Wednesday, 23 May 2012
အချစ်ငှက်
ကောင်းကင်လေးရေ..
မင်းရင်ခွင်ပျံသန်းလာတဲ့
ငါ့တောင်ပံတွေကို
မင်းနူတ်ခမ်းဖူးနဲ့
ထိတွေ့ကြိုဆိုပါ..။
မင်းရင်ခွင်ပျံသန်းလာတဲ့
ငါ့တောင်ပံတွေကို
မင်းနူတ်ခမ်းဖူးနဲ့
ထိတွေ့ကြိုဆိုပါ..။
အရာရာကိုကျော်ဖြတ်ဝံတဲ့
ငါ့တောင်ပံခတ်သံ..
မင်းနားစိုက်ထောင်ပါ..။
တစ်လမ်းလုံး ငါဆိုလာတဲ့
သီချင်းက ..
မင်းကို ငါအရမ်း... ချစ်တယ်..
ကောင်းကင် သီချင်းလေးပေါ့..။
သီချင်းက ..
မင်းကို ငါအရမ်း... ချစ်တယ်..
ကောင်းကင် သီချင်းလေးပေါ့..။
ကြည်ပြာရောင် မင်းရဲ့ကိုယ်ပေါ်
ခြုံလွှမ်းထားတဲ့ အဖြူရောင်တိမ်လွှာလေးလည်း
ငါမြတ်နိုးလွန်းလို့ကွယ်...
လေကြမ်းကြမ်းမိုးကြမ်းကြမ်းကိုဖြတ်...
ခိုနားဖို့ နေ့ရက်အတွက်...
ဘယ်လောက်ဝေးဝေး...
ငါတောင်ပံအားတွေ
ခပ်ပြင်းပြင်းရိုက်ခတ်နေဆဲပဲ..
ကောင်းကင်...။
No comments:
Post a Comment