ကြိုဆိုပါသည်
Thursday, July 18, 2013
Thursday, July 11, 2013
★★နေ၀င်စောခဲ့သော ညနေများ★★
★★နေ၀င်စောခဲ့သော ညနေများ★★
ဆေးစက်ကျရာအရုပ်ထင်ခဲ့တဲ့ ငါတို့ရဲ့ကမ္ဘာကြီးမှာ
ဖျားယောင်းမှုနှစ်ထပ်ပုံသေနည်းတွေနဲ့
လှည့်ကွက်တွေရှိခဲ့တယ်နော်.....★★
အချစ်ဆိုတာက
တစ္စေမကြောက်တဲ့မျက်ကန်းတွေကိုမှ
မျက်လှည့်ပြတတ်ပါသလား....★★
အတူယှဉ်တွဲ
မျှော်လင့်ယုံကြည်မှုတွေ
တန်ဖိုးထားမက်မက်စက်စက်ရွှေးချယ်ထားပေမယ့်
ဒီဇတ်လမ်းလေးမဆုံးခင်
နေ၀င်စောခဲ့တယ်နော်......★★
ဒီလိုပါပဲလေ.....
အတိတ်ဖြစ်သွားသောနေ့ရက်များကို
ပြန်တွေးမိတိုင်း
ဒါကိုလွမ်းဆွေးတယ်ခေါ်သလား...★★.
မေးခွန်းတိုင်းက အဖြေမရှိတတ်သလို
အလွမ်းကနှုတ်ပိတ်နေတတ်တယ်လေ.........★★
ဇူလိုင်လ11 2013 အချိန် ညနေ..5:10..၀လေးရဲ့
ခံစားချက်ကဗျာလေးဖြစ်ပါတယ်..
Saturday, July 6, 2013
Friday, June 28, 2013
♥♥.ပန်းမ၀င်သေးသောပွဲ♥♥.

သူငယ်ချင်း...........
အဖြူရောင်နေ့ရက်တွေထုပ်ပိုးလို့
ကဗျာအတူတူရွတ်မယ်.....♥♥.
စာမျက်နှာသစ်တွေရေးလို့
အနာဂါတ်တွေကိုလှပစေမယ်....♥♥.
.နှလုံးသားချင်းသံစဉ်ညှိလို့
မိုးရေထဲမှာလမ်းလျှောက်မယ်......♥♥.
စံပါယ်တွေစိုက်ပျိုးလို့
စိမ်းလန်းခြင်းကိုဖွဲ့ဆိုမယ်....♥♥.
သူငယ်ချင်း............
ပန်းမ၀င်သေးသောပွဲကိုနွဲရင်း
လရောင်အောက်မှာ....
ခံစားချက်တွေကြဲပက်လိုက်မယ်..............♥♥.
~~~ ၀လေး.~~~ရဲ့ကဗျာလေးပါ..2013.06.28
Saturday, June 22, 2013
Sunday, June 16, 2013
Saturday, June 8, 2013
Wednesday, May 29, 2013
Saturday, May 25, 2013
Monday, May 20, 2013
~~မောင်လေး( ကမ္ဘာ..ဘာဘာ)-ပင်လယ်ပြင်ရောက်ရင်တွင်း~~
ဇာတ်ခုံပေါ်မှာဘယ်လောက်ကြေကွဲပြနေနေ
ကန့်လန့်ကာချအပြီးမှာ
ဟက်ဟက်ပက်ပက်ရယ်မောပြနိုင်ရအောင်
... သရုပ်ဆောင်ခဲ့ကြတာမှမဟုတ်တာ
လွယ်လွယ်လေးမေ့ပစ်ရအောင်
အိုးပုတ်ချိုးရုပ်တန်းကစားခဲ့တာလည်းမဟုတ်
အမှတ်သညာကြီးတဲ့နှလုံးသားမှာ
မင်းကိုယ်တိုင်သေရာပါတက်တူးစာတန်းတွေရေးထိုးပေးခဲ့တာပဲ
နာနာကျင်ကျင်သတိရနေမိတာ
ငါ့အပြစ်တော့မဖြစ်နိုင်ဘူး
ရူးသွပ်တပ်မက်ခဲ့တဲ့နှုတ်ခမ်းတစ်စုံက
မုန်တိုင်းတွေခုန်ဆင်းလိမ့်မယ်လို့
ဘယ်လိုထင်ရက်ခဲ့မှာလဲ
"ကျေးဇူးပြုပြီးမေ့လိုက်ပါတော့"တဲ့
ငါ့ကောင်းကင်တစ်ခုလုံးလျှပ်စီးလက်
ပြိုးပြိုးပျက်ပျက်နဲ့ထစ်ချုန်းပြီး
မင်းအရိပ်တွေသိမ်းထုပ်ထားတဲ့ဘက်မှ
တည့်တည့်ကြီးကိုပစ်ချတယ်
ရက်စက်လိုက်တာကံကြမ္မာရယ်
နှစ်ယောက်တွဲလျှောက်မယ့်အနာဂါတ်အိမ်မက်လေးတွေ
တစ်ဖက်သတ်မင်းမလို့ဖြိုချပစ်ရက်တယ်လို့
မစွပ်စွဲရက်တိုင်း
ကြမ္မာကိုပဲယိုးမယ်ဖွဲ့ကောင်းတုန်း
နာနာကျဉ်းကျဉ်းကိုသတိရနေမိတုန်းပါပဲလေ
နေ၀င် ချိန် အိမ်တန်းတက် ငှက်ငယ်တွေ ပျံလေး ပြီ. .
အနမ်းဆိပ် သင့် ခဲံ သူရဲ့ မျက်ရည်လား ကမ္ဘာမြေအားတစ်စိမ့်စိမ့်ကျလို့ 
...
သူမလက်ဖ၀ါး အားမခွဲနိုင် မခွာရက် ကုတ်ကပ်ဖက်တွယ်ခဲ့ ဘူးရဲ့ 
သူ မှန်ပါတယ်လေ အရာဝတ္ထုတွေ နဲ့ မယှဉ်နိုင်ခဲ့ ဘူး စိတ္တဇနာမ်တစ်ခုပဲ
အချစ် တဲ့  သူမရယ်မော နေခဲ့ လေရဲ့ ..လေစိမ်းတွေ တိုက်လို့ 
တိုက်ခက်နေတဲ့ လေမှာ ရှိုက်သံတွေ သာယာနေမှာပေါ့ 
တိတ်ဆိတ် စွာ ငါငိုကြွေးခဲ့ မိတယ်.ယောက်ျားမာနတွေ ၀ှက်လို့ ပေါ့ 
ဒင်္ဏ ရာ ဒဏ် ချက်တွေ အား ငါ မြတ်နိုးစွာ ယူမှာ ပါ
အမာရွှတ် မြင်တိုင်း မဟော်သဓာကိုသတိရနေတဲ့  ဇူဝဋာ ပုဏ္ဍားလို့ ပေါ့ 
ရင်ဘက်ကို အနာကို မြင်တိုင်း ငါ နင့်ကို သတိရနေမှာ ပါ
ပျော်စရာတွေ တစ်ပွေ့  တစ်ပိုက် ထိုလူရဲ့  ပုခုံးတစ်ဝိုက်မှာ နင်မှီင်္တွယ်နိုင်ပါစေ
ရိုးရိုးလေး ဆုတောင်းလိုက်ပါတယ်...ကျိန်စာတွေအသာထားပါ
ထိုနေ့ နေ၀င်ချိန် ထိ နင့်ကို ဆက်လက် ချစ်နေမှာပါ
နင်မကြားအောင်ငါပြောမိတယ်
ကမ္ဘာ~ဘာဘာ~.2013.May.19
Wednesday, May 15, 2013
Friday, May 3, 2013
´*•´*•ငါ့ရဲ့၇င်ခတ်သံ´*•´*• & စူးနစ်နေသောအလွမ်း*•´*•
´*•´*•ငါ့ရဲ့၇င်ခတ်သံ´*•´*•
ခံစားခဲ့ရဝေဒနာတွေ---နှိုးဆွလို့ထထပြန်လာတော့---စိတ်ဝယ်မရွှင်
ဆန္ဒတခုကိုအလိုမကျပြန်တော့---အမှတ်တမဲ့ထားခဲ့ပြန်လဲအမှတ်တ၇ ၇မိပြန်တယ်---ငါထင်မိတာတချိန်ကထပ်တူအချစ်သူလည်းရှိနေမပဲလို့---
သစ္စာတ၇ားကို၇င်မှာမြဲစွာ---ဘယ်သူဝင်တိုးဖို့ကွက်လပ်ငါ့မှာမထားခဲ့ဘူး---အချစ်အတွက်သာနေရာအပြည့်ပါ---ငါ့အတွေးနဲ့ ငါ့အထင်သူလည်းငါ့လိုနေမပဲလားလို့
ဒါပေမဲ့....ဒါပေမဲ့´*•´*•
သူ့စိတ်ကအငြိမ် ငှက်ငယ်လေးလိုတောင်ပံဖျန့်လို့....စိတ်ရဲ့စေရာကို လွင့်မျောလို့
လို၇ာကိုသွား---အစာရှာထွက်နေဆဲ---အချိန်တွေလည်းကုန်ပြီ
တောင်ပံလည်းညောင်းလှပေါ့...အစာလည်းရှာမတွေ့ပြီ
နောက်လှဲ့လိုသူပြန်အလာ´*•´*•
ငါ့ရဲ့ရင်ထဲမျှော်လင့်ချက်ကမ်းကုန်စမှာ...ငါ့ရဲ့၇င်ခတ်သံ...၇င်နင့်စွာေ၇းချမိတဲ့စာလေး---နင့်အတွက်ချန်ထားခဲ့ပြီး ငါရဲ့ခြေတလှမ်းလှဲ့အထွက်မှာ...ငါ့လက်ကိုသူလာဆွဲပြီး---သူရင်ခွင်မှာငါ့ကိုဆွဲသွင်းခဲ့တယ်
ငါ---ငါမရှုံန်းကန်တော့ပဲအသာလေး---တသွင်သွင်ကျလာတဲ့---
မျက်ရည်တွဲလောင်းတွေ က၀မ်းသာခြင်းလား...ပဲလား---
ငါကိုယ်တိုင်မသိ ငါ ခိုင်မာစွာ ဆုံးပြတ်ချက်ချလိုက်တယ် .....
သူဟာငါ့ချစ်သူပါပဲလေ´*•´*•
သူဟာငါ့ချစ်သူပါပဲလေ´*•´*•
သူဟာငါ့ချစ်သူပါပဲလေ´*•´*•
♥♥နှင်းဆီအေးမောင်♥♥2012.May.4.PM 25;00
Subscribe to:
Posts (Atom)











