ရောက်ခါနီးပြီ ဆောင်းရာသီ
- Posted by nanphyowai on September 1, 2011 at 4:24pm
နှင်းတွေဝေတဲ့ ဆောင်း
ပိတောက်တွေပွင့်တဲ့ နွေ
စံပယ်တွေပွင့်တဲ့ မိုး
ရာသီ အလီလီ ပြောင်းခဲ့ပေမဲ့
ချစ်တဲ့ ရာသီ ခါတော်မီ
ရောက် လာမဲ့ အချိန်
မျှော်လင့် တမ်းတ
ရင်တွင်းက ချမ်းအေးတဲ့
နှင်းဝေတဲ့ သဇင်ပန်းတွေ
ပွင့်လန်းတဲ့ ဆောင်းကိုပဲ
အမြဲတသသ လွမ်းရပါတယ်
မိုးရေစက်တွေနဲ့ ရွှံဗွက် နွံထူ
သွားသူလာသူ ဒုက္ခရောက်တဲ့
မိုးဝသန်လည်း တို့ပြန်မလွမ်းချင်ဘူး
ပူးပြင်း လောက်မြိုက် သစ်ခြောက်
ရွက်ကြွေ လေပွေတွေနဲ့
ငရဲမီးလို ပူအိုက်တဲ့ ဒဏ် ခံစားဖူတော့
ဂိမ္မာန် နွေဦးလည်း မချစ်ဘူးပေါ့
စောင့်ရတဲ့အချိန် ရောက်လုပါပြီ
အချိန်မှန်ပြောင်းတဲ့ ဟေမာန် ဆောင်းရေ
ရောက်ခါနီးပါပြီ ဆောင်းရာသီရေ
အကြိုထောက်လို့ ကိုယ်စောင့်နေပါမည်။။။။။။။။။။။။။
သူငယ်ချင်းနန်းဝင်းလှိုင်(မူပိုင်)မှကူယူထားပါတယ်။။
No comments:
Post a Comment