချမယ်

( အဖြေမရှိတဲ့ ပုစ္ဆာ )

ရုပ်လွှာကိုဆင်ခြင်..မပြီပြင်ခဲ့တဲ့..စုတ်ချက်တိုင်းမှာ..ညဉ်ဆိုတာမကောင်းရင်..

ဘဝဆိုတာလည်း..ဒီအချစ်..ဖြစ်မလာနိုင်ဘူး

လက်တွေ့နဲ့အခက်တွေ့နေတဲ့..အချစ်ဆိုတာလည်း..ဘာသာပြန်မှားမှုကြောင့်

စာလုံးပေါင်းမှားစွာနဲ့..သိပ်သည်းမှုတခု

 ထိုးဆွလို့လည်း..ပွမလာ..ချစားရာ..သစ်ဆွေးသလို..မှိုတက်နေတဲ့ရောဂါကလည်း..

မယောဂမပါတဲ့..သိပ်သည်းမှု

မွန်းကြပ်တာလည်း..သိပ်သည်းမှု..လင်းကြက်တွန်တာလည်း..သိပ်သည်းမှု

အိပ်ဆွဲခဲ့တဲ့ညဆိုတာ..ညနက်နက်ငှက်တကောင်ရဲ့

တည်ရာမဲ့ခဲ့တဲ့..သိပ်သည်းမှုပဲလေ...

ဟစ်လိုက်တဲ့အသံ..မာန်အပြည့်ပဲ..ဒါပေမယ့်..ပဲ့တင်သံတော့ပြန်မလာဘူး

သြော်...ကြွယ်ဝလွန်းတဲ့..သိပ်လည်းမှုတွေပါလားကွာ..


 nattso.နတ်ဆိုး(ရေးသားသောကဗျာ)2013.Feb..2..PMး133း0


~~~သုံးဆောင်ထက်က..ဘုံးမောင့်သက်လယ် ~~~

သုံးတော်ရယ်ခံ..ပြုံးမယ်ဟန်..မယ်ကပျိုး

မူပိုကာ..ဝတ်ရည်ရွှန်းလဲ့ရယ်နဲ့

ပြုံးမယောင်နဲ့..သုံးဆောင်ထက်က..ဘုံးမောင့်သက်လယ်ရယ်

ဒီကမောင်ရင်ဖိုရတဲ့..ခါးသေးလို့ရင်ချီ..ပြီပြင်တဲ့..လှုတ်ခက်မှုတွေကြောင့်

ကြောင်ငေးကာမက်တပ်..တဇက်ဇက်ရယ်နဲ့..

ဇွတ်တအားသာပစ်ခက်ပြီး..လွှတ်အတင်းသာ..လွှေးလိုက်ရရင်ဖြင့်

တွေးရင်းနဲ့ဝေ....

ရင်ခွင်ကပူ..ဗလောင်ဆူတဲ့ဒီသွေးက..ငယ်ထိပ်ကိုထိုးဖောက်

ရဲရဲတောက်မယ့်..အရောင်ဆင်...

ကျီစယ်ကာခင့်စကားရယ်က..မောင့်ရင်မှာတန်းလန်း

( အဟမ်း..အဟမ်းနဲ့စိတ်ကိုလျှော့ )

အလယ်ခန်းလည်း..ဒီအမောင်ဖယ်မရှောင်တော့ပါဘူး

မယောင်မလည်နဲ့ရွှေ့သွား

ခင့်အနားအသာကပ်လို့..အာဘွားဆိုပြီးပေးလိုက်ရရင်ဖြင့်

ပွင့်လန်းသွားမယ့်..ဒီပန်းတွေနဲ့

ဒီကမောင်ရင်ခွင်ထဲ..ဇွတ်အတင်းသာပွေ့ပိုက်..ငေးငိုက်အောင်လည်း..မောင်မလုပ်ပါဘူး

ရူးအမိုက်စွာနဲ့..တရှိုက်လောက်သာစုပ်ယူ

ပူထူသွားမယ့်..နှုတ်ဖျားတွေကြား..မောင်ချစ်ခြင်းဘယ်လောင်တောင်ပြင်းကြောင်း

ခင်သိကာ..ဦးညွှတ်သွားမယ်..ငြိမ်စမ်းကွယ်ခင်ရယ်

ငြိမ်လို့သာ..အသာဇိမ်ယူ..ရောက်အောင်ပို့မယ့်..အဆုံးစွန်ကို

တိုးတိုးလေးသာခင်လိုက်ခဲ့

မျက်စိလေးအစုံမှိတ်..မလင်းတပွင့်လင်းတပွင့်ကြယ်လေးတွေကြား

တို့နှစ်ဦးလည်းအသာမျောရင်း..ခင်မောရင်..မောင်ရေတိုက်ပါ့မယ်..တလှည့်စီသာဖေးမကူ

အတူသွားမယ့်တို့ခရီး..ခင်လည်းလန်းကာ..နှစ်ခြိုက်စေရမယ်

ဒီမောင်လည်း..အသည်းငြိကာ..HEARTထိရတယ်

သာယာလှတဲ့မြင်ကွင်းတွေ..ယဉ်ပါးလှတဲ့တွေထိမှုတွေနဲ့

ချစ်ခြင်းရဲ့အဆုံးစွန်..

ခရီးပေါက်အောင်..ခင်နဲ့မောင်အတူသွားမယ်

ခေါ်ရာသာ..လိုက်ခဲ့ပေတော့

သုံးဆောင်ထက်က..ဘုံးမောင့်သက်လယ်လေးရယ်


nattso.နတ်ဆိုး(ရေးသားသောကဗျာ)2013.Feb..2..PMး133း0

 

♥♥´'`°¤ ထွေးပိုက်ပါရစေကြယ်ကလေး ¤°´'`♥♥



*•´*•´*•♥♥ ကျိမ်စာသင့်ရင်ဖြင့် ♥♥´*•´*•´*•

ပင်လယ်ပြင်ကိုလှိုင်းလုံးတွေကတိုက်ခတ်လို့နေတယ် ♥♥

သစ်ရွက်တွေကိုလေညှင်းတွေတိုက်ခတ်ကြွေလွင့်စေတယ် ♥♥

လူတွေရဲ့နှလုံးသားနုနုကို လူကြမ်းတွေကရက်စက်စွာချွေမွပစ်ကြတယ် ♥♥

အားကြီးသူဟာ...အားနွဲ့သူနဲ့ဆင်းရဲသူတွေကိုအနိုင်ယူကြလေတယ် ♥♥

>>>>  ခုတော့ <<<<

ပင်လယ်ပြင်ကြီးလည်းငိုနေပြီ ♥♥
သစ်ရွက်လေးတွေလည်းငိုနေပြီ ♥♥
လူ့နှလုံးသားလေးလည်းငိုနေပြီ ♥♥
အားနွဲ့သူ…ဆင်းရဲသူတွေလည်းငိုနေကြပြီ ♥♥
အားကြီးသူရယ် လောကကြီးမှာ နင်ပဲ….ဟား…..တိုက်လို့ရီနိုင်တာ ♥♥
တနေ့ကျိမ်စာသင့်ရင် နင်မငိုနဲ့ ♥♥


♥♥နှင်းဆီအေးမောင်♥♥2013.Feb.2..PM 26:00


♥♥´'`°¤ ထွေးပိုက်ပါရစေကြယ်ကလေး ¤°´'`♥♥

လရောင်ဖြာ ပင်လယ်ပြင်ကိုငေး
လှိုင်းတက်ရာအလွမ်းတက်တယ် ချင့်
လှိုင်းသက်ဆင်းရာ အလွမ်းမျက်ရည်လိမ့်ဆင်း
ရင်အစုံလှိုက်လှိုက်ကာဆွေးရတယ်
အားငယ်နေချိန်
ခ၇မ်းပြာမိုးကောင်းကင်ကိုမော့ကာကြည့်ငေး
ကြယ်ကလေးတပွင့် ငါ့ကိုမျက်စိမှတ်ပြနေတယ်ချင့်
ဘ၀င်မှာခိုက်လို့ချစ်စိတ်ပျိုးမိလေတယ်
လေ၇ာင်အလင်း. ဘယ်လောက်ပင်ထွန်းပတောက်ပါစေ
ကြယ်ရောင်လေးရဲ့ခပ်မိန်မိန်လင်းအား
ငါသနားမိတယ်
အလွမ်းတွေဝေဖြာနေတဲ့ကြယ်ကလေးရယ်
ကြွေကာဆင်းသက်လှုဲ့တော့
ငါ့ဆီ လာလှည့်ကွယ် ထွေးပိုက်ပါရစေလား...?

♥♥နှင်းဆီအေးမောင်♥♥2013.Feb.2..PM 26:00