♥♥ဒူးရင်း...တို့ရေ...တလလောက်အနားယူသွားပါတယ်...အိမ်လယ်တွေမလာနိုင်သေးကြောင်း
အကြောင်းကြားအပ်ပါသည် ♥♥ကြိုဆိုပါသည်
Saturday, November 10, 2012
Thursday, November 8, 2012
Sunday, November 4, 2012
♥♥အချစ်ဆိုတာဘာလဲ♥♥
အိပ်မက်မှာ သူထင်လာတော့♥♥♥♥
ရင်ပြင်မှာရေလှိုင်းခတ်တယ်♥♥♥♥
ဒီရင်ခွင်ဝယ် ပုန်းခိုနေတော့♥♥♥♥
ကြက်ခြေခတ် ချုပ်ရိုးတွေနှင့်♥♥♥♥
ချုပ်ထားလိုက်ပြီ♥♥♥♥
ဘယ်ခါတွဲရက်♥♥♥♥
တွေးနေရင်းနဲ့ ဝေးဝေးသွားတယ်♥♥♥♥
လွမ်းနေရင်းနဲ့ ဆွေးဆွေးခဲ့ရပြီ♥♥♥♥
တလှမ်းချင်းလှမ်း နေရင်း♥♥♥♥
တ၀က်တပျက်နဲ့ ချော်လှဲခဲ့ရပြီပေါ့လေ♥♥♥♥
မိုးရွာလေမလား မျှော်လင့်ရင်းနဲ့♥♥♥♥
မိုးကြိုးပစ်ခံလိုက်၇ပြီ♥♥♥♥
မာယာများတဲ့လူ့လောက၀ယ်♥♥♥♥
အချစ်ဆိုတာဘာဘဲ♥♥♥♥
ငါ့စိတ်တွေစီးမျောရင်း တွေးရင်း♥♥♥♥
တစ္စေအလားကြောက်လှန့်ခဲ့ပေါ့♥♥♥♥
♥♥နှင်းဆီအေးမောင်♥♥..၂၀၁၂.နိုဝင်ဘာံ..၅.၇က်..သန်းကောင်ယံ....၂း၃၇ အချိန်
Saturday, November 3, 2012
♥♥စီးမျောနေတဲ့အလွမ်း♥♥...♥♥ရင်ဝယ်သူတယောက်သာ ♥♥
♥♥စီးမျောနေတဲ့အလွမ်း♥♥
သူ့ကိုချစ်မိတော့မှ♥♥
ငါ့စိတ်တွေ သစ်ရွက်လို♥♥
လေဟုန်စီးလို့မျောလွင့်နေပြီ♥♥
နှင်းမှုန်ဖွေးကျ ဒီဆောင်းဦးမှာ♥♥
ချစ်ရှုးခဲ့ရပြီ…..အချစ်ရေ♥♥♥♥
ဘယ်ပုံ ဘယ်သို့ နှယ်ခရီးဆက်ရမယ်♥♥
မလွယ်တဲ့အချိန်အဆ ဘယ်သို့ဆုံတွေ့မယ်♥♥
စိတ်ကူးနဲ့သာ…….ရှုးရပြီလေ♥♥
မလွယ်တဲ့အချိန်အဆ ဘယ်သို့ဆုံတွေ့မယ်♥♥
စိတ်ကူးနဲ့သာ…….ရှုးရပြီလေ♥♥
အချစ်ရေ…..အော်ခေါ်ဖို့♥♥
မကြားနိုင်အောင် ကာဆီးထားတဲ့♥♥
ဒီပင်လယ်ကြီးကိုငါမုန်းပြီ♥♥
အချစ်မှာနယ်ခြားခံနေ၇တဲ့ ဒီရင်ဟာ♥♥
တဖက်ကမ်းကလွမ်းဆွတ်မှုတွေနဲ့♥♥
ခပ်ပါးပါးမျက်ရည်ကြွေစနှင့်အတူ
အလွမ်းတွေ စီးမျောလို့နေပြီ♥♥
……ချစ်သူရေ….. ♥♥
♥♥နှင်းဆီအေးမောင်♥♥၂၀၁၂.နိုဝင်ဘာ.၂ ရက်ည..၂၄း၃၀ နာရီ
♥♥ရင်ဝယ်သူတယောက်သာ ♥♥
စိတ်ဝယ်ထင်ရှား ၀င်းပရွှင်ကြည် ♥♥♥♥
နေ့ရက်တိုင်းမှာ သူတယောက်သာ ♥♥♥♥
သေချာသေရာ ချစ်စခင်စ ♥♥♥♥
ချစ်ဦးလေးမို့♥♥♥♥
ရင်လွှာထိတွေ့ ပျောက်ပျက်မသွား ♥♥♥♥
ရှုရှိုက်သက်ငယ် ရင်မှာမြုပ်နစ် ♥♥♥♥
ချစ်နှင်းဆီလေး တည်နေတရွေ့ ♥♥♥♥
ယုယထွေးပိုက် သိမ်းဆည်းကာထား
ပါ့မယ် ♥♥♥♥
ယုယထွေးပိုက် သိမ်းဆည်းကာထား
ပါ့မယ် ♥♥♥♥
♥♥နှင်းဆီအေးမောင်♥♥၂၀၁၂.နိုဝင်ဘာ.၂ ရက်ည..၂၆း၂၀ နာရီ
Wednesday, October 31, 2012
*နိဂုံးမလှတဲ့ အရှုံးသမား*
သူငယ်ချင်း နန်းလေး..ပေးပို့လာတဲ့ကဗျာလေးပါ...ချင်
သီတင်းကျွတ်လပြည့် ...ချစ်သူနှစ်ဦးအတွက်ဆုတောင်း
ပေးလိုက်တဲ့ကဗျာလေး..ပါ
ဖတ်ကြည့်လိုက်ပါအုံးလား
ပေးလိုက်တဲ့ကဗျာလေး..ပါ
ဖတ်ကြည့်လိုက်ပါအုံးလား
**
အသက်မပါတဲ့ ကာရံတွေ
မလှပတဲ့ စာသားတွေ
မညီမညာ သံစဉ်တွေနဲ့
ဂီတမဟုတ်တဲ့ သီချင်းတစ်ပုဒ်
မင်းရှေ့မှာ ဆိုခဲ့ဖူးတယ်...
ရင်တွင်းစကား မျိုသိပ်ထားတယ်
မသိအောင် လျှိုဝှက်
မမြင်အောင် ဖုံးကွယ်ထားပေမဲ့
မိုးရေထဲမှာ ငါမျက်ရည်ကျတာ
ဘယ်လိုမျက်စိနဲ့မို့ ကွက်တိ သိနေတာလဲ...
ဖူးစာကဦးရာ ရည်စားကမီးပွားလို့
ဟာသစကား လူပြောများပေမဲ့
ငါ့ထက်အရင် မင်းကပိုင်ရှင်၇ှိနှင့်ပြီသား...
အခုတော့ တကယ်ပါ သမုကြော့နယ်မှာ
မင်းတို့ချစ်ခြင်း အပြစ်ကင်းပြီး
သစ္စာတရားတွေခိုင်မြဲ
နားလည်မှုနဲ့ ဘ၀ရဲ့ပြိုင်ပွဲ
သူကလည်းကိုယ် ကိုယ်ကလည်းသူ
ရိုမြေကျလို့ အတူတကွ
ပျော်ရွှင်နိုင်ပါစေ...
ပေးဆပ်သူ နှလုံးသားက
အမုန်းမပွားပဲ အရှုံးများလက္ခံ
နီးချင်ပေမဲ့ အဝေးဆုံးမှ
ချစ်ချင်နေလည်း နိဂုံးမလှ
အရှုံသမားဘ၀ နှလုံးသားက
မလွှဲသာသမို့ ခွဲခွါလို့
အဝေးဆုံးအချစ်နဲ့ လွမ်းနေမယ်...။။။။။။။။။။။။။။။။။။
Thursday, October 25, 2012
♥♥အမြဲတမ်းအတွက်မင်း♥♥
အမြဲတမ်းအတွက်မင်း....စည်သူလွင်..သီချင်းလေးပါ
Wednesday, October 17, 2012
♥ တိမ်ကျဲကောင်းကင် ♥
ဒီကဗျာလေး ၂ပိုဒ့် ကတော့ .၀လေးရဲ့ခံစားချက်ကဗျာလေးပေါ့…မြီးကြည့်ကြပါအုံး…နော့…
♥ တိမ်ကျဲကောင်းကင် ♥
အတိတ်တွေအနယ်ထိုင်ဖို့
ကဗျာတစ်ပုဒ်ရေးယုံနဲ့ပြည့်စုံမှာလား
ချစ်သူရဲ့ကံတရားမှော်ဝင်ရာ
အဝေးကသီချင်းများလှုပ်ခတ်လို့နေလဲ
နှစ်များစွာလေလွင့်ဖြူရော်နေသောစကားလုံးတွေ
ဒီနွေမှာအခက်အရွက်ကြွေပြီ..........၊၊
တောင်းတိုင်းမပြည့်နိုင်တဲ့ဆုတစ်ခုပါ
စံပါယ်တွေလွယ်လွယ်မပွင့်နိုင်ဘူးလေ
ဒီလိုပါပဲ ညီမလေးရေ.......
မုန်တိုင်းတွေမတိုက်ခတ်ခင်အထိ
ကိုယ့်ဝိညာဉ်ပေါ် ကြွေကျလာမယ့်အဓိပါယ်တွေ
အသားမာတတ်အောင်ထမ်းထားချင်တော့တာပဲလေ............။
ယောင်ကိုင်းအထိနာ နှလုံးသားပေါ်က
အနမ်းခြေရာများစုပုံညွှတ်အိပြိုကျ
စိတ်ကူးရောင်စုံ စံပါယ်ပွင့်ရဲ့ထုံကူးခံရတဲ့တစ္စေ
အယောင်ဆောင်လှိုင်းစွယ်အဖျားမှာ
နားခိုမိန်းမောရင်း.........
အတောင်ကျွတ်ငှက်တစ်ကောင်ရဲ့
အပြုးယဲ့ယဲ့ကိုကြောက်တယ်.....................။
ငွေ့ရည်ဖွဲ့မိုးတိမ်
အလွမ်းတွေကိုခြေရာခံပြီး
အတုံးအရုံးကြွေကျခဲ့တဲ့ နွေနံနံက်ခင်း
ပြဇတ်မဆန်ခဲ့တဲ့ဘ၀ဟာ
ကန့်လန့်ကာနောက်ကွယ်မှာ
တိတ်တိတ်လေးချောင်းကြည့်နေတယ်...............။
ပစ္စုပန်မှာလဲ
နီးခြင်းဝေးခြင်းသင်္ကေတတွေကြားမှာ
မိုင်ပေါင်းများစွာဝေးလို့
တိမ်ကျဲကောင်းကင်ဟာ
ငါ့အတွက် ပူပြင်းလွန်းပါတယ်လေ..................။
♥နှုတ်ဆက်ခြင်း♥
အဖြစ်အပျက်တွေက
နောင်တရချင်လောက်အောင်ကို
ဖျားယောင်းထားခဲ့တယ်
အစွဲအလန်းတွေကသွေးပေါင်ကျစေတယ်
အိမ်မက်တွေအမှတ်မှားခဲ့တာငါ
နှလုံးသားဒဏ်ရာက
မခံချင်စိတ်ကြောင့် သွေးတိတ်သွားခဲ့ပြီ
အတိတ်နဲ့ပစ္စုန်ပန်ကပြောင်းပြန်အချိုးကျတယ်
ယုံကြည်နိုင်သလောက်ယုံကြည်ခွင့်ရှိပါတယ်
မြင်နေလျှက်မှမျက်နှာလွဲပစ်ခဲ့ရင်
တပ်မက်မှုရာသီအငွေ့ပျံလွယ်နေတာ
ပြက္ခဒိန်စာမျက်နှာမှာ ရက်စွဲတွေမှတ်ရင်း
အသက်ရှုကျပ်လာတယ်လေ
ပြန်ပြောင်းပြီးတော့လဲမလွမ်းချင်တော့ပါဘူး
ကျောခိုင်းထားတဲ့ရင်ဖက်နဲ့
ငါလာနှုတ်ဆက်မယ်......................၊၊ ၊၊
Tuesday, October 16, 2012
*ဥယျာဉ်မှုးလိုလူ ကိုယ်လိုလူ*
*သူငယ်ချင်းလေးနန်းချစ်သူ*2012.oct.16..pm 22:30
သူရဲ့ခံစားချက်လေးကိုရင်ဖွင့်ထားတာကတော့ဒီလိုတဲ့…ဥယျာဉ်မှုးလိုလူလိုခံစားမိလို့ရေးကြည့်တာပါ..နောက်ပြီးနှင်းဆီဆိုတဲ့ကောင်မလေး…ပန်းနှင်းဆီဆိုတဲ့ဘ၀မှာရဲရဲတောက်သတ္တိတွေနဲ့ကြံ့ကြံ့ခံအောင်မြင်ပါစေလို့ဆုတောင်းဆနပြုရင်းနဲ့ဒီကဗျာလေးဖြစ်သွားတာပါ..ပျားတွေလိပ်ပျာတွေကိုမုန်းတာလည်းပါတာပေါ့….ဟဲဟဲ….ဆိုပြီး ပို့ပေးလာသောကဗျာလေးဖြစ်ပါတယ်…သူနဲ့အတူ့ခံစားဖတ်ကြည့်ကြပါလား……..နော့
ဥယျာဉ်မှုးလိုလူ ကိုယ်လိုလူ
ကြည်းနူးစရာ ပန်းခင်းတစ်ခု
ယုယုယယ ကြွကြွရွရွ
ရေလောင်းပေါင်သင် ထာဝစဉ်
ပြုစုခဲ့တာ ဥယာဉ်မှုး
လှပကြော့ရှင်း ရနံ့သင်းအောင်
ဆူခက်နှင်းဆီ ဖန်တီးရှင်
ပေးဆပ်တာလည်း ဥယာဉ်မှုး
အစွမ်းကုန်းပွင့်လန်း ပန်းတွေနမ်းဖို့
လိပ်ပြာငယ်တို့ ၀ဲကြပြီ.....
ပျားတွေပျံသန်း ဥယာဉ်နန်းမှာ
ဝတ်ရည်ယူဖို့လာကြပြီလေ.....
ပန်းတို့ရှိရာ လိပ်ပြာလာပြီး
ဝတ်ရည်စုပ်ယူ ပျားရန်သူတို့
သဘာဝသဘော ဘယ်လိုပြောပြော
ဥယာဉ်မှုးအတွက် ငါ့အတွက်တော့
လိပ်ပြာဆိုတာ ပန်:ဖျက်ပိုး
ပန်းအားလုံးအတွက် ပျားပိတုန်းဆိုတာ ရောဂါဆိုးပဲ........။။။
ဥယျာဉ်မှုးဘ၀ ငါ့ဘ၀လို
ခံပြင်းခက်ခက် အလွမ်းနက်နက်ဖြင့်
ပန်းများပွင့်လျှင် ပီတိရွှင်၏
ဇယားတွေပြောင်း အချိန်တွေနှောင်းကာ
ပန်းတို့ငြိုးကြွေ သူလည်းငို၏
ချစ်သောနှင်းဆီ ပန်းနှင်းဆီရေ
လောကရဲ့ ပန်းဥယာဉ်မှာ
မငြိုးသော ပန်း ထာဝစဉ် လန်းလို့
သတ္တိ အံခဲ နီနီ၇ဲ
ဆူးခက်ဝန်ရံ စိတ်ဓါတ်မှန်ဖြင့်
လောကအတွက် အလှဆုံးဖြစ်စေ
ဆန္ဒတွေနှင့် ......
ဥယာဉ်မှုးလိုလူ ကိုယ်လိုလူ......
**ပွင့်သောပန်းတိုင်း လန်းစေချင်**
အကို နေမင်း..ပို့ပေးလာသောကဗျာလေးတွေပါ
2012.oct.14..နေလယ် ၁နာရီ
**ပွင့်သောပန်းတိုင်း လန်းစေချင်**
မြေမှန်မျိုးမှန် စိုက်ပျိုးခဲ့ပြီး
နေရဲ့စွမ်းအင် ကူညီယူကာ
လှပဖို့တွက် ဖန်ဆင်းခဲ့တယ်
ပန်းကောင်းတစ်ပွင့် ဖြစ်လာဖို့ရာ
အချိန်ကြာကြာ ပြင်ဆင်ခဲ့ပြီး
ပွင့်လာဖို့ရာ ကြိုးစားရှာတယ်
ပွင့်လာသောခါ အဖိုးတန်သည့်
နန်းထိုက်ပန်းလေး ဖြစ်ဖို့ရာက
ပန်ဆင်တဲ့သ မူတည်နေတယ်
ပန်းတို့ဘ၀ ကြွေကာကျမှ
မျက်ရည်များလည်း မခစေချင်
ဒါကြောင့်မိုလို ပွင့်သောပန်းတိုင်း
လန်းပါစေဟု ဆုတောင်းချင်သည်..။။
မြေမှန်မျိုးမှန် စိုက်ပျိုးခဲ့ပြီး
နေရဲ့စွမ်းအင် ကူညီယူကာ
လှပဖို့တွက် ဖန်ဆင်းခဲ့တယ်
ပန်းကောင်းတစ်ပွင့် ဖြစ်လာဖို့ရာ
အချိန်ကြာကြာ ပြင်ဆင်ခဲ့ပြီး
ပွင့်လာဖို့ရာ ကြိုးစားရှာတယ်
ပွင့်လာသောခါ အဖိုးတန်သည့်
နန်းထိုက်ပန်းလေး ဖြစ်ဖို့ရာက
ပန်ဆင်တဲ့သ မူတည်နေတယ်
ပန်းတို့ဘ၀ ကြွေကာကျမှ
မျက်ရည်များလည်း မခစေချင်
ဒါကြောင့်မိုလို ပွင့်သောပန်းတိုင်း
လန်းပါစေဟု ဆုတောင်းချင်သည်..။။
နေမင်း
**ဝေးနေရတဲ့ချစ်သူ**
ချစ်သူချစ်သူ တမ်းတနေတဲ့
ငါ့စိတ်တွေက တခါလည်းမဟုတ်
အကြိမ်ကြိမ်သာ ငါနုတ်ဖျားက
ရေရွှတ်ရင်းနဲ့ လွမ်းမိခဲ့တယ်
ဝေးနေရလည်း၊ နှလုံးသားချင်းက
နီးနေဖို့က အဓိကမို့
တွေးတောရင်းနဲ့ နေခဲ့ရတာ
အချိန်များစွာ ကြာခဲ့ပြီကွယ်
တချိန်တုံးက သူပြောခဲ့တဲ့
စကားတစ်ခွန်း မှတ်မိသေးတယ်
ဘယ်လောက်ထိများ ဝေးနေမှာလည်း
နှလုံးသားထဲ ချစ်ရသူရယ်
တနေ့ကြရင်၊ တွေ့ကြမယ်လို့
ပြောခဲ့ဘူးသူ ခုချိန်မှာတော့
လွမ်းရယုံနဲ့ ဘာထူးမှာလဲ………..
နေမင်း
**ချစ်သူသိစေ**
ငါ့အာရုံထဲ စွဲမြဲကျန်ရစ်
ချစ်များစွာတို့ ဘယ်ခါမပျောက်
ထာဝရအမြဲ ရှိနေဆဲမို့
မမေ့ရင်မှာ လွမ်းမိပါသည်
အချစ်ဆိုတာ ရေးမကုန်တဲ့
စာစုလေးမို့ ကိုယ့်ရင်ထဲက
စကားလေးကို ပြောခွင့်ပြုပါ
အသက်ရှူတိုင်း ချစ်နေပါ့မယ်
လူ့ဘ၀ဟာ ခဏတာမို့
ဖြစ်ချင်ဆန္ဒ ပြောပြရရင်
ချစ်ခြင်းတိုက်ပွဲ တူဆင်နွှဲဖို့
ကို့ရင်ခွင်မှာ ခိုလုံပါတော့
ဒါမှမဟုတ် အခြားရင်ခွင်
သွားမယ်ဆိုလည်း ကြည်ဖြူစွာနဲ့
ချစ်နေပြီးတော့ ကို့နှလုံးသား
စတေးပြီးတော့ ချစ်နေမြဲကွယ်…။။
နေမင်း
Friday, October 12, 2012
♥♥အဝေးရောက်ချစ်သူ..အလွမ်း..ချစ်မိနေပြီ♥♥
♥♥နှင်းဆီ..စိတ်ကူးလေးတွေနဲ့အတူခံစားကြည့်ကြရအောင်နော♥♥
♥♥ချစ်မိနေပြီ♥♥
Thursday, October 11, 2012
Subscribe to:
Posts (Atom)




