ကြိုဆိုပါသည်

♥♥သံယောဇဉ်ပင်လယ်မှနှင်းဆီကလှိုက်လှဲစွာကြိုဆိုပါ၏..အလယ်ေ၇ာက်လာသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်..လှုပ်လှုပ်သဲ၇င်တွင်းစကားလေးတွေအန်ချရာပင်လယ်..Roseayemaung@gmail.comမှာပျော်ရွှင်နိုင်ကြပါစေ.♥♥.

Saturday, March 31, 2012

♥♥ နွေဦး ရဲ့ ချစ်ဦး♥♥

♥♥တကယ်ခွဲခွါသွားတာမဟုတ်ပါဘူး ရင်ဘတ်ထဲကပျို့တက်လာတဲ့
အစာတွေအန်ချကြည့်တာပါ နင် ကျုံးသိမ်းလိုက်ပါစိတ်ဆိုး၇ဘူးနော့
                နွေဦးချစ်သူ♥♥           နှင်းဆီအေးမောင်၂၀၁၂.ဧပြီလ.၁ရက်

Friday, March 30, 2012

♥♥အသဲကွဲသူရဲ့လောင်စာ♥♥

♥♥တကယ်အသဲမကွဲဘူး..အလကားရေးကြည့်တာပါ♥♥

Friday, March 23, 2012

♥♥ နင်ရယ်ငါရယ်ပဲ♥♥


ရစ်ချည်သမျှသံယောဇဉ်တွေ♥♥♥♥

ခုတော့အလွမ်းတွေဖြစ်ခဲ့ပြီလား♥♥♥♥

နင်မရှိတော့တဲ့အချိန်မှာယောင်ချာချာနဲ့♥♥♥♥

ဖြစ်တည်နေတဲ့အလွမ်းညရှည်♥♥♥♥

ငါငိုကြွေးနေ၇အုံးမှာပဲ♥♥♥♥

အလွမ်းတွေကတ၀ဲလယ်လယ်♥♥♥♥

အိပ်မက်ထဲမှာလဲနင် အလုပ်ထဲမှာလဲနင်♥♥♥♥

ဘယ်မှာပဲသွားသွားနင်ပဲနင်ပဲ စိုးမိုးလို့နေတာ♥♥♥♥

အရမ်းချစ်သည် တကယ်ကိုချစ်သည်♥♥♥♥

အ၇မ်းလွမ်းရင်းနဲ့ပဲညလယ်သန်းခေါင်ယံေ၇ာက်ခဲ့ပါပေါ့လား♥♥♥♥

နင်၇ှိနေသည်ဖြစ်စေ မရှိနေသည်ဖြစ်စေ♥♥♥♥

ငါချစ်တာကပြိုလှဲမသွားပါဘူး နင်ရယ်ငါရယ်ပဲဖြစ်၇မယ်♥♥♥♥


♥♥နှင်းဆီအေးမောင်♥♥2012.Mar.24 Pm 25:20

Wednesday, March 21, 2012

ငွေလဲနှုန်းအသစ် ၁ ဒေါ်လာ ၈၂၀ ကျပ် နှုန်းသတ်မှတ်မည်


မြန်မာကျပ်ငွေနဲ့အမေရိကန်ဒေါ်လာ ငွေ လဲလှယ်နှုန်းကို ဈေးကွက်ပေါက်ဈေးနဲ့ နီးစပ်တဲ့ ၁ ဒေါ်လာကို ၈၂၀ ကျပ် နှုန်း သတ်မှတ်ဖို့ 

ဦးသန့်သမီး ရွှေတိဂုံမှာ ငြိမ်းချမ်းရေး ခေါင်းလောင်းထိုး


ရန်ကုန် (မဇ္ဈိမ) ။         ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏

Tuesday, March 20, 2012

မန်ယူပွဲကို ကိုင်တွယ်ခွင့် မရခဲ့တဲ့ ဟောင်းဝပ်ဝက်ဘ်


ပြီးခဲ့တဲ့ အက်အေဖလား ပွဲစဉ်ဖြစ်တဲ့ စပါး အသင်းနဲ့ ဘော်တန် အသင်းတို့

Monday, March 19, 2012

ရွှေတိဂုံ စေတီတော်ရှိ စက်လှေကား ၆စီးအား တစ်နှစ်ခန့် ပိတ်ထားမည်

ရွှေတိဂုံ စေတီတော် အနောက်ဘက် မုခ်မှာရှိတဲ့ စက်လှေကား ၆ စီးကို

မြန်မာပြည်သွားလိုသူများ အွန်လိုင်းမှ ဗီဇာ လျှောက်နိုင်တော့မယ်


မြန်မာပြည်ကို ခရီးသွားဗီဇာနဲ့ အလည်အပတ် သွားရောက်မယ့်သူများအတွက်

သြစတြေးလျနိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့


သြစတြေးလျနိုင်ငံ အနောက်မြောက်ပိုင်း Pilbara ကမ်းခြေကို Lua အမည်ရှိ ဆိုင်ကလုန်းမုန်တိုင်း တစ်ခု ပြီးခဲ့တဲ့ စနေနေ့ မွန်းလွဲပိုင်းက
ဝင်ရောက် တိုက်ခတ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ မုန်တိုင်းဟာ

တရုတ်နိုင်ငံတွင် ကမ္ဘာ့အမြင့်ဆုံးနှင့် အရှည်ဆုံး ကြိုးတံတား မကြာမီဖွင့်လှစ်တော့မည်

 

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်မှာ တည်ဆောက်လျက်ရှိတဲ့ ကမ္ဘာ့အမြင့်ဆုံးနဲ့ အရှည်ဆုံးကြိုးတံတားကို

Thursday, March 15, 2012

♥♥အချစ်ရဲ့အနစ်♥♥


♥♥ ကဗျာဆိုတာအချစ်ပင်လယ်ထဲ မျှောပါနေသူဖြစ်တယ်♥♥

♥♥မျှောပါနေတဲ့အချစ်ကလဲကဗျာဆရာပဲဖြစ်နေတယ် ♥♥

♥♥အချစ်ရှိတဲ့နေရာတိုင်းမှာလူတွေပျော်ရွှင်မှုတွေရှိကြတယ်♥♥

♥♥တကယ်ချစ်ရင်နှလုံးသားနှစ်ခုကို ပိုနီးစပ်အောင်လုပ်နိုင်ရမယ်♥♥

♥♥တကယ်လို့ ညီမျှတဲ့အချစ် မရှိနိုင်ဘူးဆိုရင်
           တဖက်က ဘာတွေလုပ်ပေး၇မလဲ♥♥

♥♥တကယ်လို့ ရူးရူးမိုက်မိုက်မချစ်ရင် အချစ်က အချစ်မစစ်ဘူးတဲ့လား♥♥

♥♥အမြဲနုပျိုလန်းဆန်းစေရန် ငွေကြေးမဟုတ်ဘူး အချစ်သာဖြစ်ပါတယ်♥♥

♥♥အချစ်ဆိုတာ.ချစ်ဖို့ခက်ပေမဲ့ချစ်မိပြီဆို..မုန်းမေ့ဖို့လဲခက်တယ်♥♥

♥♥အရာအားလုံးပြည့်စုံနေလဲ အချစ်ကျရှုံးနေ၇င်လူဘ၀ကြီးက
ဟာလာဟင်းကျင်းဖြစ်နေမယ်♥♥

♥♥စစ်မှန်သောအချစ်သည်နှလုံးသားထဲကဘယ်တော့မှ
မေ့နိုင်မယ်မဟုတ်ဘူး♥♥

♥♥အချစ်ဆိုတာနှောင်းသွားတဲ့အချိန်မရှိပါဘူး ♥♥

♥♥အသက်ကြီးတယ်ငယ်တယ်မေ၇ွး အချစ်ဝိဥာဏ်လေးရှင်သန်
နေတမျှအချစ်ဆိုတာရှိနေအုံးမယ်♥♥

♥♥ချစ်သူဆိုတာ.ဘ၀လက်တွဲမွန်အဖြစ်ရည်ရွယ်ထားသူဖြစ်တယ်ါ♥♥

♥♥ရည်းစားဆိုတာဘာမှအနစ်အ၇သာမရှိတဲ့အချစ်ဖြစ်တယ်♥♥

♥♥တန်ဖိုးကြီးတဲ့လက်ဆောင်မပေး၇င်နေပါသစ္စာရှိတဲ့အချစ်မျိုးရ၇င်♥♥

ဟိုဟိုဒီဒီရှာဖွေပြီးစိတ်ကူးလေးတွေနဲ့ရောနှောထားတာပါ
♥♥နှင်းဆီအေးမောင်♥♥ 2012.Mar.16 .Pm 28;30

Wednesday, March 14, 2012

အစိုးရဝန်ထမ်းတို့ လစာတိုးမြှင့်

 

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။        ။ နိုင်ငံအတွင်း နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအားလုံး လက်ရှိ ရရှိနေ သည့် လစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တလကို ကျပ် သုံးသောင်း ထပ်မံတိုးမြှင့်ပေးလိုက်သည်ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ နိုင်ငံပိုင် ရုပ်မြင်သံကြား MRTV-4 မှတဆင့် ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ကြေညာ လိုက်သည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အမိန့်ကြေညာစာ

Thursday, March 8, 2012

♥♥ နွေဦးနှင့်အတူငိုကြွေးနေပြီ♥♥



 ငါ စိတ်ကူးတိုင်း ၀င်လာတဲ့နင့်အရိပ်♥♥♥♥

ရင်ဘတ်ထဲမှာနင့်အကြောင်းတွေ♥♥♥♥

ရင်တခုလုံးစိုချွဲအောင်ရွာချလိုက်တဲ့မိုးတွေက♥♥♥♥

စိတ်တခုလုံးကိုထိန်းမရချုပ်မရမျောလွင့်နေပြီ♥♥♥♥

အိမ်မက်မှာလဲနင်သာလွမ်းမိုး နွေဦးလေရှုးမြေမှုန့်လေးတဆုပ်လို♥♥♥♥

       နင်ဟာ♥♥♥♥♥♥♥♥

ငါ့စိတ်ကူးတိုင်းမှာမွေနှောက်နေပါလား♥♥♥♥

သံယောဇဉ်အချစ်နဲ့ရင်ဘတ်ထဲဝှက်ထားတဲ့ငါ့ရဲ့ချစ်ခြင်းတွေ♥♥♥♥

တိတ်ဆိတ်လွန်းလှတဲ့ ဒီ့နွေဦးတည♥♥♥♥

ငါတယောက်တည်းတိုးတိုးလေးငိုကြွေးနေတယ်♥♥♥♥

ဟာလာဟင်းကျင်းနေတဲ့ငါ့ရင်ဘတ်ထဲမှာ♥♥♥♥

အသိစိတ်ကလေးနဲ့ခဲခဲယဉ်းယဉ်းရှာဖွေနေတာ♥♥♥♥

ပျော်စရာတွေဆိတ်သုန်းနေတဲ့နွေည♥♥♥♥

နာကျင်စွာနဲ့မေ့ပျောက်ဖို့ကြိုးစားရင်းငါ့၇င်ထဲမှာအဖျားတက်လာသလို♥♥♥♥

စိတ်တွေက ကတောင်ကယမ်းချောက်ခြားနေပြီ♥♥♥♥

ရီုီုးသားချင်းနဲ့ချစ်ခဲ့တဲ့ ငါ့ဝိဥာဏ်ဟာ♥♥♥♥

                 ခုတော့♥♥♥♥♥♥♥♥

ပူဆွေးဝမ်းနည်းပက်လက်ငိုကြွေးနေရှာပြီနွေဦးနှင့်အတူ♥♥♥♥



♥♥နှင်းဆီအေးမောင်♥♥၂၀၁၂.မတ်လ.၉၇က်.သမ်းယံ၂၅း၃၀

Tuesday, March 6, 2012

♥♥ တုံးတဲ့ကောင်မလေး(တောင်ပေါ်သူ) ♥♥



ငါတို့သူငယ်ချင်း၂ယောက်မြို့ပေါ်တက်လာပြီး
ဘိုဆန်ဆန်..အင်္ဂလိပ်ဆန်ဆန်.နာမယ်ထားကြတယ်
ငါတို့၂ယောက်ပေါင်းလိုက်တဲ့ နာမယ်က..W.C တဲ့
တနေ့ကပေါ့ မိုးတွေက နေ့၇က်ဆက်တိုက်မနားတန်း၇ွာနေတော့
အိမ်မှာထမင်းအတူစား၇င်းစကားလက်ဆုံကြနေကြတယ်ပေါ့…

W……..ဟေ့..C..ေ၇..မိုးတွေကလဲ၇ွာနေတော့အလုပ်ကလဲနား
နေ၇တယ်လေကွာ ♥♥♥♥

C…..…….ဟုတ်လား….အလုပ်မ၇ှိလဲခနအနားယူလိုက်အုံးပေါ့♥♥♥♥

W………...အနားယူတာကတော့ဟုတ်တာပေါ့….ဒါပေမဲ့မန်မန်း
တူတူ…ပုန်းနေ၇တယ်လေနော့….ဟိဟိ♥♥♥♥

C……….…မန်မန်း ဆိုတာဘာလဲနော့…….
တူတူ ပုန်းဆိုတာကကော ဘာလဲဝေ့♥♥♥♥

W………….မန်မန်ဆိုတာဘာလဲ နင်တွေးကြည့်လေ♥♥♥♥

C…………….အေး…ငါပြောကြည့်မယ်နော်  မန်မန်း….ဆိုတာ
မန်းနီး…ငွေ….ဟုတ်လား?…..တူတူပုန်းဆိုတာက
ငါတို့ငယ်ငယ်တုံးကကစားကြတာလေဟုတ်လား? ♥♥♥♥

W…...ကစိတ်မ၇ှည်လာတော့…

W………..…အာ…..ထပ်ထ၇ီး♥♥♥♥
မန်မန်းဆိုတာထမင်းလေ တူတူပုန်းဆိုတာ
ထမင်းမ၇ှိဘူးတဲ့♥♥♥♥
ကဲ…မှတ်ထား♥♥♥♥

……………. ဒုတ်……………
……………..အား…………...

ထမင်းခွက်နဲ့ပေါက်ခံထိသွားပြီ….ဟီးဟီး…♥♥♥♥

♥♥(တောင်ပေါ်သူလေး)နှင်းဆီ♥♥2012.Mar.6.pm2

♥♥ဘော့စ် နဲ့ အနော့ အင်တာဗျူး♥♥


သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်.ရိုးသားခြင်းနှင့်
ပွင်းလင်းစွာပြောဆိုတတ်တာ.. ကောင်းသလား၊ ဆိုးသလား ဆိုတာ
ဘယ်လိုသိနိုင်ကြမလဲ…

ဘော့စ်♥♥မနက်အိပ်ယာထလာရင်ဘာလုပ်လဲ..

အနော♥♥သွားမတိုက်မျက်နှာမသစ်ပဲအလုပ်ကိုဝင်တယ်..
အိပ်ယာထ နောက်ကျလို့…

ဘော့စ်♥♥အလုပ်ရောက်ရင်ဘာလုပ်လဲ..

အနော်♥♥အလုပ်ရောက်တော့အိပ်ငိုက်ထိုးတယ်…ညမအိပ်လို့..ဟီးဟီး…

ဘော့စ်♥♥အလုပ်မှာအိပ်ငိုက်တော့အပစ်ပေးခံရမှာပေါ့

အနော်♥♥ဟဲ..ဟဲ..အပစ်ပေးခံဖို့မရှိပါဘူး..ငါပဲအကြီးဆုံးပဲလေ…

ဘော့စ်♥♥အကြီးဆုံးကဒီလိုဆိုတော့ပုံမမှန်ဘူးနော်
.အောက်လက်ငယ်သားတွေဘယ်လိုလုပ်မလဲ?

အနော်♥♥ငါလဲအောက်လက်ငယ်သားတွေကိုပုံမှန်အိပ်ခိုင်းထားတာလေ…အိ

ဘော့စ်♥♥ဒီလိုဆိုတော့အံဝင်ဂွင်ကျတွေပဲပေါ့နော်…

အနော်♥♥ဟုတ်ပါ့…ဟုတ်ပါ့…အားလုံးကသဘောကြကျတယ်…ဂွင်ကျနေတာပဲ..

*နေ့လယ်ချိန်ရောက်ပြီ*

ဘော့စ်♥♥နေ့လယ်ထမင်းဘယ်အချိန်စားလဲ?

အနော်♥♥အချိန်မမှန်ပါဘူး…ဆာတိုင်းထိုင်စားနေလို့….ဟီးဟီး….

*ညနေချိန်ရောက်ပြီ*

ဘော့စ်♥♥အလုပ်ဘယ်နာရီဆင်းလဲ..သိလား?

အနော်♥♥အလုပ်ဆင်းချိန်မရောက်ခင်အမြဲတမ်း်အပြင်မှာဆိုတော
ဆင်းချိန်မသိဘူး…ဟဲ..ဟဲ…..။။။

ဘော့စ်♥♥အေး..အေး.ကောင်းကွာ.မနက်ဖန်ကစပြီးနင်ကိုအလုပ်ထုပ်လိုက်ပြီ.
ထပ်ထရီး.။။

      ….. ဂိန်…..ဒပ်…..

ပွင့်လင်းစွာပြောမိတာ ခုတော့ ခက်၇ပြီ…။။။


♥♥နှင်းဆီအေးမောင်♥♥2012.Mar.6 pm24

♥♥ဖြစ်နိုင်မလား ?..????? ♥♥


*သင်စိတ်ညစ်နေချိန်မှာ…သင့်အတွက်အကောင်းဆုံးသူဟာ…
ရီမောစရာ ပြောတတ်သူပဲဖြစ်တယ်..။။

*ကိုယ်ပျော်နေတဲ့စကား…သူများကိုပြောပြနေသည်ထက်….
ကိုယ်ကပိုပျော်နေတာကို ကိုယ်ပဲပိုခံစား၇ပါတယ်…။

*မေ့လို့ခက်တဲ့သူကရှိနေတဲ့သူမဟုတ်ဘူး…
မရှိတော့တဲ့သူကိုမေ့၇ဖို့ခက်တယ်…။

*သင်ချစ်သူကို သစ္စာစကားလက်ဆောင်မပေးချင်နေပါ…
              ညာမယ်.ဆိုတဲ့စကား၂လုံးမပေးမိပါစေနှင့်…။

*ချစ်သူ-၂ ဦး-ူချစ်နေချိန်မှာ…...
သင်ကအလေးမမှု-အေ၇းမကြီးတဲ့လူတယောက်လိုမထားပါနဲ့….
       သူမုန်းပြီဆိုရင်သင်………?...။

*မိမိကိုယ်-ကိုမချစ်ပဲသူတပါးကိုချစ်တယ်ဆိုတာဖြစ်နိုင်မလား?…။

*လူတွေဟာ.အချိုကိုကြိုက်သလို အချော့လည်းကြိုက်ကြပါတယ်…။

*သင်အိမ်ထောင်ပြုမယ်ဆို၇င်….သင်ထက်ကြီးသူကိုယူပါ…
ကြီးရင်မှီ၇တော့.သင့်အတွက်ဘ၀အသက်အာမခံ.
တံတိုင်ကြီး..ဖြစ်လို့…သင့်ဘ၀အကွက်အေးချမ်း၇ပါပြီ…..
     ကြီးရင်မှီ…..ငယ်ရင်ချီ…..ကြိုက်တာေ၇ွးယူနိုင်ကြပါစေတည်း….။။။

♥♥နှင်းဆီအေးမောင်♥♥2012.Mar.6 PM26:10

Friday, March 2, 2012

**ကိုယ်အလေးချိန် လျှော့ချသူများ -စားသင့်သည့်အစားအစာများ **

*ကြက်ဥ*

လတ်တလော လေ့လာထားမှုအရ တစ်နေ့ကို ကြက်ဥတစ်လုံး စားပေးတာက ကျန်းမာစေပြီး အာဟာရဓာတ် ညီညွတ်မျှတစေတယ်ဆိုတာ တွေ့ရပါတယ်။ သင့်မနက်စာမှာ ကြက်ဥတစ်လုံးစားတာက ကိုယ်အလေးချိန် လျှော့ချပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြက်ဥမှာ ပရိုတင်းဓာတ်တေ များစွာပါဝင်တာကြောင့် အစာချေဖျက်ဖို့အတွက် အချိန်ပေးရပါတယ်။ မနက်စာမှာ ကြက်ဥစားပေးတဲ့အခါ အစာချေဖျက်မှု နှေးတာကြောင့် အစာအိမ်ထဲမှာ အချိန်ကြာကြာ ပြည့်နေစေပါတယ်။ ဒါဟာ နောက်ထပ် အစာထပ်စားဖို့ကို နည်းသွားစေပါတယ်။


* အမဲသား *

ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေက အနီရောင်ရှိတဲ့အသားတွေကို စားသုံးဖို့ အားမပေးခဲ့ပါဘူး။ အနီရောင်ရှိတဲ့ အသားတွေထဲမှာ အမဲသားလည်း အပါအဝင်ပါ။ ဒါပေမဲ့ အမဲသားက သင့်ခါးပတ်လည်က အဆီတွေကို လျှော့ချဖို့အတွက် စားလို့ရတယ်လို့ နောက်ဆုံးပေါ် လေ့လာမှုတွေက ဆိုပါတယ်။ တကယ်တော့ အဆီမပါတဲ့ အမဲသားက အရေခွံမပါတဲ့ ကြက်ရင်ပုံသားထက် ပြည့်ဝဆီတွေ များတာမှန်ပေမဲ့ အမဲသားကနေ ပရိုတင်းဓာတ်တွေ ပိုမိုရရှိနိုင်ပါတယ်။ ကြက်ဥလိုပဲ အမဲသားမှာ ပရိုတင်းတွေ များစွာပါရှိတာကြောင့် ဗိုက်ပြည့်တင်းနေစေပြီး ဆာလောင်မှုကို နည်းစေပါတယ်။ ဒါပေမဲ့ အမဲသားကို အလွန်အကျွံမစားသုံးဘဲ ချင့်ချင့်ချိန်ချိန် စားသုံးဖို့တော့လိုပါတယ်။


*ချိစ်***

ကိုယ်အလေးချိန်လျှော့ချသူ အများစုက ကိုယ်အလေးချိန် လျှော့ချနေချိန် အတွင်းမှာ ချိစ်စားသုံးတာကို ရှောင်တတ်ကြပါတယ်။ ချိစ်က ကယ်လ်စီယမ် ကြွယ်ဝတဲ့ အစားအစာဖြစ်တာကြောင့် တချို့လေ့လာမှုတွေက ချိစ်စားသုံးမှုကို ရှောင်ရှားလိုက်တာဟာ မှားယွင်းတယ်လို့ဆိုပါတယ်။ လေ့လာမှုတစ်ခုက ခန္တာကိုယ်က အဆီတွေကို လောင်ကျွမ်းဖို့အတွက် ကယ်လ်စီယမ်ဓာတ် အလုံအလောက်ရှိဖို့ လိုတယ်လို့ပြောပါတယ်။ ဒါကြောင့် အဆီနည်းတဲ့ ချိစ်၊ ဒိန်ချဉ်နဲ့ နို့သောက်ပေးတာက ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူဖြစ်စေပါတယ်။ ကယ်လ်စီယမ် ဖြည့်စွက်သောက်သုံးတာက အစားအစာတွေက ရရှိတဲ့ကယ်လ်စီယမ်လောက် ခန္တာကိုယ်အတွက် အကျိုးမရှိဘူးလို့လည်း ဆိုပါတယ်။ ဒါကြောင့် ခန္တာကိုယ်အတွက် ကယ်လ်စီယမ်ဓာတ်ကို အစားအစာကနေ ရရှိအောင် စားသုံးသင့်ပါတယ်။

*ကော်ဖီ *

ကော်ဖီသောက်သုံးမှုနဲ့ ပတ်သက်ပြီး သုတေသနတွေကနေ တွေ့ရှိချက်တွေ အမျိုးမျိုးပြောခဲ့ကြပါတယ်။ ကိုယ်အလေးချိန် လျှော့ချနေတာနဲ့ပဲ သင်ကြိုက်နှစ်သက်တဲ့ ကော်ဖီသောက်သုံးမှုကို ရှောင်ရှားနေဖို့ မလိုတော့ပါဘူး။ ကော်ဖီဖျော်ရာမှာ ထပ်ပေါင်းထည့်တာတွေက ကော်ဖီကိုနာမည်ပျက်စေပါတယ်။ ခရင်မ်၊ သကြားနဲ့ တခြားအနံ့အရသာအမျိုးမျိုးတွေ ထည့်သွင်းဖော်ပြထားတဲ့ ကော်ဖီကတော့ သင့်အတွက် ကောင်းကျိုး မရှိနိုင်ပါဘူး။ သင်ဟာ ကိုယ်အလေးချိန်လျှော့ချနေသူ တစ်ယောက်ဖြစ်ပါက ကော်ဖီဖျော်ရာမှာအဆီထုတ်ထားတဲ့ နွားနို့ထပ်ပေါင်းထည့်ဖျော်ပေးပါ။ အချိုဓာတ်လိုအပ်တယ်ဆိုရင်တော့ သကြားအနည်းငယ် ထည့်ဖျော်နိုင်ပါတယ်။ နွားနို့က ကယ်စီယမ်နဲ့ ဗီတာမင် ဒီကို ရရှိစေတာကြောင့် ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူဖြစ်စေပါတယ်။


မြန်မာသတင်းရပ်ဝန်း ကျန်းမာရေးကဏ္ဍ မှယူလာတာပါ..

♥♥နှင်းဆီအေးမောင်♥♥