ကြိုဆိုပါသည်

♥♥သံယောဇဉ်ပင်လယ်မှနှင်းဆီကလှိုက်လှဲစွာကြိုဆိုပါ၏..အလယ်ေ၇ာက်လာသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်..လှုပ်လှုပ်သဲ၇င်တွင်းစကားလေးတွေအန်ချရာပင်လယ်..Roseayemaung@gmail.comမှာပျော်ရွှင်နိုင်ကြပါစေ.♥♥.

Wednesday, May 23, 2012

**သုံးယောက်ပေါင်း သောင်းကျော်.**

     မောင်လွမ်းဆု(၀ထ္ထု)
ဒီနေ့ ကျွန်တော်တို့ ရွာ ကျမ်းပိုးသုံးယောက်ဖြစ်တဲ့  ကျွန်တော်ရယ်နီတွတ်ရယ်
သံဂဲ ရယ် ထန်းရည်ဘိုး ပိုက်ဆံ မရှိလို 
အကြံခက်နေကြပါတယ် ။
လူပျိုကြီး ကိုတင်လှ အိမ်ဝိုင်းထဲ မစင်စွန့် တဲ
့ပြဿနာကလည်း..သူကြီးထိပ်တုံးတစ်ရက်ခတ်ခံလိုက်ရပါတယ်။
ဒါပေမဲ့  ကျွန်တော်တို့ သုံးယောက်က လူပျိုကြီးကိုတော့
အစာမကျေဖြစ်နေကြပါတယ်။ ရွာထဲက ဒေါ်လမ်း ထန်းရည်ဆိုင်မှာလည်းအကြွေးကများနေပြီ
ကျွန်တော်တို့ ထဲမှာ အကြံကောင်းဆုံးနီတွတ်ကစထုတ်လိုက်ပါတော့ တယ်။
....ဟေ့ကောင်တွေ ဒို့ ထန်းရည်ဘိုးကို ငါအကြံရပြီ......ဒီလိုလုပ်
ဟိုဘက်ရွာကဦးလွန်းကြည်ပျောင်းဖူး ခင်းကအခုဆို တော်တော်ကောင်းနေပြီ ..ဒို
သုံးယောက်သွားခိုးကျမယ် ရလာတဲ့ဟာကို ရွာထဲမှာပြန်ရောင်းမယ် ဒါဆိုရင်
ဒေါ်လမ်း အကြွေးတောင်းတဲ့ နားပူလည်းမခံရတော့ ဘူး..ဒီနေ
လည်းထန်းရည်အ၀သောက်လို
့ရပြီ...ဘယ်နဲ့ လဲ.....
နီတွတ် အဲဒီလို အကြံရလိုက်ရော ကျွန်တော်တို့ နှစ်ယောက်လည်း ဘယ်ရမလည်း..နေ
့ခင်းဘက်ကြီးသွားခိုးလိုက်တာ ဆာလာအိတ်နဲ့  နှစ်လုံးကို ရလာတာပေါ့
လမ်းမှာသယ်လာတဲ့ တာဝန်ကကျွန်တော်နဲ့ နီတွတ် ရွာထဲမှာရောင်းရမယ့်တာဝန်က
သံဂဲ လေ။
.....ကဲ..သံဂဲ ငါတို့ တာဝန်တော့ ပြီးသွားပြီ မင်းတာဝန်ပဲ ကျန်တော့ တယ်ရော့
ဆိုပြီး သံဂဲကို ကျွန်တော်နဲ့ နီတွတ် ပြောင်းဖူးအိတ် ချပေးခဲ့ ပြီ

..ဒေါ်လမ်း
အိမ်ကထန်းရည်ဆိုင်ကစောင့်နေမယ်ဆိုပြီး ထွက်လာခဲ့ ပါတော့ တယ်။ကျွန်တော် နဲ
့နီတွတ် ဒေါ်လမ်း အိမ်လည်းရောက်...ဒေါ်လမ်းက အာကျယ်ကျယ် နဲ

့စအော်တော့တာဘဲ....
.........ဟဲ့ကောင်တွေ အကြွေးလေးဘာလေးဆပ်ဖို့ လည်း စဉ်းစားကျအုံး...........
အဲဒီအချိန်မှာ နီတွတ် ကစတော့တာဘဲ။
............ဘာမှမပူနဲ့  ဒေါ်လမ်း ဒီနေ့  အကြွေးလည်းအကုန်ဆပ်မယ် ထန်းရည်လည်းအဝ
သောက်မယ် ချနှစ်အိုး.....
..........အမယ် ကြားသွားမိုးကြိုး....
အဲဒီလိုနဲ
့ ကျွန်တော်နဲ့ နီတွတ် သံဂဲ ပြောင်းဖူးရောင်းပြီး ရလာမဲ
့ပိုက်ဆံကို စောင့်ရင်း ထန်းရည်ဝိုင်းကို စတော့ တာဘဲ။
ထန်းရည်နှစ်အိုးည်းကုန်နေပြီ သံဂဲ တစ်ကောင်ကတော့  ပေါ်မလာသေး ကျွန်တော်တို
့နှစ်ယောက်လည်းတော်တော်မူးနေပါပြီ။

သံဂဲ တစ်ကောင် ခိုး လာတဲ့ ပျြောင်းဖူးကို တိတ်တိတ် မရောင်းဘူး ရွာလယ်လမ်းမ
အော်ရောင်းနေပါသည်။
......ဗျို့ ...အရီးကြီးတို့ ..အရီးလေးတို့  ပြောာင်းဖူးဗျို့ 
ပျောင်းဖူး....တစ်ဖူး တစ်ကျပ်....တစ်ဖူးတစ်ကျပ်......
ရွာထဲက လူတွေကတော့ ၀ယ်တဲ့ လူကလဲဝယ် မ၀ယ်တဲ့ လူကလဲ .......ဒီကောင်တစ်ကောင်တော့
ဘယ်သူ ယာခင်းထဲက ပြောာင်းဖူးကိုခိုးလာပြီး ရောင်းနေပြန်ပြီလည်းမသိပါဘူး
ဒီကောင်တွေ အုပ်စု ကယုံရတာမဟုတ်ဘူး.....
ဒါပေမဲ့ ပြောာင်းဖူးနှစ်အိတ်က တစ်အိတ်တော့ ကုန်သွားပါပြီ နောက်တစ်အိပ်က
တစ်ဝက်ကျော်ကျော် ကျန်ပါသေးတယ်
ခဏကြာတော့ ခေါင်းပေါင်းနဲ့ အဖိုးကြီးတစ်ယောက် ရောက်လာတယ်...
....ဟဲ့ ကောင်...မောင်ရင် ..ဘာတွေရောင်းနေတာလဲ ကွ ...
...ပျြောင်းဖူးပါဦးလေး ၀ယ်ပါအုံး ...
...အေး....ဘယ်လောက်ကျန်သေးလဲ...
...အိတ်
တစ်ဝက်ပါ ဦးလေး....

...ကျန်တဲ့ အိတ်တစ်ဝက် ကို ဦးလေး အကုန်ယူမယ်...
အဲဒါနဲ့ သံဂဲ လည်းဝမ်းသာသွားတော့ သည်။
ပြောာင်းဖူး ရောင်းထားတာကလည်းလက်ငင်း တစ်ဝက် အကြွေးတစ်ဝက် ဒီလိုနဲ့ ဝယ်တဲ
့အဖိုးကြီးပြောပါတယ်။
......မောင်ရင်...ဦး မှာက ပိုက်ဆံ ကပါမလာဘူး....ဒီလိုလုပ် ..မင်းတို
့ရွာသူကြီး နဲ့ ငါနဲ့ က သူငယ်ချင်းတွေကွ...
....ငါ သူကြီးဆီက ခဏ ယူပေးလိုက်မယ် မင်းငါနဲ့ လိုက်ခဲ့ ဆိုပြီး
သူကြီးအိမ်သို့ ခေါ်သွားပါတော့ သည်။
...သံဂဲ လည်းပြောာင်းဖူးအိတ်ကို ထမ်းကာဖြင့် အဖိုးကြီး နောက်ကလိုက်သွားပါတော့
သည်။
ကျွန်တော် နဲ့ နီတွတ်ကတော့  ဒေါ်လမ်း ထန်းရည်ဆိုင်က နေ သံဂဲ ကိုမျှော်ရတာ
လည်ပင်းရှည်လှပြီ။
ခဏ ကြာတော့  သူကြီး လော်စပီကာကြီးက မိုက်သံကြီးထွက်လာပါတော့သည်။
.......ဟလို...ဟလို.... ဆိုပြီး ကျွန်တော် နဲ့ နီတွတ်ကို သူကြီး အသံ အောအော
ကြီးနဲ့ အော်ခေါ်ပါတော့ သည်။

ကျွန်တော်နဲ့ နီတွတ်ကတော့ သူကြီးခေါ်တာ ခိုင်းစရာရှိလို့  ခေါ်တာပဲ
ဆိုပြီးတွေးကာဖြင့် သူကြီး အိမ်သို့  မူးမူးရှုးရှုး နဲ့ ရောက်သွားကြပါတော
့သည်။သူကြီး အိမ်သို့  ကျွန်တို့ လည်းရောက် မြင်လိုက်ရတာက သံဂဲ နဲ

့အဖိုးကြီး
တစ်ယောက် သူကြီးစားပွဲ ရှေ့ တွင်ထိုင်နေတာကို တွေ
့လိုက်ရပါသည်။ကျွန်တော်တို့ လည်း အနီးကပ်ရောက် မြင်လိုက်ရတာကတခြားမဟုတ်ဘူး
အဖိုးကြီးဆို တဲ့ လူက ယာခင်းရှင် ဦးလွန်းကြည် ဖြစ်နေတော့တာပေါ့ ။ သံဂဲ
ဆိုတဲ့ ကောင် ယာခင်းရှင် ဦးလွန်းကြည်မှန်း မသိပြီး သူကြီးအိမ်သို့ 
လိုက်သွားရခြင်းဖြစ်ပါသည်။အဲဒီအချိန်မှာပင် ကျွန်တော်တို့ 
နှစ်ယောက်တွေးလိုက်တာကတော့  သွားပြန်ပြီး ဒီနေ့ လည်း သူကြီး ထိပ်တုံး နဲ
့တော
့တွေ့ ပြန်ပြီ ။
ဦးလွန်းကြည် ကြီးက သူကြီးကို တိုင်နေပါတော့ သည်။
......သူကြီး ....ခင်ဗျာားရွာက ဒီကောင်ပေါ့ ...ကျုပ်ယာခင်းထဲက
ပျြောင်းဖူးကို ခိုးသွားပြီး......
ရွာလည်လမ်းမများ အော်ရောင်းနေလိုက်တာသူ့ ယာခင်းထဲကပျောင်းဖူး ကြနေတာပဲ....အဲဒါ လာတိုင်တာ
သူကြီး....
အဲ ဒါနဲ့  သူကြီးက သံဂဲ ကိုစစ်လိုက်တော့ ကျွန်တော်နဲ့ နီတွတ်ပါ ပါကြောင်း
သူကြီး ကို ဖွင့် ပြောလိုက်တော့  သူကြီး က
သူ့ လော်ကြီးနဲ့  အော်ခေါ်တော့ တာပေါ့ ။
မနေ့  ကမှ လူပျိုကြီး ကိုတင်လှ အိမ်ဝိုင်းထဲ မစင် စွန့် မူ နဲ
့ထိပ်တုံးတစ်ည အခတ်ခံ ပြီးတာ.။
အခုလည်း သွားပြန်ပြီ ပြောာင်းဖူးပြဿနာနဲ့ 

ထိပ်တုံးတစ်ညအိပ်.......။
သူကြီး ပြောလိုက်ပုံလေးကတော့  မင်းတို့ ကျမ်းပိုး သုံးကောင် ကို အခုတစ်ခါတော့ 
ဒီထိပ်တုံးနဲ့  ဂိတ်ဆုံး ကို ပို့ မှဖြစ်တော့ မယ်.....သွား မြို့ 
..ဂတ်...တဲ့ ..။
အဲဒီအချိန်မှာ ကျွန်တော် တို့ သုံးယောက် စိတ်ထဲကရွတ်လိုက်တာလေးကတော့
........(သေပြီဆရာ)........
*******။။။။*******။။။။*******
ဒီနေ့ လည်း ကြည့်  ကျွန်တော်တို့ သူငယ်ချင်းသုံး ယောက်က
 ရွာ ထဲ မှာတော့ 
တစ်ရွာလုံးက အော်ကြောလန်တွေ သူကြီး ထိပ်တုံး က လွတ်ပြီဆို တာနဲ့ နောက်ပြဿနာ က
ကပ်လျှက်ရှိပြီးသားဆိုသလိုပဲ....အခုလည်း ကြည့် နီတွတ်က ပြဿနာကို စပြီ
လူပျိုကြီး ကိုတင်လှ ကို ရန်အကြွေး လေးဆပ်ချင်တာနဲ့  ဒီညတော့  မူးမူးနဲ့ 
ကျွန်တော်တို့ သုံးကောင် ပြဿနာကို စလိုက်အုံးမယ်။
လူပျိုကြီးမှာ သမီး လို အရမ်းချစ်ရတဲ့  ဆိတ်မလေးတစ်ကောင် မွေးထားတယ်လေ။
အဲဒါကို နီတွတ်က ကျွန်တော်နဲ့ သံဂဲ ကို သွားခိုးဖို့ တိုင်ပင်တော့ တာပဲ
ဆိတ် ခိုးတယ်ဆိုတာ တကယ်တော့  လွယ်တာဟုတ်ဘူးနော်လို့ ကျွန်တော်ကပြောလိုက်တော
့ ကျွန်တော်တို့  အုပ်စု ထဲက ဆရာကြီး မောင်နီတွတ်က သူ့ တာဝန်ထားဆိုတာနဲ
့လူပျိုကြီးအိမ်သို့  ညလူချိန်တိတ်တာနဲ့  စတော့တာပဲ ကျွန်တော် တို့ လည်း
နွားတင်းကုတ် ထဲက ဆိတ်မ ရှိတဲ့  နေရာထိမနည်း ရောက်အောင် သွားခဲ့ ရတာပေါ့ ။
ကျွန်တော်
နဲ့  သံဂဲ ကတော့  မလှမ်းမကမ်း ကစောင့် ပြီး နီတွတ် ဆိတ်မကို
ဘယ်လိုဖမ်းလာမလည်း ဆိုတာကို စိတ်ဝင်စားနေတာပေါ့ 
ကျွန်တော်ကတော့  ဖိနပ်ကို ခါးထိုးပြီး ပြေးဖို့  အစဉ်သင့် လုပ်ထားတာပေါ
့..တကယ်လို့  ဆိတ်မ အော်လို့  လူပျို ကြီး နိုးလာလို့ ကတော
ပြေး ဖို့ ကတော့  လုပ်ထားရတာပေါ့  လူပျို ကြီးကလဲ သူ့ ဆိတ်မလေးကို
ဘယ်လောက်ထိ ချစ်သလဲ ဆိုရင် တကယ့်သူ့ သမီးလို ပဲ ပါးစပ်ဖျားက သမီး သမီး
ဆိုတာမချဘူး။ ခဏ ကြာတော့ နီတွတ် ဆိတ်မကို အသာလေး ဘဲ ဗိုက်ကနေ ပွေ့ လာတော
့တာပဲ
ဆိတ်မ ကလည်း ငြိမ်နေလိုက်တာ တစ်ချက် အသံမထွက်ဘူး။ ကျွန်တော် လည်း စိတ်ဝင်စားလို
့နီတွတ် ဖမ်းလာပုံ ကြည့်လိုက်တော့ သူက ဘယ်ဘက်လက်ကလေးက ဆိတ်မ နှုတ်သီး
နားကပ်ထားတယ်လေ...ဆိတ်မကလည်းတဖျပ်ဖျပ်နဲ့  နီတွတ်လက်ကို ယက်နေတာပေါ့

အဲဒီအချိန်မှာ ကျွန်တော်က မေးလိုက်တာပေါ့  ...........ဟေ့ ကောင် နီတွတ်
မင်းလက်ထဲ ကဘာတွေ လဲ .........
နီတွတ် ကလည်း ဆိတ်မ ဖမ်းလာ တဲ နည်းစနစ်ကို

ဆရာကြီးလေသံ နဲ့ ကျွန်တော်နဲ့ 
သံဂဲ ကို ပြောနေလိုက်တာ
အေး ...မင်းတို့  နှစ်ကောင် နောက်မှတ်ထား ဆိတ်ခိုးတယ်ဆိုတာ ငါးပိ
ဆောင်သွားရတယ် ဆိတ်မ အနားရောက်ပြီဆိုတာနဲ့  ငါးပိ ကို ဆိတ်မ ပါးစပ် နား
ကပ်လိုက်ရတယ် အဲဒါဆိုရင် အဲဒီဆိတ်မ ဘယ်တော့ မှ မအော်တော့ ဘူး မင်းခေါ်ရာကို
ငြိမ်ပြီး လိုက်လာတော့ တာပဲ မှတ်ထား...
အော်...လက်စသပ်တော့  မင်း က ဆိတ်မ ကို ငါးပိ နဲ့  ဖျားယောင်းလာတာကို......
ဒီလိုနဲ့ ကျွန်တော်တို့  သုံးယောက်လည်းလူပျို ကြီး ဆိတ်မ ကို ရွာ
အနောက်မြောက်ဘက်က သင်္ချိုင်းကုန်း ဘေးက ထနောင်းပင် အောက်မှာ ချီထား ခဲ့ တော
့တာပေါ့။
ဘာရယ် ကြောင့်တော့  မဟုတ်ပါ လူပျို ကြီး ကိုတင်လှ ကို ကြည့်မရလို
့ကျွန်တော် တို့ သုံးယောက် သက်သက်လုပ်ခဲ့ တာပါ။
ကဲ ...မနက်ကျရင်တော့ သူကြီး ရယ် ထိပ်တုံး ရယ် ကျွန်တော်တို့ သုံးယောက်တော့
တွေ့ ကျပြီပေါ့ ။
မနက်မိုးလင်းတာနဲ့  လူပျို ကြီး ရွာလည်လမ်းမှာ အော်တုတ်တော့ တာပါပဲ....
သူ့ ဆိတ်မ ပျောက်တာကို ဆိတ်မပျောက်တယ်လို့  မအော်ဘူး
အော်ပုံကကြည့်လိုက်ပါအုံး။
......ဟေ့ ကောင်တွေ ...ငါ့ သမီး ကို ခိုးသွားတာ ဘယ် မိမဆုံးမ ဖမဆုံးမသားတွေလဲ ....
......ငါ့ သမီးနဲ့ မင်းတို့ နဲ့ တူလို့ တန်လို့ လားကွ....
......ငါ့သမီး ကို မင်းတို့ ပြန်လာအပ်ရင်အပ် မအပ်လို့ ကတော့  အလိုမတူဘဲ
ခိုးပြေးသွားတဲ့ အတွက် သူကြီးကို သွားတိုင်မယ်ဆိုပြီး ...
လူပျိုကြီးတစ်ယောက်
သူကြီးအိမ်သို့  သွားပါတော့ သည်။
သူကြီးကလည်း သိတဲ့ အတိုင်း ရွာထဲက ပြဿနာတစ်ခုပေါ် ရင် ပထမဆုံး ဦးတည်ချက်က
ကျွန်တော်တို့ သုံးယောက်ဘဲလေ...
အခုလည်း ကြည့် လော်ကြီးနဲ့ အော်ခေါ်နေပါပြီ။
ဟလို....ဟလို...နီတွတ်တို့ သံဂဲတို့  အုပ်စု ကြားရာအရပ်ကနေ
အခုအမြန်လာခဲ့ ကြ......
လူပျို ကြီး သူကြီးကို  တိုင်နေပုံကလည်း ကြည့်လိုက်ပါအုံး။
သူကြီး ကျုပ် သမီးကို ဟိုကောင်တွေ သုံးကောင် အလိုမတူဘဲ
 ခိုးပြေးသွားတာ
အဲဒါကျုပ်အခုလာတိုင်တာ....
သူကြီး လည်း လူပျိုကြီးစကားနားထောင်ပြီး မျက်လုံးပြူးသွားသည်.။
......ဟဲ ...လူပျိုကြီး မင်းမှာက ဘယ်ကသမီးရှိလို့ လည်းကွ....
.....သူကြီး ဆိတ်မ လေးကို ပြောတာပါ...
.....ဟ...မင်းက
လည်း ဆိတ်မ ဆို ဆိတ်မပြောပေါ့ ကွ...သမီး သမီး နဲ့ 
ရူပ်နေတာဘဲ....
.....ကျုပ်က ကျုပ်ဆိတ်မ လေးကို သမီးတစ်ယောက်လို ချစ်တာ
သူကြီး.....အဲဒါကြောင့် သမီး သမီးလို့ ခေါ်တာကြာလာတော့ ..
......ဆိတ်မ လို့ ခေါ်လို့ မရတော့ဘူးဗျ....
သူကြီး လည်းစိတ်မရှည်တော့ ဘဲ...ကဲ..ကဲ...ဒါဆိုလည်း မင်းခေါ်တတ်သလို ခေါ်.....
သူကြီးလည်းကျွန်တော်တို့  သုံးယောက် ၀င်လာတာမြင်တော့ .....ကဲကဲ ..မင်းတို့ 
ကျမ်းပိုး သုံးကောင်လည်း ထိုင်.....
မိုးမလင်းသေးဘူး....ပြဿနာက ရှင်းနေရပြီ.....
မင်းတို့ သုံးယောက် ညက လူပျိုကြီး သမီးကို ခိုးသွားကျတယ် မဟုတ်လား.....
သူကြီးလည်း  ဆိတ်မ မဟုတ်တော့ ဘူး  သမီးဆိုတဲ့  လေသံနဲ့ ပြောတော့
ကျနော်သုံးယောက်လည်း ခေါင်းကလေးအောက်ငုံ့ ကာဖြင့် ရယ်နေရတယ်..။
ဟုတ်တယ်..သူကြီး...
...ကဲ..ဒါဆို
ရှင်းနေတာဘဲ...လူပျိုကြီးသမီးကို ပြန်အပ်လိုက်.....
လူပျိုကြီးက၀င်ပြောလိုက်တာကလည်း။
...သူကြီး
ကျုပ်သမီးကို ဒီလိုအကောင်တွေနဲ့  သဘောမတူနိုင်ဘူး.....
အဲဒီအချိန်မှာ သူကြီးလည်းခေါင်းကုတ်ကာဖြင့် စိတ်ရှုပ်နေပုံရတယ်..။
အဲဒီအချိန်မှာ နီတွတ်ကလည်း လူပျိုကြီးကို အမြင်ကပ်သောပုံစံ ဖြင့်
ပြောလိုက်ပုံက။
....သူကြီး ..ကျွန်တော် လူပျိုကြီး သမီး ကို မေတ္ထာစစ်မေတ္ထာမှန်နဲ့
ချစ်တာပါ.....
တကယ့်သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းသင်းသွားမှာပါ...
ဟ...ရှုပ်ကုန်ပြီ မင်းတို့ ကတော့ ..ငါတောင်ဘယ်လို ရှင်းပေးရမလဲ
 မသိတော ဘူးကွာ
သူကြီးလည်း ခေါင်းရှုပ်သွားသည်။
ဒီတစ်ခါတော့ နီတွတ် ရဲ့ 
ဖြေရှင်းချက်ကလေးကောင်းသွားတဲ့  အတွက်..လူပျိုကြီးလည်း
ဘာမှမတတ်နိုင်တော့ ဘဲ သူ့ သမီးဆိတ်မလေးကို ပြန်ခေါ်သွားပြီး...ကျွန်တော်တို
သုံးကောင်လည်း ထိပ်တုံးက လွတ်ခဲ့ ရပါတော့ သည်။

        ********0******0********
အခန်းဆက် ၀တ္ထု…(မောင်လွမ်းဆု)

ထိုလင့်တွင်အပြည့်အစုံဖတ်ပါ…
5442636:BlogPost:168712#ixzz1vi5Odqf5

No comments:

Post a Comment