အမြဲတမ်းအတွက်မင်း....စည်သူလွင်..သီချင်းလေးပါ
ကြိုဆိုပါသည်
Thursday, October 25, 2012
♥♥အမြဲတမ်းအတွက်မင်း♥♥
အမြဲတမ်းအတွက်မင်း....စည်သူလွင်..သီချင်းလေးပါ
Wednesday, October 17, 2012
♥ တိမ်ကျဲကောင်းကင် ♥
ဒီကဗျာလေး ၂ပိုဒ့် ကတော့ .၀လေးရဲ့ခံစားချက်ကဗျာလေးပေါ့…မြီးကြည့်ကြပါအုံး…နော့…
♥ တိမ်ကျဲကောင်းကင် ♥
အတိတ်တွေအနယ်ထိုင်ဖို့
ကဗျာတစ်ပုဒ်ရေးယုံနဲ့ပြည့်စုံမှာလား
ချစ်သူရဲ့ကံတရားမှော်ဝင်ရာ
အဝေးကသီချင်းများလှုပ်ခတ်လို့နေလဲ
နှစ်များစွာလေလွင့်ဖြူရော်နေသောစကားလုံးတွေ
ဒီနွေမှာအခက်အရွက်ကြွေပြီ..........၊၊
တောင်းတိုင်းမပြည့်နိုင်တဲ့ဆုတစ်ခုပါ
စံပါယ်တွေလွယ်လွယ်မပွင့်နိုင်ဘူးလေ
ဒီလိုပါပဲ ညီမလေးရေ.......
မုန်တိုင်းတွေမတိုက်ခတ်ခင်အထိ
ကိုယ့်ဝိညာဉ်ပေါ် ကြွေကျလာမယ့်အဓိပါယ်တွေ
အသားမာတတ်အောင်ထမ်းထားချင်တော့တာပဲလေ............။
ယောင်ကိုင်းအထိနာ နှလုံးသားပေါ်က
အနမ်းခြေရာများစုပုံညွှတ်အိပြိုကျ
စိတ်ကူးရောင်စုံ စံပါယ်ပွင့်ရဲ့ထုံကူးခံရတဲ့တစ္စေ
အယောင်ဆောင်လှိုင်းစွယ်အဖျားမှာ
နားခိုမိန်းမောရင်း.........
အတောင်ကျွတ်ငှက်တစ်ကောင်ရဲ့
အပြုးယဲ့ယဲ့ကိုကြောက်တယ်.....................။
ငွေ့ရည်ဖွဲ့မိုးတိမ်
အလွမ်းတွေကိုခြေရာခံပြီး
အတုံးအရုံးကြွေကျခဲ့တဲ့ နွေနံနံက်ခင်း
ပြဇတ်မဆန်ခဲ့တဲ့ဘ၀ဟာ
ကန့်လန့်ကာနောက်ကွယ်မှာ
တိတ်တိတ်လေးချောင်းကြည့်နေတယ်...............။
ပစ္စုပန်မှာလဲ
နီးခြင်းဝေးခြင်းသင်္ကေတတွေကြားမှာ
မိုင်ပေါင်းများစွာဝေးလို့
တိမ်ကျဲကောင်းကင်ဟာ
ငါ့အတွက် ပူပြင်းလွန်းပါတယ်လေ..................။
♥နှုတ်ဆက်ခြင်း♥
အဖြစ်အပျက်တွေက
နောင်တရချင်လောက်အောင်ကို
ဖျားယောင်းထားခဲ့တယ်
အစွဲအလန်းတွေကသွေးပေါင်ကျစေတယ်
အိမ်မက်တွေအမှတ်မှားခဲ့တာငါ
နှလုံးသားဒဏ်ရာက
မခံချင်စိတ်ကြောင့် သွေးတိတ်သွားခဲ့ပြီ
အတိတ်နဲ့ပစ္စုန်ပန်ကပြောင်းပြန်အချိုးကျတယ်
ယုံကြည်နိုင်သလောက်ယုံကြည်ခွင့်ရှိပါတယ်
မြင်နေလျှက်မှမျက်နှာလွဲပစ်ခဲ့ရင်
တပ်မက်မှုရာသီအငွေ့ပျံလွယ်နေတာ
ပြက္ခဒိန်စာမျက်နှာမှာ ရက်စွဲတွေမှတ်ရင်း
အသက်ရှုကျပ်လာတယ်လေ
ပြန်ပြောင်းပြီးတော့လဲမလွမ်းချင်တော့ပါဘူး
ကျောခိုင်းထားတဲ့ရင်ဖက်နဲ့
ငါလာနှုတ်ဆက်မယ်......................၊၊ ၊၊
Tuesday, October 16, 2012
*ဥယျာဉ်မှုးလိုလူ ကိုယ်လိုလူ*
*သူငယ်ချင်းလေးနန်းချစ်သူ*2012.oct.16..pm 22:30
သူရဲ့ခံစားချက်လေးကိုရင်ဖွင့်ထားတာကတော့ဒီလိုတဲ့…ဥယျာဉ်မှုးလိုလူလိုခံစားမိလို့ရေးကြည့်တာပါ..နောက်ပြီးနှင်းဆီဆိုတဲ့ကောင်မလေး…ပန်းနှင်းဆီဆိုတဲ့ဘ၀မှာရဲရဲတောက်သတ္တိတွေနဲ့ကြံ့ကြံ့ခံအောင်မြင်ပါစေလို့ဆုတောင်းဆနပြုရင်းနဲ့ဒီကဗျာလေးဖြစ်သွားတာပါ..ပျားတွေလိပ်ပျာတွေကိုမုန်းတာလည်းပါတာပေါ့….ဟဲဟဲ….ဆိုပြီး ပို့ပေးလာသောကဗျာလေးဖြစ်ပါတယ်…သူနဲ့အတူ့ခံစားဖတ်ကြည့်ကြပါလား……..နော့
ဥယျာဉ်မှုးလိုလူ ကိုယ်လိုလူ
ကြည်းနူးစရာ ပန်းခင်းတစ်ခု
ယုယုယယ ကြွကြွရွရွ
ရေလောင်းပေါင်သင် ထာဝစဉ်
ပြုစုခဲ့တာ ဥယာဉ်မှုး
လှပကြော့ရှင်း ရနံ့သင်းအောင်
ဆူခက်နှင်းဆီ ဖန်တီးရှင်
ပေးဆပ်တာလည်း ဥယာဉ်မှုး
အစွမ်းကုန်းပွင့်လန်း ပန်းတွေနမ်းဖို့
လိပ်ပြာငယ်တို့ ၀ဲကြပြီ.....
ပျားတွေပျံသန်း ဥယာဉ်နန်းမှာ
ဝတ်ရည်ယူဖို့လာကြပြီလေ.....
ပန်းတို့ရှိရာ လိပ်ပြာလာပြီး
ဝတ်ရည်စုပ်ယူ ပျားရန်သူတို့
သဘာဝသဘော ဘယ်လိုပြောပြော
ဥယာဉ်မှုးအတွက် ငါ့အတွက်တော့
လိပ်ပြာဆိုတာ ပန်:ဖျက်ပိုး
ပန်းအားလုံးအတွက် ပျားပိတုန်းဆိုတာ ရောဂါဆိုးပဲ........။။။
ဥယျာဉ်မှုးဘ၀ ငါ့ဘ၀လို
ခံပြင်းခက်ခက် အလွမ်းနက်နက်ဖြင့်
ပန်းများပွင့်လျှင် ပီတိရွှင်၏
ဇယားတွေပြောင်း အချိန်တွေနှောင်းကာ
ပန်းတို့ငြိုးကြွေ သူလည်းငို၏
ချစ်သောနှင်းဆီ ပန်းနှင်းဆီရေ
လောကရဲ့ ပန်းဥယာဉ်မှာ
မငြိုးသော ပန်း ထာဝစဉ် လန်းလို့
သတ္တိ အံခဲ နီနီ၇ဲ
ဆူးခက်ဝန်ရံ စိတ်ဓါတ်မှန်ဖြင့်
လောကအတွက် အလှဆုံးဖြစ်စေ
ဆန္ဒတွေနှင့် ......
ဥယာဉ်မှုးလိုလူ ကိုယ်လိုလူ......
**ပွင့်သောပန်းတိုင်း လန်းစေချင်**
အကို နေမင်း..ပို့ပေးလာသောကဗျာလေးတွေပါ
2012.oct.14..နေလယ် ၁နာရီ
**ပွင့်သောပန်းတိုင်း လန်းစေချင်**
မြေမှန်မျိုးမှန် စိုက်ပျိုးခဲ့ပြီး
နေရဲ့စွမ်းအင် ကူညီယူကာ
လှပဖို့တွက် ဖန်ဆင်းခဲ့တယ်
ပန်းကောင်းတစ်ပွင့် ဖြစ်လာဖို့ရာ
အချိန်ကြာကြာ ပြင်ဆင်ခဲ့ပြီး
ပွင့်လာဖို့ရာ ကြိုးစားရှာတယ်
ပွင့်လာသောခါ အဖိုးတန်သည့်
နန်းထိုက်ပန်းလေး ဖြစ်ဖို့ရာက
ပန်ဆင်တဲ့သ မူတည်နေတယ်
ပန်းတို့ဘ၀ ကြွေကာကျမှ
မျက်ရည်များလည်း မခစေချင်
ဒါကြောင့်မိုလို ပွင့်သောပန်းတိုင်း
လန်းပါစေဟု ဆုတောင်းချင်သည်..။။
မြေမှန်မျိုးမှန် စိုက်ပျိုးခဲ့ပြီး
နေရဲ့စွမ်းအင် ကူညီယူကာ
လှပဖို့တွက် ဖန်ဆင်းခဲ့တယ်
ပန်းကောင်းတစ်ပွင့် ဖြစ်လာဖို့ရာ
အချိန်ကြာကြာ ပြင်ဆင်ခဲ့ပြီး
ပွင့်လာဖို့ရာ ကြိုးစားရှာတယ်
ပွင့်လာသောခါ အဖိုးတန်သည့်
နန်းထိုက်ပန်းလေး ဖြစ်ဖို့ရာက
ပန်ဆင်တဲ့သ မူတည်နေတယ်
ပန်းတို့ဘ၀ ကြွေကာကျမှ
မျက်ရည်များလည်း မခစေချင်
ဒါကြောင့်မိုလို ပွင့်သောပန်းတိုင်း
လန်းပါစေဟု ဆုတောင်းချင်သည်..။။
နေမင်း
**ဝေးနေရတဲ့ချစ်သူ**
ချစ်သူချစ်သူ တမ်းတနေတဲ့
ငါ့စိတ်တွေက တခါလည်းမဟုတ်
အကြိမ်ကြိမ်သာ ငါနုတ်ဖျားက
ရေရွှတ်ရင်းနဲ့ လွမ်းမိခဲ့တယ်
ဝေးနေရလည်း၊ နှလုံးသားချင်းက
နီးနေဖို့က အဓိကမို့
တွေးတောရင်းနဲ့ နေခဲ့ရတာ
အချိန်များစွာ ကြာခဲ့ပြီကွယ်
တချိန်တုံးက သူပြောခဲ့တဲ့
စကားတစ်ခွန်း မှတ်မိသေးတယ်
ဘယ်လောက်ထိများ ဝေးနေမှာလည်း
နှလုံးသားထဲ ချစ်ရသူရယ်
တနေ့ကြရင်၊ တွေ့ကြမယ်လို့
ပြောခဲ့ဘူးသူ ခုချိန်မှာတော့
လွမ်းရယုံနဲ့ ဘာထူးမှာလဲ………..
နေမင်း
**ချစ်သူသိစေ**
ငါ့အာရုံထဲ စွဲမြဲကျန်ရစ်
ချစ်များစွာတို့ ဘယ်ခါမပျောက်
ထာဝရအမြဲ ရှိနေဆဲမို့
မမေ့ရင်မှာ လွမ်းမိပါသည်
အချစ်ဆိုတာ ရေးမကုန်တဲ့
စာစုလေးမို့ ကိုယ့်ရင်ထဲက
စကားလေးကို ပြောခွင့်ပြုပါ
အသက်ရှူတိုင်း ချစ်နေပါ့မယ်
လူ့ဘ၀ဟာ ခဏတာမို့
ဖြစ်ချင်ဆန္ဒ ပြောပြရရင်
ချစ်ခြင်းတိုက်ပွဲ တူဆင်နွှဲဖို့
ကို့ရင်ခွင်မှာ ခိုလုံပါတော့
ဒါမှမဟုတ် အခြားရင်ခွင်
သွားမယ်ဆိုလည်း ကြည်ဖြူစွာနဲ့
ချစ်နေပြီးတော့ ကို့နှလုံးသား
စတေးပြီးတော့ ချစ်နေမြဲကွယ်…။။
နေမင်း
Friday, October 12, 2012
♥♥အဝေးရောက်ချစ်သူ..အလွမ်း..ချစ်မိနေပြီ♥♥
♥♥နှင်းဆီ..စိတ်ကူးလေးတွေနဲ့အတူခံစားကြည့်ကြရအောင်နော♥♥
♥♥ချစ်မိနေပြီ♥♥
Thursday, October 11, 2012
Tuesday, October 2, 2012
Friday, September 28, 2012
❤❤စိတ်ဆိုးလို့သူ့ကို❤❤
❤❤ဖြစ်ရလေကွယ် ❤❤
ညီမလေး…..မမ ညီမလေး ဟိုလူကြီးကိုယူလိုက်တာမှားလိုက်တာ
မမ…………..ဘာကြောင့်လည်းညီမလေးရဲ့
ညီမလေး……ညီမလေးကိုသူနမ်းတာလေ.
မမ…………….အဲတာဘာဖြစ်လို့လည်း..
ညီမလေး…….ဖြစ်တာပေါ့မမရဲ့ သူ့နှုတ်ခမ်းမွေးကြီးက
ယားစိစိနဲ့ နေရခက်လို့ပါမမရယ်..
❤❤ထားချင်အုံးဟ❤❤
ဒီညကိုကိုတော်တော်လေးမူးပြန်လာတယ်..ကိုကိုမူးရင်…
...G...ချတတ်တယ်..။။
☆ဟဲ့မိန်းမ ထမင်းထဲ့လာစမ်းငါ့ဗိုက်ဆာပြီ ဟ့…
☆ဘယ်အချိန်ရှိပြီလဲ..ကိုကိုထမင်းမစားရသေးဘူးဆိုတာ
မယုံဘူး..ထမင်းဟင်းတွေကုန်ပြီကိုကိုရဲ့…
ကိုကိုကအိုးခွက်ပုကန်တွေကန်ထုပ်ပါေ၇ာ…အနော်ကလည်းဘာရမလဲနော်.ကိုကိုနှုတ်ခမ်းမွေးကြီးကို..ဆွဲနှုတ်တာပေါ့….။။။
အနော် နဲ့ကိုကို..ဗိုလ်ချုပ်ဈေးပေါက်မှာချိန်းထားတယ်…
ကိုကိုမရောက်လာသေးဘူး…ပြောထားတဲ့အချိန်ထက်..
နောက်ကျနေပြီ….ဟော….လာပြီေ၇ာက်လာပြီ…
ကိုကိုကပြုံးစိစိလေးလုပ်ပြနေတာ…အနော်ကြည့်ပြီးအားပါး
တရရီမိလိုက်တယ်…
ကိုကိုက¨*•.¸¸…ဘာရီတာလဲ…စိတ်များဆိုးနေမလားလို့…
အနော်က¨*•.¸¸ဆိုးပါဘူး…ကိုကိုထမင်းစားခဲ့ပြီးပြီလား..
ကိုကိုက¨*•.¸¸စားရသေးဘူး…ဟ့..
အနော်ကလည်းလက်မြန်သလားမပြောနဲ့…..ကိုကိုနှုတ်ခမ်းမွေးက
ပဲဟင်းချောက်ကပ်ကိုတအားဆွဲခွါချလိုက်တာပေါ့..
¨*•.¸¸..…...ကဲ..ညာချင်အုံး
¨*•.¸¸……ဟ…ဟ…နာတယ်ကွ…..နောက်မညာတော့ဘူး..ဂျ….။။
♥♥နှင်းဆီအေးမောင်♥♥ 2012.september.28Pm.24;30
မူပိုင်..စိတ်ဆိုးလို့သူ့ကို
Sunday, September 23, 2012
♥♥ပြန်ပေး♥♥
ငါ့၇င်မှာနင်ဆိုတဲ့♥♥
ကောင်းလေးအမြဲရှိနေမယ်♥♥
ဒါပေမဲ့ မတန်ဘူး♥♥
ပြန်ပေး♥♥
ငါ့အချစ်တွေပြန်ပေး♥♥
ငါ့ရဲ့သံယောဇဉ်တွေပြန်ပေး.♥♥
ငါ့ချစ်ခဲ့တဲ့အချိန်တွေပြန်ပေး♥♥
ငါမောခဲ့၇တဲ့နေ့ရက်တွေပြန်ပေး♥♥
ငါအိပ်ပျက်ခဲ့ညတွေပြန်ပေး♥♥
နင့်ကိုပေးခဲ့၇တာတွေမတန်ဘူး♥♥
အကုန်ပြန်ပေး♥♥
ပြန်ပေးးးးးးးးးးး.ပြန်ပေးးးးးးးးးးး။။။
٠·•●♥ ♥ Rose♥♥●•٠·˙2012.september.23.Pm.29:00
Thursday, September 20, 2012
Subscribe to:
Posts (Atom)











