ကြိုဆိုပါသည်

♥♥သံယောဇဉ်ပင်လယ်မှနှင်းဆီကလှိုက်လှဲစွာကြိုဆိုပါ၏..အလယ်ေ၇ာက်လာသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်..လှုပ်လှုပ်သဲ၇င်တွင်းစကားလေးတွေအန်ချရာပင်လယ်..Roseayemaung@gmail.comမှာပျော်ရွှင်နိုင်ကြပါစေ.♥♥.

Saturday, February 2, 2013

♥♥´'`°¤ ထွေးပိုက်ပါရစေကြယ်ကလေး ¤°´'`♥♥



*•´*•´*•♥♥ ကျိမ်စာသင့်ရင်ဖြင့် ♥♥´*•´*•´*•

ပင်လယ်ပြင်ကိုလှိုင်းလုံးတွေကတိုက်ခတ်လို့နေတယ် ♥♥

သစ်ရွက်တွေကိုလေညှင်းတွေတိုက်ခတ်ကြွေလွင့်စေတယ် ♥♥

လူတွေရဲ့နှလုံးသားနုနုကို လူကြမ်းတွေကရက်စက်စွာချွေမွပစ်ကြတယ် ♥♥

အားကြီးသူဟာ...အားနွဲ့သူနဲ့ဆင်းရဲသူတွေကိုအနိုင်ယူကြလေတယ် ♥♥

>>>>  ခုတော့ <<<<

ပင်လယ်ပြင်ကြီးလည်းငိုနေပြီ ♥♥
သစ်ရွက်လေးတွေလည်းငိုနေပြီ ♥♥
လူ့နှလုံးသားလေးလည်းငိုနေပြီ ♥♥
အားနွဲ့သူ…ဆင်းရဲသူတွေလည်းငိုနေကြပြီ ♥♥
အားကြီးသူရယ် လောကကြီးမှာ နင်ပဲ….ဟား…..တိုက်လို့ရီနိုင်တာ ♥♥
တနေ့ကျိမ်စာသင့်ရင် နင်မငိုနဲ့ ♥♥


♥♥နှင်းဆီအေးမောင်♥♥2013.Feb.2..PM 26:00


♥♥´'`°¤ ထွေးပိုက်ပါရစေကြယ်ကလေး ¤°´'`♥♥

လရောင်ဖြာ ပင်လယ်ပြင်ကိုငေး
လှိုင်းတက်ရာအလွမ်းတက်တယ် ချင့်
လှိုင်းသက်ဆင်းရာ အလွမ်းမျက်ရည်လိမ့်ဆင်း
ရင်အစုံလှိုက်လှိုက်ကာဆွေးရတယ်
အားငယ်နေချိန်
ခ၇မ်းပြာမိုးကောင်းကင်ကိုမော့ကာကြည့်ငေး
ကြယ်ကလေးတပွင့် ငါ့ကိုမျက်စိမှတ်ပြနေတယ်ချင့်
ဘ၀င်မှာခိုက်လို့ချစ်စိတ်ပျိုးမိလေတယ်
လေ၇ာင်အလင်း. ဘယ်လောက်ပင်ထွန်းပတောက်ပါစေ
ကြယ်ရောင်လေးရဲ့ခပ်မိန်မိန်လင်းအား
ငါသနားမိတယ်
အလွမ်းတွေဝေဖြာနေတဲ့ကြယ်ကလေးရယ်
ကြွေကာဆင်းသက်လှုဲ့တော့
ငါ့ဆီ လာလှည့်ကွယ် ထွေးပိုက်ပါရစေလား...?

♥♥နှင်းဆီအေးမောင်♥♥2013.Feb.2..PM 26:00



2 comments:

  1. လေ၇ာင်အလင်း. ဘယ်လောက်ပင်ထွန်းပတောက်ပါစေ
    ကြယ်ရောင်လေးရဲ့ခပ်မိန်မိန်လင်းအား
    ငါသနားမိတယ်
    အလွမ်းတွေဝေဖြာနေတဲ့ကြယ်ကလေးရယ်
    ကြွေကာဆင်းသက်လှုဲ့တော့
    ငါ့ဆီ လာလှည့်ကွယ် ထွေးပိုက်ပါရစေလား...?

    အားပေးသွားပါတယ်

    ReplyDelete