ဒီကဗျာလေး ၂ပိုဒ့် ကတော့ .၀လေးရဲ့ခံစားချက်ကဗျာလေးပေါ့…မြီးကြည့်ကြပါအုံး…နော့…
♥ တိမ်ကျဲကောင်းကင် ♥
အတိတ်တွေအနယ်ထိုင်ဖို့
ကဗျာတစ်ပုဒ်ရေးယုံနဲ့ပြည့်စုံမှာလား
ချစ်သူရဲ့ကံတရားမှော်ဝင်ရာ
အဝေးကသီချင်းများလှုပ်ခတ်လို့နေလဲ
နှစ်များစွာလေလွင့်ဖြူရော်နေသောစကားလုံးတွေ
ဒီနွေမှာအခက်အရွက်ကြွေပြီ..........၊၊
တောင်းတိုင်းမပြည့်နိုင်တဲ့ဆုတစ်ခုပါ
စံပါယ်တွေလွယ်လွယ်မပွင့်နိုင်ဘူးလေ
ဒီလိုပါပဲ ညီမလေးရေ.......
မုန်တိုင်းတွေမတိုက်ခတ်ခင်အထိ
ကိုယ့်ဝိညာဉ်ပေါ် ကြွေကျလာမယ့်အဓိပါယ်တွေ
အသားမာတတ်အောင်ထမ်းထားချင်တော့တာပဲလေ............။
ယောင်ကိုင်းအထိနာ နှလုံးသားပေါ်က
အနမ်းခြေရာများစုပုံညွှတ်အိပြိုကျ
စိတ်ကူးရောင်စုံ စံပါယ်ပွင့်ရဲ့ထုံကူးခံရတဲ့တစ္စေ
အယောင်ဆောင်လှိုင်းစွယ်အဖျားမှာ
နားခိုမိန်းမောရင်း.........
အတောင်ကျွတ်ငှက်တစ်ကောင်ရဲ့
အပြုးယဲ့ယဲ့ကိုကြောက်တယ်.....................။
ငွေ့ရည်ဖွဲ့မိုးတိမ်
အလွမ်းတွေကိုခြေရာခံပြီး
အတုံးအရုံးကြွေကျခဲ့တဲ့ နွေနံနံက်ခင်း
ပြဇတ်မဆန်ခဲ့တဲ့ဘ၀ဟာ
ကန့်လန့်ကာနောက်ကွယ်မှာ
တိတ်တိတ်လေးချောင်းကြည့်နေတယ်...............။
ပစ္စုပန်မှာလဲ
နီးခြင်းဝေးခြင်းသင်္ကေတတွေကြားမှာ
မိုင်ပေါင်းများစွာဝေးလို့
တိမ်ကျဲကောင်းကင်ဟာ
ငါ့အတွက် ပူပြင်းလွန်းပါတယ်လေ..................။
♥နှုတ်ဆက်ခြင်း♥
အဖြစ်အပျက်တွေက
နောင်တရချင်လောက်အောင်ကို
ဖျားယောင်းထားခဲ့တယ်
အစွဲအလန်းတွေကသွေးပေါင်ကျစေတယ်
အိမ်မက်တွေအမှတ်မှားခဲ့တာငါ
နှလုံးသားဒဏ်ရာက
မခံချင်စိတ်ကြောင့် သွေးတိတ်သွားခဲ့ပြီ
အတိတ်နဲ့ပစ္စုန်ပန်ကပြောင်းပြန်အချိုးကျတယ်
ယုံကြည်နိုင်သလောက်ယုံကြည်ခွင့်ရှိပါတယ်
မြင်နေလျှက်မှမျက်နှာလွဲပစ်ခဲ့ရင်
တပ်မက်မှုရာသီအငွေ့ပျံလွယ်နေတာ
ပြက္ခဒိန်စာမျက်နှာမှာ ရက်စွဲတွေမှတ်ရင်း
အသက်ရှုကျပ်လာတယ်လေ
ပြန်ပြောင်းပြီးတော့လဲမလွမ်းချင်တော့ပါဘူး
ကျောခိုင်းထားတဲ့ရင်ဖက်နဲ့
ငါလာနှုတ်ဆက်မယ်......................၊၊ ၊၊
အတိတ်ဆိုတာကြီးက ဘယ်တော့မှ အနယ်မထိုင်ဘူးထင်တာပဲနော်
ReplyDeleteနှုတ်ဆက်ခြင်း လေးကိုလဲခံစားနှုတ်ဆက်လိုက်တယ်နှင်းဆီရေ
ချစ်တဲ့ sis jasmine
ကဗျာလန်းလန်းလေးကို မျှဝေခံစားခဲ့ပါတယ်ဗျာ ။
ReplyDeleteဆက်လက်ထုဆစ်နိုင်ပါစေ ။
ကဗျာလေးလာမြည်းသွားတယ်။ပလပ်ပလပ်။ကောင်းတယ်ဟ။ စကားလုံးချိုချိုလေးတွေနဲ့
ReplyDelete