ကြိုဆိုပါသည်

♥♥သံယောဇဉ်ပင်လယ်မှနှင်းဆီကလှိုက်လှဲစွာကြိုဆိုပါ၏..အလယ်ေ၇ာက်လာသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်..လှုပ်လှုပ်သဲ၇င်တွင်းစကားလေးတွေအန်ချရာပင်လယ်..Roseayemaung@gmail.comမှာပျော်ရွှင်နိုင်ကြပါစေ.♥♥.

Friday, December 23, 2011

**ကျောက်ကပ်ရောဂါ.**


**Polycystic Kidney Disease (PKD) (ပေါ်လီဆစ်စတစ်) ကျောက်ကပ်ရောဂါ **


ဆိုတာ မျိုးဗီဇရောဂါတခု ဖြစ်ပါတယ်။ ကျောက်ကပ်ထဲမှာ Cysts ခေါ်တဲ့ အရည်ပါအိတ်လေးတွေ ဖြစ်လာတာပါ။
အိတ်တွေကြောင့် ကျောက်ကပ်အရွယ်က ကြီးကြီးလာမယ်။ သူ့အလုပ်က လည်းနည်း လာမယ်။ နှစ်တွေ ကြာတော့ သူ့အလုပ်သူ မလုပ်နိုင်တော့ဘူး။ Dialysis ကျောက်ကပ်ဆေးတာနဲ့ Kidney transplantation ကျောက်ကပ်အစားထိုးတာ လိုလာမယ်။ တချို့ကြ ကျောက်ကပ်သာ မဟုတ်ဘဲ အသဲ၊ သွေးကြော၊ ဦးနှောက်တွေမှာပါ ရောဂါတွေ ဆက်ဖြစ်တတ်တယ်။

**ကျောက်ကပ်ေ၇ာဂါကုထုံးနည်း**

 သွေးတိုး ထိန်းဆေးပေးမယ်၊ အစာ (အငန်-အချို-အဆီ) ရှောင်ရမယ်၊ 
  အနာသက်သာဆေး၊   ပဋိဇီဝဆေးတွေ ပေးမယ်။ 
  ရောဂါက တဖြေးဖြေး ကြာလေဆိုးလေ၊
  နောက်ဆုံး End-stage renal disease ကျောက်ကပ်
အလုပ်မနိုင်တော့တာ ဖြစ်လာရင်
  Dialysis ကျောက်ကပ်ဆေးတာ နဲ့
  Kidney transplantation ကျောက်ကပ် အစားထိုးတာ လုပ်ရမယ်။
 
ပူပိုင်းဒေသမှာချွေးထွက်များပြီအပူပိုင်းဒေသများတွင် နေထိုင်သူများမှာ ကျောက်ကပ်ရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ်နှင့်ပိုမို နီးစပ်ပါတယ်…
လူတစ်ယောက်က တစ်နေ့ကို ရေတစ်လီတာဝင် ရေသန့်ဘူး ၂ ဘူး၊ ၃ ဘူး ပုံမှန်သောက်သင့်ပါတယ်။ ဒါဆို အညစ်အကြေးအဖြစ် ၁ ဘူးပြန်ထွက်မယ်။ ချွေးတို့၊ ဆီးတို့ အနေနဲ့ပေါ့။ ဆီးအရမ်းသွား နေရင်လည်း ကျောက်ကပ် အား နည်းတာမျိုးဖြစ်တတ်ပါတယ် ကျောက်ကပ်ဝေဒနာမှာ အသက်အရွယ်အပိုင်းအခြား မရွေးဖြစ်ပွားနိုင်ကြောင်း၊ ဆီးချိုရောဂါရှိသူ များမှာ နောက်ဆက်တွဲ ကျောက်ကပ်ပျက်စီးမှုရောဂါ ခံစားရနိုင်ပြီး ဆေးဝါးသုံးစွဲမှုများပြားပါက ဆေးများ၏ ဘေးထွက်ဆိုးကျိုးများကြောင့်လည်း ကျောက်ကပ်ပျက်စီးမှု ဝေဒနာခံစားရနိုင်ပါတယ်
၎င်းအပြင် အမျိုးသမီးများမှာ သဘာဝအရ ဆီးလမ်းကြောင်းတိုသည့်အတွက် ပိုးဝင်လွယ်ကာ ကျောက်ကပ်ရောဂါခံစားရနိုင်ပြီး ဓမ္မတာလာသည့်အချိန်နှင့် သွေးဆုံး ချိန်တို့တွင် ဂရုစိုက်ရန်လိုအပ်ကြောင်း၊ အမျိုးသားများအနေဖြင့်လည်း အသက် ၅ဝ ကျော်ပါက ဆီးကျိတ်ကြီးလာတတ်သည့် သဘောရှိရာ ယင်းအချိန်၌ ကျောက်ကပ် ယောင်ရောဂါများ ခံစားရလွယ်ကြောင်း ကျောက်ကပ်အထူးကု ဆရာဝန်ကြီးဦးမြသောင်းကပြောသည်။
လူတစ်ဦးတွင် ကျောက်ကပ် ၂ လုံးရှိရာ ယင်းမှ ၁ လုံး၏ တစ်ဝက်ကောင်းလျှင်ပင် အသက်ရှင် နိုင်ကြောင်း၊ ကျောက်ကပ်ရောဂါ ခံစားနေရသည်ဆိုသည်မှာ ကျောက် ကပ်အတွင်း အဆိပ်အတောက်များ ဖြစ်ပွားနေခြင်းမျိုး ဖြစ်သဖြင့် တစ်ပတ်လျှင် ၃ ကြိမ် ကျောက်ကပ်ဆေးရန်လိုအပ်ပြီး ယင်းမှ သက်သာလာပါက တစ်ပတ် လျှင် ၂ ကြိမ်မှ ၁ ကြိမ်အထိ လျှော့ချကာ ကျောက်ကပ်ဆေးမှု ပြုလုပ်ရမည်ဟု ဆရာဝန်ကြီး ဦးခင်မောင်ဌေးက ဆိုသည်။

”နာတာရှည် ကျောက်ကပ် ပျက်စီးမှု ဝေဒနာခံစားရတာဆိုရင် အသက်ရှင်သမျှ ကာလပတ်လုံး ကျောက်ကပ်ဆေးမှု ပြုလုပ်ရပါ တယ်။ တချို့က ခဏတာကျောက် ကပ်မကောင်းတာမျိုးလည်းရှိတယ်။ ဥပမာ-ြေ>ွမကိုက်တာ၊ ဝမ်းလျှော တာ မျိုးဖြစ်ရင် ကျောက်ကပ်မှာ အဆိပ်ဖြစ်တယ်။ ဒါဆို ကျောက် ကပ်ကောင်းတဲ့အချိန်ထိပဲ ဆေးဖို့လို ပါတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောသည်။ ကျောက်ကပ်အတွင်း အဆိပ်အတောက်များ၍ ကျောက်ကပ်ဆေးရန် လိုအပ်ပါ က ဗိုက်ဖောက်၍ ဆေးခြင်း၊ သွေးဖောက်၍ ဆေးခြင်း  ၂ မျိုးအနက် အဆင်ပြေမည့်နည်းဖြင့် ဆေးကြောနိုင်ပြီး ကျောက်ကပ်အတွင်း၌ ကျောက်တည်ပါက ကျောက်ချေစက်ဖြင့် ကျောက်ချေခြင်း၊ မှန်ပြောင်းဖြင့် ခြစ်ခြင်းများ ပြုလုပ်နိုင်သည်ဟု သိရသည်။

 *http://popularmyanmar.com/mpaper/archives/18741*

**ကျောက်ကပ်အတွက်ဆီးကိုစစ်ဆေးပါ**

ဓါတ်ခွဲခန်းမှာစစ်ဆေးရပါမယ်..ဆီးစစ်ဆေးတဲပအခါဆီရဲ့အသွင်အပြင်နဲ့ဆီးမှာပါဝင်တဲ့ဓါတုပစ္စည်းတွေကိုစစ်ဆေးတာပါ.စစ်ဆေးတဲ့အဖြေကပံမြမှန်ခဲ့၇င်ကျောက်ကပ်ရောဂါ.ဆီးလမ်းကြောင်းပိုးဝင်တာ.အချို့ကင်ဆာ(သို့)ဆီးချိုဖြစ်တဲ့လက္ခဏာတွေပါပဲ
ပရိုတင်း…….ပုံမှန်အားဖြင့်ကျောက်ကပ်အနေနဲ့..ပရိုတင်းကိုဆီးထဲမှာမစွန့်နိုင်ပါဘူး…ဆီးထဲမှာပါရိုတင်းပါဝင်နေရင်ကျောက်ကပ်ရောဂါလိုမျိုးဆီးရေဂါတခုခုဖြစ်နေပါပြီ…ကျောက်ကပ်မှထွက်လာတဲ့အနည်အနစ်များ..ဆီးထဲမှာပါဝင်နေ၇င်ကျောက်ကပ်ရောဂါ.ဆီးချိုရောဂါပြသာနာညွန်ပြနေပါပြီ
ဆိုးဝါးတဲ့အသဲရောဂါဖြစ်ဖို့လဲပြသနေပါပြီဆကျာက်ကပ်ရောဂါ၉သို့)ဆီးလမ်းကြောင်းမှာထိခိုက်ဒဏ်၇ာရတာ..ကင်ဆာရေါဂါဒါမှမဟုတ်ဆီးလမ်းကြောင်းပိုးဝင်တာတွေရဲ့လက္ခဏာပါ…။။


**လူငယ်နဲ့ကျန်းမာေ၇းသွေး.ချို.ဆီးချို.နဲကျောက်ကပ်**


 သွေးချို-ဆီးချိုရောဂါရျင်များဟာကျောက်ကပ်ပျက်ယွင်းမှုကြုံရတတ်တယ်
.သွေးချို-ဆီချိုကြောင့်


Diabetic nephropathy လို့ ခေါ်တယ်။ ရောဂါအနေနဲ့ ဖြစ်ပွားမှုများသလို ရောဂါဖြစ်လာရင် လည်း သေဆုံးမှုနှုန်းများတယ်။ နောက် ဆုံးအဆင့် ကျောက်ကပ်လုပ်ငန်း ပျက် ယွင်းခြင်း(End-stage renal failure) ဆိုတာရှိတယ်။ သွေးချို၊ ဆီးချိုကြောင့် လူ တွေ သေဆုံးကြရတာ အဲဒီပြဿနာ ကြောင့်ပါပဲ။ ဒါကို မဖြစ်အောင် ကြိုတင် ကာကွယ်ဖို့ အလွန်အရေးကြီးတယ်။ ဖြစ် ရင် သေနိုင်တယ်၊ ဒါကြောင့် မဖြစ်အောင် ကာကွယ်ကြရမယ်ပေါ့…အမျိုးအစား(၁)သွေးချို၊ ဆီးချိုရောဂါ လူနာတွေမှာ ၃ဝရာခိုင်နှုန်းလောက်ဟာ အနှစ်၂ဝလောက်ကြာရင် သွေးချို၊ ဆီးချို ကြောင့်ဖြစ်တဲ့ ကျောက်ကပ်ရောဂါ(Dia-betic nephropathy)ဆိုတာ ဖြစ်လာ လေ့ရှိတယ်။ လူတိုင်းဖြစ်တာတော့မဟုတ် ဘူးပေါ့။ ဒါပေမဲ့ တချို့လူတွေမှာ ပိုပြီးဖြစ် နိုင်တဲ့အလားအလာတွေရှိတယ်။
ဘယ်လိုလူတွေမှာ ပိုဖြစ်နိုင်သလဲဆို တာ ရှင်းပြပေးပါဦး။
သွေးချို၊ ဆီးချိုရောဂါကြောင့်ဖြစ်တဲ့ ကျောက်ကပ်ရောဂါဟာ သွေးမှာ သကြား ဓာတ်ပါဝင်မှုကို သေသေချာချာ ဂရုစိုက် မထိန်းသိမ်းရင် ဖြစ်ဖို့အလားအလာအလွန် များပါတယ်။ သွေးချို၊ ဆီးချိုရောဂါ နှစ် သက်ကြာရှည်လာလေ ဖြစ်ပွားဖို့အန္တရာယ် များလေလည်း ဖြစ်ပါတယ်။ အခြားသွေး ကြောနဲ့ဆိုင်တဲ့ ပြဿနာရှိနေတဲ့သူတွေမှာ လည်း ကျောက်ကပ်ရောဂါ ပိုဖြစ်နိုင်ပါ တယ်။ လူမျိုးနဲ့လည်း ဆိုင်တယ်လို့ဆိုပါ တယ်။ အာရှဒေသက လူတွေ၊ အိန္ဒိယက လူတွေမှာ သွေးချို၊ ဆီးချို၊ ကျောက်ကပ် ရောဂါဖြစ်ပွားမှုနှုန်း များကြပါတယ်။
သွေးချို၊ ဆီးချိုရောဂါအပြင် သွေး တိုးရောဂါပါ ပူးတွဲရှိနေရင် ကျောက်ကပ် ရောဂါဖြစ်ဖို့ အခွင့်အလမ်း ပိုစေပါတယ်။ မိသားစုမှာ သွေးချို၊ ဆီးချိုကြောင့် ကျောက်ကပ်ဝေဒနာဖြစ်ဖူးတဲ့ ရာဇဝင်ရှိ ရင်လည်း ဖြစ်နိုင်ဖို့အလားအလာ ပိုများပါ တယ်။ အလားတူပဲ သွေးတိုးရောဂါ ရာဇ ဝင်ရှိရင်လည်း အန္တရာယ်ပိုများနိုင်ပါတယ်။
ရောဂါဖြစ်ရင် အသက်သေဆုံး သည်အထိ အန္တရာယ်ရှိတယ်ဆိုတော့ မဖြစ်ခင်က ဘယ်လိုများ ကြိုတင်ကာ ကွယ်ထားနိုင်ပါသလဲ။
သွေးမှာ သကြားဓာတ် မျှတအောင် မထိန်းနိုင်ရင် ဖြစ်နိုင်တယ်လို့ ဆိုထား တယ် ဒါဆိုရင် သွေးမှာ သကြားဓာတ် မှန်အောင်ထိန်းဖို့လိုတယ်။ အစား အသောက် ဆင်ခြင်ရမယ်၊ ဆေးမှန်မှန် သောက်ရမယ်၊ ဆရာဝန်နဲ့ မကြာခဏ ပြ ရမယ်၊ သွေးနဲ့ဆီးတွေ မှန်မှန်စစ်ရမယ်၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်၇မယ်။သွေးတိုးရှိတဲ့သူဆိုရင်လည်း သွေးဖိ အား မှန်အောင်ထိန်းဖို့ လိုတယ်။ သွေး ပေါင်မှန်မှန်ချိန်ရမယ်၊ အစားအသောက် ဆင်ခြင်ရမယ်၊ အငန်လျှော့၊ ဆားလျှော့ ရမယ်၊ အဆီအဆိမ့် အလွန်အကျွံမစားရ ဘူး။ ဆရာဝန် ညွှန်ကြားတဲ့ဆေးတွေ မှန် မှန်သောက်ရမယ်။
နောက်ပြီး ပြောစရာတစ်ခုရှိတယ်။ ကိုယ်အလေးချိန် လွန်ကဲတာ၊ ဝတာဟာ သွေးချို၊ ဆီးချိုနဲ့ဆိုင်တယ်။ ကိုယ်အလေး ချိန် မှန်အောင်လည်း ထိန်းသိမ်းပေးဖို့ လိုဦးမယ်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့် ခန်း မှန်မှန်ပြုလုပ်သင့်တယ်။ ဆေးပညာ ရှင်တွေကတော့ ACE inhibitor the rapy (Augiotensin-converting enzyme inhibitor the rapy)နဲ့ ကာကွယ် နိုင်တယ်လို့ဆိုတယ်။ သွေးဖိအားလည်း ထိန်းနိုင်တယ်။ သွေးချို၊ ဆီးချိုရဲ့ နောက် ဆက်တွဲ အကျိုးဆက်ဖြစ်တဲ့ကျောက်ကပ် ရောဂါလည်း ကာကွယ်နိုင်တယ်။
သွေးချို၊ ဆီးချိုကို ကောင်းစွာ မထိန်း နိုင်လို့ ဒါမှမဟုတ် အခြားအကြောင်း ကြောင်းတွေကြောင့် ကျောက်ကပ်ရောဂါ ဖြစ်လာပြီဆိုရင် အဆိုးဝါးဆုံးကတော့ End-stage renal failure ပါ။ ဒါဖြစ်ရင် ဒီ အဆင့်ရောက်ရင်တော့အသက်အန္တရာယ် ရှိပြီပေါ့။ သွေးချို၊ ဆီးချိုကြောင့် ကျောက် ကပ်ရောဂါဖြစ်လာပြီဆိုရင် အပြန်အလှန် ပြဿနာတစ်ခုက အဲဒီကျောက်ကပ်ဖြစ် လာတဲ့အတွက် သွေးချို၊ ဆီးချိုကို ထိန်း ချုပ်ဖို့ ခက်ခဲလာတတ်ပါတယ်။ သွေးမှာ သကြားဓာတ်မှန်အောင် ထိန်းသိမ်းဖို့ မလွယ်တော့ဘဲ ရှိနေတတ်ပါတယ်။
ကျောက်ကပ်ရဲ့လုပ်ငန်းကို သွေးမှာ ခရီအက်တင်းနင်း(Creatinine)ပါဝင်မှုနဲ့ စစ်ဆေးတိုင်းတာပါတယ်။ ခရီအက်တင်း နင်းပါဝင်မှု ၁၅ဝ မိုက်ခရိုမိုး လီတာ(150/ umd/L)ထက်ကျော်ရင် Biguanides အုပ်စု ဝင်ဆေး Metformin ကို အသုံး မပြုသင့်တော့ဘူး။ ဒါဟာ သတိထားရ မယ့် အချက်တစ်ချက်ပါပဲ။ ကျောက်ကပ် အစားထိုး ကုသရတာမျိုးအထိ လုပ် ဆောင်ရတတ်ပါတယ်။ အင်ဆူလင်ထုတ် လုပ်ပေးတဲ့ ပန်ကရိယ(Pancreas)ကို အစားထိုးပေးတာမျိုးလည်း လုပ်ဆောင် သင့်ပါတယ်။
အကောင်းဆုံးကတော့ဗျာ ကျောက် ကပ်ပျက်တဲ့အဆင့်မရောက်အောင် ကြို တင်ကာကွယ်ကြဖို့ပဲ။ ဖြစ်ပြီဆိုရင် ကုရ ခက်တယ်။ အသက်အန္တရာယ်ရှိတယ်။ သွေးချို၊ ဆီးချိုရောဂါရှိသူတွေအနေနဲ့ ကျောက်ကပ်ပျက်တဲ့အဆင့်ထိ မရောက် အောင် မိမိကိုယ်မိမိ ဂရုစိုက် နေထိုင်သွား ဖို့ အကြံပေးပြောကြားချင်ပါတယ်..။




၂၃-၁၂-၂၀၁၁ (ဓါတ်ပုံ AP)

Friday, 23 December 2011


ဒေါ်အောင်ဆန်းစုကြည်နှင့်NLD ခေါင်းဆောင်များပါတီမှတ်ပုံတင်ရန်နေပြည်တော်ရောက်ရှိ

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင်များဖြစ်ကြသော ဦးတင်ဦးနှင့်  ဒေါ်အောင်ဆန်း
စုကြည်၊ ရှေ့ နေကြီး ဦဥာဏ်ဝင်း အပါအ၀င် အဖွဲ့ ချုပ်ခေါင်းဆောင်များ ယနေ့  ဒီဇင်ဘာ ၂၃ရက် ၂၀၁၁ နံနက် ၁၀ နာရီ တွင် နေပြည်တော်သို့ 
ပါတီမှတ်ပုံတင်ရန်ရောက်ရှိလာသည်ဟုသိရှိရပြီး နေပြည်တော် အမျိုးသားလွှတ်တော် ဥက္ကဌ
ဦးခင်အောင်မြင့် ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရရွှေမန်းနှင့် အစိုးရတာဝန်ရှိသူများက လက်ခံကြို
ဆိုတွေဆုံကြသည် ဟုသိရှိရပါသည်။

No comments:

Post a Comment