ကြိုဆိုပါသည်

♥♥သံယောဇဉ်ပင်လယ်မှနှင်းဆီကလှိုက်လှဲစွာကြိုဆိုပါ၏..အလယ်ေ၇ာက်လာသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်..လှုပ်လှုပ်သဲ၇င်တွင်းစကားလေးတွေအန်ချရာပင်လယ်..Roseayemaung@gmail.comမှာပျော်ရွှင်နိုင်ကြပါစေ.♥♥.

Tuesday, December 6, 2011

“အရိုင်းဆန်တဲ့ အတ္ထုပ္ပတ္တိ”

“အရိုင်းဆန်တဲ့ အတ္ထုပ္ပတ္တိ”

မာန...တဲ့...
ရီစရာကောင်းလိုက်တာ...
အကြိမ်ကြိမ် ရွတ်ကြည့်တာတောင်
အစွမ်းမထတ်တဲ့ ဂါထာလို။

ဒါပေမယ့်
ငါ ဖတ်တွယ်ထားဆဲ..။

အမှန်တိုင်းနေတတ်ဖို့
ဘာတွေ လိုအပ်သလည်း...မမေးနဲ့
ငါဆိုတဲ့ကောင်က အရူး..
ထင်ရာမြင်ရာ ယုံကြည်တတ်တဲ့ အကောင်..
ကိုယ့်အလင်းနဲ့ ကိုယ်မကျေနပ်တဲ့ မီးစ...
တစ်လောကလုံး
လောင်ကျွမ်းပစ်လိုက်ချင်သေးတယ်..။

ဘဝဟာ ဘာလည်း...
တခါလာလည်း..ဒါပဲ
နောက်တစ်ခါလည်း..ဒီလိုပဲ...
ဘာထူးဆန်းလို့လည်း......။
အခု မကြုံလည်း နောက်ကြုံမယ်..
အခု မရှိလည်း နောက်ရှိမယ်..
သံသရာဟာ လည်နေသ၍
ငါဟာ ဒီလိုပဲ...။

ဘာအတွတ်နဲ့ ဘယ်သူ့ကို
အပြစ်တင်စရာလိုလို့လည်း...။

ကိုယ်ဘဝကို အေးချမ်းဖို့တွက်များ
သူတစ်ပါးရဲ့ ဘဝတွေကို
အစားထိုးလိုက်ရမှာလား.။

သွားစမ်းပါ....
ဘယ်သူရှိရှိ မရှိရှိ
ငါဆိုတာ ငါပဲ..။

အမှန်တရားတွေ
မလင်းလက်တဲ့
ကောင်းကင်မှာ ကြယ်တစ်လုံးလောက်ရှိတာ
ဘာများထူးလို့လည်း..။

မင်းလမ်းတွက်..
မီးအိမ်ရှင် လိုအပ်သလား မေးရင်...
မလိုအပ်ဘူး ဖြေတော့မယ်..
ကိုယ့်ဘဝကို လှပဖို့
ဘယ်သူ့လက်မှ မလိုအပ်တော့ဘူး..။

မင်းမှာ အယုံကြည်ရဆုံး ရှိလား မေးရင်..
မရှိဘူး ဖြေတော့မယ်..။

အဒီအယုံကြည်ရဆုံးတွေကပဲ
နောက်ကျောကို ဓားနဲ့ထိုးတာ..။

အရင်ကလည်း ဒီလိုပဲ
အခုလည်း ဒီလိုပဲ
နေတတ်ဖို့သာ အရေးကြီးဆုံး..။

လူဟာလူလို
အသိတရားရှိရှိနေတတ်ဖို့
ငါဟာ လုပါလို့ လူတကာ
လိုက်ပြောစရာမလိုဘူး..။

တွေ့ရာလူရဲ့ နူတ်ခမ်းဖျားမှာ
ကိုယ့် ကိုယ်ကျင့်တရားတွေ
မပုတ်သိုးဖို့ပဲလိုတယ်..။

လွယ်လွယ်လေးလို့ထင်ရင်
ငါ့ကို သိမ်းပိုက်ဖို့..
ကြိုးစားလိုက်ဦး..။

မင်းရှေ့မှာ ဒူးထောက်
အမှန်တရားကို ကြောက်လို့
ရှောင်ပုန်းသူထဲ
ငါမပါဘူး....။

ငါ့ကို ချစ်တဲ့သူတွတ်
ဘာတွေပဲ ငါပေးရပေးရ
ငါ့ကို မချစ်တဲ့သူတွေဆီလည်း
ဘာကိုမှ ငါပေးစရာ မလိုဘူး..။

စံပ္ပာယ်ချို(jasmine) ပြောသလိုပေါ့..
ငါ့ကို “အချစ်စစ်စစ်နဲ့ ချစ်ရသူရယ်
ငါ့ကိုမုန်း(မလိုအပ်)တဲ့ရန်သူ စစ်စစ်ရယ်ပဲ လိုအပ်တယ်။”
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်..
ကိုယ့် ဝမ်းကိုဖြည့်ဖို့..
ငယ်ငယ်ကတည်းက
ကိုယ့်ဆန်ကို ၇ှာခဲ့တဲ့ အကောင်..
နှမကို ကျောပိုး...
အများတကာ အိမ်အဝမှာ..
“အစ်မရေ..ပန်းယူဦးမလားဗျ..”
ဒီလိုဘဝက တတ်လာတဲ့ကောင်...
“အကိုရေ အကြွေးမရလို့ပါဗျ”
ဒီလိုအပြောခံ ဆိုင်ပေါက်ဝကနေ
လှည့်လှည့် ပြန်လာတတ်တဲ့အကောင်..။
ကျောင်းကို ခြေလျင်တတ်..
အဖြူအစိမ်း တစ်စုံနဲ့
ရောင့်ရဲ့တတ်ခဲ့တဲ့အကောင်...။
လူတကာ နှာခေါင်းရူံ့
ဘုရားမကြိုက်တဲ့ အရက်ကို
ဝေငှ ချွေးကျအောင်
ရောင်းတက်ခဲ့တဲ့အကောင်..။
သူများတွေ ပွဲသွားချိန်မှာ
အိမ်မှာ ဇာတ်မင်းသားလုပ်
အငယ်တွေ ပျော်ဖို့
ဖျော်ဖြေခဲ့တဲ့အကောင်....။
အမေ မငိုအောင်
ကွယ်ရာမှာ ကြိတ်ကြိတ်ငိုနေတတ်တဲ့အကောင်..။
ငါ့ကို သနားတယ်ဆိုသူတွေကပဲ
ငါ့ကို နင်းချေချေသွားခံတတ်တဲ့အကောင်..။
ဒီလိုနဲ့ အကြီးနေရာမှာလည်း ငါ
အငယ်နေရာမှာလည်း ငါ
ခပ်ခါးခါးတွေ နှစ်နှစ်ခြိုက်ခြိုက်
သောက်သုံးတတ်တဲ့အကောင်...
ယောက်ျားကောင်း တစ်ယောက်
သားကောင်းတစ်ယောက် ဖြစ်ဖို့
ကိုယ့်ကိုယ်ကို ထတ်မြဖို့..
ကျောက်သားနဲ့ အကြိမ်ကြိမ်
ပွတ်တိုက်ခံထားတဲ့ ဓားတစ်လတ်..
အမှားတစ်ဝတ်လောက်နဲ့တော့
လာရာလမ်းက လှည့်တော့မပြန်ဘူး..။
ငါ့လတ်ကို ဘယ်သူဖြတ်ဖြတ်..
ငါ့နူမ်ခမ်းကို ဘယ်သူနမ်းနမ်း..
အရှိကို အရှိတိုင်းလတ်ခံတတ်တဲ့လူနဲ့ပဲ
ငါစကားပြောချင်တယ်..
ကြွားဝါမူ့နဲ့ ဟန်ဆောင်ကောင်းတဲ့
အသိုင်းဝိုင်းမှာ ငါကို
ခပ်ကင်းကင်းနေခွင့်ပြုပါ..
အသားမကျခဲ့တဲ့ ဘဝပေးတွေကြောင့်
ခပ်ရိုင်းရိုင်းပဲငါ ခြွေခြွေချတတ်လို့လေ..
ငါ့ပြောမယ်...နားထောင်
ငါ့ဘဝကို ငါကျေနပ်တယ်..
ငါ့ရပ်တည်မူ့ကို ငါမြတ်နိုးတယ်..
ငါ့ဖြတ်သန်းမူ့တွတ် ငါဂုဏ်ယူတယ်...
ငါ့သမိုင်းမှာ ငါလန်းနိုင်ဖို့အတွက်
ဘယ်သူ့မှ ငါလမ်းမှာမနင်းဘူး...
ဒီအတွတ် ငါလိပ်ပြာငါ သန့်တယ်..။
ဖိနပ်တရံ ..လိုတယ်ဆိုတဲ့
အတွေးနဲ့တင် အရာအားလုံးကို
ငါစိန်ခေါ်ရဲတယ်..
ဒီထတ်မက ငါ့ကို
နှိမ့်ကျစေဦး..
လမ်းပေါ်ရောက်နေတဲ့
ငါ့ညီကို အိမ်ပြန်ရောက်ဖို့
တွေးရုံနဲ့ ငါ့စိတ်တွေ မြင့်နေဆဲ..။
ဒီထက်မက ငါ့ကို
လိမ်ညာကြစေဦး
အမေက.. “သားရယ်.. ”
ဆိုရုံလေးနဲ့ အရာအားလုံးဟာ
ငါနဲ့ ကင်းလွတ်တယ်..။
ငါ့လမ်း ငါခင်း
ငါ့အလင်းငါ ခွင်း..
အမှောင်တွင်းမှာ
ငါမနစ်မြုပ်ဘူး..။
ဘဝမှာ တစ်ခါပဲ
ယုံလိုက်တဲ့ အချစ်..
ဘဝမှာ တခါပဲ
အောက်ကျို့ခြင်း...
ပထမဆုံးမှာ..
အလှဆုံး မဖြစ်ခဲ့တာတော့
ဝမ်းနည်းမိပါရဲ့...။
ပေးရတွေတာနဲ့ရတာတွေမတန်..
အမှန်တရားဟာ ..
ဘယ်လောက်များ တန်ဖိုးရှိလည်း
မေးလိုက်ချင်ရဲ့..။
ဘယ်သူ့ဆီကမှ မျှော်လင့်မူ့တစ်ခုတွက်
ပေးဆပ်ခြင်းနဲ့ဖြည့်ဆည်းခြင်း
ဖြစ်တည်ခဲ့တာမဟုတ်ဘူး။
ချစ်ခြင်းတစ်ခုကို မြတ်နိုးမူ့နဲ့
တန်ဖိုးထားခဲ့ရုံသက်သက်
ငါပေးတဲ့အားအင်တွေက
ငါ့ကိုလွင့်စင်သွားစေတဲ့ အားတွေလား....
ထားပါတော့လေ...
မထူးမဆန်း..ဘဝဟာ
မလန်းလည်း စိတ်ထားတွေ
လန်းဆန်းဖို့လိုတယ်..။
ဗုဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒဘုရား ဟောကြားတရား
“သဗ္ပေသတ္တာ ကမ္မသကာ”ပေါ့..။
ကိုယ်အတ္ထုပ္ပတိကိုခင်း
ခပ်ရဲရဲ လိပ်ပြာသန့်သန့်
ရှင်သန်နေထိုင်တတ်ရင်
ဘဝမှာ နောင်တဆိုတာမရှိဘူး..။
လွယ်မယ်ထင်ရင်..
ငါ့ကို ...
မင်းသိမ်းပိုက်ကြည့်စမ်း..
လောကဓံ..။


Tags: ကဗျာ .သူငယ်ချင်းချမ်း.http://htarwayathitsar.blogspot.com/.
လေးစားလျက်.နှင်းဆီအေးမောင်

No comments:

Post a Comment