မောင်လွမ်းဆု(၀တ္ထု)
ကျနော်ရဲ့  ညီမလေး အဆိပ်သောက်ပြီးသေခဲ့  တာ ရိုးရိုးသားသားတော့ မဖြစ်နိုင်ဘူးဆိုတာ ကျနော် ကြိုသိနေတယ်။
အခု တော့  အဖေလဲ ရွာကို ရောက်လာပါပြီ။ မိထွေးတော့ ပါမလာပါဘူး။
အဖေရောက်ရောက်ခြင်းပဲ ညီမလေးရဲ့  ဘေးအနားမှာ ထိုင်ပြီး စကားသံ သဲ့ သဲ့ လေးနဲ့ ငိုနေပါတော့ တယ်။
....မိုက်လိုက်လေ သမီး ရယ်...ကိုယ့် ဘ၀ကို အဆုံးစီရင် ရတဲ့ အထိပဲလား....
အမေကလဲ သဲ့ သဲ့ လေးနဲ့ ငိုနေပါတယ်။ ....သမီးရယ် .....ကို့ ကိုယ် ကို သတ်သေတယ်ဆို တာ အဖန်ငါးရာ ငါးကမ္ဘာ ဆိုတာ မသိဘူးလား.....
ကျနော်ကတော့  မရတော့  ပါ ကျနော့  ရင် တစ်ခုလုံးမီးဟုန်းဟုန်း တောက်ပါပြီ။ ကျနော် အခန်းနံရံတွေ ကို လက်သီး ဖြင့်ထိုးရင်း အော်၍ ငိုနေရပါတော့ သည်။
...ညီမလေး...ညီမလေး...
(တောက်) ...ဒါ အကြောင်း တစ်ခုခု တော့ ရှိကို ရှိရမယ်..................
ကျနော်လဲ ညီမလေး ဘာကြောင့် သေရတယ် ဆို တာ သိချင် စိတ်ပြင်းထန်စွာဖြင့် ညီမလေးရဲ့  ခရီးဆောင် အိတ်ကို ဖွင့်ပြီး အချက်လက် ရှာကြည့် တော့  ညီမလေးရေးထားတဲ့ စာအုပ်ကလေး တစ်အုပ်ကို