ကြိုဆိုပါသည်

♥♥သံယောဇဉ်ပင်လယ်မှနှင်းဆီကလှိုက်လှဲစွာကြိုဆိုပါ၏..အလယ်ေ၇ာက်လာသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်..လှုပ်လှုပ်သဲ၇င်တွင်းစကားလေးတွေအန်ချရာပင်လယ်..Roseayemaung@gmail.comမှာပျော်ရွှင်နိုင်ကြပါစေ.♥♥.

Tuesday, March 20, 2012

မန်ယူပွဲကို ကိုင်တွယ်ခွင့် မရခဲ့တဲ့ ဟောင်းဝပ်ဝက်ဘ်


ပြီးခဲ့တဲ့ အက်အေဖလား ပွဲစဉ်ဖြစ်တဲ့ စပါး အသင်းနဲ့ ဘော်တန် အသင်းတို့
 ပွဲစဉ်ကို ကိုင်တွယ် ကြီးကြပ်ခဲ့တဲ့ ဒိုင်လူကြီး ဟောင်းဝပ်ဝက်ဘ်ဟာ ပြီးခဲ့တဲ့
ဝုဗ်နဲ့ မန်ယူ ပွဲစဉ်မှာ စတုတ္ထဒိုင် လူကြီး အဖြစ် မပါဝင်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။ ဒိုင်လူကြီးများ အဖွဲချုပ် အကြီးအကဲ မိုက်ရီလေဟာ ဟောင်းဝပ်ဝက်ဘ်ကို အဆိုပါ ပရီးမီးယားလိဂ် ပွဲစဉ် ဖြစ်တဲ့ ၀ုဗ် အသင်းနဲ့ မန်ယူ အသင်းတို့ ပွဲစဉ်ကို ပါဝင် ကိုင်တွယ်ခြင်း မပြုရန် တားမြစ်ခဲ့တာ ဖြစ်ပြီး ဟောင်းဝပ်ဝက်ဘ်ဟာ စပါး အသင်းနဲ့ ဘော်တန် အသင်းတို့ ပွဲစဉ်မှာ ဘော်တန် ကွင်းလယ်လူ မူအမ်ဘာရဲ့ ကွင်းအတွင်း လဲကျ သတိလစ်မှုကြောင့် ပွဲကို ရပ်တန့်ဖို့ ရွေးချယ် လိုက်ရသူလည်း ဖြစ်ပါတယ်။

ဒါကြောင့် မိုက်ရီလေက ဟောင်းဝပ်ဝက်ဘ် အနေနဲ့  ကြီးမားတဲ့ စိတ်လှုပ်ရှားမှု ကြုံတွေ့ ထားတာကြောင့် နောက်ထပ် ကိုင်တွယ်ရမယ့် ပွဲစဉ်ဖြစ်တဲ့ မန်ယူ အသင်းက ၀ုဗ် အသင်းကို ၅ ဂိုး ဂိုးမရှိနဲ့ အနိုင် ရရှိတဲ့ ပွဲစဉ်ကို ကိုင်တွယ်ခြင်း မပြုရန် တားမြစ် ထားခဲ့တာပဲ ဖြစ်ပါတယ်။ အခုလို တားမြစ် ရခြင်းဟာ ပရော်ဖက်ရှင် နယ် ပြိုင်ပွဲ ကိုင်တွယ်မှု စည်းမျဉ်းအရ အခုလို ဆုံးဖြတ်လိုက်ရတာ ဖြစ်ပြီး ဟောင်းဝပ်ဝက်ဘ်ဟာ မန်ယူ ပွဲစဉ်မှာ စတုတ္ထ ဒိုင်လူကြီး အဖြစ် ပါဝင် ကိုင်တွယ်ဖို့ ရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဟောင်းဝပ် ၀က်ဘ်ဟာ စပါး အသင်းနဲ့ ဘော်တန် အသင်းတို့ ပွဲစဉ်ရဲ့ ပွဲချိန် မိနစ် ၄၀ ခန့်မှာ ဘော်တန် ကွင်းလယ်လူ မူအမ်ဘာဟာ ရုတ်တရက် အသက်ရှုရပ်ပြီး လဲကျ သွားခဲ့တာကို ပရိသတ် ၃ သောင်း ၆ ထောင်ရဲ့ရှေ့မှာ ကြုံတွေ့လိုက်ရတာ ဖြစ်ပြီး ပွဲကို ၁၀ မိနစ်ခန့် ရပ်ဆိုင်း လိုက်ရတာ ဖြစ်ပါတယ်။

အဲဒီ နောက်မှာတော့ မူအမ်ဘာကို လူနာတင်ယာဉ်နဲ့ ဆေးရုံကို ပို့ဆောင် လိုက်ရပြီး ပွဲကို ဆက်လက် ကစားလိုခြင်း ရှိမရှိ နှစ်ဖက် ကစားသမားများနဲ့ နည်းပြများကို မေးမြန်းခဲ့ပြီး နောက်ဆုံးမှာ အားလုံးရဲ့သဘော တူညီချက် အရ ပွဲကို စွန့်ခွာ လိုက်တာပဲ ဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ် အတွင်းမှ အဖြစ်အပျက်ရဲ့ ရိုက်ခတ်မှုကြောင့် ဒိုင်လူကြီး ဟောင်းဝပ်ဝက်ဘ်ဟာ နောက်ထပ် ပွဲစဉ်အဖြစ် မန်ယူ အသင်းနဲ့ ပွဲကို ကိုင်တွယ်ခြင်း မပြုဖို့ တားမြစ်ခြင်း ခံလိုက်ရတာ ဖြစ်ကြောင်း သိရှိရပါတယ်။

No comments:

Post a Comment