ကြိုဆိုပါသည်

♥♥သံယောဇဉ်ပင်လယ်မှနှင်းဆီကလှိုက်လှဲစွာကြိုဆိုပါ၏..အလယ်ေ၇ာက်လာသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်..လှုပ်လှုပ်သဲ၇င်တွင်းစကားလေးတွေအန်ချရာပင်လယ်..Roseayemaung@gmail.comမှာပျော်ရွှင်နိုင်ကြပါစေ.♥♥.

Wednesday, November 2, 2011

*ချစ်သူ*

*ချစ်သူ*
ချစ်သူ နင်ငါ့ကိုသတိရတဲ့အခါ
နာကျည်းစိတ်နဲ့
မေ့ပစ်လိုက်ဖို့မကြိုးစားပါနဲ့
နင်နာကျင်မှာစိုးရိမ်လို့ပါ.....*

ချစ်သူ နင်ဝမ်းနည်းနေတဲ့အခါ
ငိုချင်ငိုလိုက်ပါ
ကြိတ်မှိတ်ပြုံးပြဖို့ မကြိုးစားပါနဲ့
နင်ပင်ပန်းမှာစိုးရိမ်လို့ပါ.....*

ချစ်သူ နင်စိတ်ဓာတ်ကျနေတဲ့အခါ
သီချင်းတွေအော်ဆိုလိုက်ပါ
လေဆန်ကိုအံတုဖို့ မကြိုးစားပါနဲ့
နင်နာကျင်မှာစိုးရိမ်လို့ပါ.....*

ချစ်သူ နင်အခက်အခဲတွေကြုံလာရတဲ့အခါ
ခေါင်းအေးအေးထားလိုက်ပါ
ဘာကိုမှစဉ်းစားဖို့ မကြိုးစားပါနဲ့
နင်ပင်ပန်းနေမှာစိုးရိမ်လို့ပါ.....*

ချစ်သူ တစ်စုံတစ်ယောက်ကြောင့်
နင်ငိုနေရတဲ့အခါ ကမ္ဘာကြီးရဲ့တစ်နေရာမှာ
နင့်ကိုချစ်တဲ့သူရှိနေသေးတာ
သတိရလိုက်ပါ
အနည်းဆုံးတော့ နင်ပြုံးနိုင်မှာပါ.....*

ချစ်သူ နင်ပျော်ရွှင်နေတဲ့အခါ
ငါ ဆိုတာကိုမေ့ထားလိုက်ပါ
နင့်မျက်နှာပေါ်က အပြုံးလေးတွေ
ပျောက်သွားမှာ ငါစိုးရိမ်လို့ပါ.....*

ချစ်သူရေ.....
ရယူခြင်း၊ပိုင်ဆိုင်ခြင်းတွေထက်
ဆုံးရှုံးရတဲ့ ငါ့အတွက်
အချစ်ဆိုတာချစ်နေဖို့ပဲလို့
အဓိပ်ပါယ်ဖွင့်ခဲ့ရတယ်.....*

ချစ်သူရေ.....
အနိုင်အရှုံးသတ်မှတ်ချက်တွေနဲ့လည်း
ငါ့ဦးဏှောက်ကိုအလုပ်မပေးတော့ဘူး
နင်ရှိနေတဲ့နေရာမှာ
နင်သာယာချမ်းမြေ့နေစေဖို့
ငါဆုတောင်းနေဆဲပါ.....*

ချစ်သူရေ.....
ဘယ်သစ်ပင်မှာဘာပန်းမှမပွင့်ချင်နေပါ
ငါ့ချစ်သူ နင့်မျက်နှာမှာ
အပြုံးပန်းလေးတစ်ပွင့် ပွင့်နေရင်
ငါက ကမ္ဘာပေါ်မှာအပျော်ဆုံးလူသား
ဖြစ်နေမှာပါ....*

သူများတွေလိုလဲ
ငါလွမ်းမပြတတ်ဘူးကွယ်..........
တစ်ယောက်ထဲတော့
ငါလွမ်းတာကိုဘယ်သူမှမမှီဘူးလေ............
ချစ်ခြင်းမေတ္တာတစ်ခုဟာ
ပေးဆပ်ခြင်းကအလေးသာတယ်တဲ့
ဟုတ်ပါလိမ့်မယ်...........
ငါပေးဆပ်လိုက်ရတယ်လေ
နေသားတကျမဖြစ်သေးတဲ့
ဖရိုဖရဲငါ့အလွမ်းတွေကို
သေချာထုပ်ပိုးပြီး...
နင့်ကမ္ဘာအဝင်အဝမှာ
ငါမှတ်တိုင်စိုက်ထူပေးပါ့မယ်....
နင်ရေးတဲ့သမိုင်းမှာ
ငါ့အကြောင်းပါချင်မှပါမယ်ပေါ့လေ...
ငါရေးတဲ့ပုံပြင်လေးတွေမှာတော့
နင်ကဇာတ်ဝင်ခန်းတိုင်းရဲ့
ဟီးရိုးတစ်ယောက်ပါကွာ..........
နောက်ဆုံးဇာတ်သိမ်းခန်းကို
ငါနိဂုံးမချုပ်ခင်ချိန်လေးမှာ
နင်တစ်ယောက်ပျော်ရွင်ပါစေနော်......*
အဆုံးသတ်ကိုတော့...
ငါမရေးရဲသေးဘူးကွယ်...
မမြင်နိုင်တဲ့အနာဂတ်မှာ
နင့်ဇာတ်သိမ်းခန်းကိုလှပအောင်...
ငါကြိုးစားပေးပါ့မယ်.....*

သူငယ်ချင်း“ဒေလီ....nadihka“.(Foreve Friend).ပို့ပေးလာတာ(ကဗျာ)
                   အမှတ်တ၇..  နှင်းဆီအေးမောင်.2011.Nove.2 Pm9:00   

1 comment:

  1. ပေးဆပ်ခြင်းရဲ့ရလဒ်တွေ ခါးတယ် ဆူး..။

    ReplyDelete