ကြိုဆိုပါသည်

♥♥သံယောဇဉ်ပင်လယ်မှနှင်းဆီကလှိုက်လှဲစွာကြိုဆိုပါ၏..အလယ်ေ၇ာက်လာသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်..လှုပ်လှုပ်သဲ၇င်တွင်းစကားလေးတွေအန်ချရာပင်လယ်..Roseayemaung@gmail.comမှာပျော်ရွှင်နိုင်ကြပါစေ.♥♥.

Foreign News

    
ယူကရိန်း၌ လေယာဉ်အရေးပေါ်ဆင်းသက်စဉ် မီးလောင်မှုဖြစ်ပွား

15/Feb/2013

            
ခရီးသည်နှင့် လေယာဉ်အမှုထမ်း ၄၅ ဦးအား တင်ဆောင်လာသော ခရီးသည်တင် လေယာဉ်တစ်စင်းသည် ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒိုးနက်စ်မြို့အနီး အရေးပေါ် ဆင်းသက်စဉ် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး ငါးဦး သေဆုံးခဲ့ကြောင်း သိရသည်။ အင်န်တိုနော့ AN-24 အမျိုးအစား အင်ဂျင်နှစ်လုံးတပ် အဆိုပါ ခရီးသည်တင် လေယာဉ်သည် ဖေဖော်ဝါရီ ၁၃ ရက် နှောင်းပိုင်းက အရေးပေါ် ဆင်းသက်မှု ပြုလုပ်ရန် ကြိုးပမ်းစဉ် ဒိုးနက်စ်မြို့ ဆာဂျီပရိုကိုဖိဗ် အပြည်ပြည်ဆိုင်ရာ လေဆိပ်လေယာဉ် ပြေးလမ်းကို ကျော်ထွက် သွားပြီးနောက် ပေါက်ကွဲမီးလောင်ခဲ့ခြင်းဖြစ်ကြောင်း  ယူကရိန်းအရေးပေါ် ၀န်ကြီးဌာနက ပြောကြားသည်။ အဆိုပါ လေယာဉ် မတော်တဆမှုကြောင့် လေယာဉ်ပေါ် လိုက်ပါလာသည့် အခြား ၁၂ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ၄င်းလေယာဉ်သည် အိုဒစ်ရှား ပင်လယ်နက် အပန်းဖြေစခန်းမှ ပျံသန်းလာသည့် ပြည်တွင်း လေကြောင်းလိုင်း တစ်ခုမှ ဖြစ်သည်။ ခရီးသည် အများစုမှာ ဘောလုံးပွဲ ၀ါသနာအိုးများဖြစ်ကြပြီး ၄င်းတို့သည် ချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲဖြစ်သည့် ရှက်တာဒိုးနက်စ်နှင့် ဂျာမနီမှ ဒေါ့မွန်တို့ ပွဲစဉ်အား ကြည့်ရှုရန် ဒိုးနက်စ်မြို့သို့ ထွက်ခွာလာကြခြင်း ဖြစ်သည်။ လေယာဉ် မတော်တဆ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ချက်ချင်း မသိရသေးဟု ဆိုသည်။  လေယာဉ်ပျက်ကျ သေဆုံးမှုကို စုံစမ်းစစ်ဆေးရန် ကော်မရှင်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်ဟု ဆိုသည်။ (ပရက်စ်တီဗွီ)

မက္ကဆီကိုစီးတီး၌ ဓာတ်ငွေ့ပေါက်ကွဲ၊ သေဆုံးသူ ၃၇ ဦးအထိရှိလာ

6/Feb/2013

မက္ကဆီကိုနိုင်ငံတွင် ပီမက်စ်အမည်ရှိ ရေနံကုမ္ပဏီရုံးချုပ်၌ ဓာတ်ငွေ့ပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာ၌ ပေါက်ကွဲစေတတ်သည့် အရာများ မတွေ့ရကြောင်း ရှေ့နေချုပ် ဂျီဆက်မူရယ်လိုကာရယ်က ပြောကြားသည်။ ယင်းပေါက်ကွဲမှုသည် ယိုစိမ့်လျက်ရှိသော ဓာတ်ငွေ့အနီး လျှပ်စစ်ရှော့ခ်ဖြစ်ခဲ့ဖွယ် ရှိကြောင်း၊ ကျွမ်းကျင်သူများက ယူဆထားခဲ့ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။ မက္ကဆီကိုစီးတီး၌ လွန်ခဲ့သည့် ဇန်နဝါရီ ၃၁ ရက်က ဖြစ်ပွားခဲ့သော ယင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ ၃၇ ဦးအထိ ရှိလာသည်ဟု ဆိုသည်။ ယင်းပေါက်ကွဲမှုကြောင့် အနိမ့်ပိုင်း နေအိမ်အချို့လည်း ပြိုကျပျက်စီးသွားသည်ဟု ဆိုသည်။

အင်ဒိုနီးရှားတွင် မျောက်ရိုင်းအုပ်စုဝင်ရောက်တိုက်ခိုက်၊ လူခုနစ်ဦး ဒဏ်ရာရ
移至完整文章2013年2月1日, အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းဒေသမှ ကျေးရွာတစ်ရွာရှိ နေအိမ်များ အတွင်းသို့ ဇန်နဝါရီ ၂၈ ရက်က မျောက်ရိုင်း အုပ်စုတစ်စု ဝရုန်းသုန်းကား ဝင်ရောက်ကာ ရွာသားများအား တိုက်ခိုက်ခဲ့မှုကြောင့် လူခုနစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများထဲတွင် တစ်ဦးမှာ စိုးရိမ်ရသော အခြေအနေရှိကြောင်း အေပီ သတင်းတွင် ဖော်ပြသည်။ ဆူလာဝေဆီပြည်နယ် ဆီဒန်ဒန်းရက်ပန်ခရိုင်မှ ပြောရေးဆိုခွင့်ရှိသူ အမ်ကိုအယ်လာက ပြောကြားရာတွင် အကောင်ရေ ၁ဝဝ ခန့် ပါဝင်သော မျောက်ရိုင်း အုပ်စုက တော့ဒ်ဒန်း ပူလူ ကျေးရွာ အတွင်းသို့ ရုတ်တရက် ဝင်ရောက် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးသည် ဇန်နဝါရီ ၂၈ ရက်တွင် မျောက်များ၏ အပြင်းအထန် တိုက်ခိုက်မှုကို ခံခဲ့ရပြီး ဆေးရုံတင် ကုသမှုခံနေဆဲဖြစ်ကြောင်း ၄င်းက ဇန်နဝါရီ ၃ဝ ရက်တွင် ပြောကြားသည်။ (ရိုက်တာ)

မြို့တော်ပေကျင်း၌ မီးခိုးမြူသိုင်းခြုံ

2013年2月1日
တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ မီးခိုးမြူများသိပ်သည်းစွာ သိုင်းခြုံနေဆဲဖြစ်သဖြင့် ကျန်းမာရေးဆိုင်ရာ သတိပေးချက်များကို အစိုးရက ထုတ်ပြန်ပေးလျက်ရှိကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇန်နဝါရီ ၃၁ ရက်တွင် သတင်းထုတ်ပြန်သည်။ ပေကျင်းနှင့် နိုင်ငံ၏ ဒေသအများအပြားတွင် တတိယမြောက်နေ့အဖြစ် မီးခိုးမြူများ သိုင်းခြုံလျက်ရှိသည်။ ပေကျင်း၌ နေထိုင်သော မြို့သူမြို့သား သန်း ၂ဝ အနေဖြင့် နေအိမ်ပြတင်းတံခါးများကို ပိတ်ထားရန်၊ သင့်တင့်လျောက်ပတ်စွာ စားသောက်နေထိုင်ရန်၊ ရေများများသောက်ရန်၊ ကျန်းမာရေးမကောင်းသော သက်ကြီးရွယ်အိုများနှင့် ကလေးများအနေဖြင့် နေအိမ်များအတွင်း၌သာ နေထိုင်ရန်နှင့် လိုအပ်ပါက နှာခေါင်းစည်းများ အသုံးပြုရန် အစိုးရက ကျန်းမာရေး လမ်းညွှန်ချက်များကို ထုတ်ပြန်ထားသည်။ (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ ဘရစ္စဘိန်းမြို့ရှိ ဘူတာရုံ၌ ရထားလမ်းချော်မှုဖြစ်ပွား

2013年2月1日
သြစတြေးလျနိုင်ငံ ဘရစ္စဘိန်းမြို့ရှိ ကလီဗီလန် ရထားဘူတာရုံတွင် ဇန်နဝါရီ ၃၁ ရက် နံနက်က ခရီးသည်တင် ရထားတစ်စင်း လမ်းချော်မှုကြောင့် ခရီးသည် ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆင်ဟွာ သတင်းတစ်ရပ်တွင် ဖော်ပြသည်။ အဆိုပါ ရထားလမ်းချော်မှုသည် ယင်းနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီ မိနစ် ၄ဝ ခန့်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူ ၁၄ ဦးကို ဆေးဘက်အကူများက ဖြစ်ပွားသည့်နေရာတွင် အရေးပေါ် ဆေးဝါးကုသပြီး အခြား ၁ဝ ဦးကို နောက်ထပ် ဆေးစစ်မှု ခံယူရန်အတွက် ရက်လန်းဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ကြောင်း ကွင်းစလန် လူနာစောင့်ရှောက်ရေးအဖွဲ့က ပြောကြားသည်။ ဝင်ရောက်တိုက်ခရီးသည် ၁၃ ဦး၊ ရထားမောင်းသူနှင့် ရထားတွဲစောင့်တစ်ဦးတို့ ရှိနေသည့် ရထားရှေ့ခေါင်းတွဲသည် လမ်းချော်မှုဖြစ်ပွားပြီး ဘူတာရုံပလက်ဖောင်းနှင့် သန့်စင်ခန်းများ အတွင်းသို့ ဝင်ရောက်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သြစတြေးလျ သတင်းထုတ်ပြန်ရေး အဖွဲ့၏ ပြောကြားချက်အရ သိရသည်။ အမျိုးသမီးတစ်ဦးမှာ သန့်စင်ခန်းအတွင်း ပိတ်မိနေခဲ့ကြောင်း၊ သို့သော်လည်း ဒဏ်ရာရရှိမှုမရှိဘဲ ကယ်ဆယ်နိုင်ခဲ့သည်ဟု ဆိုသည်။ ယင်းရထားလမ်းချော်မှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ (ဆင်ဟွာ)
2013年1月31日
http://www.khitlunge.net.mm/news/
သြစတြေးလျနိုင်ငံ၏ ပြည်ထောင်စု အထွေထွေ ရွေးကောက်ပွဲကို လာမည့် စက်တင်ဘာ ၁၄ ရက်၌ ကျင်းပရန် စီစဉ်ထားကြောင်း သြစတြေးလျ ဝန်ကြီးချုပ် ဂျူလီရာ ဂီလက်က ဇန်နဝါရီ ၃ဝ ရက်တွင် သတင်းထုတ်ပြန်သည်။ ကင်ဘာရာမြို့ရှိ အမျိုးသား သတင်းထုတ်ပြန်ရေး အဖွဲ့သို့ ပေးပို့သော သတင်းထုတ်ပြန်ချက်တွင် ဝန်ကြီးချုပ် ဂျူလီရာဂီလက်က အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ အဆိုပါ သတင်းထုတ်ပြန်ချက်ကို အစိုးရအဖွဲ့၏ စီးပွားရေးနှင့် ပညာရေးဆိုင်ရာ စီမံကိန်းများ အစည်းအဝေးအပြီးတွင် ဝန်ကြီးချုပ်က ပေးပို့ခဲ့ခြင်းဖြစ်သည်။ သြစတြေးလျနိုင်ငံ၏ အထက်လွှတ်တော်အတွက် ကိုယ်စားလှယ် ၇၆ ဦးနှင့် အောက်လွှတ်တော်အတွက် ကိုယ်စားလှယ် ၁၅ဝ တို့ကို စက်တင်ဘာလ၌ သြစတြေးလျပြည်သူတို့က မဲပေးရွေးချယ် ကြရမည်ဖြစ်သည်။ စက်တင်ဘာ မည်သည့်ရက်တွင် ရွေးကောက်ပွဲ ကျင်းပမည်ကို လာမည့်ရက်အနည်းငယ်အတွင်း ထုတ်ပြန်ကြေညာသွားမည် ဖြစ်သည်။ အထွေထွေရွေးကောက်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ကြမည့် ပါတီများအနေဖြင့် ကြိုတင်ပြင်ဆင်မှု ပြုလုပ်နိုင်ရန်အတွက် ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို အဆောတလျင် ကြေညာသွားမည်ဟု စကိုင်းနယူး သတင်းဌာနက သတင်းထုတ်ပြန်သည်။ သြစတြေးလျနိုင်ငံမှ လေဘာပါတီခေါင်းဆောင် ဂီလက်က ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်မည်ဟု ယုံကြည်ကြောင်း နိုင်ငံရေးနှင့် စီးပွားရေး တည်ငြိမ်တိုးတက်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားသည်။ (ဆင်ဟွာ)
2013年1月31日, 下午 08:00:00移至完整文章
http://www.khitlunge.net.mm/news/
တရုတ်နိုင်ငံ ရှန်တုန်ပြည်နယ် အရှေ့ပိုင်းရှိ ကျန်တောင်လူတန် လေဆိပ်တွင် ဆီးနှင်းများ ထူထပ်သိပ်သည်းစွာ ကျဆင်းနေသဖြင့် လေဆိပ်ကို ပိတ်ထားခဲ့ရကြောင်း တရုတ်လေကြောင်း အရာရှိများက ဇန်နဝါရီ ၃ဝ ရက်တွင် ပြောကြားသည်။ ကျန်တောင်လူတန် လေဆိပ်၏ လေယာဉ်ပြေးလမ်းပေါ်တွင် ဆီးနှင်းခဲများ ဖုံးလွှမ်းအောင် ကျဆင်းနေသဖြင့် လေယာဉ်ခရီးစဉ် ၂ဝ ခန့် ဖျက်သိမ်းထားရာ လေဆိပ်၌ ခရီးသည် ၂ဝဝဝ ခန့် သောင်တင်လျက် ရှိသည်။ ကျန်တောင်မြို့၏ နေရာဒေသ အများအပြားတွင် နှင်းများ ဆိုးရွားစွာကျဆင်းမှုနှင့် ကြုံတွေ့နေရသည်။ အချို့နေရာများတွင် ဆီးနှင်းများ ထူထပ်သိပ်သည်းစွာ ကျဆင်းနေသဖြင့် ရှေ့အကွာအဝေး မီတာ ၁ဝဝ ခန့်သာ မြင်တွေ့ရသည့် အနေအထားနှင့် ကြုံတွေ့ရလျက်ရှိသည်။ ဆီးနှင်းများ ဆိုးရွားစွာ ဆက်လက် ကျဆင်းနေပါက ဇန်နဝါရီ ၃ဝ ရက်တွင်လည်း လေယာဉ်ခရီးစဉ်များ ဆက်လက် ဖျက်သိမ်းထားရဖွယ် ရှိကြောင်း လေဆိပ်အရာရှိများက ပြောကြားသည်။ ကျန်တောင်မြို့ မိုးလေဝသဌာနက ဆီးနှင်းကျဆင်းမှုနှင့် ပတ်သက်ပြီး လိမ္မော်ရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားသည်။ ထို့အတူ ဆီးနှင်းများ ထူထပ်စွာ ကျဆင်းနေမှုကြောင့် အဝေးပြေး ကားလမ်းမကြီး အချို့ကိုလည်း ပိတ်ထားရကြောင်း ရှန်တုန် အဝေးပြေးယာဉ်များ အုပ်စုမှ တာဝန်ရှိသူများက ပြောကြားသည်။ (ဆင်ဟွာ)

ကာဇက်စတန်ခရီးသည်တင်လေယာဉ်ပျက်ကျ၊ လိုက်ပါသူအားလုံးသေဆုံး

2013年1月31日, 下午 08:00:00移至完整文章http://www.khitlunge.net.mm/news/
ခရီးသည် ၂ဝ တင်ဆောင်လာသည့် ကာဇက်စတန် အက်စ်စီအေတီ လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ် တစ်စင်း ပျက်ကျရာတွင် လိုက်ပါသူအားလုံး သေဆုံးခဲ့ကြောင်း ဇန်နဝါရီ ၃ဝ ရက်က အေပီသတင်းတွင် ဖော်ပြသည်။ လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ၂ဝ မှာ လေယာဉ်ဝန်ထမ်း ငါးဦးနှင့် ခရီးသည် ၁၅ ဦးတို့ ဖြစ်ကြောင်း၊ အဆိုပါ လေယာဉ်သည် ဇန်နဝါရီ ၂၉ ရက်က ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အက်စ်စီအေတီ လေကြောင်းက ပြောကြားသည်။ ယင်းလေယာဉ်သည် ရာသီဥတုအခြေအနေ ဆိုးရွားစဉ်အတွင်း အယ်လ်မာတီလေဆိပ်သို့ ဆင်းသက်ရန် ပျံသန်းလာရာမှ ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ကနဦးရရှိသော သတင်းများအရ အသက်ရှင်ကျန်ရစ်သူ တစ်ဦးတစ်ယောက်မျှ မရှိကြောင်း၊ ၄င်းလေယာဉ် သည် နိုင်ငံမြောက်ပိုင်း ကော့ရှီတူမြို့မှ အယ်လ်မာတီ လေဆိပ်သို့ ဦးတည် ပျံသန်းလာခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ လေကြောင်းမှ ဆက်လက် ပြောကြားသည်။(အေပီ)

တောင်ကိုရီးယား၏ အာကာသဒုံးယာဉ်လွှတ်တင်မှု အောင်မြင်

2013年1月31日, 下午 08:00:00移至完整文章http://www.khitlunge.net.mm/news/
အာကာသအတွင်းသို့ ဂြိုဟ်တုတစ်လုံးကို ပို့ဆောင်နိုင်ရေးအတွက် တတိယ အကြိမ်မြောက် ကြိုးပမ်းသည့် တောင် ကိုရီးယားနိုင်ငံ၏ အာကာသ ဒုံးယာဉ် လွှတ်တင်မှု အစီအစဉ်မှာ အောင်မြင်သွားပြီဖြစ်ကြောင်း ယနေ့ ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ တောင်ကိုရီးယား၏ နာယိုအာကာသယာဉ် လွှတ်တင်ရေးစခန်းမှ အာကာသဒုံးယာဉ် ကေအက်ဖ်အယ်လ်ဗွီ-၁ လွှတ်တင်မှုကို ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့သည်။ ဒုံးယာဉ်လွှတ်တင်ပြီး မကြာမီမှာပင် ဒုံးယာဉ် လွှတ်တင်မှု အောင်မြင်ကြောင်း တာဝန်ရှိ သူများက ပြောကြား ခဲ့သည်။ နိုင်ငံတကာမှ ပြစ်တင်ဝေဖန်မှုများ ပြုခဲ့သော မကြာသေးမီ ရက်သတ္တပတ်များအတွင်း မြောက် ကိုရီးယားနိုင်ငံ၏ အဆင့်သုံးဆင့်ပါ ဒုံးကျည်ဖြင့် ဂြိုဟ်တုတစ်လုံးအား ကမ္ဘာပတ်လမ်းကြောင်း အတွင်းသို့ လွှတ်တင်ခဲ့ပြီးနောက်တွင် တောင်ကိုရီးယားနိုင်ငံက အာကာသဒုံးယာဉ်ကို လွှတ်တင် လိုက်ခြင်းဖြစ်သည်။ တောင် ကိုရီးယားနိုင်ငံက ယခုလွှတ်တင်ခဲ့သော ဒုံးယာဉ်မှာ အလေးချိန်တန် ၁၄ဝ ရှိပြီး နာယို အမည်ရှိသည့် ဒုံးယာဉ်၏ အစိတ်အပိုင်း အချို့ကို တောင်ကိုရီးယား ပြည်တွင်းတွင် တည်ဆောက်ပြီး အစိတ်အပိုင်းအချို့ကိုမူ ရုရှားနိုင်ငံက တည်ဆောက်ပေးသည်ဟု သတင်းတွင် ဖော်ပြသည်။ တောင် ကိုရီးယားနိုင်ငံသည် အာကာသအတွင်းသို့ ဒုံးယာဉ်လွှတ်တင်ရန် ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်များတွင် နှစ်ကြိမ်တိုင် ကြိုးပမ်းခဲ့ဖူးပြီး အောင်မြင်မှု မရရှိခဲ့ပေ။ ယခုပစ်လွှတ်ခဲ့သည့် တတိယအကြိမ်မြောက် ဒုံးယာဉ်လွှတ်တင်ရေး အစီအစဉ်ကို နည်းပညာပိုင်းဆိုင်ရာ အကြောင်းအားနည်းချက်များကြောင့် နှစ်ကြိမ်ခန့် ရွှေ့ဆိုင်းခဲ့ရသေးသည်ဟု ဆိုသည်။ ယခုဒုံးယာဉ်လွှတ်တင်မှုကို မြို့တော်ဆိုးလ်၏ တောင်ဘက် ကီလိုမီတာ၄၈ဝ (၂၉၈မိုင်) အကွာရှိ အာကာသယာဉ် လွှတ်တင်ရေးစခန်းမှ လုပ်ဆောင်ခဲ့ပြီး အာကာသဒုံးယာဉ်က ၄င်းသယ်ဆောင်သွားသော ဂြိုဟ်တုကို သတ်မှတ်ထားသည့် ကမ္ဘာ့မြေပြင် အထက်အမြင့်သို့ ပို့ဆောင်နိုင်ခဲ့ကြောင်း ယွန်ဟပ် သတင်းတွင် ဖော်ပြသည်။ အာကာသဒုံးယာဉ်ဖြင့် သယ်ဆောင်သွားသည့် ဂြိုဟ်တုမှာ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဂြိုဟ်တုဖြစ်ပြီး ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်များ စုဆောင်းရန် ပုံစံထုတ် တည်ဆောက်ထားသည်ဟု သတင်းတွင် ဖော်ပြသည်။ (ဘီဘီစီ)
http://www.khitlunge.net.mm/news/
နိုင်ငံတကာ ကမ္ဘာလှည့် ခရီးသွားဦးရေသည် လွန်ခဲ့သည့်နှစ်က ပထမဆုံးအကြိမ် တစ်ဘီလီယံ (သန်း ၁ဝဝဝ)ကို ကျော်လွန် သွားကြောင်း၊ ကမ္ဘာပေါ်တွင် ကမ္ဘာလှည့်ခရီးသည် အလည်အပတ် အလာရောက်ဆုံး ဒေသမှာ အာရှ-ပစိဖိတ်ဒေသ ဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့အစည်း တစ်ရပ်က ဇန်နဝါရီ ၂၉ ရက်တွင် ပြောကြား သည်။ နိုင်ငံတကာ ကမ္ဘာလှည့် ခရီးသွားဦးရေသည် ၂ဝ၁၂ ခုနှစ်တွင် ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ရာ ၁ ဒသမ ဝ၃၅ ဘီလီယံ ရှိကြောင်း၊ ၂ဝ၁၁ ခုနှစ်တွင် ၉၉၆သန်းရှိခဲ့ကြောင်း စပိန်နိုင်ငံ မဒရစ်မြို့အခြေစိုက် ကုလသမဂ္ဂ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းအဖွဲ့၏ နှစ်ပတ်လည် စစ်တမ်းတစ်ရပ်တွင် ဖော်ပြသည်။ ၂ဝ၁၂ ခုနှစ်သည် ကမ္ဘာတစ်ဝန်း၌ စီးပွားရေးအရ တည်ငြိမ်မှုမရှိသော နှစ်တစ်နှစ်ဖြစ်ကြောင်း၊ အထူးသဖြင့် ယူရိုဇုန်၌ ပါဝင်သော နိုင်ငံများတွင် စီးပွားရေးပြဿနာများ တွေ့ကြုံခဲ့ရကြောင်း၊ သို့ရာတွင် နိုင်ငံတကာ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းများ တိုးတက်မှုရှိအောင် ကမ္ဘာ့နိုင်ငံများက ကြိုးပမ်းဆောင်ရွက်နိုင်ကြောင်း ကုလသမဂ္ဂ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းအဖွဲ့၏ အထွေထွေ အတွင်းရေးမှူး တာလက်ရီပိုင်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။ (ရိုက်တာ)

ဂျပန်ပင်လယ်၌ ရုရှားငါးဖမ်းသင်္ဘောနစ်မြုပ်

2013年1月30日, 下午 08:00:00移至完整文章http://www.khitlunge.net.mm/news/
ဂျပန်ပင်လယ်၌ ရုရှားငါးဖမ်းသင်္ဘော တစ်စင်း တိမ်းမှောက်နစ်မြုပ်ခဲ့ရာ ရုရှားနှင့် အင်ဒိုနီးရှား သင်္ဘောသား ၂ဝ ပျောက်ဆုံးလျက် ရှိကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇန်နဝါရီ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။ အသက်ကယ် လှေတစ်စင်းဖြင့် မျောပါလာသော သင်္ဘောသား ၁ဝ ဦးကို အနီးအနားမှ ဖြတ်သန်းသွားသော ကုန်တင်သင်္ဘော တစ်စင်းက တွေ့ရှိရာမှ ၄င်းတို့ကို ကယ်တင်ပေးနိုင်ခဲ့ကြောင်း အရှေ့ဖျားဒေသ အရေးပေါ် လုပ်ငန်းများဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ရှန်း-၁ဝ၁ ဟု အမည်ပေးထားသော ငါးဖမ်းသင်္ဘောသည် သတ်မှတ်ချက်အတိုင်း ဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိမလာခဲ့ပေ။ အဆိုပါ သင်္ဘောသည် ရုရှားနိုင်ငံ၏ ပစိဖိတ်ပင်လယ် ကမ်းရိုးတန်းဒေသ ကမ်းလွန်တွင် ဇန်နဝါရီ ၂၇ ရက်နှောင်းပိုင်းက တိမ်းမှောက် နစ်မြုပ်ခဲ့သည်ဟု စုံစမ်းသိရှိရကြောင်း၊ အန်ထော်နီတိုချီနော့ဗ် အမည်ရှိ ကုန်တင်သင်္ဘောက ရုရှားခြောက်ဦးနှင့် အင်ဒိုနီးရှားလေးဦးတို့ကို ကယ်တင်ပေးခဲ့ပြီး ရုရှား ၁၃ ဦးနှင့် အင်ဒိုနီးရှားခုနစ်ဦး ပျောက်ဆုံးနေကြောင်း အရေးပေါ် လုပ်ငန်းများဌာနက ပြောကြားသည်။ (ပီတီအိုင်)

ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဟု မြောက်ကိုရီးယား ကြွေးကြော်

2013年1月30日, 下午 08:00:00移至完整文章http://www.khitlunge.net.mm/news/
ပြုံယမ်းက လွန်ခဲ့သော သီတင်းပတ်အတွင်း နျူကလီးယား လက်နက် စမ်းသပ် လိမ့်မည်ဟု ပြောကြား ခဲ့ပြီးနောက် မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် အမေရိကန်က ရန်စတိုက်ခိုက်လာမည်ဆိုလျှင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်း ရှိသည့် နိုင်ငံဖြစ်ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားသည်ဟု ဇန်နဝါရီ ၂၈ ရက်တွင် ပရက်စ်တီဗွီ သတင်း၌ ဖော်ပြသည်။ မြောက်ကိုရီးယားနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို ကာကွယ်သွားရန် အစီအမံများ ချမှတ်ထားရမည် ဖြစ်ကြောင်း ကင်က ပြောကြားလိုက်သည်။ သမ္မတ အိုဘားမား အစိုးရသည် မြောက်ကိုရီးယားနိုင်ငံ၏ လွန်ခဲ့သောလက ဒုံးကျည်စမ်းသပ် ပစ်လွှတ်ခဲ့မှုအပေါ် ကုလသမဂ္ဂမှတစ်ဆင့် မြောက်ကိုရီးယားကို အရေးယူရန် ဖိအားပေးခဲ့သဖြင့် ဇန်နဝါရီ ၂၄ ရက်တွင် မြောက်ကိုရီးယားက နျူကလီးယားလက်နက် စမ်းသပ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ (အင်တာနက်)
http://www.khitlunge.net.mm/news/
အီဂျစ်နိုင်ငံတွင် သေကျေနိုင်လောက်သည့် အဓိကရုဏ်း ရက်အတန်ကြာ ဖြစ်ပွားခဲ့ပြီးနောက် အီဂျစ်သမ္မတ မိုဟာမက်မော်စီက ပို့ဆက်၊ စူးအက်နှင့် အစ္စမေးရီးယား မြို့ကြီးသုံးမြို့တွင် အရေးပေါ် အခြေအနေ တစ်ရပ်ကို ကြေညာလိုက်ကြောင်း ဇန်န၀ါရီ ၂၈ ရက်တွင် ဘီဘီစီ သတင်းဌာနက ထုတ်ပြန်သည်။ နေ့စဉ် ည ၉ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ကို ဇန်န၀ါရီ ၂၈ ရက်မှစပြီး ရက် ၃၀ ကြာ ထုတ်ပြန်လိုက်သည်။ အီဂျစ်နိုင်ငံ ပို့ဆက်မြို့၌ တရားရုံး အဓိကရုဏ်းမှ စတင်ကာ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့၍ လူ ၃၃ ဦး သေဆုံးခဲ့ရသည်။ (အင်တာနက်)

သြစတြေးလျရေကြီးမှု လူရာပေါင်းများစွာ သောင်တင်နေ

2013年1月30日, 下午 08:00:00移至完整文章http://www.khitlunge.net.mm/news/
သြစတြေးလျနိုင်ငံ ကွင်းစလင်းပြည်နယ် ဘန်ဒါဘတ်တွင် ရေကြီးနေသဖြင့် သောင်တင်နေကြ သူများထံသို့ ရောက်ရှိရန် ရဟတ်ယာဉ်ပေါ်မှ ကယ်ဆယ်ရေး သမားများက ကြိုးစားလျက်ရှိကြောင်း ဇန်နဝါရီ ၂၈ ရက် ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ ဘားနက်မြစ် ကျိုးပေါက်သွားပြီးနောက် ရေစီးကြောင်းတွင် အိမ်များ မျောပါသွားနိုင်ရာ အိမ်ခေါင်မိုးများပေါ်၌ သောင်တင်နေကြသူများအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်သည်။ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသဖြင့် ကွင်းစလင်းတွင် ရေလွှမ်းမိုးမှု ဖြစ်ပေါ်ကာ လူသုံးဦး သေဆုံးခဲ့သည်။ သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာဂီလတ်က သေဆုံးကြသူများ၏ မိသားစုများထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့သည်။ ၂ဝ၁ဝ ခုနှစ်နောက်ပိုင်းနှင့် ၂ဝ၁၁ ခုနှစ် စောစောပိုင်း ကာလအတွင်း ယခုရေကြီးမှုသည် အဆိုးရွားဆုံးဖြစ်ကြောင်း ကွင်းစလင်းပြည်နယ် တစ်ခွင်လုံးတွင် သေဆုံးသူ ၃၅ ဦး ရှိပြီဖြစ်ကြောင်း ဘန်ဒါဘတ် မြို့တော်ဝန် မောဖိုပင်က ပြောကြားသည်။ ဘန်ဒါဘတ်ရှိဘားနက် မြစ်ရေသည် ၇ ဒသမ ၉၂ မီတာမှ တနင်္လာနေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် မြစ်ရေသည် ၉ ဒသမ၂ မီတာအထိ ရောက်ရှိခဲ့ကြောင်း မိုးလေဝသဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။ (ဘီဘီစီ)

ဆမ်ဆောင်းအီလက်ထရွန်နစ်စက်ရုံ၌ ဓာတုပစ္စည်းများ ယိုစိမ့်မှုကြောင့် တစ်ဦးသေဆုံး

2013年1月30日, 下午 08:00:00移至完整文章http://www.khitlunge.net.mm/news/
ဆမ်ဆောင်းကုမ္ပဏီ၏ လျှပ်ကူးချစ်(ပ်)ပြားများ ထုတ်လုပ်သည့် စက်ရုံတစ်ရုံတွင် အဆိပ်သင့် ဓာတုပစ္စည်းများ ယိုစိမ့်မှုဖြစ်ပွားခဲ့ရာ ယင်းစက်ရုံ အလုပ်သမားတစ်ဦး သေဆုံးခဲ့ကြောင်း ဇန်နဝါရီ ၂၉ ရက်တွင် ထုတ်ပြန်သည့် ကုမ္ပဏီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်မြို့၏ အနောက်တောင်ဘက် ၄၃ ကီလိုမီတာ (၂၆မိုင်)အကွာ ဟွာဆောင်းမြို့ရှိ ဆမ်ဆောင်းကုမ္ပဏီ၏ အီလက်ထရွန်နစ် ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံမှ ပြုပြင်ထိန်းသိမ်းရေး အလုပ်သမားငါးဦးကို ယင်းစက်ရုံ၌ ဟိုက်ဒရိုဖလူအိုရစ် အက်စစ်များ ယိုစိမ့်နေမှုကြောင့် လုပ်ငန်းများ ရပ်ဆိုင်းထားရန် ဇန်နဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်ဟု ဆမ်ဆောင်းကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။ ဓာတုအဆိပ်သင့်ခံရသူ အလုပ်သမားတစ်ဦးကို ဇန်နဝါရီ ၂၈ ရက်တွင် ဆေးရုံသို့ တင်ပို့ပေးခဲ့ပြီး နာရီအနည်းငယ် အကြာတွင် လည်ချောင်းနှင့် ရင်ဘတ်ပိုင်း၌ အဆိပ်သင့် ဝေဒနာများ ခံစားရပြီး ကွယ်လွန်ခဲ့ကြောင်း၊ အခြားအဆိပ်သင့် ဒဏ်ရာရသူ လေးဦးအား ကုသမှုများ ပေးခဲ့ပြီးနောက် ဆေးရုံမှ ပြန်လည် ဆင်းစေခဲ့ကြောင်း ၄င်းက ပြောကြားသည်။ အဆိပ်သင့် ဓာတုပစ္စည်းများ ယိုစိမ့်မှု ပမာဏမှာ ဇန်နဝါရီ ၂၈ ရက် နံနက် စောစောပိုင်းအထိ နှစ်လီတာမှ သုံးလီတာခန့် အထိ ရှိသည်။ (ရိုက်တာ)
2013年1月29日, 下午 08:00:00移至完整文章
http://www.khitlunge.net.mm/news/
အင်ဒိုနီးရှားနိုင်ငံ ဂျန်ကီပြည်နယ်တွင် ဇန်န၀ါရီ ၂၇ ရက်က မြေပြိုမှုကြောင့် ရေနံနှင့် ဓာတ်ငွေ့ တူးဖော်ရေး ပီတီပါတာမီနီ ကုမ္ပဏီ၏ အစိတ်အပိုင်းဖြစ်သည့် ပီတီပါတာမီနီဂျီအို သာမောစွမ်းအင်လုပ်ငန်းမှ အလုပ်သမား ငါးဦး သေဆုံးပြီး အခြားလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားသည်။ အဆိုပါ မြေပြိုမှုသည် ဂျန်ကီပြည်နယ် ကာရင်စီခရိုင် လမ်ပါတန်ဂျပ် ကျေးရွာရှိ စုပေါင်းဓာတ်ငွေ့တူးဖော်ရေး လုပ်ငန်းခွင် နေရာတွင် မိုးများ သည်းထန်စွာ ရွာသွန်းမှုကြောင့် ယင်းနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၅ မိနစ်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ အမျိုးသား သဘာဝ ဘေးအန္တရာယ် စီမံကွပ်ကဲရေးနှင့် သက်သာ လျော့ပါးရေး ဌာနမှ ပြောရေးဆိုခွင့် ရှိသူက ပြောကြားသည်။ ယင်းသေဆုံးသူနှင့် ဒဏ်ရာရရှိသူတို့မှာ ယင်းကုမ္ပဏီမှ စူးစမ်းရှာဖွေရေး အလုပ်သမားများဖြစ်ကြောင်း သိရသည်။ အင်ဒိုနီးရှား နိုင်ငံသည် မိုးရာသီ အတွင်း မြေပြိုမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။ ယင်းနေ့ နံနက်ပိုင်းက အနောက် စူမတြားပြည်နယ် အဂျန်ခရိုင်တွင် မြေပြိုမှုများ ဖြစ်ပေါ်မှုကြောင့် လေးဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိကာ ၂၀ ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။ (ဆင်ဟွာ)

အာရှ-ပစိဖိတ် အုန်းထုတ်ကုန်များ ဆိုင်ရာအဖွဲ့ (၄၉)ကြိမ်မြောက် အစည်းအဝေးကျင်းပ

2013年1月29日, 下午 08:00:00移至完整文章http://www.khitlunge.net.mm/news/
(၄၉)ကြိမ်မြောက် အာရှနှင့် ပစိဖိတ် အုန်းသီး ထုတ်ကုန်များဆိုင်ရာ အဖွဲ့ (အေပီစီစီ) ၀န်ကြီးများအဆင့် ဆွေးနွေးပွဲကို ဖီဂျီနိုင်ငံ အပန်းဖြေမြို့ဖြစ်သော နာဒီမြို့တွင် ဇန်န၀ါရီ ၂၈ ရက်က စတင် ကျင်းပကြောင်း ဖီဂျီအရာရှိများက သတင်းထုတ်ပြန်သည်။ အစည်းအဝေး၌ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက အုန်းသီး ထုတ်ကုန်များနှင့် အုန်းသီး ထုတ်ကုန်များဆိုင်ရာ စက်မှု လုပ်ငန်းများ၏ ရှေ့အနာဂတ် ခရီးစဉ်များကို ဆွေးနွေး ခဲ့ကြသည်။ အေပီစီစီအဖွဲ့ဝင် နိုင်ငံများမှ အုန်းသီးထုတ်ကုန် များဖြစ်သော စားအုန်းဆီ၊ စက်သုံးဆီအပြင် အခြားအလှအပဆိုင်ရာ ထုတ်ကုန်ပစ္စည်းများကို ကမ္ဘာတစ်ဝန်းသို့ ၉၀ ရာခိုင်နှုန်းခန့်အထိ တင်ပို့ ဖြန့်ဖြူးလျက်ရှိသည်။ အစည်းအဝေး၌ ဆီအုန်းစိုက်ပျိုးမှု စိုက်ခင်းများအပြင် စားအုန်းဆီ ထုတ်လုပ်ရေး စက်ရုံများနှင့် ယင်းတို့အား မှီခိုလုပ်ကိုင်နေသည့် အလုပ်သမားများအတွက် ကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။ အုန်းသီး ထုတ်ကုန်ပစ္စည်းများ စိုက်ပျိုး၊ ထုတ်လုပ်မှု နည်းပညာသစ်များ၊ ဈေကွက် တင်ပို့နိုင်မှု အခြေအနေများ၊ အခက်အခဲများကို ဆွေးနွေးခဲ့ကြသည်။ ယင်းအဖွဲ့တွင် မက်ဆီဒိုးနီးယား၊ ဖီဂျီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ မာရှယ်ကျွန်းစု၊ ပါပူဝါနယူးဂီနီ၊ ဖိလစ်ပိုင်၊ ဆာမိုဝါ၊ ဆော်လမွန်ကျွန်းစု၊ သီရိလင်္ကာ၊ ထိုင်း၊ တွန်ဂါ၊ ဗင်နွာတူ၊ ဗီယက်နမ်၊ ဂျမေကာနှင့် ကင်ညာ စသည့်နိုင်ငံများ ပါဝင်လျက်ရှိသည်။ (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်အထည်စက်ရုံ မီးလောင်ပြင်မှ နိုင်ငံခြားတံဆိပ်များတွေ့ရှိ

2013年1月29日, 下午 08:00:00移至完整文章http://www.khitlunge.net.mm/news/
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာတွင် ဇန်နဝါရီ ၂၆ ရက်က မီးလောင်မှု ဖြစ်ပွားခြင်းကြောင့် အမျိုးသမီးခုနစ်ဦး သေဆုံးခဲ့ရသော ခွင့်ပြုလိုင်စင်မရှိသည့် အထည်ချုပ် စက်ရုံသည် စပိန်နိုင်ငံမှ နာမည်ကြီး အင်ဒီတက်(စ်) ကုမ္ပဏီအုပ်စုနှင့် ပြင်သစ် ကုမ္ပဏီအုပ်စုတို့အတွက် အဝတ်အထည်များ ချုပ်ပေးလျက်ရှိသည့် စက်ရုံဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းဌာနက တနင်္ဂနွေနေ့တွင် ဖော်ပြသည်။ မီးလောင်ကျွမ်းထားသည့် စမတ်အိတ်(စ်)ပို့ အထည်စက်ရုံ အကြွင်းအကျန်များကို အေအက်ဖ်ပီ သတင်းထောက်တစ်ဦးက တနင်္ဂနွေနေ့တွင် ဝင်ရောက်ရှာဖွေရာ ပြင်သစ်ဂျီမိုပိုင်ဆို၊ စကော့၊ ဖောက်(စ်)၊ ဂျီဘလော့နှင့် အင်ဒီတက်(စ်)ပိုင် ဘာရှကာတို့ ကဲ့သို့သော တံဆိပ်များကို တွေ့ရှိခဲ့သည်။ အလုပ်သမား ၃ဝဝ ခန့် အလုပ်လုပ်လျက်ရှိသော စမတ်စက်ရုံ၌ စနေနေ့ ညနေပိုင်းတွင် မီးလောင်ရာ အမျိုးသမီး အလုပ်သမား ခုနစ်ဦး သေဆုံး၍ ၁၅ ဦး ဒဏ်ရာရရှိခဲ့ရာ ၄င်းတို့အနက် ငါးဦး၏ အခြေအနေမှာ စိုးရိမ်ဖွယ်ရာဖြစ်သည်။ စက်ရုံသည် အလုပ်သမားတစ်ဦးလျှင် တစ်လ ၃၇ ဒေါ်လာသာ လုပ်ခပေးကြောင်း၊ နေ့လယ်စာ စားသုံးရန် အနားပေးချိန်၌ မီးလောင်ရာ တံခါးပေါက်တစ်ခုကို ပိတ်ထားပြီး အခြားတံခါးပေါက်တစ်ခုမှ စုပြုံထွက်စေရာ အချင်းချင်းနင်းမိ၊ ထိခိုက်မိမှုရှိခဲ့ကြောင်း စက်ရုံအလုပ်သမား တစ်ဦးက ပြောကြားသည်။ သေဆုံးသူအများစုမှာ တက်နင်းခံရခြင်းကြောင့် ဖြစ်သည်ဟု မီးသတ်ဌာနမှ တာဝန်ရှိသူများက ပြောကြားသည်။ ၄င်းစက်ရုံသည် လုပ်ငန်းဆောင်ရွက်ရန် အတွက်တရား ဝင်ခွင့်ပြုမိန့် ရရှိထားခြင်းမရှိကြောင်း ဘင်္ဂလားဒေ့ရှ် မီးသတ်ဌာနမှ ဗိုလ်မှူး မာဘူဘာရာမာန်က အေအက်ဖ်ပီသို့ ပြောကြား သည်။ (အေအက်ဖ်ပီ)

တရားရုံးမတင်ဘဲ စစ်သွေးကြွ ၇၀၀ ခန့် ဖမ်းဆီးထားကြောင်း ပါကစ္စတန်ဝန်ခံ

2013年1月29日, 下午 08:00:00移至完整文章http://www.khitlunge.net.mm/news/
ပါကစ္စတန် အစိုးရသည် စစ်သွေးကြွ ၇ဝဝ ခန့်ကို တရားရုံးတင် စစ်ဆေးခြင်းမပြုဘဲ ဖမ်းဆီးထိန်းသိမ်း ထားသည်ဟု ပထမဆုံးအနေဖြင့် ဝန်ခံပြောကြားလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇန်နဝါရီ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။ အာဖဂန်နယ်စပ်အနီး လူမျိုးစုဒေသများ၌ ရှိသော ထိန်းသိမ်းရေး စခန်းများတွင် အကျဉ်းသားများကို ထားရှိကြောင်း ရှေ့နေချုပ် အိုင်ဖန်ကာဒီယာက ပြောသည်။ စစ်ပွဲဖြစ်ပွားနေသကဲ့သို့ရှိသော အခြေအနေတွင် စစ်ဆင်ရေး ဆောင်ရွက်နေစဉ် ၄င်းတို့ကို ဆက်လက် ထိန်းသိမ်း ထားရမည်ဖြစ်ကြောင်း ရှေ့နေချုပ်က ပြောကြားသည်။ ၂ဝ၁ဝ ခုနှစ်၌ အကျဉ်းထောင်မှ လွတ်မြောက်သွားသည်ဟု သံသယရှိသူ ခုနစ်ဦးနှင့် စပ်လျဉ်း၍ တရားရုံးချုပ်က ကြားနာစဉ် ကာလတွင် ယင်းသို့ ဝန်ခံပြောကြားခဲ့ခြင်း ဖြစ်သည်။ ထွက်ပြေးလွတ်မြောက်သူ ခုနစ်ဦးကို ထောက်လှမ်းရေးတပ်ဖွဲ့က ပြန်လည် ဖမ်းဆီးနိုင်ခဲ့သည်။ (ဘီဘီစီ)

ဘရာဇီးနိုင်ငံရှိ ညကပွဲရုံ၌ အကြီးအကျယ် မီးလောင်ကျွမ်း

2013年1月29日, 下午 08:00:00移至完整文章http://www.khitlunge.net.mm/news/
ဘရာဇီးနိုင်ငံ ဆန်တာမာရီယာမြို့ရှိ ညကပွဲရုံ၌ ဇန်နဝါရီ ၂၇ ရက်က အကြီးအကျယ် မီးလောင်မှု ဖြစ်ပွားရာ၂၃၃ ဦးထက်မနည်း သေဆုံးရကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည်။ ဘရာဇီးနိုင်ငံ တောင်ပိုင်း ကောလိပ်ကျောင်း တစ်ကျောင်း တည်ရှိရာ မြို့ငယ်ဖြစ်သော ဆန်တာမာရီယာမြို့၌ ကျောင်းသူ၊ ကျောင်းသားများ အပြည့်အသိပ် ရှိနေသော ညကပွဲရုံ၌ အကြီးအကျယ် မီးလောင်ကျွမ်းခဲ့သည်။ ယင်းဖြစ်စဉ်တွင် ၂၃၃ ဦး သေဆုံးပြီး ၁၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများကို အတတ်နိုင်ဆုံး ကြိုးစားကာ ကုသပေးလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီး အလက်ဇန္ဒာပါဒီဟာက သတင်းထောက်များအား ပြောကြားသည်။ ဇန်နဝါရီ ၂၇ ရက် နံနက် ၂ နာရီဝန်းကျင်က ညကပွဲရုံ၌ ကောလိပ်ကျောင်းသား ကျောင်းသူများ ပျော်ပွဲရွှင်ပွဲ ကျင်းပနေချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။ တီးဝိုင်းအဖွဲ့သား တစ်ဦးက လေထဲသို့ မီးစတစ်ခု လွှင့်ပစ်ခဲ့ရာမှ မျက်နှာကြက်အမိုး မီးစွဲလောင်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ စက္ကန့်ပိုင်းအတွင်း မီးမှာ တစ်ဟုန်ထိုး တောက်လောင်ခဲ့ပြီး ညကပွဲရုံ ခန်းမတစ်ခုလုံးကို မီးကူးစက်ခဲ့ကြောင်း၊ ထွက်ပေါက်တံခါးများကို ပိတ်ထားခြင်းကြောင့် လူအများ ပိတ်မိနေခဲ့ရပြီး မီးခိုးမွန်းကျပ်ကာ သေဆုံးသူ များပြားခဲ့ရကြောင်း၊ အစုအပြုံလိုက် တိုးဝှေ့ကာ ထွက်ပေါက်ရှာခဲ့ကြရာတွင် လူနင်းခံရ၍ သေဆုံးရမှုများလည်း ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ (ရိုက်တာ)
2013年1月28日, 下午 08:00:00移至完整文章http://www.khitlunge.net.mm/news/
တရုတ်နိုင်ငံအား တစ်ကမ္ဘာလုံးက ယုံကြည်မှုများ တိုးတက်ဖြစ်ပေါ်စေမည့် ဆွေးနွေးပွဲတစ်ရပ်ကို လန်ဒန်မြို့၌ ဇန်နဝါရီ ၂၆ ရက်က ကျင်းပပြုလုပ်ခဲ့သည်။ ပညာရှင်များနှင့် ကျွမ်းကျင်သူ ၂၆ ဦးတို့ ပါဝင်ဆွေးနွေးခဲ့သော ၂ဝ၁၃ ခုနှစ်ဆိုင်ရာ တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ကို တစ်ရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏ အာရှ-ပစိဖိတ် ဆက်ဆံရေး၊ တရုတ်နှင့် အနောက်နိုင်ငံများ ဆက်ဆံရေး၊ လူငယ်ကဏ္ဍဖွံ့ဖြိုးရေး၊ လူဦးရေ တိုးလာမှုအလိုက် အာမခံမှုပေးနိုင်သော တရုတ်နိုင်ငံ စီးပွားရေး အလားအလာများ၊ ဥပဒေများ ပြုပြင်ပြောင်းလဲရေးနှင့် တရုတ်နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများ၏ ဆက်ဆံရေး အခြေအနေများကို ပါဝင်ဆွေးနွေးသူများက အမြင်ချင်း ဖလှယ်ခဲ့ကြသည်။ ဦးဆောင်တဲ့ အဲဒီဆွေးနွေးပွဲက ကျွန်တော်တို့အတွက် နိုင်ငံရေး၊ စီးပွားရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့ရဲ့ အတွင်းသဘော အနှစ်သာရကို ကောင်းကောင်း သဘောပေါက်စေခဲ့ပါတယ်'' ဟု ၂ဝ၁၃ ခုနှစ် တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အကြီးအကဲ ကျီလင်းက ပြောကြားသည်။' 'ဆွေးနွေးပွဲရဲ့ အဓိက ရည်မှန်းချက်က တရုတ်နိုင်ငံကို တစ်ကမ္ဘာ့လုံးက နားလည် ယုံကြည်ပေးစေဖို့အပြင် တရုတ်နိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးတွေကိုပါ တိုးတက်ဖြစ်ထွန်းလာစေဖို့ ဖြစ်ပါတယ်'' ဟု ဆက်လက် ပြောကြားသွားခဲ့သည်။ (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ အထည်ချုပ်စက်ရုံ မီးလောင်

2013年1月28日, 下午 08:00:00移至完整文章http://www.khitlunge.net.mm/news/
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ အထည်ချုပ် စက်ရုံတစ်ရုံ ဇန်နဝါရီ ၂၇ ရက် နံနက်က မီးလောင်မှု ဖြစ်ပွားရာ ခုနစ်ဦး သေဆုံးပြီး အလုပ်သမားအချို့ ဒဏ်ရာရရှိခဲ့ကြောင်း ဒါကာမြို့ မီးသတ်တပ်ဖွဲ့မှ အရာရှိများက ပြောကြားသည်။ အဆိုပါ အထည်ချုပ်စက်ရုံမှာ စမတ်အထည်ချုပ် စက်ရုံဖြစ်ပြီး မီးလောင်မှု နှစ်နာရီ ခန့်ကြာ ဖြစ်ပွားပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်နိုင်ခဲ့သည်။ ယင်းစက်ရုံ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို စုံစမ်းစစ်ဆေးလျက် ရှိသည်။ စက်ရုံမီးလောင်မှုကြောင့် အထည်ချုပ်စက်ရုံ အဆောက်အအုံနှင့် ကုန်ကြမ်း၊ ကုန်ချောပစ္စည်းများ မီးလောင်ခံခဲ့ရပြီး အလုပ်သမားခုနစ်ဦး သေဆုံးကာ အလုပ်သမား ငါးဦး ဒဏ်ရာရရှိခဲ့သည်။ ယင်းစက်ရုံသည် ဒါကာမြို့မိုဟာမက်ပူရာ ခရိုင်အတွင်း တည်ရှိပြီး စက်ရုံအပေါ်ထပ်၌ သေဆုံးသူများကို မီးသတ်တပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့သည်။ (ဆင်ဟွာ)

ပေါ်တူဂီနိုင်ငံ ပညာရေးစရိတ် လျှော့ချမှု ဆရာဆရာမများ လမ်းပေါ်ထွက် အရေးဆိုမှုပြု

2013年1月28日, 下午 08:00:00移至完整文章http://www.khitlunge.net.mm/news/
ပေါ်တူဂီနိုင်ငံ၏ ၂ဝ၁၃ ခုနှစ် ဘတ်ဂျက်ကာလ ပညာရေးအသုံးစရိတ်အား ယူရို ၄ ဒသမ ၃ သန်း လျှော့ချမှုအပေါ် တားဆီးပေးရေးအတွက် ကျောင်းဆရာ ဆရာမ သောင်းကျော်တို့သည် လမ်းမများပေါ် ထွက်ကာ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။ လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်ကြသော ဆရာ ဆရာမများ ၄ဝဝဝဝ ခန့်ရှိကြောင်း၊ စာတန်းများ ကိုင်ဆောင်ကာ လစ္စဘွန်းမြို့လယ်တွင် စုဝေး၍ဆန္ဒထုတ် ဖော်ပြခဲ့ကြကြောင်း ဇန်နဝါရီ ၂၆ ရက် ဆင်ဟွာ သတင်းတွင် ဖော်ပြသည်။ အဆိုပါ ဆရာဆရာမ လူအုပ်ကြီးသည် ပညာရေးဝန်ကြီး နျူနိုကာရာတိုအား အလုပ်မှ အနားပေးရန် တောင်းဆိုကြသည်။ ကျောင်းဆရာဆရာမများ သမဂ္ဂအတွင်းရေးမှူးချုပ်ဖြစ်သူ ဖီအန်ပီရုဖ်က စာသင်ကျောင်းများအပေါ် အစိုးရ၏ ဆောင်ရွက်ချက်များနှင့် ပတ်သတ်ပြီး ဝမ်းနည်းကြောင်း ဖော်ထုတ်သွားမည်ဟု ဆိုသည်။(ဆင်ဟွာ)

ကမ္ဘာမြေ၏ အကောင်းဆုံးပုံရိပ်များ ရရှိရန် ဂျပန်နိုင်ငံက ရေဒါဂြိုဟ်တုလွှတ်တင်

2013年1月28日, 下午 08:00:00移至完整文章http://www.khitlunge.net.mm/news/
ဂျပန်နိုင်ငံက ရေဒါပါရှိသော ဆက်သွယ်ရေးဂြိုဟ်တု တစ်လုံးကို ဇန်နဝါရီ ၂၇ ရက်က လွှတ်တင် လိုက်ကြောင်း၊ ယင်းဂြိုဟ်တုကို H-2A ဒုံးပျံဖြင့် သယ်ဆောင်သွားခြင်း ဖြစ်ကြောင်း ဂျပန်မီဒီယာများက သတင်းထုတ်ပြန်သည်။ အဆိုပါဂြိုဟ်တုကို ဂျပန်အာကာသရေးရာ အေဂျင်စီနှင့်မီဆူ ဘီရှီအကြီးစား စက်မှုလုပ်ငန်းတို့က ပူးတွဲ ဆောင်ရွက်လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။ ယင်းဂြိုဟ်တုကို ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကာဂိုရှီးမားစီရင်စု တာနေဂါရှီးမား ကျွန်းပေါ်ရှိ တာနေဂါရှီးမား အာကာသယာဉ် လွှတ်တင်ရေးစခန်းမှ ဇန်နဝါရီ ၂၇ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ မိနစ် ၄ဝ က လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ယင်းဂြိုဟ်တုသည် သတင်း ဆက်သွယ်ရေး၊ မြေပြင်ရှိ အကောင်းဆုံးပုံရိပ်များ ရရှိရေးတို့အတွက် စွမ်းဆောင်ရည်မြင့်မားသည့် နည်းစနစ်များ ထည့်သွင်း တည်ဆောက်ထားခြင်းဖြစ်သည်။ မြေပြင်စခန်းသို့ နေ့ညမရွေး အကောင်းဆုံး ပုံရိပ်များနှင့် သတင်းအချက်အလက်များ ပေးပို့နိုင်မည်ဖြစ်သည်။ ဂျပန်နိုင်ငံသည် လောလောဆယ်တွင် ရေဒါဂြိုဟ်တုတစ်လုံးနှင့် အခြားဂြိုဟ်တုသုံးလုံးကို လွှတ်တင်ထားသည်။ ယင်းဂြိုဟ်တုများသည် ဂြိုဟ်တုတစ်လုံးနှင့် တစ်လုံး ကွန်ရက်သဖွယ် လုပ်ငန်းများ ချိတ်ဆက် ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။ ဂျပန်နိုင်ငံသည် အာကာသရေးရာ လုပ်ငန်းများ တိုးတက်ဖွံ့ ဖြိုးစေရန် ကြိုးစားလျက်ရှိရာ လမျက်နှာပြင်သို့ လေ့လာရေး အာကာသယာဉ် လွှတ်တင်ရန်လည်း စီစဉ်လျက်ရှိသည်။ ထို့အတူ ဂျပန်အာကာသ အေဂျင်စီအတွက် အာကာသရေးရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် ဘဏ္ဍာငွေများ တိုးမြှင့် ခွင့်ပြုရန် စီစဉ်လျက်ရှိသည်။ (ဆင်ဟွာ)

ဗင်နီဇွဲလားအကျဉ်းထောင် အဓိကရုဏ်း လူ ၅၀ ကျော် သေဆုံး

2013年1月28日, 下午 08:00:00移至完整文章http://www.khitlunge.net.mm/news/
ဗင်နီဇွဲလားနိုင်ငံ အနောက်ပိုင်း အကျဉ်းထောင် တစ်ခုတွင် အဓိကရုဏ်းဖြစ်ပွားရာ လူ ၅ဝ ကျော် သေဆုံးသည်ဟု ဆေးရုံအမှုထမ်း တစ်ဦးက ပြောကြားကြောင်း ဇန်နဝါရီ ၂၆ ရက် ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ ဘာကွီစီမီတိုရှိအူရီဘာနာ အကျဉ်းထောင်အတွင်း လက်နက်များ ရှာဖွေရန် စစ်ဘက်တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဖြစ်ကြောင်း ဒေသဆိုင်ရာ မီဒီယာတစ်ခုက အသံလွှင့်ခဲ့ရာမှ အဓိကရုဏ်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အကျဉ်းထောင် ဝန်ကြီး အိုင်ရစ်ဗာဒီလာက ပြောသည်။ ဒဏ်ရာရသူ ၉ဝ ကျော် ရှိပြီး အများစုသည် သေနတ်ဒဏ်ရာ ရရှိထားသူများဖြစ်ကြောင်း ဆေးရုံညွှန်ကြားရေးမှူး ဂွိုင်းမီဒီနာက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။ သေဆုံးသူများတွင် အကျဉ်းသားများ၊ ထောင်အစောင့်များနှင့် ထောင်ဝန်ထမ်းများ ပါဝင်သည်ဟု ယူဆရသည်။ ဘာကွီစီမီတို ဆေးရုံ ညွှန်ကြားရေးမှူးက စုစုပေါင်း သေဆုံးသူ ၅၄ ဦးရှိသည်ဟု ပြောကြားကြောင်း ဗင်နီဇွဲလား သတင်းစာ ''ကလာရင်'' က ဖော်ပြသည်။ အူရီဘာနာထောင်သည် နိုင်ငံ၏ အန္တရာယ်အရှိဆုံး အကျဉ်းထောင်များတွင် တစ်ခု အပါအဝင်ဖြစ်ကြောင်း ဗင်နီဇွဲလား လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးက ပြောသည်။ (ဘီဘီစီ)

No comments:

Post a Comment