★★နေ၀င်စောခဲ့သော ညနေများ★★
ဆေးစက်ကျရာအရုပ်ထင်ခဲ့တဲ့ ငါတို့ရဲ့ကမ္ဘာကြီးမှာ
ဖျားယောင်းမှုနှစ်ထပ်ပုံသေနည်းတွေနဲ့
လှည့်ကွက်တွေရှိခဲ့တယ်နော်.....★★
အချစ်ဆိုတာက
တစ္စေမကြောက်တဲ့မျက်ကန်းတွေကိုမှ
မျက်လှည့်ပြတတ်ပါသလား....★★
အတူယှဉ်တွဲ
မျှော်လင့်ယုံကြည်မှုတွေ
တန်ဖိုးထားမက်မက်စက်စက်ရွှေးချယ်ထားပေမယ့်
ဒီဇတ်လမ်းလေးမဆုံးခင်
နေ၀င်စောခဲ့တယ်နော်......★★
ဒီလိုပါပဲလေ.....
အတိတ်ဖြစ်သွားသောနေ့ရက်များကို
ပြန်တွေးမိတိုင်း
ဒါကိုလွမ်းဆွေးတယ်ခေါ်သလား...★★.
မေးခွန်းတိုင်းက အဖြေမရှိတတ်သလို
အလွမ်းကနှုတ်ပိတ်နေတတ်တယ်လေ.........★★
ဇူလိုင်လ11 2013 အချိန် ညနေ..5:10..၀လေးရဲ့
ခံစားချက်ကဗျာလေးဖြစ်ပါတယ်..
အတူယှဉ်တွဲ
ReplyDeleteမျှော်လင့်ယုံကြည်မှုတွေ
တန်ဖိုးထားမက်မက်စက်စက်ရွှေးချယ်ထားပေမယ့်
ဒီဇတ်လမ်းလေးမဆုံးခင်
နေ၀င်စောခဲ့တယ်နော်......★★
ဟာ အလွမ်းကို နှုတ်ပိတ်မထားခိုင်းပါနဲ့ ။ သနားပါတယ်နှင်းဆီရ။ ဇူလိုင်လ ၁၁ ရက်နေ့ကဆိုတော့ ခံစားချက်တွေက လတ်လတ်ဆတ်ဆတ်ကြီးပါလား။
ReplyDelete