ကြိုဆိုပါသည်

♥♥သံယောဇဉ်ပင်လယ်မှနှင်းဆီကလှိုက်လှဲစွာကြိုဆိုပါ၏..အလယ်ေ၇ာက်လာသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်..လှုပ်လှုပ်သဲ၇င်တွင်းစကားလေးတွေအန်ချရာပင်လယ်..Roseayemaung@gmail.comမှာပျော်ရွှင်နိုင်ကြပါစေ.♥♥.

Monday, March 19, 2012

တရုတ်နိုင်ငံတွင် ကမ္ဘာ့အမြင့်ဆုံးနှင့် အရှည်ဆုံး ကြိုးတံတား မကြာမီဖွင့်လှစ်တော့မည်

 

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်မှာ တည်ဆောက်လျက်ရှိတဲ့ ကမ္ဘာ့အမြင့်ဆုံးနဲ့ အရှည်ဆုံးကြိုးတံတားကို
 အခုမတ်လကုန်ပိုင်းမှာ
ယာဉ်သွားလာဖို့ ဖွင့်လှစ်ပေးတော့မယ်လို့ သိရပါတယ်။ ဒီဟန် တောင်ကြားအထက် ၃၅၅မီတာမှာရှိတဲ့ အဆိုပါ Aizhai Extra Large ကြိုးတံတားရဲ့ အဓိက ခန်းဖွင့်ဟာ ၁၁၇၆မီတာရှိပြီး အခုချိန်ထိ ကမ္ဘာမှာရှိသမျှ ကြိုးတံတားတွေထဲမှာ အရှည်ဆုံးဖြစ်ပါတယ်။ ဒီကြိုးတံတားဟာ ကျီရှိုး-ချာသုန်း အဝေးပြေးလမ်းပေါ်မှာရှိပြီး အကျယ် ၂၄.၅ မီတာရှိ လေးလမ်းသွား၊ ယာဉ်သွား လမ်းတစ်ခုဖြစ်ကာ တစ်နာရီ မိုင် ၈၀နှုန်း မောင်းနှင်နိုင်ဖို့ ဒီဇိုင်းထုတ်ထားပါတယ်။

အဲ့ဒီတံတား တည်ဆောက်မှုကို ၂၀၀၇ခုနှစ် အောက်တိုဘာလက စတင်ခဲ့ပြီး ၂၀၁၁ခုနှစ် နှစ်ကုန်ပိုင်းမှာ အဓိကအပိုင်းတွေ ပြီးစီးခဲ့ပါတယ်။ အဲ့ဒီတံတားကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လအတွင်းမှာ လမ်းလျှောက် ဖြတ်ကူးမယ့်သူတွေကို ယာယီဖွင့်ပေးခဲ့ပါတယ်။ အခုအချိန်မှာ အင်ဂျင်နီယာတွေဟာ လုံခြုံရေး  အရံအတားတွေ တပ်ဆင်ခြင်း၊ သံချေး မတက်စေတဲ့ ဆေးများသုတ်ခြင်းစတဲ့ အချောသတ် လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ ဒီကြိုးတံတားကြီးဟာ တောင်တန်းဒေသများအတွင်း ယာဉ်သွားလာရ ခက်ခဲမှုကို လျော့နည်း သက်သာသွားစေမယ်လို့ မျှော်လင့်ထားကြောင်း သိရပါတယ်။

Reference : Asiavision.com

1 comment:

  1. အဲဒီတံတားကိုသွားကြည့်ချင်တယ်ချစ်သူနဲ့ အတူလေ

    ReplyDelete