Monday 19th March 2012

သြစတြေးလျနိုင်ငံ အနောက်မြောက်ပိုင်း Pilbara ကမ်းခြေကို Lua အမည်ရှိ ဆိုင်ကလုန်းမုန်တိုင်း တစ်ခု ပြီးခဲ့တဲ့ စနေနေ့ မွန်းလွဲပိုင်းက
ဝင်ရောက် တိုက်ခတ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ မုန်တိုင်းဟာ
ပါဒူး အရှေ့ဖက်ကမ်းရိုးတန်းမှာ တစ်နာရီ ၂၅၀ကီလိုမီတာနှုန်းနဲ့ တိုက်ခတ်ခဲ့ပါတယ်။ ဒါပေမယ့် မုန်တိုင်းဒဏ်ကြောင့် တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့နှစ်က Queensland ကမ်းရိုးတန်းမှာ Yasi အမည်ရှိ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးကတည်းက Lua မုန်တိုင်းဟာ အင်အားအပြင်းဆုံး ဆိုင်ကလုန်း မုန်တိုင်းတစ်ခုအဖြစ် မိုးလေ၀သဌာနက ဖော်ပြခဲ့ပါတယ်။ အဆိုပါ အဆင့် ၄ရှိ အင်အားပြင်း မုန်တိုင်းဟာ Pardoo ဒေသ အရှေ့ဘက်ကမ်းခြေကို ဖြတ်သန်းပြီး Hedland ဆိပ်ကမ်းမြို့ အရှေ့ပိုင်းမှာ တစ်နာရီ ၁၂၀ကီလိုမီတာနှုန်းနဲ့ ၀င်ရောက် တိုက်ခတ်ခဲ့ပါတယ်။
မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး လေတိုက်နှုန်း ပြင်းထန်ခဲ့ပေမယ့် အခြားကြီးကြီးမားမား ထိခိုက်ပျက်စီးမှု မရှိကြောင်း Hedland မြို့တော်ဝန် Kelly Howlett က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မုန်တိုင်းကြောင့် Gascoyne ဒေသအရှေ့ပိုင်းနဲ့ Goldfields ဒေသမြောက်ပိုင်းတွေမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရပါတယ်။
Reference : PerthNow.com

No comments:
Post a Comment