ကြိုဆိုပါသည်

♥♥သံယောဇဉ်ပင်လယ်မှနှင်းဆီကလှိုက်လှဲစွာကြိုဆိုပါ၏..အလယ်ေ၇ာက်လာသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်..လှုပ်လှုပ်သဲ၇င်တွင်းစကားလေးတွေအန်ချရာပင်လယ်..Roseayemaung@gmail.comမှာပျော်ရွှင်နိုင်ကြပါစေ.♥♥.
Showing posts with label ရင်တွင်းကဗျာ. Show all posts
Showing posts with label ရင်တွင်းကဗျာ. Show all posts

Sunday, August 18, 2013

♥♥အတိတ်ကအ၇ိပ်လိုက်လို့လာ ♥♥



တမ်းတ၇ပါတယ်..သူငယ်ချင်းေ၇
လွမ်း၇ပါတယ်လေ
ပြန်လာမဲ့လမ်း အကြိုထောက်လို့
ကမ်းလျက်ကြိုဆိုလျက်ပါ
မင်းလေး ဘယ်ဆီင်္ေ၇ာက်နေလည်းကွယ်..
စာလွှာ၇ယ်မပါး လူုကြုံ၇ယ်မလာ
မင်းလေးနေကောင်းရဲ့လား
မင်းလေးနေကောင်းရဲ့လားဟင်?
အတိတ်ကအ၇ိပ် မရင်မှာ
နွေ၇ာသီဆို မီးတောက်နေလောက်ပြီ
မိုလ်းတွေလည်း.သည်းသည်းညံလို့
မ မျက်ရည်တွေလည်းမိုလ်း၇ည်နဲ့အတူ
မျောပါသွားလေတာ မင်းလေးမြင်မိရဲ့လား?
အရိပ်ကိုဖော် အတိတ်ကိုတမ်းတပေးပါလား?.....
မျှော်လင့်နေပါတယ်...မင်းလေး....ရေ....။။



♥♥နှင်းဆီအေးမောင်...ရင်တွင်းကဗျာ...213.08.19..PM သန်းကောင်ယံ.3:00♥♥
ချစ်သောသူငယ်ချင်းတယောက်ထံသို့......

Friday, May 3, 2013

´*•´*•ငါ့ရဲ့၇င်ခတ်သံ´*•´*• & စူးနစ်နေသောအလွမ်း*•´*•


´*•´*•ငါ့ရဲ့၇င်ခတ်သံ´*•´*•
ခံစားခဲ့ရဝေဒနာတွေ---နှိုးဆွလို့ထထပြန်လာတော့---စိတ်ဝယ်မရွှင်
ဆန္ဒတခုကိုအလိုမကျပြန်တော့---အမှတ်တမဲ့ထားခဲ့ပြန်လဲအမှတ်တ၇ ၇မိပြန်တယ်---ငါထင်မိတာတချိန်ကထပ်တူအချစ်သူလည်းရှိနေမပဲလို့---
သစ္စာတ၇ားကို၇င်မှာမြဲစွာ---ဘယ်သူဝင်တိုးဖို့ကွက်လပ်ငါ့မှာမထားခဲ့ဘူး---အချစ်အတွက်သာနေရာအပြည့်ပါ---ငါ့အတွေးနဲ့ ငါ့အထင်သူလည်းငါ့လိုနေမပဲလားလို့

            ဒါပေမဲ့....ဒါပေမဲ့´*•´*•

သူ့စိတ်ကအငြိမ် ငှက်ငယ်လေးလိုတောင်ပံဖျန့်လို့....စိတ်ရဲ့စေရာကို လွင့်မျောလို့
လို၇ာကိုသွား---အစာရှာထွက်နေဆဲ---အချိန်တွေလည်းကုန်ပြီ
တောင်ပံလည်းညောင်းလှပေါ့...အစာလည်းရှာမတွေ့ပြီ

           နောက်လှဲ့လိုသူပြန်အလာ´*•´*•

ငါ့ရဲ့ရင်ထဲမျှော်လင့်ချက်ကမ်းကုန်စမှာ...ငါ့ရဲ့၇င်ခတ်သံ...၇င်နင့်စွာေ၇းချမိတဲ့စာလေး---နင့်အတွက်ချန်ထားခဲ့ပြီး ငါရဲ့ခြေတလှမ်းလှဲ့အထွက်မှာ...ငါ့လက်ကိုသူလာဆွဲပြီး---သူရင်ခွင်မှာငါ့ကိုဆွဲသွင်းခဲ့တယ်
ငါ---ငါမရှုံန်းကန်တော့ပဲအသာလေး---တသွင်သွင်ကျလာတဲ့---
မျက်ရည်တွဲလောင်းတွေ က၀မ်းသာခြင်းလား...ပဲလား---
ငါကိုယ်တိုင်မသိ ငါ ခိုင်မာစွာ ဆုံးပြတ်ချက်ချလိုက်တယ် .....

သူဟာငါ့ချစ်သူပါပဲလေ´*•´*•
                          သူဟာငါ့ချစ်သူပါပဲလေ´*•´*•
                                   သူဟာငါ့ချစ်သူပါပဲလေ´*•´*•

 
                                                                             ♥♥နှင်းဆီအေးမောင်♥♥2012.May.4.PM 25;00


Thursday, March 7, 2013

♥♥နင်ရှိနေ၇င်ကောင်းတယ်♥♥



 ♥♥နင်ရှိနေ၇င်ကောင်းတယ်♥♥
ငါ့ ရဲ့ကမ္ဘာထဲမှာနင်ရှိနေမယ်ဆိုရင်
လွမ်းဆွေးနေစရာလည်းမလိုတော့ဘူး
နင်ဟာငါ့အပေါ် အချစ်ကြီးချစ်ခဲ့သူ
နင်ဟာငါ့အပေါ် ဂရုတစိုက်ရှိခဲ့သူ
နင်ဟာငါ့အပေါ်အလိုလိုက်သီးခံခဲ့သူ
ပင်လယ်ထဲအပ်တချောင်းရှာတွေ့ရသလို
ဒီလိုချစ်သူမျိုးငါရလိုက်တာ
ငါ့ဘ၀ပြည့်ဝနေပါပြီလေ
နင်သာငါ့ဘေးမှာရှိနေမယ်ဆိုရင်
ဘယ်လောက်ကောင်းလိမ့်မလည်း

♥♥နှင်းဆီအေးမောင်♥♥



 
♥♥ဘ၀ရဲ့ပျော်ရွှင်မှု♥♥
အမှတ်ရသတိ၇နေတာလည်းပျော်ရွှင်မှုတမျိုးပါပဲ
ဒါတွေမရှိလာ၇င်လည်း အချစ်ဆိုတာလည်းမရှိတော့ဘူး
လွမ်းဆွေးမှုမရှိ၇င်လည်း ကိုယ့်မှာပျော်ရွှင်မှုရှိလာမမဟုတ်ဘူး
ငါတို့ရဲ့ဘ၀ထဲမှာ ဒီလိုအလွမ်းအဆွေးတွေနဲ့ ဖွဲ့နွဲ့ထားတာလေ
ဘယ်သူ့ကိုပဲဖြစ်ဖြစ် လွမ်းဆွေးနေရတဲ့အချိန်မှာ
ဒီလိုဖြစ်နေရင်စိတ်ထဲမှာဘ၀ရဲ့ပျော်ရွှင်မှုတွေ ပြည့်စုံနေပါပြီ


♥♥နှင်းဆီအေးမောင်♥♥2013March.6….73း0

Wednesday, April 4, 2012


♥♥ အလွမ်းတေးတပုဒ်သီဆိုရင်း♥♥
သနားစရာတကောင်တည်းသော့♥♥♥♥

ဖော်ကွားဝေးလို့ဘယ်သူဖန်တီးလေတယ်♥♥♥♥

ချစ်ခြင်းသံယောဇဉ်နဲ့ ခင်မင်မှု့ကို♥♥♥♥

ကျောချင်းကပ်လို့ဝေး၇တော့မလားလို့♥♥♥♥

ပင်ယံထက်မှာသစ်ရွက်ချောက်တွေမြေခကုန်ပေါ့♥♥♥♥

ခုတော့ငါတယောက်တည်းဟိုဟို ဒ်ီငိုင်ငေးလို. ♥♥♥♥

ပူလောင်ရှစ်တောက် သစ်ကိုင်းချောက်ဝယ်♥♥♥♥

နွေလယ်အောက်မှာပူပြင်းခြောက်သွေ့ချင်းနဲ့အတူ♥♥♥♥

မျက်လုံးအိမ်မှလျှံအောင်ယိုစီး လွမ်းမျက်ရည်တွေ♥♥♥♥

 ဥသြးးးးးးးးးးးး ဥသြးးးးးးးးးးး ဥသြးးးးးးးးးးးး♥♥♥♥

အလွမ်းတေးတပုဒ် အော်ဟစ်ဆိုရင်းနဲ့♥♥♥♥

ချစ်သူရယ်နင်မကြားနိုင်တော့တာလားကွယ်♥♥♥♥

ဘယ်ဆီအရပ်.ပြေးကာရှောင်ပုန်းနေတာရော့လား♥♥♥♥

ပြန်လာပါအတာတန်ခူးရေကြည်အေးလေးလောင်းပေးပါလား……နော့♥♥♥♥


♥♥နှင်းဆီအေးမောင်♥♥ 2012.Apr.5 Pm 12:30

Wednesday, February 1, 2012

♥♥ချစ်မိုင်တိုင်သစ္စာ♥♥

တမြေရေခြား♥♥♥♥

မိုင်တိုင်တွေလဲဝေးကွာနေ တွေဆုံချိန်ခနလေးမှာ♥♥♥♥

နင် ငါ့ကိုအရေးကြီးလူတယောက်လိုမထားခဲ့တာ♥♥♥♥

ငါကြွေကွဲ၇တယ်ဆိုတာနင်မသိပါဘူး♥♥♥♥

ရင်နှင့်မဆန့်နားလယ်မှုလေးတွေကိုပေးခဲ့ပါတယ်♥♥♥♥

အချစ်ထက်အလုပ်ကပိုချစ်ဖို့ကောင်းနေတယ်ဆိုသော♥♥♥♥

ဝေးကွာနေတဲ့ငါတို့အချစ်ကအပစ်တခုလိုဖြစ့်နေပြီလား? ♥♥♥♥

အတွှေးတွေရှုပ်ပွ စိတ္တာဇဆန်နေတဲ့ငါ♥♥♥♥

အိပ်ရေးပျက်ခဲ့သာအကြိမ်ကြိမ်♥♥♥♥

ငါ နင့်ကိုမေ့မသွားဘူးဆိုတဲ့သစ္စာထားနှင့်♥♥♥♥

ငါ၇င်မှာအဝေးဆုံးနေရာမှာရှိနေတဲ့နင့်ကို♥♥♥♥

စိုးမိုးလို့သိမ်းပိုက်ထားဆဲပါ…ချစ်သူ♥♥♥♥


♥♥နှင်းဆီအေးမောင်♥♥၂၀၁၂.ဖေဖော်ဝါရီ.ညအချိန်သမ်းယံ.1း00

♥♥ပြန်လာပါ♥♥



ချစ်သူေ၇ ဘယ်ရောက်နေလဲချင်♥♥♥♥

နင်ဟာဒီလရိပ်လေးလိုထာဝရ♥♥♥♥

ငါ့ကို ဧမြမှုလေးပေးနိုင်မယ်လို့♥♥♥♥

ငါထင်မိခဲ့တယ်♥♥♥♥

တချိန်ချိန်မှာနင် ငါ့ကိုထားခဲ့တော့မယ်ဆိုတာ♥♥♥♥

ငါမတွေးမိဘူး နင့်ကိုကြည်ယုံလို့ပါပဲနော့♥♥♥♥

တကယ်တမ်း နင်ထားခဲ့တော့လဲ♥♥♥♥

ငါ့မှာကြေကွဲဝမ်းနဲ၇တယ်♥♥♥♥




ခုတော့♥♥♥♥

လွမ်းဆွေးနေမှု အထီးကျန်ငါ့မှာ♥♥♥♥

ပင်လယ်ကမ်းခြေ ထိုင်ငေး၇င်းနဲ့♥♥♥♥

ဒီလိုအလွမ်းကဗျာလေးကိုရေးချမိတယ်♥♥♥♥

အချစ်ရယ်……ပြန်လာပါတော့နော့♥♥♥♥


♥♥နှင်းဆီအေးမောင်♥♥၂၀၁၂.ဇန်န၀ါရီ.31.သန်းယံ၃း၃၀

Thursday, January 5, 2012

♥♥သံယောဇဉ် နှင့် ထပ်တူအချစ်♥♥.


♥♥သံယောဇဉ် နှင့် ထပ်တူအချစ်♥♥.

ချစ်တယ် ချစ်သူရယ်..ချစ်တယ်..သူများတွေထက်ချစ်တယ်

ဘယ်လောက်ပဲလွမ်း၇၇ ဘယ်လောက်ပဲငိုကြွေးနေပါစေအုံး

ဘယ်လောက်ပဲနာကျင်အောင်လုပ်နေပါစေချစ်တာမှနင့်တယောက်ကိုပဲ

နင်တက်နင်းချွေမွနေပါစေငါ၇င်ဘတ်ကြီးကနင်ခြေဖ၀ါးအောက်.

ကတ္တီပါကော်ဇောလေးလိုခင်းထားပေးပါ့မယ်.ငါမနာပါဘူး

ငါ၇င်တခုလုံးကွဲသွားပါစေ သစ္စတရားလက်ကိုင်ထားလို့...

အချစ်ကြီးသူမို့ငါဘယ်တော့မှနင့်ကိုမခွဲသွားပါဘူး…

ငါခံနိုင်ရည်၇ှိပါတယ်ငါ့အသဲတွေကွဲဆိုကွဲသွားပါလေ.ငါ့ရဲ့အချစ်ကမ္ဘာကြီး

ကပြိုလဲသွားမှာမဟုတ်ဘူး .တနေ့နေ့ .တေ၇ွ့ေ၇ွ့ .မျှော်ကာတွေးလို့ချစ်သူ

ရင်ခွင်..ခနတာလေးမှေးစက်ချင်တယ်.

ပိုင်ဆိုင်ချင်တဲ့… .အချစ်လား.ငါမပိုင်ဆိုင်ချင်ပါဘူး…

ပေးဆပ်ချင်တဲ့…အချစ်လား…ငါမပေးဆပ်ချင်ပါဘူး..

၇ယူချင်တဲ့အချစ်လား.ငါမ၇ယူချင်ပါဘူး.

နင့်ကို ငါနဲ့ အတူ ….ထပ်တူရင်ခုန်ချင်တယ်

နင့်ကို ငါနဲ့ အတူ ….ထပ်တူချစ်စေချင်တယ်

ချစ်ပါတယ်ဆိုပြီး….ပြောပြီးကာမှမတိုက်ဆိုင်တဲ့အခါ...

 မုန်းသွားကြမှာငါစိုး၇ိမ်တယ်…ငါ့အချစ်ကသံယောဇဉ်ကစပျိုးခဲ့တာမို့

နင်လဲငါနဲ့ထပ်တူသံယောဇဉ်းလေး၇ှိနေစေချင်တယ်…ချစ်သူ….။။


♥♥နှင်းဆီအေးမောင်♥♥2012.Jan.4th Pm2:00



 

Monday, December 26, 2011

“ အန်တုသူ ”


“ အန်တုသူ ”



http://t1.gstatic.com/images?q=tbn:ANd9GcS4Z0TyKlrFcZqhQF48aLemLlVVth-SbJjUg9r5jKMZvTLyF1l7


လောကကို ခါးစောင်းတင်...
ခါချဉ်ကောင်မာန် မျိုးတော့မဟုတ်ဘူး...
လာချင်ရာလာလို့ရတယ်...
လက်ဖြန့်ရင် လက်ဖဝါး...
နောက်ကြည့်ရင် ငါ့ကျော ပဲရှိတဲ့ ဘဝ...
ဒီဘဝမှာ လူမလှရင်နေပါစေ...
စိတ်ထားမွန်မြတ် အနေတတ်ရင်ကျေနပ်စရာပဲ...။

အိမ်ကထရံကာ ၊လူက အပေစုတ်
ရွှေထုပ်တဲ့ မြပဝါမဖြစ်ချင်နေပါစေ...
ဒီဝန်တာကျေမယ်ဆို...
ငါ့ပုခုံးတွေ သွေးအလိမ့်လိမ့်စီးစမ်းပါစေ....
နာကျင်စရာတွေ မျိုသိပ်...
အံကိုကြိတ်လို့ ခါးစီးခံမယ်...။တစ်နေ့ တစ်လှမ်း ပုဂံ ဘယ်ရွေ့မလည်း...
ငါရွေ့ တဲ့ ခြေလှမ်းဝေးချင်ဝေးပါစေ...
ငါကျတဲ့မျက်ရည် လူမမြင်စေရ...
ငါယုံကြည်တဲ့ ဘဝမှာ..
ငါ ရင်ခုန်ကြည့်ချင်တာ အချစ်မဟုတ်ဘူး..။

ဝမ်းရေးထက်လွမ်းရေးတွေးတွေးခဲ့တဲ့ငါ...
လမ်းဘေးက အတွေးလောက်မှ ဇောက်မနက်...
ကိုယ့်ဘဝကိုမသိ ၊ကိုယ်အကြောင်းကိုယ်မသိနဲ့..
ယဉ်မိတဲ့စိတ်ကူး ခြေဖျားထောက်လို့ ဘုံထိရူး...
အချစ်ကြောင်းတွေ အခါခါမှန်းဆတဲ့စိတ်...
သွားစမ်းပါ....
ထားရာနေ...စေရာသွား
အချစ်ရဲ့စကားတွေအောက်..နှလုံးသားတွေ
စတေးသူတွေ ဘယ်လောက်များပြီလည်း...။

ဘဝဟာစိတ်ကူးယဉ်ဆန်တဲ့ ဇာတ်လမ်းမဟုတ်ဘူး...
အမှားနဲ့အမှန်ရောထွေး...
အမှားတွေပဲအထပ်ထပ်ကြုံ..ရီစရာတော့ကောင်းနေပြီ...
မာနကိုလတ်ဆုတ်..ငါမရွံလို့လှမ်းခဲ့တာ...
လူတကာရဲ့ အသနားခံစုတ်သပ်...
မင့်ဘဝက ရင်နင့်စရာပဲတဲ့...ဟဟဟ..
တော်ပါ...အလိုလူတွေကပဲ...
နင်းနင်းချေသွားတာ...။

အစမ်းသပ်ခံဘဝမှာ
ကြုံစရာတွေ ဘာကျန်သေးလည်း...
နောက်ဆုတ်ဖို့တော့ ငါအတိတ်မှာမရှိဘူး...
ကြုံရာလမ်းကြုံရာဘဝမှာကြုံသလိုဖြတ်သန်းနေကျ...
အခြေမလှတဲ့ ဘဝမှာ ရင်ထုပြီး
ငါနာနေလည်းအပိုပဲ...။ဒုက္ခတွေနာကျင်မူ့တွေသာ
စကားပြောတတ်ရင် ပြောလိုက်ချင်တယ်...
မင်းနဲ့စတွေ့ကတည်းက ငါဟာအရင်အတိုင်း...
ရှိဆဲနေမြဲရပ်ဆဲ...ဒီလိုပဲ...
မပြောင်းလဲပဲ ရင်ဆိုင်...
အမှောင်ထဲလည်း ငါထိုင်ရဲတယ်...ဆိုတာမမေ့နဲ့...။

ငါလှမ်းတဲ့လမ်း ဘယ်လောက်ကြမ်းကြမ်း...
ငါနေတဲ့အိမ် အမိုးမလုံစေလည်း...
နွေးထွေးအေးမြ ငါနေရဖို့ မှာမာန်ရှိတယ်..။စကားတွေတလှေကြီး...
အသွားအပြန်တစ်စုံခရီးမရှိမှတော့...

လှမ်းကြည့်နေလည်း ဘာထူးတော့လည်း...
ကဲ..လောကကြီးရေ...
မင်းနေတတ်သလိုနေလိုက်စမ်း...
စိန်ခေါ်လာရင် မာနကို လက်ဆုပ်...
မင်းလုပ်သမျှ ငါညွှတ်ရမယ့်ဘဝမဟုတ်ဘူး...။ယောက်ျားမာန ပြင်းပြလိုက်မယ်..
လွယ်မယ်ထင်ရင်....
မင်းသိမ်းပိုက်ကြည့်စမ်း....။


လေးစားလျက်.ချမ်းhttp://htarwayathitsar.blogspot.com/
နှင်းဆီအေးမောင်