ကြိုဆိုပါသည်

♥♥သံယောဇဉ်ပင်လယ်မှနှင်းဆီကလှိုက်လှဲစွာကြိုဆိုပါ၏..အလယ်ေ၇ာက်လာသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်..လှုပ်လှုပ်သဲ၇င်တွင်းစကားလေးတွေအန်ချရာပင်လယ်..Roseayemaung@gmail.comမှာပျော်ရွှင်နိုင်ကြပါစေ.♥♥.
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Saturday, February 23, 2013

**မိတ်ဆက်ကြေညာအပ်ပါသည**

မိတ်ဆက်ကြေညာအပ်ပါသည်..အွန်လှိုင်းပေါ်ကမောင်နှလိုခင်မင်တဲ့အကိုတယောက်...

 သူငယ်ချင်းများသို့
ကျွှန်တော်က ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်၊သံပုရာကုန်ကျေးရွှာမှ
 လူငယ်တယောက်ပါ ကျွှန်တော်အခုတင်ပြလိုသောအကြောင်အရာက
ိုစိတ်ဝင်တစားနဲ့ဖတ်ကြည့်ပေးပါရန်လေးစားစွာမေတ္တာရပ်ခံအပ်ပါတယ် ။
ကျွှန်တော်တို့ရွှာဟာ ရန်ကုန်-မန္တလေးအမြန်လမ်းရဲ့
92 မိုင် 5 ဖာလုံ တွင်တည်ရှိပါသည်။သူငယ်ချင်းများအားလုံးနှင့်တကွ
 မိဘ၊ဆွေမျိုးများ၊ညီအစ်ကိုမောင်းနှမများကို ခရီးသွားလာရာတွင် အ
ခက်အခဲရှိပါက ရွှာထဲသို့ဝင်ပြီး ကိုနေ၀င်းအောင်အိမ် ဘယ်နားမှာလဲဟ
ု မေးကာ အကူတောင်းနိုင်ပါသည်။ လိုအပ်သည့်အခက်ခဲများကို
တက်နိုင်သလောက်ကူညီဖြေရှင်းပါမည်။ရွှာနားရောက်ပြီး ဖုန်းနံပါတ်ဖြင့်
့်ဆက်သွယ်ကူအညီတောင်းလိုလျှင် 09-428199325 ကိုဆက်သွယ်
လိုက်ပါ .အလည်အပတ်လာရောက်လိုသူများကိုလည်တောဓလေ့နဲ့
တောသဘာဝကိုပြချင်ပါသေးသည် လာရောက်လည်ပတ်ကြပါရန
် အထူး
ဖိတ်ကြားအပ်ပါတယ်....................

သူငယ်ချင်းအားလုံးကိုခင်မင်စွာဖြင်......*phyutharlay007@gmail.com*
ကိုနေ၀င်းအောင်  ( 09-428199325 ) ကိုဆက်သွယ် ပါခင်ဗျား

မျှဝေလိုပါ၏..

Monday, July 9, 2012

 တနင်္ဂနွေ, 08 ဇူလိုင် 2012

အင်တာနက်ချိတ်ဆက်မရအောင် တိုက်ခိုက်မယ့်ဗိုင်းရပ်စ် သတိပေးချက်ထုတ်ပြန်



Wednesday, March 21, 2012

ငွေလဲနှုန်းအသစ် ၁ ဒေါ်လာ ၈၂၀ ကျပ် နှုန်းသတ်မှတ်မည်


မြန်မာကျပ်ငွေနဲ့အမေရိကန်ဒေါ်လာ ငွေ လဲလှယ်နှုန်းကို ဈေးကွက်ပေါက်ဈေးနဲ့ နီးစပ်တဲ့ ၁ ဒေါ်လာကို ၈၂၀ ကျပ် နှုန်း သတ်မှတ်ဖို့ 

ဦးသန့်သမီး ရွှေတိဂုံမှာ ငြိမ်းချမ်းရေး ခေါင်းလောင်းထိုး


ရန်ကုန် (မဇ္ဈိမ) ။         ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏

Tuesday, March 20, 2012

မန်ယူပွဲကို ကိုင်တွယ်ခွင့် မရခဲ့တဲ့ ဟောင်းဝပ်ဝက်ဘ်


ပြီးခဲ့တဲ့ အက်အေဖလား ပွဲစဉ်ဖြစ်တဲ့ စပါး အသင်းနဲ့ ဘော်တန် အသင်းတို့

Monday, March 19, 2012

ရွှေတိဂုံ စေတီတော်ရှိ စက်လှေကား ၆စီးအား တစ်နှစ်ခန့် ပိတ်ထားမည်

ရွှေတိဂုံ စေတီတော် အနောက်ဘက် မုခ်မှာရှိတဲ့ စက်လှေကား ၆ စီးကို

မြန်မာပြည်သွားလိုသူများ အွန်လိုင်းမှ ဗီဇာ လျှောက်နိုင်တော့မယ်


မြန်မာပြည်ကို ခရီးသွားဗီဇာနဲ့ အလည်အပတ် သွားရောက်မယ့်သူများအတွက်

သြစတြေးလျနိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့


သြစတြေးလျနိုင်ငံ အနောက်မြောက်ပိုင်း Pilbara ကမ်းခြေကို Lua အမည်ရှိ ဆိုင်ကလုန်းမုန်တိုင်း တစ်ခု ပြီးခဲ့တဲ့ စနေနေ့ မွန်းလွဲပိုင်းက
ဝင်ရောက် တိုက်ခတ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ မုန်တိုင်းဟာ

တရုတ်နိုင်ငံတွင် ကမ္ဘာ့အမြင့်ဆုံးနှင့် အရှည်ဆုံး ကြိုးတံတား မကြာမီဖွင့်လှစ်တော့မည်

 

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်မှာ တည်ဆောက်လျက်ရှိတဲ့ ကမ္ဘာ့အမြင့်ဆုံးနဲ့ အရှည်ဆုံးကြိုးတံတားကို

Wednesday, March 14, 2012

အစိုးရဝန်ထမ်းတို့ လစာတိုးမြှင့်

 

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။        ။ နိုင်ငံအတွင်း နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအားလုံး လက်ရှိ ရရှိနေ သည့် လစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တလကို ကျပ် သုံးသောင်း ထပ်မံတိုးမြှင့်ပေးလိုက်သည်ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ နိုင်ငံပိုင် ရုပ်မြင်သံကြား MRTV-4 မှတဆင့် ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ကြေညာ လိုက်သည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အမိန့်ကြေညာစာ

Sunday, February 26, 2012

ရှားပါးဖြစ်စဉ်အဖြစ် ခန္ဓာကိုယ်အပြင်ဘက် နှလုံးရောက်သည့်ကလေး အသက်သုံးနှစ်ပြည့်တော့မည်

ခန္ဓာကိုယ်အပြင်ဘက်တွင် နှလုံးရောက်ရှိသည့် ကလေးများမှာ ပုံမှန်အားဖြင့်ဆိုလျှင် သုံးရက်အထိသာ အသက်ရှင်နိုင်သော်လည်း အမေရိကန်မှ Ryan Marquiss ဆိုသူကလေးမှာ အသက်သုံးနှစ်ပြည့်မွေးနေ့ကို မကြာမီပြုလုပ်နိုင်တော့မည်ဖြစ်သည်။ Ryan ၏မိခင် Marquiss ကိုယ်ဝန် ၁၂ ပတ်ရှိသည့်အချိန်တွင် ကလေးအသက်ရှင်နိုင်ခြေမရှိသည်ကို စမ်းသပ်တွေ့ရှိခဲ့သဖြင့် ယင်းကိုယ်ဝန်ဖျက်ချရန် ဆရာဝန်များက အကြံပြုခဲ့သော်လည်း Ryan ၏မိဘနှစ်ဦးစလုံးက ငြင်းဆန်ခဲ့သည်။
အသက် ၃၄ နှစ်ရှိ မိခင် Marquiss က မိမိတို့ သည် သဘာဝဖြစ်စဉ်အတိုင်းရှိစေလိုသဖြင့် ဖျက်ချရန်ငြင်းဆိုခဲ့ခြင်းဖြစ်ကြောင်း၊ Ryan ကဲ့သို့ အခြေအနေမျိုးမှာ အသက်ရှင်နိုင်ခြေမရှိဟု ဆရာဝန်များက ပြောကြားခဲ့သော်လည်း ယခုအခါ Ryan က မိမိတို့အနီးတွင် ရှိနေသေးသဖြင့် အားလုံးအတွက် အံ့အားသင့်စရာ ဖြစ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။ Ryan ကဲ့သို့ ကလေးမျိုးမှာ သန်းပေါင်းများစွာ မွေးဖွားလာမှုတွင် ရှစ်ဦးခန့်သာရှိနိုင်ပြီး ယင်းရှစ်ဦးခန့်မှာလည်း သုံးရက်အတွင်း သေဆုံးနိုင်ကြောင်း သိရသည်။
Ryan ကို ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလကုန်ပိုင်းတွင် ၀ါရှင်တန်ရှိ ကလေးဆေးရုံတစ်ခု၌ မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သော နှစ်နှစ်အတွင်း Ryan ကို ခွဲစိတ်ကုသမှု တစ်ဒါဇင်ကျော် ပြုလုပ်ပေးခဲ့ရပြီး တစ်ဝက်သာ ဖွံ့ဖြိုးသော ၎င်း၏နှလုံးကို ပုံမှန်နှလုံးကဲ့သို့ အလုပ်လုပ်နိုင်ရန်အတွက် နေရာချသည့် ခွဲစိတ်ကုသမှုပြုလုပ်ခဲ့သည်။ ယင်းနောက် အပြင်ဘက်ထွက်နေသော နှလုံးကိုဖုံးသွားစေရန်အတွက် ၎င်း၏အရေပြားအောက်တွင် တစ်သျူးများ ပျံ့ထွက်စေသည့် အရာများကို ဆရာဝန်များက ထည့်သွင်းပေးခဲ့ကြောင်းသိရပြီး နှလုံးအစားထိုးကုသမှုကိုလည်း အနာဂတ်တွင် ပြုလုပ်ရန်ရှိကြောင်း သိရသည်။
Ref: Weekly Eleven

chandra bahadur dangi from nepal the new world's smallest man

ကမ္ဘာ့သက်ကြီးပု ဂရင်းနစ်စံချိန်ဝင်

2/25/2012 ယခုလ 21 ရက်နေ့ တုန်းက Nepal’s နိုင်ငံတွင် Chandra Bahadur Dangi ဆိုသည့် အသက် 72အရွယ်အမျိုးသားတစ်ဦး

သည် Media များနှင့်တွေ့ ဆုံကာ ၄င်းသည်ယခုလက်ရှိကမ္ဘာ့အရပ်အပုဆုံး(short man) တစ်ဦးဖြစ်ကြောင်း ဂရင်းနစ် စံချိန်

တင်လိုက်ပါသည် ။ Chandra မတ်တပ်ရပ်နေ စဉ်တွင် ၄င်းအရပ်သည် 56 cm ခန္ဒာကိုယ်အလေးချိန်ကတော့ 12 kg သာရှိပါ

သည်.။ယခုဆို Chandra ဟာ 2012ဂရင်းနစ် စာအုပ်ကြီးထဲကို ၀င်သွားပြီဖြစ်ပါသည်။‘the World’s shortest man ' ဟုအမည်ဖြင့်ဝင်သွားတာဖြစ်ပါတယ်. ယခင် Chandra အရင်ဝင်ထားသည့် သူကတော့ Filipino Junrey ဆိုသည့်သူပဲဖြစ်ပါသည် ။ ၄င်းအရပ်ကတော့ 60 cm ဖြင့်ဝင်ရောက်ထားတာဖြစ်ပါတယ် ယခုတော့ ၄င်းထက်ပုသော သူပေါ်ပေါက်လာပြီဖြစ်ပါသည် ။ Chandra က၄င်းစံချိန်ကို 4 cm နှင့်ချိုးလိုက်နိုင်ပါသည် ။



*ဆက်လက်ကြည့်ရှုပါခလေးလေးတွေရဲ့ဘ၀ဖြစ်အင်*
အနော်ကတော့အပစ်မဲ့တဲ့ခလေးတွေကိုအ၇မ်းချစ်တာ..အပစ်မဲ့တဲ့ခလေးဘ၀မှာ..
ဒီလိုလာခံစားနေ၇ပါလားနော့
ဒီလိုခလေးတွေကြည့်မိပြီး..အနော်ခလေးမမွေးချင်ဘူး...အနော့ကြောင့်ခလေး
လေးဒီဘ၀မျိုးမရောက်လာလိုဘူး..သနားတယ်...သနားတယ်......
ဟင့်ဟင့်....အိအိ...
ခလေးတို့ေ၇....ဘ၀ဆက်တိုင်း..သန်မာထွားကျိုင်းတဲ့ဘ၀မျိုးရနိုင်ပါစေလားနော့...

Wednesday, February 22, 2012

မြန်မာ့ဂုဏ်ဆောင် ဧည့်စာရင်းစစ်ခြင်း နှင့် အင်တာနက်ဆိုင် မာရှယ်လော




မြန်မာ့ဂုဏ်ဆောင် ဧည့်စာရင်းစစ်ခြင်း နှင့် အင်တာနက်ဆိုင် မာရှယ်လော

(ဓာတ်ပုံ - fu-min)

ရန်ကုန်မြို့ရှိ အင်တာနက်ဆိုင်များအားလုံး ည ၁၁ နာရီ နောက်ဆုံးပိတ်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှုးတို့က အင်တာနက်ဆိုင်များကို လိုက်လံ အကြောင်းကြားလျက်ရှိသည် ဟု အင်တာနက်ဆိုင်ရှင်များနှင့် အင်တာနက်သုံးစွဲသူများက ဆိုသည်။

“ကျွန်တော်တို့ အင်တာနက်

Saturday, February 18, 2012

ပြည်တော် ပြန်များ နိုင်ငံသား ခံယူခွင့် ပြန်လည် လျှောက်ထားနိုင်

ပြည်တော် ပြန်များ နိုင်ငံသား ခံယူခွင့် ပြန်လည် လျှောက်ထားနိုင် PoorBest
သတင်း - ပြည်တွင်း


Sunday, 19 February 2012 09:11 Written by ရွှေဟင်္သာသတင်းဌာန 0 Comments
အကြောင်း အမျိုး မျိုးကြောင့် နိုင်ငံ တကာကို ရောက်ရှိ နေကြသော မြန်မာနိုင်ငံ သားများကို အမိ နိုင်ငံ သို့ ပြန် လာပြီး မြန်မာ နိုင်ငံသား အဖြစ် သက်သေ အထောက် အထား ပြည့်စုံ ပါက နိုင်ငံသား ခံယူ ခွင့် ပြန် လည် လျှောက်ထား နိုင်ပြီး ဖြစ်ကြောင်း ဖေဖော် ၀ါရီ လ ၅ ရက်နေ့ လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီး ဌာန အကြီးတန်း အရာရှိ များက မီဒီယာ တွေ့ဆုံပွဲ တခုမှာ ပြောကြား ခဲ့ပါသည်။

“ပြည်ပက ပြန်ဝင်လာတဲ့မြန်မာတွေ အနေနဲ့ နိုင်ငံသား ခံယူခွင့် ပြန်လည်လျှောက်ထားတဲ့အခါမှာ ဟိုဘက်နိုင်ငံ သားခံယူပြီးသားဖြစ်နေရင်တော့ စွန့်လွှတ်ပြီးမှ လျှောက်ခွင့်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ သားအဖြစ် ပြန်လည်ခံယူဖို့အတွက် ပြည်ပရှိမြန်မာသံရုံးတွေမှာ လျှောက်ရမှာဖြစ်တယ်။ ပြည်ပရောက်မြန်မာတွေ အနေနဲ့ တရားဝင်နိုင်ငံသားပြန်လည် ခံယူခွင့်ရှိတယ်ဆိုတာကို အသိပေးထားတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ယင်းတွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါ သည်။

ပထမ အဆင့်အနေနှင့် မြန်မာနိုင်ငံသားဘ၀မှ တခြားနိုင်ငံသားအဖြစ် ခံယူထားသူများသည်၊ မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူခွင့်လျှောက်ထားသည့်အခါမှာ လျှောက်ထားသူ၏ ကိုယ်ရေး အချက်အလက်များကို သက်ဆိုင်သည့်နိုင်ငံရှိ မြန်မာသံရုံးလူဝင်မှု ကြီးကြပ် ရေးဌာနက စီစစ်ပြီး သဘောထား မှတ်ချက်တောင်းမည်ဖြစ်ပါသည်။

နိုင်ငံသား ခံယူခွင့်လျှောက်သူသည် မြန်မာနိုင်ငံသားဖြစ်နေမည်ဆိုပါက ပြန်လည်လက်ခံပေးမည်ဟုဆိုပါသည်။ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးသည့် နိုင်ငံသားတွေသည် မွေးရာပါနိုင်ငံသားများ ဖြစ်သဖြင့် နိုင်ငံသား စိစစ်ရေးကပ် ရမည် ဖြစ်ပါသည်။ ဥပဒေအရသာ သက်ဆိုင်သည့် နိုင်ငံသားများက ဧည့်နိုင်ငံသားကပ်များသာ ရရှိမည်ဖြစ်ပါသည်။ ပြည်တွင်းကနေရာအသီးသီးများ၌ အခွန်ဆောင်နေသည့် နိုင်ငံခြားသားများကိုမူ အက်ဖ်အာရ်စီနှင့် အကြောင်းအမျိုးမျိုးကြောင့် နောက်ကြောင်းမပြည့်စုံသေးသူများကိုမူ ယာယီနိုင်ငံသား ကပ်များ ထုတ်ပေးမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံသားအဖြစ် လျှောက်ထားသူများသည်၊ နိုင်ငံသား ခံယူခွင့်အတွက် နိုင်ငံသား စီစစ်ရေး ဗဟိုအဖွဲ့ထံ တင်ပြ လျှောက်ထားနိုင်ပြီးဖြစ်ပါသည်။ လျှောက်ထားသူမည်သူမဆို အထောက်အထားပြည့်စုံဖြင့် ဥပဒေနှင့်အညီဖြစ်ပါကရင် နိုင်ငံသား ခံယူခွင့်ပြုသည်ဟု ယင်းမီဒီယာတွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲံပါသည်။

ဤကဲ့သို့ အစိုးရမှ နိုင်ငံသားပြန်လည်လက်ခံရေးကို ဆောင်ရွက်နေသော်လည်း အထွေအထွေ လွတ်ငြိမ်းချမ်းသာခွင့် မပြု သေးသည့်အတွက် အများစုမှာ ယုံကြည်နိုင်စရာ မရှိသေးဟု ပြောဆိုနေကြပါသည်။ (၁၉၈၈) ခုနှစ်အရေးတော်ပုံကြောင့် နိုင်ငံမဲ့ဘ၀ဖြင့် ရောက်နေကြသော မြန်မာနိုင်ငံသားများရှိနေကြသလို၊ သောင်းချီပြီး တတိယနိုင်ငံကိုရောက်ရှိသွားကြ ပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/1146-2012-02-19-02-17-18.html

Monday, January 23, 2012

ရန်ကုန်လေဆိပ်ကို ဗုံးခွဲရန် ကြံစည်သူများ ဖမ်းမိ

ရန်ကုန်လေဆိပ်ကို ဗုံးခွဲရန် ကြံစည်သူများ ဖမ်းမိ

January 23, 2012
လှည်းတန်းဈေးအိမ်သာအတွင်း ဗုံးခွဲမှုများနှင့် သက်ဆိုင်သည့် သူနှစ်ဦးကို ကညန ရုံးရှေ့ အငှားယာဉ်ပေါ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ကိစ္စကိုစစ်ဆေးရာမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အငှားယာဉ်ငှားရမ်းပြီး ဗုံးခွဲရန်ကြံစည်ခဲ့သည့် အစီအစဉ်တွင် အကြံပေးခဲ့သော စာရွက်စာတမ်းအထောက်အထားများကို သင်္ဃန်းကျွန်းရဲစခန်းမှ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ သင်္ဃန်းကျွန်းရဲစခန်းမှ လှည်းတန်းဈေးအိမ်သာအတွင်း ဗုံးခွဲမှုများနှင့် သက်ဆိုင်သည့်သူနှစ်ဦးဖြစ်သည့် ကတုံး(ခ) ဇော်သက်အောင် (ကဝမြို့နယ်နေသူ) တို့နှင့် အောင်ကို မင်း(ခ) နေမျိုးသူရအောင် (သာယာဝတီမြို့နယ်နေသူ) နှစ်ဦးကိုစစ်ဆေးရာမှ ယခုကဲ့သို့ အထောက်အထားအချက်အလက်များကို သိရှိရခြင်းဖြစ်သည်။ “သူတို့ အဖွဲ့က လေးဦး၊ လေးဦးထဲက အခုနှစ်ဦးက ထိုင်းနိုင်ငံမဲဆောက်မြို့အခြေစိုက်တဲ့ VBSW အဖွဲ့မှာ ဖောက်ခွဲရေးသင်တန်းများ တက်ရောက်ခဲ့တဲ့အပြင် သင်တန်းပို့ချခြင်းတွေကိုပါ ပြုလုပ်ခဲ့တယ်လို့ စစ်ဆေးသိရှိရတယ်။ သူတို့နှစ်ဦးက လှည်းတန်းဈေးအိမ်သာ ဗုံးဖောက်ခွဲမှု၊ အငှားယာဉ်ပေါ်မှာ ပေါက်ကွဲမှု၊ မြို့တော် ခန်းမအတွင်း ဗုံးတွေ့ရှိမှု စတဲ့ကိစ္စတွေမှာလဲ အဓိက ပါဝင်ပတ်သက်တယ်” ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ ၎င်းတို့နှစ်ဦးသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွင်း ပြည်သူလူထုက အထိတ်တလန့်ဖြစ်အောင် ရုန့်ရင်းကြမ်းတမ်းမှု ခြိမ်းခြောက်မှုများကို ကျူးလွန်လေ့ရှိသည့် ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက် စွမ်းအားမြင့်ကျောင်းသားများအဖွဲ့ အစည်း (VBSW) မှ အဖွဲ့ဝင်များဖြစ်သည်။ သင်္ကန်းကျွန်းရဲစခန်းမှ ၎င်းတို့ နှစ်ဦးကို (ပ)၅၁၂/၁၁ ပုဒ်မ၂၈၆/၃၃၈/၃၀၂ အမှုအား စစ်ဆေးရာမှ ယခုကဲ့သို့ အရေးတကြီး သက်ဆိုင်သည့်ကိစ္စများကို သိရှိခဲ့ခြင်းဖြစ်ရာ သင်္ကန်းကျွန်းရဲစခန်းမှ (ပ)၇၂/၁၂ မတရားအသင်း အက်ဥပဒေနှင့် ပုဒ်မ ၁၇ (၁) ဖြင့် ဇန်နဝါရီ ၁၈ ရက်က ထပ်မံစစ်ဆေးလျက်ရှိကြောင်း  တင်ပြအပ်ပါသည်။

http://www.khitlunge.org/ 
နှင်းဆီ

မြန်မာ့အကောက်ခွန်နှုန်းစာရင်း သတ်မှတ်ပြဋ္ဌာန်းချက် ဝက်ဘ်ဆိုက်ပေါ်တွင်

မြန်မာ့အကောက်ခွန်နှုန်းစာရင်း သတ်မှတ်ပြဋ္ဌာန်းချက် ဝက်ဘ်ဆိုက်ပေါ်တွင်
ကြည့်ရှုနိုင်

23/Jan/2012
E-Mail this article Printable Versio
မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၁၂ အား သတ်မှတ်ပြဋ္ဌာန်းလိုက်ရာ ၎င်းကို အကောက်ခွန်ဦးစီးဌာန၏ ဝက်ဘ်ဆိုက်တွင်ကြည့်ရူနိုင်ကြောင်း သိရှိရသည်။ www.myanmarcustoms.gov.mm ဝက်ဘ်ဆိုက်လိပ်စာတွင် စတင်ဖော်ပြထားခြင်းဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရှိရသည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရသည် အကောက်ခွန်နှုန်းဥပဒေ ၁၉၉၂ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ပြဋ္ဌာန်းပေးခဲ့ပြီး ယင်းဥပဒေပါ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးခဲ့ကြောင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘာ့အကောက်ခွန်အဖွဲ့၏ စည်းဝါးညီပြင်ဆင်ချက် ၂၀၁၂ (ASEAN HS 2012 Amendment) များကို အခြေခံရေးဆွဲထားသော မြန်မာ့ အကောက်ခွန်နှုန်းစာရင်း ၂၀၁၂ (Customs Tariff oF Myanmar 2012)အား မြန်မာနိုင်ငံ၏ ကုန်သွယ်မှုလုပ်ငန်းများနှင့် လွတ်လပ်သော ကုန်သွယ်မှုဒေသများတွင် ကျင့်သုံးဆောင်ရွက်ရန်အတွက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန န်ကြီးရုံး၏ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၇၈/၂၀၁၁) ဖြင့် သတ်မှတ်ပြဋ္ဌာန်းလိုက်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

http://www.khitlunge.org/
နှင်းဆီ

Sunday, January 8, 2012

သူရဲကောင်းဘွဲ့နှင့်ထိုက်တန်သူများ

သူရဲကောင်းဘွဲ့နှင့်ထိုက်တန်သူများ


အတွဲ ၂၈ ၊ အမှတ် ၅၅၁ ( ၆ - ၁၂ ၊ ၁ ၊ ၂၀၁၂)
၂၀၁၁ ကုန်ခါနီး ရက်ပိုင်းအလိုတွင် ရန်ကုန်မြို့နှင့် မြန်မာ တစ်နိုင်ငံ လုံးကို လှုပ်ခတ်သွားစေခဲ့သော မင်္ဂလာတောင်ညွန့်မြို့နယ်၌ ဖြစ်ပွား ခဲ့သည့် မီးလောင်ပေါက်ကွဲမှုဖြစ်ရပ်တွင် မီးသတ်တပ်ဖွဲ့ဝင်ငါးဦး သေဆုံးခဲ့ပြီး ၎င်းတို့၏ရက်လည်ဆွမ်းသွတ်အခမ်းအနားကို လွတ်လပ် ရေးနေ့ (၄-၁-၂၀၁၂) နေ့က ပြုလုပ်ခဲ့သည်။
နိုင်ငံတော်အစိုးရက ၎င်းမီးသတ်တပ်ဖွဲ့ဝင် ငါးဦးအား နိုင်ငံတော် သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၁၂ ဖြင့် ဂုဏ်ထူးဆောင် ဘွဲ့များနှင့် ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့် အပ်နှင်းခဲ့သည်။
ထိုနေ့ဖြစ်ရပ်တွင် မီးသတ်ရဲဘော်များ စွမ်းစွမ်းတမံ သက်စွန့်ဆံဖျား တာဝန်ထမ်းဆောင်ခဲ့မှုကို ဖော်ပြပါပုံဖြင့် ဂုဏ်ပြုအပ်ပါသည်။


စွမ်းရည်သတ္တိဆိုင်ရာဆုရခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များ
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မီးလောင်ပေါက်ကွဲမှုတွင် အသက်စွန့်၍ ရဲဝံ့စွန့်စားစွာ တာဝန်ထမ်းဆောင်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင် ငါးဦးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဆိုင်ရာတံဆိပ်များကို နိုင်ငံတော်အစိုးရက ချီးမြှင့်အပ်နှင်း ခဲ့သည်။
၁။ မီးသတ်တပ်ကြပ် ဦးတင်စိုး ရဲသီဟတံဆပ်
၂။ မီးသတ်တပ်ကြပ်ကြီး ဦးဇော်ဌေး ရဲသူရတံဆိပ်
၃။ မီးသတ်တပ်သား ဦးမျိုးကျော်ကျော် ရဲသူရတံဆိပ်
၎။ မီးသတ်တပ်သား ဦးသော်ဇင်မျိုး ရဲသူရတံဆိပ်
၅။ မီးသတ်တပ်သား ဦးအောင်အောင် ရဲသူရတံဆိပ်


http://www.myanmar.mmtimes.com/2012/news/551/news03.html

Sunday, December 25, 2011

ဒီဇင်ဘာ ၂၃ရက် ၂၀၁၁ နံနက် ၁၀ နာရီ တွင် နေပြည်တော်သို့ 

၂၃-၁၂-၂၀၁၁ (ဓါတ်ပုံ AP)
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင်များဖြစ်ကြသော ဦးတင်ဦးနှင့်  ဒေါ်အောင်ဆန်း
စုကြည်၊ ရှေ့ နေကြီး ဦဥာဏ်ဝင်း အပါအ၀င် အဖွဲ့ ချုပ်ခေါင်းဆောင်များ ယနေ့  ဒီဇင်ဘာ ၂၃ရက် ၂၀၁၁ နံနက် ၁၀ နာရီ တွင် နေပြည်တော်သို့ 

ပါတီမှတ်ပုံတင်ရန်ရောက်ရှိလာသည်ဟုသိရှိရပြီး နေပြည်တော် အမျိုးသားလွှတ်တော် ဥက္ကဌ
ဦးခင်အောင်မြင့် ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရရွှေမန်းနှင့် အစိုးရတာဝန်ရှိသူများက လက်ခံကြို
ဆိုတွေဆုံကြသည် ဟုသိရှိရပါသည်။
ယင်းကဲ့သို့တွေ့ဆုံမှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊
ဦးဥာဏ်ဝင်း၊ ဦးခွန်သာမြင့်၊ ဒေါက်တာငယ်ငယ်တို့ ပါဝင်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်
မရှင်မှ ဥက္ကဌ ဦးတင်အေး၊ အတွင်းရေးမှုး ဦးဝင်းကို၊ အဖွဲ့ဝင် ဦးမြင့်နိုင်၊ ဦးအောင်မြင့်၊ ဦးသာဦး၊ ဒေါက်တာဒေါ်မြင့်ကြည်၊ ဦးဝင်းကြည်၊ ဦးညွန့်တင်တို့ ပါဝင်ကြောင်း သိရပါသည်။ ဒေါ်အောင်ဆန်းစုကြည်နေပြည်တော်သို့ လာရောက်သည်မှာယခုအကြိမ်သည်ဒုတိယအကြိမ်
ဖြစ်ပြီးယခင်ဩဂုတ်လကသမ္မတဦးသိန်းစိန်နှင့်တွေ့ ဆုံရန်တကြိမ်ရောက်ခဲ့ဘူးပါသည်။

Wednesday, December 21, 2011

RFA Burmese Webcast December 21st, 2011


****


♥♥ စိတ်..၂..မျိုးရှိတဲ့မိန်းမ♥♥

1**အလုပ်သွားနေတဲ့အချိန်……အလုပ်မှာကြွားဝါတတ်တယ် အ၀တ်ကောင်း အစားကောင်းတွေစားပြတတ်တယ် အများအထင်ကြီးအောင်ပြောတတ်..
နေပြတတ်တယ်မရှိတာကို၇ှိအောင်ပြောတတ်တယ်……။။
2**အိမ်ပြန်ေ၇ာက်တဲ့အချိန်……ကိုယ့်ယောက်င်္ကျားေ၇ှ့မှာ.ငြီးညူပြတတ်တယ်
အ၀တ်ကောင်း အစားကောင်းမ၀တ်၇ဘူးပြောတတ်တယ် ဖြစ်သလိုနေပြတတ်တယ် မပြုမပြင်ပဲနေပြတတ်တယ် …..
ဒီလိုစိတ်၂မျိုးထားတတ်သောမိန်းမမျိုးကို..အိမ်၇ှင်ယောင်္ကျားလုပ်သူက စိတ်ဓါတ်ကျပြီး. အပြင်မှာလှပသော ပျော်စ၇ာကောင်းသောမိန်းခလေးကို၇ှာတတ်ကြပါတယ်…။
..
မိန်းခလေးတို့ေ၇..အိမ်ထောင်ေ၇းပျော်၇ွှင်ဖို့..၇ာသက်ပန်ခိုင်မြဲစေဖို့သတိ၇ှိစေချင်ပါတယ်။။
နှင်းဆီ

♥♥ ဘယ်သူပိုကောင်းလဲ♥♥
1*တယောက်လူက……တပါးသူကိုကူညီတယ်  ပေးကမ်းလှုဒါန်းတယ်
ဒါပေမဲ့ သူ့အသံမထွက်ဘူး..။။
2*တယောက်လူက……တပါးသူကိုကူညီတယ်  ပေးကမ်းလှုဒါန်းတယ်
ဒါပေမဲ့ သူ့အသံထွက်တယ်…။။
အလူုဒါနအကျိုးအထမြောက်အောင်စကားတခွန်းသည်
အဓိကဆင်ချင်ပြော. ဆိုနိုင်ကြပါစေ ။။.
နှင်းဆီ
♥♥ အရှုံးသမားမဖြစ်အောင်ဲ♥♥
တယောက်နဲ့တယောက်စကားများနေချိန်မှာတဖက်လူက
စိတ်ဆိုးနေပါစေ ကိုယ်ကစိတ်မဆိုး၇ဘူး ကိုယ်ကပြန်ပြီးစိတ်ဆိုးလိုက်၇င် ကိုယ်ကအရှုံးသမားဖြစ်သွားလိုက်မယ်…
ရှုံးသူကသာစိတ်ဆိုးတတ်လို့ပါပဲ……။။

နှင်းဆီ
♥♥နှင်းဆီအေးမောင်..2011.November.22.Pm12;00 ♥♥