ကြိုဆိုပါသည်

♥♥သံယောဇဉ်ပင်လယ်မှနှင်းဆီကလှိုက်လှဲစွာကြိုဆိုပါ၏..အလယ်ေ၇ာက်လာသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်..လှုပ်လှုပ်သဲ၇င်တွင်းစကားလေးတွေအန်ချရာပင်လယ်..Roseayemaung@gmail.comမှာပျော်ရွှင်နိုင်ကြပါစေ.♥♥.

Friday, May 25, 2012

**ဒဏ်ရာတစ်ခု ရဲ့  လျှော်ကြေး**(အပိုင်း၎)

မောင်လွမ်းဆု (၀တ္ထု)


ဒေါ်ချယ်ရီတစ်ယောက် ကျနော်စာကိုဖတ်ပြီး ။
အမယ်လေး ငါ့ အတွက်နဲ့  နေမကောင်းဖြစ်ရတယ်လို့ ...
တကယ်တော့  သူနဲ့ ငါနဲ့ ဟာ ဘာမဟုတ်တဲ့ နှင်းဆီပန်းကနေ ဖုန်းဆက်လာတဲ့  အဆင့်ထိရောက်ခဲ ပေမယ့်။
သူဘယ်သူဘယ်ဝါ လဲ ဆိုတာ ငါ အသေချာမသိပဲ နဲ့  ငါသူကို ဘာဖြစ်လို့ အသိအမှတ်ပြုမိနေတာလဲ။
ဒါလုံးဝမဖြစ်နိင်ဘူး ငါတစ်သက်လုံး ငါမာန နဲ့  ငါနေလာတာ ဒါလေးကြမှ ဖြစ်စရာလား။
သူစိတ်ကို သူတွေးရင်း သူရဲ့ မာနတွေ ကို သူမကိုယ်တိုင်ပဲ ပြန်အားပေးနေပါတယ်။
ဒီလိုနဲ့ ပဲ သူမနဲ့ ကျနော် တစ်ပါတ်လောက် အဆက်အသွယ်တွေ ပြတ်ခဲ့ ပါတယ်။
သူမက လဲ သူမာနနဲ့ သူနေနိုင်အောင်နေတယ် ကျနော်က လည်း တိုက်ကွက်တစ်ခုပြောင်းကြည့်တာ အဆင်ပြေမယ်ထင်လို့  အခုတော့  အဆက်သွယ်တွေပါပြတ်နေပါပြီ။
အခုတော့  ကျနော် ဘာလုပ်ရတော့မလဲ ဒေါ်ချယ်ရီ ခင်များကို တော့ မရရအောင် ကျနော်လုပ်ကို လုပ်ရမယ့် တာဝန်ရှိနေပြီ။
ကျနော် သူကို ပေါ်တင်ပဲ လမ်းခင်းတော့ မယ်။
ဒီနေ့ ပဲ ကျနော် ဖုန်းခေါ်လိုက်ပါပြီ။
ဟဲလို.....မမလား..
...ဟုတ်တယ် ပြော..ဘာကိစ္စလဲ ..မင်းကလေးဆန်တဲ အပြုမူတွေ မရပ်ရင် ငါကို မဆက်သွယ်ပါနဲ့ ...
ဒါဟာကလေးဆန်တယ်ဟုတ်လားထားပါတော့ ...မမ ကျနော်
 နောက်ဆုံးအနေနဲ့  တစ်ခုခွင့်တောင်းပရစေ..
ဖြစ်နိုင်ရင် မမ ကို ကျနော် တွေ့ ချင်တယ်....ရမလား..
ရိုးရိုးသားသား တွေ့ ခြင်းဆိုရင်တော့  .....ဖြစ်နိုင်ပါတယ်...
ဝမ်းသာပါတယ်...ဒီညနေ ခုနှစ်နာရီမှာ ခြောက်မိုင်ခွဲ ပြည်လမ်းဘေးက အင်းလေးစားသောက်ဆိုင်က ကျနော်စောင့်နေမယ်နော်...
..နေပါအုံး မင်းကို မှငါက မမြင်ဘူးတာ...
..ကျနော် မမ ကို သိနေတာပဲ ..ကျနော်စ နုတ်ဆက်မယ်နော်...
အင်း...ကောင်းပြီလေ...
ကျနော်နဲ့  မမ ဒီနေ့ စတွေ့ ကြမယ်လေ။
ကျနော် ဆိုင်ကို ခုနှစ်နာရီ တစ်ဆယ့်ငါးမှရောက်ပါတယ် မမက အရင်ရောက်နေပါတယ်။
ဆိုင်ရဲ့ ထောင့် တစ်နေရာမှာ အင်းလေး လှေရှိပါတယ် အဲ ဒီဘေးက ခုံ မှာ မမထိုင်နေတာကို ကျနော်မြင်လိုက်ရပါတယ်။
မမလဲ ဟိုကြည့် ဒီကြည့် ကျနော်ကို မျှော်နေပုံပါပဲ။
မမက မျက်နှာထားတင်းတင်းပါပဲ။
ကျနော်လဲ မမရှိတဲ့ ခုံလေးဆီကို တည့်တည့်သွားပြီး ။
..မမ ကျနော်ရှိုင်းထက်ပါ.....
ကျနော်ခုံကလေးကို ဆွဲပြီးထိုင်လိုက်ပါတယ်။
...မင်းအချိန်ကို မလေးစားဘူး....မင်းပြောတော့  ခုနှစ်နာရီဆို ..
ဟုတ်ကျနော်တောင်းပန်ပါတယ်.....
မမ...ဘာမှာထားလဲ တစ်ခုခု စားလေ...
...ရှမ်းခေါက်ဆွဲ မှာထားတယ်...
ကျနော်ကတော့  ငါးဒုက္ခ တစ်ပွဲ နဲ့  ဥနီဖျော်ရည် တစ်ခွက်သောက်ပါတယ်။
....မင်းကို ငါ စကား စမေးမယ်...
...မေးပါ ရပါတယ်....မမ
...မင်းဘာကြောင့် ငါကို စိတ်ဝင်စားတာလဲ..
..ကျနော် စိတ်ဝင်စားမူ ကို ဘာကြောင့် ရယ်လို့  ခိုင်ခိုင်မာမာ မပြောတတ်ဘူး..
..နှလုံးသားထောင့်တစ်နေရာကဆိုတာကိုတော့  ကျနော်ထက် ဘယ်သူမှ မသိနိုင်ပါဘူး...
..ထားပါတော့  မင်းဘယ်မှာနေလဲ ဘာစီးပွားရေးတွေ လုပ်လဲ...
..ကျနော် ရွှေစံပယ်ရိပ်မွန်မှာနေတယ်.. ပုဇွန်ကန် ငါးကန် စီပွားရေးလုပ်ပါတယ်...
..မင်းမိဘတွေ ကရော..
..ကျနော်မိဘတွေကတော့  ကျနော် ဆယ်တန်းကို နှစ်ခါကျလို့ ဆိုပြီး သုံးစားလို့ ရမယ်ကောင်မဟုတ်ဘူးဆိုပြီး...
..အမျိုးမျိုး ဆူပူလို့  ကျနော်အိမ်ပေါ်က ဆင်းလာပြီး ကိုယ့် ဘ၀ကို ကိုယ်တိုင်ပဲ ရပ်တည်တယ်...
..အင်း...မင်းရဲ့ စိတ်ဓာတ်ကိုတော့  သဘောကြတယ်..မင်းအသက် အခု ဘယ်လောက်ရှိပြီလဲ...
..ကျနော် နှစ်ဆယ့်ငါး ထဲ ရောက်နေပါပြီ ..
..သြော်..မမကနှစ်ဆယ့် ခုနှစ် ပါ..
...ကျနော် သွယ်ဝိုက်ပြီး မမကို ဘာမှ မပြောတတ်ဘူး.. ပွင့်ပွင့်လင်းလင်းဝန်ခံရရင် မမကို လက်ထပ်ချင်တယ်..
..လက်ထပ်တယ်ဆိုတာ မင်းလွယ်လွယ်လေးထင်နေလား...
..အိမ်ထောင်ပြုဖို့ ဆိုတာကတော့  မမအတွက် အချိန်တွေ အများကြီး ယူပြီးစဉ်စားရမယ်...
အခုလို လွယ်လွယ်လေးလာပြောတာကို လွယ်လွယ်လေး လက်ထပ်တတ်တဲ့  မိန်းမထဲမှာ မမ မပါဘူး...
..မမ အသက်ရွယ်လဲ မငယ်တော့ ပါဘူး..မမ ကျနော်ဟာမမ ကို တကယ်မချစ်ဘူးချစ်တယ်ဆိုတာကို မမအနေနဲ့ ကြိုက်သလို
လေ့လာနိုင်ပါတယ်...
...ဟုတ်ပြီ မမ မင်းအတွက်ကို အဖြေတစ်ခု စဉ်စားပေးမယ်.. ဒါကတော့  မင်းအတွက် ကောင်းခြင်းလဲဖြစ်ရင်ဖြစ်မယ် ဆိုးခြင်းလဲ ဖြစ်ရင်ဖြစ်မယ်..မင်းစောင့်နိုင်ရင် စောင့်ပါ...
...ဟုတ်ပြီ ကျနော်စောင့် မျှော်ပရစေ...
..မင်းကို လဲ အောင်မြင်တဲ့ စီပွားရေး သမားတစ်ယောက်အဖြစ် မမ အသိမှတ်ပြုပါတယ်...
...အခု တော့  ခင်မင်ကြပြီပေါ့ ..
..ကျနော် ဘက်ကတော့  ၀မ်းသာမူ တစ်ချို့ တစ်ဝက်ရပါပြီ။
ဒီလို့ နဲ့ ပဲ မမနဲ့  ကျနော် အဆက်သွယ်တွေ ရခဲ့ ကြပြီး အမြဲတမ်းလိုလို ဖုန်းစကားပြော တွေ့  ဖြစ်ခဲ့ ကြပါတယ်။
အချိန်တွေ ကြာမြင့် လာတာနဲ့ အမျှ ရင်းနှီးမူတွေ ပိုများလာကြပြီးသံယောဇဉ်တွေလဲ တစ်ယောက်နဲ့ တစ်ယောက် ရှိလာခဲ့ ကြပြီလေ အခုဆိုရင် ကျနော် မွေးနေ့ ပွဲ လေးကို ကျနော်အိမ်လေးထဲမှာပဲ လုပ်ဖြစ်လိုက်ပြီး ။
အဲ ဒီနေ့ ညလေးမှာပဲ မမဆီက ကျနော် အဖြေရခဲ့ ပါပြီ။
...တွေကြပြီပေါ့ ဒေါ်ချယ်ရီ ကျနော် တင်ခဲ့ ရတဲ့  လေး အခုတော့  မျှားထိပ်ကို အဆိပ်လူး ပြီး ပစ်ခွင့်ရဖို့ နီးနေပါပြီ...
...သူမ ကျနော် ပစ်ကွင်းထဲ ကို ရောက်နေပြီ ဆို တာသူမ ဘယ်သောအခါ မှ မသိစေရဘူး.....ကျနော် သူမကို ဥပဒေ ဘောင်အတွင်းကပဲ လုပ်မယ်..
မမ နဲ့ ကျနော် ချစ်သူတွေ အရင့် မာဖြစ်လာကြတဲ့ အချိန်မှာတော့  မမကျနော်ကို မောင်လို့  ပဲ ခေါ်ပါတယ်...။
မမဒီနှစ်ထဲ မှာ မမကို ကျနော်လက်ထပ်ချင်တယ်...
မောင်က လဲ စိတ်အရမ်းစော တာပဲ...မောင့် သဘောပဲလေ...
မမကတော့  တစ်သက်မှာ တစ်ခါပဲ ဆောင်ရတဲ့ မင်္ဂလာ ကို ဆီဒိုးနား မှာ လုပ်ချင်တယ်...မောင်..
မမကလဲ ..ကျနော် ကတော့  ဘုန်းကြီးကျောင်းမှာ မင်္ဂလာဆွမ်းကျွေး..လက်မှတ်ကလေးထိုးလိုက်ကြမယ်...
အဲဒီ ပကာသနတွေကို မုန်းတယ်...
လာသမျှလူတွေ ကို ဟန်ဆောင်အပြုံးတွေ နဲ့ နုတ်ဆက်ရတာ ရင်လေးတယ်..
အဓိက က မနဲ့ ကျနော်ပါ ...
မောင်က လဲ ဒါက တော့ လူတွေ နဲ့ နေရင် လူတွေနဲ့ တော့ ထိတွေခြင်းဆိုတာရှိမှာပဲလေ...
ကိုယ့်ကိုကိုယ် ဂုဏ်မောက်ပြီး အဆင့်တန်း ယူနေတဲ့ လူတွေကို မုန်းတယ်...
အဆင့်တန်းဆိုတာဘာလဲ အတိကျ မသိတဲ့ လူတွေ...
ကဲ ..မမကတော့  မောင့် ကို ချစ်လွန်းလို့  လိုက်ရောလိုက်ပါတယ်.. မောင့်သဘောပါပဲ...
မမလဲ လေ.. အရင်ကစိတ်တွေ မောင်နဲ့ တွေ မှ မရှိတော့ ပါဘူး...
ဟုတ်တယ်နော် ဂုဏ်ဆိုတာ နံမည်ပဲ ရှိတာ....
မမကတော့  မောင့် လို ယောင်္ကျား ပီသတယ် ပြတ်သားတယ်..မဟုတ်ရင်မခံတတ်တဲ့ စိတ် စိတ်ဓာတ်မြင့်မြတ်တဲ့ 
မောင်ကို ရတာ ဒီတစ်သက်တော့ မမ ကံကောင်းပါပြီ....
သိပ်ကံကောင်းတာပေါ့  မမ...ဟဟ ..ရှိုင်းထက် ဆို တာ နက်နက်ရှိုင်းရှိုင်း ထက်ထက်မြက်မြက် ရှိအောင် ကျနော်အမေ ပေးခဲ့ တဲ့ နံမည်လေ။ကျနော်စိတ်ထဲကနေပြောလိုက်ပါတယ်။
ဒီလိုနဲ့  မမနဲ ကျနော်လက်ထပ်ပြီး ခဲ့ ပါပြီ။
..မောင် တစ်ရက်လောက် မမ ကုမ္မဏီ ကို လိုက်ခဲ့ နော်...
ဟာ..မမ ကလဲ မောင့် မှာလဲ မောင့်အလုပ်နဲ့ ကိုယ်...
မမကုမ္ပဏီ ကို မမပဲ ဂရုစိုက်ပါ...
..မောင်က လဲ အဲ လိုမပြောပါ နဲ့ ..
မမ ကုမ္ပဏီဟာလဲ မောင်ကုမ္ပဏီပါပဲ...
..ဒါပေမယ့် ဒီအချိန်မှာ တော့ မောင်မလိုက်ချင်သေးဘူး...
..ဒါဆိုလဲ မောင်လိုက်ချင်တဲ့ နေ့ ကြရင် မမကိုပြောနော်...
ကျနော်နဲ့  မမ နံနက်စာ စားဖို့  ထမင်းစားခန်းကို ရောက်တော့  အိမ်ပေါ်မိထွေးလေးအားလုံးစီစဉ်ထားပါတယ်။
မမကို တစ်ကယ်ချစ်လို့ ကြိုက်လို့  လက်ထပ်ခဲ့ တာ မဟုတ်တဲ့ ကျနော်အတွက်တော့ အမျိုး မျိုး ပြဿနာကို ရှာတာပဲ။
ကျနော်လက်စားချေဖို့ ရောက်လာတာကို မသိတဲ့ ဒေါ်ချယ်ရီ တစ်ယောက်တော့  ကျနော်ကို အရမ်းချစ်နေပါပြီ။
မမကလဲ....တစ်နေ့ လာလဲ ကော်ဖီ နဲ့ ပေါင်မုန့်  ...
တစ်နေ့ လာလဲ ဒါတွေကြီးစားနေရတာ ညည်းငွေ့ လာပြီ....
..မောင်ဘာစားချင်လဲ ပြောလေ..မမစီစဉ်ပေးမှာပေါ့ ...
ကြာစံဟင်းခါးစားချင်တယ်...
မိထွေးရေ....မောင်အတွက် ကြာစံ ဟင်းခါးလေး သွားဝယ်ပေးနော်....။
မမလဲ အိမ်ပေါ်မိထွေးကို အော်ပြောလိုက်ပါတယ်။
မမ ကလဲ ဆိုင်ကဟာစားချင်မှတော့  မမကို ပြောမနေတာ့ ဘူး..မောင်ကိုယ်တိုင်သွားဝယ်စားလိုက်မှာပေါ့ ...
မမ နဲ့ မောင် အိမ်ထောင်ကျပြီး ကတည်းက အခုချိန်ထိ မမချက်ကျွေးတာဘာမှ မစားဖူးသေးဘူး...
ကို့ ယောင်္ကျား ကို စောင့်လျှောက်ရမယ်ဆိုတာ မမစိတ်ထဲ မှာမရှိဘူးလား...
မောင် ဘာကြိုက်တယ် ဘာစားတယ်ဆိုတာလဲ မမသိနေတာပဲ..တစ်နေ့ တစ်နေ့  ကုမ္ပဏီနဲ့ အိမ်နဲ့ ပဲ ပြီးနေတယ်..
မောင်...မမကို အဲလိုမပြောပါနဲ့ ...မမ မောင့်ပေါ်ကို ဘယ်လောက်ချစ်တယ်ဆိုတာ မောင်သိပါတယ်..
မမ အိမ်ထောင်တစ်ခု မှာ ချစ်ပါတယ် ဆိုတဲ့ စကားလေးနဲ့ တင် ကိုယောင်္ကျားကို ပြောထားလို့  မပြီးဘူး...
ဟုတ်ပါ ပြီ မောင်ရယ်..ဒါဆိုလဲ ဒီနေ့  မမကုမ္ပဏီ ကစောစော ပြန်လာမယ်နော်..
မောင်ကြိုက်တဲ့  ကြာစံဟင်းခါးလေးကို မမကိုယ်တိုင် ချက်ကျွေးမယ်နော်..
အခုတော့ မမ ကုမ္ပဏီသွားတော့ မယ်နော်....
ဒီလို နဲ့  မမထွက်သွားပြီး ကျနော်က တော့  အဖေရဲ့  ပုဇွန်ကန်ငါးကန်ကို အကြောင်းပြုပြီး သွားတစ်ရက်မသွားတစ်ရက် သဘောပဲ လုပ်နေပါတယ်။
အခု တော့  လူသားချင်း နှမချင်း မစာမနာ လုပ်တတ်တဲ့  ဒေါ်ချယ်ရီ ကျနော့်အောက်မှာ ပြားပြားမောက်နေရပါပြီ။
ကျနော်နှမအတွက် လျှော်ကြေး အပြည့်အ၀ ပေးဖို့ တာ ပြင်ထားပါတော့ ဒေါ်ချယ်ရီ။

**************************

No comments:

Post a Comment