ကြိုဆိုပါသည်

♥♥သံယောဇဉ်ပင်လယ်မှနှင်းဆီကလှိုက်လှဲစွာကြိုဆိုပါ၏..အလယ်ေ၇ာက်လာသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်..လှုပ်လှုပ်သဲ၇င်တွင်းစကားလေးတွေအန်ချရာပင်လယ်..Roseayemaung@gmail.comမှာပျော်ရွှင်နိုင်ကြပါစေ.♥♥.
Showing posts with label ၀တ္ထု. Show all posts
Showing posts with label ၀တ္ထု. Show all posts

Wednesday, July 18, 2012

♥♥ချစ်သောဖေဖေသို့အမှတ်တရ♥♥


ဒီနေ့မိုးတွေသည်းထန်စွာရွာနေတယ်  ကောင်းကင်တခုလုံးကလဲမဲမှောင်လို့နေတယ်တိမ်လိပ်ကြီးတွေကလဲထူလဖြစ်.ပြိုကြတော့မယောင်…မိုးချိန်းသံ..လျပ်စီးလျပ်နေတာ..ဂလုံးလုံး..ဂလန်းလန်း်နဲ့အတော်ကြောက်စရာကောင်းနေပါတယ်…..ဖေဖေကလဲအိမ်ပြန်မရောက်သေး…
အနော့ ဖေဖေအတွက်စိတ်ပူနေမိပါတယ်.ဖေဖေဘာကြောင့်အိမ်ပြန်မရောက်သေးပါလိမ့်နော်….ဟော~~~~ပြောရင်းဆိုရင်.ဖေဖေကားကြီးခြံဝင်းထဲဖြေးညှင်းစွာဝင်ရောက်လာပါပြီ…ဖေဖေပြန်လာပြီ.အနော့ကအားရ၀မ်းသာ.အော်ပါရော….
အော်ရင်းနဲ့ဖေဖေကားဆင်ဝင်အောက်သို့အနော့အပြေးလေးသွားပြီး.ဖေဖေကိုကြိုဆိုပါတယ်.ဖေဖေ သားရေလက်ဆွဲအိပ်ကိုအနော့ယူဆောင်လာပြီး…ဖေဖေကောင်းသောညပါ…..အင်း…ကောင်းသောညပါသမီး….သမီးကလိမ်မာတုံးလေးဆိုပြီဖေဖေအနော့ခေါင်းလေးကိုပုတ်ပြီးပြောပါတယ်
ဖေဖေနဲ့အတူ.ဧည့်ခန်းထဲအတူဝင်လာပါတယ်.မေမေက….ဖေဖေကိုအပြုံးတချက်နဲ့ကြိုဆိုပြီးဖေဖေအတွက်ညစာပြင်ဆင်ဖို့မီးဖိုခန်းထဲအလုပ်ရှုပ်နေပြီ…ဖေဖေရေချိုးပြီး…မေမေနဲ့ညစာအတူတူစား…စကားတွေဖောင်ဖွဲ့နေပါတယ်….အနော့က.ခလေးဆိုတော့ထမင်းအရင်စားနှင့်ပြီးပြီလေ……
ဖေဖေ~မေမေ…ထမင်းစားပြီဧည့်ခန်းဆောင်မှာ.   TV  ထိုင်ကြည့်နေတယ်
ဖေဖေကအနော့ကိုလှမ်းပြောပါတယ်….သမီး….အနက်ဖန်နေ့လယ် ၁နာရီ ဖေဖေစီးဝေးပွဲတက်၇မယ်…….ဖေဖေဘောင်းဘီအနက်ရောင်….မီးပူ…ပြန်ချောထားပေးနော်သမီး…ကြားလား…`။
.ဟုတ်ကဲ့ပါဖေဖေစိတ်ချပါ……ကဲဒါဆိုဖေဖေအိပ်ယာဝင်ပြီနော်….ဟုတ်ကဲ့ပါဖေဖေ.ကောင်းသောညပါ….၀မ်အန်း…..။။ အင်းဝမ်အန်းပါသမီး
~~~~~~ဒီနေ့စနေနေ့ကျောင်းအားရက်ဖြစ်တယ်.ခါတိုင်းစနေနေ့ဆိုအနော်ကအိပ်ပုတ်ကြီးတာတနေ့ကုန်လောက်ကိုအိပ်တာ…ဒီစနေတော့အိပ်လို့မရပါဘူး မနက်၁၀နာရီအိပ်ယာထပြီး…ဖေဖေဘောင်းဘီကိုမီးပူချောပေးပြီး…အ၀တ်ချိတ်ကောက်ကလေးနဲ့အသေအချာ..ချိတ်ဆွဲထားပေးလိုက်ပါတယ်…မကြာမှီ ဖေဖေနဲ့မေမေဈေးဝယ်ပြန်လာကြပြီး…ဖေဖေကရေချိုးနေပြီး…မေမေကထမင်းဝိုင်းပြင်ဆင်ထားနှင့်ပြီ…ဖေဖေရေချိုး.ပြီးဖေဖေနဲ့အတူး.မိသားစုထမင်း
ဝိုင်းလေးပျော်ရွှင်စွာစားသောက်ကြပါတယ်…ဖေဖေလဲအ၀တ်လှဲတော့မှာမို့..ဖေဖေဒီမှာအဆင်သင့်ပဲနော်ဖေဖေဘောင်းဘီ…အင်း…အင်း..သမီးအလိမ်မာတုံးလေး…။။.ဆိုပြီးဖေဖေ…ပိုက်ဆံ ၁၀၀၀(တထောင်ကျပ်)ထုပ်ပေးပြီး…သမီး..မုန့်မုန့်ဝယ်စား…လို့ပြောပါတယ်….အနော်အ၇မ်းဝမ်းတာတာပေါ့…ဖေဖေအကြောင်းလဲသိနေတယ်.ဒီလိုပါပဲ~~~~~~~
မကြာမီ…ဖေဖေအသံကျယ်ကြီးကထွက်ပေါ်လာတယ်….ဟဲ့သမီးအလိမ်မာတုံးမိဆီ…လာစမ်း…ဖေဖေအသံကြောင့်အနော်လန့်သွားတာပဲ..ဟုတ်ကဲ့ဖေဖေလာပါပြီ…ဆိုပြီးအပြေးလေး…ဖေဖေရှေ့ေ၇ာက်သွားတာပေါ့…ဘောင်းဘီကိုဘယ်လိုမီးပူချောထားတာလဲ….ရှမ်းဘောင်းဘီပုံစံကြီး…ဖေဖေမှာစိတ်ဆိုး၇မလို…ရီရမလိုအံကိုကြိတ်ရင်းဖေဖေနှုတ်ခမ်းမွှေးတောင်ထောင်လာတာ…အနောမြင်လိုက်တယ်လေ…ဖေဖေစိတ်ဆိုးမပေါ့နော်..သွားတော့…ဖေဖေညပြန်လာမှသိမယ်…တဲ့လေ….ဖေဖေလဲအချိန်မမှီတော့လို့ဒီအတိုင်းကြီးဝတ်သွား…ပြီ…တော်သေးတယ်နော်…။
       ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ည၈နာရီထိုး…ဖေဖေအိမ်ပြန်လာပြီ…ဖေဖေကိုကြိုနေကျအနော့အလုပ်တခုပါပဲ…ခနကြာတော့ဖေဖေအနော့ကိုလေသံနဲနဲမာမာနဲ့ဆူပါရော…ဖေဖေဘယ်တုံးမှ.အနော့ကိုမဆူးဖူးဘူး…ဒီတခါပထမဆုံးဆူတာပါ.အနော်လဲဝမ်းနဲလွန်းလို့…တညလုံးမအိပ်ပဲရှိုက်ကြီးတငင်ငိုတာပေါ့…ရှိုက်သံနဲ့ရောပြီးချောင်းကလဲဆိုးပြနေတော့….ဖေဖေကမနေသာတော့ဘူးထင်ပါရဲ့…..လာလာသမီးဆီဆီ…သိပ်ဝမ်းနဲသွားတာလား…ဖေဖေနောက်မဆူတော့ဘူးနော်. ဖေဖေမေမေကြားအလယ်ထားပြီး…အနော့ကိုအိပ်စေပါတယ်…
အနောဆိုတဲ့ကောင်မလေး.ကလဲ…ချော့လေငိုပြလေ…ရှိုက်ပြလေပေါ့…ဒါနဲ့ပဲတညမိုးလင်းသွားပြီ…ဖေဖေ..မေမေ ကိုအနော်ပေးမအိပ်ဘူးလေ..မနက်ဖန်…ကျောင်းအား၇က်…ရုံးအားရက်ဖြစ်လို့ပေါ့…ဖေဖေ..မေမေ..အချစ်ဆုံးသမီးမို့နွဲဆိုးပေါင်းလည်းများလှပါပြီ..။
ဖေဖေ..မေမေကသားသမီးတွေကိုထိန်းသိမ်းကောင်းမွန်လှပါသည်.ဟင်းလင်းနေတဲ့အချိန်တိုင်း…စာဖတ်ခိုင်းတယ်..ဖေဖေရဲ့ဆုံးမစကားတွေကိုနားထောင်ရပါတယ်ကျောင်းအားရက်တွေမှာ…အိမ်ကလူကြီးမပါပဲ…အပြင်ထွက်မလည်ရဘူး…လို့ချမှတ်ထားပါတယ်
အနောနှင့်ညီမလေး…ကစီးကမ်းတွေချမှတ်ထားတဲ့ကြားက…နောက်အပတ်တနင်္ဂနွေနေ့..အနော့နဲ့ညီမလေး…ရုပ်ရုင်သွားကြည့်ချင်တာပေါ့ဖေဖေ မေမေကိုပြောရင်၇မှာဟုတ်ဘူး…သေချာတယ်…ဒါကြောင့်ညီအမနှစ်ယောက်ရုပ်ရုင်သိပ်ကြည့်ချင်တယ်.ဒါကြောင့်အကြံထုပ်ပြီး…မေမေအလစ်မှာခိုးထွက်တာပေါ့..
            %%%%%%%%%%%%%%%%%%%%%%

ညီအမနှစ်နစ်ယောက်တလမ်းလုံးရုပ်ရုင်အကြောင်းပြောရင်းအိမ်ပြန်ရောက်လာပါပြီ
ကံဆိုးချင်တော့လဲ…ဒီနေ့ဖေဖေအိမ်စောစီးစွာပြန်ေ၇ာက်နေတယ်….ဖေဖေကိုအနောတွေ့လိုက်တော့….ဟိုက်တေပြီ…ဖေဖေကအိမ်ဝကနေတုတ်တချောင်းကိုင်းပြီးသမီးတော်နှစ်ယောက်ကိုကြိုဆိုနေတယ် အနော်တို့ဘာပြောရမယ်မသိတော့ပါ…ကြောက်လွန်းလို့တုန်နေတယ်ဒူးတွေ…ဖေဖေကပြောတယ်….ကဲ…ဒီမှာလာရပ်လက်မြှောက်ထား…ဘယ်ကပြန်လာလဲ…ပြော….။။ အနော်ငိုချင်လာပြီ ခေါင်းကလေးတချက်ကုတ်လိုက်ပြီး.မရဲတရဲအသံတွေကလည်းတုန်ခါနေပြီ အနော်ကအတော်လေးဥာဏ်ကောင်းတာလေ…ဖေဖေသမီးတို့နှစ်ယောက်Y M C ကွင်းလယ်မှာရုပ်ရုင်သွားကြည့်တာပါပိုက်ဆံပေးဖို့မလိုဘူး.အလကားကြည့်ရတာပါဖေဖေ..။  ဟားဟားဟား…ဖေဖေကအသံကျယ်ကြီးနဲ့ရီပါလေရော….
သမီးတို့ဘာကြောင့်လူကြီးကိုညာ၇တာလဲ…သမီးတို့ထက်ကြီးလို့လူကြီးလုပ်တာလေ…..နေ့လယ်ကြောင်တောင်ကြီးပိတ်ကားဖြူထောင်ပြီးရုပ်ရုင်ပြလို့ရတာလား…ဟားဟားဟား…ဖေဖေကသဘောကျလို့ရီပြန်ရော….ကဲမှန်မှန်ပြောဘယ်ကပြန်လာလဲ…..။   အနော်ကထပ်လိမ်လို့မရတော့မှန်းသိလိုက်ပြီ…ဖေဖေကိုအမှန်တိုင်းပြောပြလိုက်ပါတယ်….သမီးတို့မြသုခရုပ်ရုင်ရုံမှာသွားကြည့်တာပါ…။  အေးအေး…ဒီတခါတော့ရှိစေ…နောက်ဘယ်တော့မှမသွားဒ၇ဘူး.ဖေဖေကိုဂတိပေး…..။ ဟုတ်ကဲ့ပါဖေဖေ…ညီအမနှစ်ယောက်ခိုးကြည့်ပြီးပြုံးယောင်ယမ်းယုံလေးရှိသေးတာ….။ ကဲသမီးတို့စီးကမ်းဖောက်လို့ဖေဖေအပြစ်ဒါဏ်ပေး၇မယ်…ထိုင်ထ..နားရွက်ဆွဲ..အခါတရာ(၁၀၀)လုပ်….။
တိန်….ဘာမှမတတ်နိုင်တော့ပါအပြစ်ကျူးလွန်ထားမှတော့အယူခံမ၀င်လိုတော့ပါဘူးဖေဖေရယ်………..လုပ်ပြီထိုင်ထ…နားရွက်ဆွဲ…..အခါ(၁၀၀)
တေပီ….ဖေဖေ ရယ်..ရက်စက်လိုက်တာညီအမ နှစ်ယောက်ငိုရမလိုရီရမလို
ကိုယ်လုပ်ချင်တာလုပ်ခဲ့ပြီးပြီမို့လား……..။။။။
ကျေနပ်ပါတယ်ဖေဖေရယ်….~~~~။။။ ။။။


♥♥နှင်းဆီအေးမောင်♥♥2012.July.19..Pm 26:00

Friday, May 25, 2012

**ဒဏ်ရာ တစ်ခု ရဲ့  လျှော်ကြေး**(အပိုင်း၇)

မောင်လွမ်းဆု(၀တ္ထု)

ဒေါ်ချယ်ရီ ရဲ့ မျှော်လင့်ချက် ရှိုင်းထက် ရဲ့  ရက်ဆက်ခြင်း ဘယ်ဘ၀ က ၀ဋ်ကြွေး တွေ ပါလာခဲ့ ကြတာလဲ။
အခုတော့  ဗိုလ်ရှိုင်း တစ်ယောက် တစ်ခါ တစ်ခါ တစ်ပါတ် လောက် ရွာက ပျောက်သွားလိုက် ။
တစ်ခါတစ်ခါ သူ့ အမေ့  နှင့်  သူညီမလေးရဲ့  အုတ်ဂူ ကြား မှာ သွားသွားငို လိုက် နဲ့ ။
ရွာက လူတွေ က သူ့ ကို ဂရုမစိုက်ပေမယ့် ကျောင်းဆရာမ ကတော့  သူ့ကို တွေ့ တိုင်း သူဘ၀ရဲ့ နောက် ကြောင်းတွေကို အစဏ မေးကြည့် တော့လဲ
ဘာမှ ပြန်မပြော ဒီလို အချိန် ရှိသရွေ့  စိတ်တွေ ကို အရက်ထဲ မျှော ပြီး သူဘ၀ကို သူ ကိုယ် တိုင်ပဲ မေ့ နေပြီထင်ပါတယ်။
ဒီနေ့ တော့  အရက်ပုလင်းကို လက်က ကိုင်ပြီး ခေါင်းငိုက်စိုက်နဲ့ အရက်ဆိုင်ထဲ

**ဒဏ်ရာ တစ်ခုရဲ့  လျှော်ကြေး*(အပိုင်း၆)


မောင်လွမ်းဆု (၀တ္ထု)

သံသရာ စက်ဝန်းထဲမှာ ငိုကြွေးရင်း နဲ့  ရင်မောခဲ့ ရပါပြီ....ဖြစ်ချင်တဲ့ အရာကို ဖြစ်လာအောင် လုပ်နိုင်ခဲ့ ပေမယ့်
မဖြစ်သင့် တဲ့ အရာတွေကလဲ ဖြစ်လာခဲ့ တော့  ငိုကြွေးရင်း နဲ့ သံသရာ စက်ဝန်းကြီးကို ဆက်ရအုံးမယ်ပေါ့ ။
အခု အမေ့ ရဲ့ အုတ်ဂူ နဲ့  ညီမလေးရဲ့ အုတ်ဂူ ကြားမှာ ကျနော် ငိုနေရင်း နောက်က ရောက်လာသူက တော့  တစ်ခြားသူမဟုတ်
ကျနော်နဲ့ ငယ်ငယ်က ပေါင်းလာခဲ့ တဲ့ ကျနော်သူငယ်ချင်း မြင့်သော် ပါ။
မြင့်သော် ပြောလာတဲ့ စကားတွေကတော့ ။
....သူငယ်ချင်း မင်းပြန်လာတယ် ကြားလို့  မင်းဒီနေရာမှာ ရှိနေမယ်ဆိုတာ ငါ သိလို့  လိုက်လာခဲ့ တာ....
...ဒီလို ပါပဲလူဘ၀ကြီး က ကိုယ်ဖြစ်ချင်တာတွေ အားလုံးဖြစ်လို့ မရပါဘူး.. ..
..လောကကြီးက ဖြစ်ပေးတဲ့ အရာတွေနဲ့ ပဲ ဒို့ တွေ ဖြစ်နေကြရတာပါ ...
...လာပါ သူငယ်ချင်း ရာ ရွာပြန်ရအောင်.....
...ဟေ့ ကောင် ဖိုးသော် ဒီအချိန်မှာ ငါ ဘယ်လောက်ခံစားနေရတယ်ဆိုတာ

**ဒဏ်ရာတစ်ခုရဲ့  လျှော်ကြေး**အပိုင်း(၅)

မောင်လွမ်းဆု (၀တ္ထု)

ကျနော် ဘ၀မှာ ကျေကျေနပ်နပ် ရခဲ့ ရတဲ့  ဒေါ်ချယ်ရီ ရဲ့  အချစ် ဒေါ်ချယ်ရီ ကြောင့် သေခဲ့ ရတဲ့  ကျနော်ညီမလေး ကျနော်ဘ၀ပြို ပျက်ခဲ့ ရတယ်။
အခုတော့ လဲ ဘ၀အသစ်ဆိုတာ ဒေါ်ချယ်ရီနဲ့ ပေါင်းပြီး ထူထောင်ခဲ့ ရပေမယ့် အဓိပ္ပါယ် ရှိပေမယ့်လဲ အဓိပ္ပါယ်မဲ့ ခဲ့ တာလဲရှိပါတယ်။
ကျနော် သူမ ကို ရခဲ့ တာ ညီမလေး အတွက် လက်စား ချေခွင့် က အဓိပ္ပါယ်ရှိပါတယ်။ မချစ်မနှစ်သက်ပဲ နဲ့ သူမကို လက်ထပ်ခဲ့ ရတာကတော့  အဓိပ္ပါယ်
မဲ့ နေလျှက်ပါ။
အရာရာတိုင်းကို အကောင်းမမြင်ပဲ ကြည့် ခဲ့ တဲ့  ကျနော်ကို ခွင့်လွတ်နားလည်စွာ ချစ်တတ်တဲ့  ဒေါ်ချယ်ရီကို လေးစားပေမယ့် ။ သူမရဲ့  မာနတရား နဲ့ 
လူတစ်ယောက် ကို မစာမနာ ပြောဆိုမူကြောင့် ကျနော်ညီမ အသက်တစ်ချောင်း

**ဒဏ်ရာတစ်ခု ရဲ့  လျှော်ကြေး**(အပိုင်း၎)

မောင်လွမ်းဆု (၀တ္ထု)


ဒေါ်ချယ်ရီတစ်ယောက် ကျနော်စာကိုဖတ်ပြီး ။
အမယ်လေး ငါ့ အတွက်နဲ့  နေမကောင်းဖြစ်ရတယ်လို့ ...
တကယ်တော့  သူနဲ့ ငါနဲ့ ဟာ ဘာမဟုတ်တဲ့ နှင်းဆီပန်းကနေ ဖုန်းဆက်လာတဲ့  အဆင့်ထိရောက်ခဲ ပေမယ့်။
သူဘယ်သူဘယ်ဝါ လဲ ဆိုတာ ငါ အသေချာမသိပဲ နဲ့  ငါသူကို ဘာဖြစ်လို့ အသိအမှတ်ပြုမိနေတာလဲ။
ဒါလုံးဝမဖြစ်နိင်ဘူး ငါတစ်သက်လုံး ငါမာန နဲ့  ငါနေလာတာ ဒါလေးကြမှ ဖြစ်စရာလား။
သူစိတ်ကို သူတွေးရင်း သူရဲ့ မာနတွေ ကို သူမကိုယ်တိုင်ပဲ ပြန်အားပေးနေပါတယ်။
ဒီလိုနဲ့ ပဲ သူမနဲ့ ကျနော် တစ်ပါတ်လောက် အဆက်အသွယ်တွေ ပြတ်ခဲ့ ပါတယ်။
သူမက လဲ သူမာနနဲ့ သူနေနိုင်အောင်နေတယ် ကျနော်က လည်း တိုက်ကွက်တစ်ခုပြောင်းကြည့်တာ အဆင်ပြေမယ်ထင်လို့  အခုတော့  အဆက်သွယ်တွေပါပြတ်နေပါပြီ။
အခုတော့  ကျနော် ဘာလုပ်ရတော့မလဲ ဒေါ်ချယ်ရီ ခင်များကို တော့ မရရအောင် ကျနော်လုပ်ကို လုပ်ရမယ့် တာဝန်ရှိနေပြီ။
ကျနော် သူကို ပေါ်တင်ပဲ လမ်းခင်းတော့ မယ်။
ဒီနေ့ ပဲ ကျနော် ဖုန်းခေါ်လိုက်ပါပြီ။
ဟဲလို.....မမလား..
...ဟုတ်တယ် ပြော..ဘာကိစ္စလဲ ..မင်းကလေးဆန်တဲ အပြုမူတွေ မရပ်ရင် ငါကို မဆက်သွယ်ပါနဲ့ ...
ဒါဟာကလေးဆန်တယ်ဟုတ်လားထားပါတော့ ...မမ ကျနော်

**ဒဏ်ရာတစ်ခုရဲ့  လျှော်ကြေး **အပိုင်း(၃)

 မောင်လွမ်းဆု (၀တ္ထု)


ဒေါ်ချယ်ရီ တစ်ယောက်အိပ်ခန်းထဲက ကုတင်ပေါ်တွင် သူကို နှင်းဆီအနီရောင်တွေနဲ့ လိုက်နှောက်ယှက်နေတာ ဘယ်သူလဲဆိုတာကို စဉ်းစားနေချိန်မှာပဲ
သူမရဲ့  ဟန်ဖုန်းလေး မြည်လာပါတော့သည်။
..............ဟဲလို...ဟုတ်ကဲ့  ချယ်ရီပါ....ဘယ်သူပါလဲ ရှင်..
......မမလား...
..ရှင်...
ဒေါ်ချယ်ရီ တစ်ယောက် ဖုန်းထဲ က မမလားဆိုတဲ့ စကားကိုကြားပြီး တစ်ချက်တွေဝေသွားတယ်။
...မင်းဘယ်သူလဲ...မင်း ငါ့ကို သိလို့ လား..
..မမ ကျနော်ကို မသိပေမယ့် ကျနော်မမ ကို သိခဲ့ တာကြာပြီ...
...နေပါအုံး ငါမကြိုက်တဲ့  နှင်းဆီပန်း အနီ တွေ နဲ့  လိုက်နှောက်ယှက်နေတာ မင်းလား..
..လိမ်တာကို မကြိုက်တဲ့  ကျနော်အတွက်တော့  မလိမ်ပါဘူးဆိုရင်ရော...
...အော်..ဒါဆိုမင်းပေါ့ ...ဘာသဘောနဲ့  ငါ့ ကိုလိုက်လုပ်နေတာလဲ..
...အခုလို တကူးတက အချိန်ကုန်ခံပြီး လိုက်လုပ်နေမှတော့ ..ဘာသဘောလဲ ဆို တာ ကျနော်ဘက်ကပြောပြစရာ မလိုဘူးထင်ပါတယ်..
...မမလဲ ..ကလေးမဟုတ်တော့ ပါဘူး...
....မင်း.. ရူးနေတာတော့  မဟုတ်ပါဘူး...နော်..
..ဟဟ..လူတစ်ချို့  ပြောတာတော့  အရူးစကားက မှန်တတ်တယ်..
..တော်ပြီ... မင်းကို ငါ စကား အများကြီး မပြောချင်ဘူး..မင်းဘာရည်ရွယ်ချက်နဲ့  ငါ့ ကို အခုလိုလုပ်နေတာလဲ ပြော..
..လူတစ်ယောက် ကို စိတ်မ၀င်စားပဲ နဲ့  တော့ 


Wednesday, May 23, 2012

**ဒဏ်ရာ တစ်ခုရဲ့  လျှော်ကြေး** အပိုင်း(၂)

မောင်လွမ်းဆု(၀တ္ထု)


ကျနော်ရဲ့  ညီမလေး အဆိပ်သောက်ပြီးသေခဲ့  တာ ရိုးရိုးသားသားတော့ မဖြစ်နိုင်ဘူးဆိုတာ ကျနော် ကြိုသိနေတယ်။
အခု တော့  အဖေလဲ ရွာကို ရောက်လာပါပြီ။ မိထွေးတော့ ပါမလာပါဘူး။
အဖေရောက်ရောက်ခြင်းပဲ ညီမလေးရဲ့  ဘေးအနားမှာ ထိုင်ပြီး စကားသံ သဲ့ သဲ့ လေးနဲ့ ငိုနေပါတော့ တယ်။
....မိုက်လိုက်လေ သမီး ရယ်...ကိုယ့် ဘ၀ကို အဆုံးစီရင် ရတဲ့ အထိပဲလား....
အမေကလဲ သဲ့ သဲ့ လေးနဲ့ ငိုနေပါတယ်။ ....သမီးရယ် .....ကို့ ကိုယ် ကို သတ်သေတယ်ဆို တာ အဖန်ငါးရာ ငါးကမ္ဘာ ဆိုတာ မသိဘူးလား.....
ကျနော်ကတော့  မရတော့  ပါ ကျနော့  ရင် တစ်ခုလုံးမီးဟုန်းဟုန်း တောက်ပါပြီ။ ကျနော် အခန်းနံရံတွေ ကို လက်သီး ဖြင့်ထိုးရင်း အော်၍ ငိုနေရပါတော့ သည်။
...ညီမလေး...ညီမလေး...
(တောက်) ...ဒါ အကြောင်း တစ်ခုခု တော့ ရှိကို ရှိရမယ်..................
ကျနော်လဲ ညီမလေး ဘာကြောင့် သေရတယ် ဆို တာ သိချင် စိတ်ပြင်းထန်စွာဖြင့် ညီမလေးရဲ့  ခရီးဆောင် အိတ်ကို ဖွင့်ပြီး အချက်လက် ရှာကြည့် တော့  ညီမလေးရေးထားတဲ့ စာအုပ်ကလေး တစ်အုပ်ကို

**ဒဏ်ရာ တစ်ခုရဲ့  လျှော်ကြေး** (အပိုင်း ၁)

မောင်လွမ်းဆု(၀တ္ထု)

(ဘ၀) ဆိုတာကို လူတွေ အမျိုးမျိုး ပုံဖော်ရေးဖွဲ့ နေကြပေမယ့် ကျနော် ဘ၀ကတော့ ဘာကို ဘယ်လိုရေးပြီးဘယ်လိုဖွဲ့ ရမှန်းမသိလောက်အောင်ပါပဲ။
ဘ၀ ဟာ ၀ိုင်တစ်ခွက်မဟုတ်တာတော့ သေချာတယ် တမာမြေမှာ မွေးခဲ့ တဲ့  ကျနော် ဘ၀ဟာ တမာလိုများ ခါးသွားခဲ့ တာလား။
လူဘ၀ကြီးမှာ ပြည့်စုံမူ တစ်ချို့ တစ်ဝက်နဲ့ အဆင်ပြေခဲ့  ပေမယ့် မိဘတွေရဲ့  သဘောထားမတိုက်ဆိုင် မူလေးတစ်ခုနဲ့  ကျနော်ရဲ့  မိသားစု ဘ၀လေးပျောက်ကွယ်ခဲ့ ရတယ်။
နယ်မြို့ ကလေးက ရွာလေးတစ်ရွာရဲ့ ဘေးမှာ ရေလှောင်တမန် တစ်ခုအတွက် ထက်က တာဝန်ကျလာတဲ့  အင်ဂျင်နီယာ လူငယ်လေးတစ်ယောက် မျိုးသန့်
ရွာက ဘွဲ့ ရပြီးခါစ မိန်ကလေးလေး တင်နွဲ့  နယ်ခံစာရေးမလေးအဖြစ်နဲ့  ရုံးအလုပ်ကလေးဝင်လုပ်ရင်း အင်ဂျင်နီယာပေါက်ကလေး မျိုးသန့် နဲ့ တွေ့ ခဲ့ ကြတယ်။
သူတို့  နှစ်ယောက် မေတ္တာမျှ ချစ်ကျွမ်းဝင်ခဲ့ တဲ့  တစ်နှစ်တာခရီးကုန်ဆုံးသွားချိန်မှာတော့  အကြင်လင်မယား ဘ၀သို့  ရောက်ရှိခဲ့ ပါတယ်။
ကောင်းလေး က ရန်ကုန်သား တောသူနဲ့ ကြိုက်ခဲ့ တဲ့ အတွက် ပိုက်ဆံရှိ အသိုင်းဝိုင်းဖြစ်တဲ့ ကောင်းလေးဘက်က မိဘတွေကသဘောမတူလို