ကြိုဆိုပါသည်
♥♥သံယောဇဉ်ပင်လယ်မှနှင်းဆီကလှိုက်လှဲစွာကြိုဆိုပါ၏..အလယ်ေ၇ာက်လာသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်..လှုပ်လှုပ်သဲ၇င်တွင်းစကားလေးတွေအန်ချရာပင်လယ်..Roseayemaung@gmail.comမှာပျော်ရွှင်နိုင်ကြပါစေ.♥♥.
Wednesday, February 6, 2013
°¤ အညံ့စား ¤°
ဒီကဗျာလေးကသူငယ်ချင်း.နတ်ဆိုးကရေးပို့ပေးလိုက်တာပါ
°¤အညံ့စား¤° နတ်ဆိုးကဗျာလေးကိုစားကြည့်ကြရအောင်နော်…
အားပေးကြသောသူငယ်ချင်း..စာဖတ်ပရိသတ်တို့အားအထူးကျေးဇူးတင်ပါတယ်…ချင်
°¤ အညံ့စား ¤°
မြစ်တွေလည်း..အကြောင်းအရာမဲ့စီးဆင်းနေ
ကောင်းကင်လည်း..သူ့နေရာနဲ့သူမမြဲချင်တော့ဘူး
အရာရာကိုပြောင်းပြန်လှန်ဖို့..လူတချို့ကလည်းစဉ်းစားနေကြတယ်
၃ထပ်တိုက်ပေါ်က..လမင်း..မင်းဘယ်အချိန်ဆင်းလာမှာလဲကွယ်
ညနေစောင်းရင်..ငါ..နေဝင်တဲ့နေရာမှာစောင့်နေပါ့မယ်
တွေ့နေကြမြင်ကွင်းတွေ..မမြဲတော့တာ..သုဘရာဇာနဲ့မဆိုင်ဘူးနော်
တကယ်ပိုင်ဆိုင်ခွင့်ရခဲ့တုန်းကရော..ငါ့ကိုအခွင့်ရေးပေးခဲ့ဖူးလား
ငြင်းလို့ရရင်..ငါမင်းကိုမလိုချင်ဘူးကွာ
တကယ်တမ်းစဉ်းစားကြည့်ရင်ဥရောပကအမျိုးသမီးတွေပြုံးတာက
ကမ္ဘာပေါ်မှာကြည့်လို့အကောင်းဆုံးဆိုတာကို
မိုနာလီဇာပန်းချီကားချပ်ကြီးက..ယခုချိန်ထိ..သက်သေထူနေတုန်းပဲလေ
ငါးတွေကရေကို..ဘယ်သူအရင်ရှာတွေ့တာလဲလို့လည်း..မေးလာခဲ့ရင်ရော...
ဒါပေမယ့်..ငါကဘာစောတကမှတက်မှာမဟုတ်ဘူး
ကိုယ့်ကိုကိုယ်သာစွတ်အထင်ကြီးလာတက်တဲ့လောမှာ
နောင်လာနောင်သားတွေကလည်း..လူကြီးကိုလူကြီးမှန်းမရိုသေကြတော့ဘူး
တကယ်တမ်းသာငါတို့တွေပြာချခံခဲ့ရရင်..လေပြေကတောင်လက်ခံမှာမဟုတ်ဘူးကွာ
အရောင်တွေရှိနေသရွေ့..ငါတိုစိတ်ကြိုက်ခြယ်လှယ်ခွင့်ရှိတယ်
မသေဆုံးသေးသ၍..ပျံသန်းနေရမဲ့..တောင်တန်းတွေနဲ့..တောအုပ်တွေ
ဘယ်လောက်မှောင်မှောင်..အလင်းရောင်တော့လိုချင်သား
ငါလိုချင်တာလေးက..အများကြီးမတန်ပါဘူးကွာ
အချင်းချင်းတွေပဲ..လျှော့လျှော့ပေါ့ပေါ့တော့လုပ်ပါကွာ..နော်..
ထားပါတော့လေ..ငါကိုက..မစစ်မှန်ဘူးလို့သတ်မှတ်ခံထားရမှတော့
ငါလိုချင်တာ..ငါသိတယ်..ငါလိုချင်တာ..ငါသိတယ်
ဒါတွေပဲထပ်ထပ်ခါခါ..ဆိုညည်းလို့
ခေါင်းငုံ့..ပြီးတွေးမယ်..ရေးမယ်
ငါကိုသိတဲ့သူတွေကတော့..ငါဘာတွေးတွေး..ငါဘာရေးရေး
အနည်းဆုံးတော့..တခုခုထားခဲ့ဦးမှာပဲလေ
ဒီလိုနဲ့ပဲ..ရာသီတွေအလီလီပြောင်း
ရွက်ဟောင်းကြွေပြီးရွက်သစ်ဝေတဲ့..ဒီနွေရောက်တိုင်း
လောကတခွင်..မှောင်မည်းကာညို
တိမ်ညိုဆိုင်း..မိုးတွေသည်းတိုင်း
ဆောင်တော်ကူးပန်းတွေ..အပြိုင်အဆိုင်ဖူးပွင့်တဲ့
ဟေမာန်ဆောင်ကိုရောက်တိုင်း
ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
မလွယ်ပါလားကွာ
ရင်မောရတဲ့ဖြစ်ရပ်တွေမှာ..ဘယ်သူကမှကြိုတင်စီမံချင်းမရှိပါဘူး
လူတွေကသာသတ်မှတ်သွားတာပါ..ရင်မောစရာကြီးရယ်လို့
ငါလည်းဘာမှမသိတော့တဲ့နောက်ဆုံး..ဒီစာကို
ဒီလိုပဲ..အဆုံးသတ်ရင်းနဲ့
ဒီလိုခေါင်းစဉ်တပ်ပေးလိုက်တယ်လေ
Nattso..နတ်ဆိုး(ကဗျာ)၂၀၁၃.ဖေဖော်ဝါရီ.၅.ရက်..ည၂၃း၄၅..နာရီ
°¤နတ်ဆိုးရဲ့အသည်းနှလုံး¤°
 အဲ့ဒီလောက်တေင် စိမ်းရသလားကွယ် စိမ်းပြလိုက်တာမှ
ဂီယာပြောင်းမောင်းထွက်ကြဖို့
စိမ်းပြလိုက်တဲ့ အချက်ပြမီးစိမ်းလို
အသည်းစိမ်းစားဖို့
နတ်ဝင်သည်ရဲ့နတ်စိမ်းလို
နှလုံးသားတွေပွင့်ထွက်ဖို့
ပြင်းအားမကောင်းတဲ့
ယမ်းစိမ်းလို
တကယ်တော့ နတ်ဆိုးအတွက်
စေတန်ဟာ
သူစိမ်းတော့ သူစိမ်းပေမယ့်
အမြဲမစိမ်းတတ်ဖို့ လေ့ကျင့်သင်ကြားနေသူပါ
သေချာစွာနဲ့လျှောက်လှမ်း
အပျော်တမ်းတော့မဟုတ်ခဲ့ပါဘူး
တကယ်ကမ်းထားတဲ့..ကျနော့်လက်တွေနဲ့
သူ..ပြန်အလှန်မှာ
ဝှေ့ယမ်းသွားတဲ့
သူ့ဆံနွယ်တွေမှာ
ကျနော့်အသည်းနှလုံးတစုံပါသွားလေရဲ့
Nattso..နတ်ဆိုး(ကဗျာ)၂၀၁၃.ဖေဖော်ဝါရီ.၅.ရက်..ည၂၃း၄၅..နာရီ
Monday, February 4, 2013
♥♥ချိန်ခါတန်ရှာပုံဖွင့်♥♥
                                  ♥♥နှင်းဆီအေးမောင်♥♥၂၀၁၃.ဖေဖော်ဝါရီ.၅.ရက်...ညသမ်းကောင်ယံ.၃း၁၅ အချိန်
Saturday, February 2, 2013
~~~၁၃ ယောက်မြောက်...မဟေသီ~~~
                          သူငယ်ချင်း..နတ်ဆိုး(nattso)..လေးပေးပို့လာသောကဗျာဖြစ်ပါတယ် 
                                      အနော့နဲ့အတူခံစားကြည့်ကြရအောင်နော်
    ~~~၁၃ ယောက်မြောက်...မဟေသီ~~~
အဆုံးအစမရှိ..ဖြစ်ပေါ်လာတဲ့အနီရောင်သက္ကရာဇ်အောက်ထဲမှာ
သူရဲ့အကြိုက်ဆုံးအရောင်က..အဖြူ နဲ့ အနက်
ဘယ်တော့မှလည်း..လိမ်းချယ်မှုမရှိခဲ့တဲ့..သူ့ရဲ့မူပိုင်မျက်နှာနဲ့
စကားလုံးပေါင်းများစွာကိုလည်းသူပြောတယ်
ဒါပေမယ့်..သူ့နှုတ်ခမ်းက..ပန်းနီရောင်
ပြောတက်လွန်းတဲ့သူ့ရဲ့စကားတွေကလည်း
ရင်တွင်းက..ရိုးရှင်းလွန်းတဲ့..လိုရင်းတိုရှင်းတွေ
ပြတ်သားတယ်..ရဲရင့်တယ်
ထားတော့..ကျုပ်လည်းသူနဲ့မှ..ငုတ်တုပ်မေ့တာ
ဖြစ်ပီရောလား..အမိရယ်
တဇတဇငြိတွယ်လာတဲ့ဒီသံယောဇဉ်တွေက..အခုတော့
တောင်ပုံ..ယာပုံလေ..
သူကဘယ်တုန်းကမှမလိမ်းချယ်ခဲ့ဖူးတော့..
သူ့မျက်နှာကငွေလမင်းပေါ့...
ကိုယ့်ထက်ပြတ်တဲ့..စကားလုံးတွေလည်းသူကစေတယ်
ကိုယ့်ထက်ရင့်တဲ့..အကြည့်တွေလည်းသူပိုင်တယ်
ဒါပေမယ့်..သူကအမြဲရိုးရိုးလေးပဲနေခဲ့တာ
မထင်ဘူး..ကျုပ်လည်းပြုတ်ကျတယ်
မထင်ဘူး..အမိလည်းပြုတ်ကျတယ်
ဘယ်မှာလဲ..
ကျုပ်တို့ပိုင်တဲ့..မာနတွေ..အတ္တတွေ
သေချာပြီလား..မရှိတော့တာ
အသည်းကွဲခြင်းဆိုတွေကရိုးလွန်းပါတယ်
ခံစားချက်တခုထက်ဘာမှပိုမလာနိုင်ဘူးလေ
အချစ်ဆိုတဲ့..ဒီဝေါဟာရအောက်မှာ
အမိကြိုက်တဲ့..အဖြူနဲ့အနက်ကရော
ကျုပ်ကတော့ဘယ်တခုကိုမှအစွဲလန်းမထားပါဘူး
ဒါပေမယ့်
စိတ်ဝင်စားမှုတော့လွန်ကဲတက်တယ်
ဘာပဲဖြစ်ဖြစ်..ကျုပ်တခုတော့ဝန်ခံပါတယ်အမိရယ်
အမိနဲ့တွေ့တိုင်း..ကျုပ်ရဲ့စိတ်တွေ..ယဉ်ပါးလားတယ်
အမိအတွက်ပဲကြည့်တက်လာတယ်
လူတိုင်းထက်အမိကိုပိုပြီး..ကျုပ်..စိတ်ရှည်တယ်
ဒါတွေကရော..တကယ့်အစစ်တွေလို့အမိယုံကြည်ခဲ့ရင်...
ကျုပ်ပြောမယ့်စကားတွေကအများကြီး
ဒါပေမယ့်..မှန်တချက်လိုပြန်တုံ့ပြန်မယ့်..အမိကိုတော့
ကျုပ်..မဝံ့ရဲခဲ့တာအမှန်ပါဗျာ
ဒါကြောင့်..အနိုင်ယူဖို့အတွက်ဆိုရင်တော့
ကျုပ်ရဲ့စိတ်ဓါတ်တွေက...သူ့အလိုလိုအရှုံးဆိုတာကို
အမိအတွက်..ကျုပ်..ရာသက်ပန်ပေးအပ်ထားပါတယ်..အမိရယ်
nattso.နတ်ဆိုး(ရေးသားသောကဗျာ)2013.Feb..
  ~~~သိပ်သည်းမှု ~~~
 လွင်ပြင်ကိုဖြတ်ရင်..ဒီရင်မှာကျန်ရစ်မယ့်..ပုံရိပ်လွှာဆိုတာ
နောင်လာနောင်သားတွေအတွက်တော့
စိတ်အပန်းဖြေစရာ..သိပ်သည်းမှုတခု
ရူးလို့လည်းကုန်နေပြီ..မူးလို့လည်းပုံနေပြီ..ထူးခြားမလာသေးတဲ့..
ရင်ပျိုတစုံရဲ့နားခိုမှု(
တိမ်လွှာပါးပါးလေးတွေကြားလွင့်ပါးလာတဲ့..စံတော်ချိန်နဲ့..
နေဝင်ချိန်ဆိုတာ..ပုစွန်ဆီရောင်တဲ့လား
ချစ်ခဲ့တုန်းကလည်းသိပ်သည်းမှု..ရစ်ခဲ့တုန်းကလည်းသိပ်သည်းမှု
( သံယောဇဉ် )
ချစ်ခဲ့တာက..ချစ်တက်လာခဲ့တဲ့..ဘာသာတခုရဲ့..သိပ်သည်းမှု
ရင်နဲ့ခေါင်းကြား..တိုက်ရိုက်ဆက်သွယ်နေတဲ့..
ခံစားမှုကလည်း..လျှို့ဝှက်စွာနဲ့..သိပ်သည်းမှု
တူညီမှုတွေနဲ့ဝေးနေရတာ..ပြောင်းပြန်အချိုးချပြီင်္း..
အထက်နဲ့အောက်ကို..ညီမျှခြင်းချမယ်
( အဖြေမရှိတဲ့ ပုစ္ဆာ )
ရုပ်လွှာကိုဆင်ခြင်..မပြီပြင်ခဲ့တဲ့..စုတ်ချက်တိုင်းမှာ..ညဉ်ဆိုတာမကောင်းရင်..
ဘဝဆိုတာလည်း..ဒီအချစ်..ဖြစ်မလာနိုင်ဘူး
လက်တွေ့နဲ့အခက်တွေ့နေတဲ့..အချစ်ဆိုတာလည်း..ဘာသာပြန်မှားမှုကြောင့်
စာလုံးပေါင်းမှားစွာနဲ့..သိပ်သည်းမှုတခု
 ထိုးဆွလို့လည်း..ပွမလာ..ချစားရာ..သစ်ဆွေးသလို..မှိုတက်နေတဲ့ရောဂါကလည်း..
မယောဂမပါတဲ့..သိပ်သည်းမှု
မွန်းကြပ်တာလည်း..သိပ်သည်းမှု..လင်းကြက်တွန်တာလည်း..သိပ်သည်းမှု
အိပ်ဆွဲခဲ့တဲ့ညဆိုတာ..ညနက်နက်ငှက်တကောင်ရဲ့
တည်ရာမဲ့ခဲ့တဲ့..သိပ်သည်းမှုပဲလေ...
ဟစ်လိုက်တဲ့အသံ..မာန်အပြည့်ပဲ..ဒါပေမယ့်..ပဲ့တင်သံတော့ပြန်မလာဘူး
သြော်...ကြွယ်ဝလွန်းတဲ့..သိပ်လည်းမှုတွေပါလားကွာ..
 nattso.နတ်ဆိုး(ရေးသားသောကဗျာ)2013.Feb..2..PMး133း0
~~~သုံးဆောင်ထက်က..ဘုံးမောင့်သက်လယ် ~~~
သုံးတော်ရယ်ခံ..ပြုံးမယ်ဟန်..မယ်ကပျိုး
မူပိုကာ..ဝတ်ရည်ရွှန်းလဲ့ရယ်နဲ့
ပြုံးမယောင်နဲ့..သုံးဆောင်ထက်က..ဘုံးမောင့်သက်လယ်ရယ်
ဒီကမောင်ရင်ဖိုရတဲ့..ခါးသေးလို့ရင်ချီ..ပြီပြင်တဲ့..လှုတ်ခက်မှုတွေကြောင့်
ကြောင်ငေးကာမက်တပ်..တဇက်ဇက်ရယ်နဲ့..
ဇွတ်တအားသာပစ်ခက်ပြီး..လွှတ်အတင်းသာ..လွှေးလိုက်ရရင်ဖြင့်
တွေးရင်းနဲ့ဝေ....
ရင်ခွင်ကပူ..ဗလောင်ဆူတဲ့ဒီသွေးက..ငယ်ထိပ်ကိုထိုးဖောက်
ရဲရဲတောက်မယ့်..အရောင်ဆင်...
ကျီစယ်ကာခင့်စကားရယ်က..မောင့်ရင်မှာတန်းလန်း
( အဟမ်း..အဟမ်းနဲ့စိတ်ကိုလျှော့ )
အလယ်ခန်းလည်း..ဒီအမောင်ဖယ်မရှောင်တော့ပါဘူး
မယောင်မလည်နဲ့ရွှေ့သွား
ခင့်အနားအသာကပ်လို့..အာဘွားဆိုပြီးပေးလိုက်ရရင်ဖြင့်
ပွင့်လန်းသွားမယ့်..ဒီပန်းတွေနဲ့
ဒီကမောင်ရင်ခွင်ထဲ..ဇွတ်အတင်းသာပွေ့ပိုက်..ငေးငိုက်အောင်လည်း..မောင်မလုပ်ပါဘူး
ရူးအမိုက်စွာနဲ့..တရှိုက်လောက်သာစုပ်ယူ
ပူထူသွားမယ့်..နှုတ်ဖျားတွေကြား..မောင်ချစ်ခြင်းဘယ်လောင်တောင်ပြင်းကြောင်း
ခင်သိကာ..ဦးညွှတ်သွားမယ်..ငြိမ်စမ်းကွယ်ခင်ရယ်
ငြိမ်လို့သာ..အသာဇိမ်ယူ..ရောက်အောင်ပို့မယ့်..အဆုံးစွန်ကို
တိုးတိုးလေးသာခင်လိုက်ခဲ့
မျက်စိလေးအစုံမှိတ်..မလင်းတပွင့်လင်းတပွင့်ကြယ်လေးတွေကြား
တို့နှစ်ဦးလည်းအသာမျောရင်း..ခင်မောရင်..မောင်ရေတိုက်ပါ့မယ်..တလှည့်စီသာဖေးမကူ
အတူသွားမယ့်တို့ခရီး..ခင်လည်းလန်းကာ..နှစ်ခြိုက်စေရမယ်
ဒီမောင်လည်း..အသည်းငြိကာ..HEARTထိရတယ်
သာယာလှတဲ့မြင်ကွင်းတွေ..ယဉ်ပါးလှတဲ့တွေထိမှုတွေနဲ့
ချစ်ခြင်းရဲ့အဆုံးစွန်..
ခရီးပေါက်အောင်..ခင်နဲ့မောင်အတူသွားမယ်
ခေါ်ရာသာ..လိုက်ခဲ့ပေတော့
သုံးဆောင်ထက်က..ဘုံးမောင့်သက်လယ်လေးရယ်
nattso.နတ်ဆိုး(ရေးသားသောကဗျာ)2013.Feb..2..PMး133း0
♥♥´'`°¤ ထွေးပိုက်ပါရစေကြယ်ကလေး ¤°´'`♥♥
*•´*•´*•♥♥ ကျိမ်စာသင့်ရင်ဖြင့် ♥♥´*•´*•´*•
ပင်လယ်ပြင်ကိုလှိုင်းလုံးတွေကတိုက်ခတ်လို့နေတယ် ♥♥
သစ်ရွက်တွေကိုလေညှင်းတွေတိုက်ခတ်ကြွေလွင့်စေတယ် ♥♥
လူတွေရဲ့နှလုံးသားနုနုကို လူကြမ်းတွေကရက်စက်စွာချွေမွပစ်ကြတယ် ♥♥
အားကြီးသူဟာ...အားနွဲ့သူနဲ့ဆင်းရဲသူတွေကိုအနိုင်ယူကြလေတယ် ♥♥
>>>>  ခုတော့ <<<<
ပင်လယ်ပြင်ကြီးလည်းငိုနေပြီ ♥♥
သစ်ရွက်လေးတွေလည်းငိုနေပြီ ♥♥
လူ့နှလုံးသားလေးလည်းငိုနေပြီ ♥♥
အားနွဲ့သူ…ဆင်းရဲသူတွေလည်းငိုနေကြပြီ ♥♥
အားကြီးသူရယ် လောကကြီးမှာ နင်ပဲ….ဟား…..တိုက်လို့ရီနိုင်တာ ♥♥
တနေ့ကျိမ်စာသင့်ရင် နင်မငိုနဲ့ ♥♥
♥♥နှင်းဆီအေးမောင်♥♥2013.Feb.2..PM 26:00
♥♥´'`°¤ ထွေးပိုက်ပါရစေကြယ်ကလေး ¤°´'`♥♥
လရောင်ဖြာ ပင်လယ်ပြင်ကိုငေး
လှိုင်းတက်ရာအလွမ်းတက်တယ် ချင့်
လှိုင်းသက်ဆင်းရာ အလွမ်းမျက်ရည်လိမ့်ဆင်း
ရင်အစုံလှိုက်လှိုက်ကာဆွေးရတယ်
အားငယ်နေချိန်
ခ၇မ်းပြာမိုးကောင်းကင်ကိုမော့ကာကြည့်ငေး
ကြယ်ကလေးတပွင့် ငါ့ကိုမျက်စိမှတ်ပြနေတယ်ချင့်
ဘ၀င်မှာခိုက်လို့ချစ်စိတ်ပျိုးမိလေတယ်
လေ၇ာင်အလင်း. ဘယ်လောက်ပင်ထွန်းပတောက်ပါစေ
ကြယ်ရောင်လေးရဲ့ခပ်မိန်မိန်လင်းအား
ငါသနားမိတယ်
အလွမ်းတွေဝေဖြာနေတဲ့ကြယ်ကလေးရယ်
ကြွေကာဆင်းသက်လှုဲ့တော့
ငါ့ဆီ လာလှည့်ကွယ် ထွေးပိုက်ပါရစေလား...?
♥♥နှင်းဆီအေးမောင်♥♥2013.Feb.2..PM 26:00
Tuesday, January 29, 2013
´*•´*•ဘာမီတွန်´*•´*•
ဝလေး…ရဲ့ကဗျာ..ဘာမီတွန်…တဲ့လေသောက်ကြည့်ကြပါအုံးနော့
ရာဇ၀င်ထဲကအိမ်အပြန်လမ်းမထက်မှာ
စံပါယ်ဖြူတွေဝေနေပြီမေ
အိမ်မက်မက်လို့ကောင်းတုန်းပဲလေ
ငါ့နှလုံးသားတစ်ခန်းရပ်ပြဇတ်နဲ့
စတေးခဲ့တဲ့ရာသီတွေရှည်လျား
ငါ့ဒဏ်ရာနက်သထက်နက်အောင
တူးဆွနေသလိုပါပဲလား။´*•´*•
ဘာသာပြန်လွဲခဲ့တဲ့အတိတ်မှာ
တစဆီကြေကွဲ
ဝေခွဲမရတဲ့ဒဏ်ရာတွေနဲ့ပါ။´*•´*•
ထားခဲ့ပါ
ဥာဉ့်နက်နက်လမ်းမထက်မှာ
နိုးတ၀က်အိပ်တ၀က်နဲ့
ဘာမီတွန်သောက်လို့
အလွမ်းနာတွေမပျောက်ဘူး။´´*•´*•
Sunday, January 27, 2013
်´*•´*•ကမ်းနားသစ်ပင်´*•´*•
ဒီကဗျာလေးကတော့..၀လေး..ပေးပို့လာတဲ့ရင်တွင်းခံစားချက်အစစ်တဲ့လေ
ရင်ထဲမှာမျောနစ်သွားစေတယ်နော်
ကဗျာလေးကဆိုသွားပါတယ်...ချင်...ကမ်းနားသစ်ပင်တဲ့...းးးးးးးးးးး
´*•´*•´ ကမ်းမမြင်လမ်းမမြင်နေ့ရက်များက
ကျွန်တော်ကူးခတ်နေရတဲ့ပင်လယ်ဖြစ်တယ်။
အသက်လုခဲ့ရတဲ့ဝါကျများ
ရှင်သန်တဲ့အခါ
မျော့မျော့ပဲကျန်တဲ့အဓိပါယ်များ
နွံထဲကရုန်းထွက်နိုင်ဖို့လှမ်းတဲ့လက်များ
အမြဲအခန့်မသင့်ဖြစ်နေတဲ့လူနေမှု့
ညညမပြည့်နိုင်တဲ့တောင်းဆုတွေနဲ့
အိမ်မက်တွေခါးနေပြီလေ။
အမှောင်တစ်ခြမ်းအလင်းတစ်ခြမ်းနဲ့
ကမ္ဘာလဆန်းတစ်ရက်
ရွှေရောင်နေ့ရက်တွေဘယ်တော့လဲ။
မိုးပြိုမှာကိုစိုးကြောက်နေသောနာရီများနှင့်
ထုတ်ထုတ်ပြောစရာနားတစ်ခု
မဆက်ချင်ပဲဆက်ခဲ့၇တဲ့ဇတ်ကွက်အနာ
လေဒဏ်ခပ်ပြင်းပြင်းတိုက်ခတ်တဲ့ကောင်းကင်အောက်က
ကျေကွဲစရာဖတ်စာအုပ်ဟောင်းတစ်အုပ်ပေါ့။
လောကရဲ့တစ်ဖက်စောင်းနင်းဒဏ်ရာတွေနဲ့
ကျရှုံးရင်း
ရုန်းကန်ရင်း
သဲဂန္တာရထဲမှာအိုအေစစ်ရှာရသလိုပဲ
မောပန်းနွမ်းလျှ
အသက်ရှုကျပ်တယ်။။။။။။´*•´*•´
Friday, January 18, 2013
´*•´*•´*•♥♥သံယောဇဉ်ပင်လယ်ကြိုးလေးကသက်သေ♥♥´*•´*•´*•
အချစ်ဆိုတာအမုန်းဖြစ်သွားနိုင်ပေမဲ့လည်း
တိုးတိုးလို့ခိုင်မြဲလာတဲ့ သံယောဇဉ်ပင်လယ်ကြိုးလေးကတော့
ဘယ်တော့မှပြတ်တောက်သွားမှာမဟုတ်ဘူး♥♥´*•´*•´*•
မိုင်ပေါင်းများစွာဝေးကွာနေလဲ
ရင်မှာတွယ်ရစ်ချစ်ခြင်းတွေ ခိုင်မြဲနေတော့လေ
ဘ၀တွေဘယ်လိုပဲခြားခြား….ပေါင်းစပ်နိုင်ဖို့
တို့နှစ်ဦးကြိုးစားကြမယ်လေ♥♥´*•´*•´*•
သံယောဇဉ်ပင်လယ်ကြိုးလေးမှာ
အချစ်ရယ်အမုန်းရယ်မရှိပါဘူး
သံယောဇဉ်ကြိုးလေးဟာ
တခုတည်းရပ်တည်နေတာပါ♥♥´*•´*•´*•
ငါတို့နှစ်ဦးရဲ့ချစ်ခြင်းတွေကလေ
သံယောဇဉ်ကြိုးလေးကစခဲ့တဲ့အချစ်မို့လို့
အမုန်းဆိုတာမဖြစ်လာနိုင်တော့ပါဘူးလေ
ယုံတယ်မို့လား♥♥´*•´*•´*•
♥♥နှင်းဆီအေးမောင်♥♥...2013.Jan.19..Pm.24:15
                                                                       ပျော်ရွှင်ပါစေ
Thursday, January 10, 2013
•.¸☆အရမ်းချစ်တယ်အကိုတော်☆¸.•
ဒီဥယျာဉ်ရွှေအိမ်စံနန်းဆောင်ပေါ်မှ♥♥
ငွေလယ်တိုင်ကျော့မော့ကာ♥♥
မျှော်တော်မျှော် ပေါ်မလာတဲ့♥♥
 အကိုတော်မင်းကြီးဖုရား♥♥
စောင့်စားသူ ရွှေရင်အုံလှိုက်မော♥♥
တောင်စံ မြောက်စံ တွေနဲ့ပျော်ကြူးနေရော့လား♥♥
သံသယတွေဝင် အထင်မှားမိတော့♥♥
အကိုတော်မင်းကြီးဖုရားကိုအမျက်တွေဝေေ၀ဆာ♥♥
သေဒဏ်အထပ်ထပ်ချလို့ ရုတ်သိမ်းပေါင်းလည်းများလှပေါ့♥♥
သဲညှာနှမတော်ရွှေနှင်းဆီ ရွှေနှလုံးတော်မအီမသာနေရခက်လှချည်ပိ♥♥
နံနက်အာရုံဏ်လင်းသော့ ရွှေစိတ်ကယ်ပြယ်♥♥
ပြန်လာမဲ့လမ်း မျှော်မှန်းရင်းတိတ်တိတ်လေး♥♥
လွမ်းနေမည့်ကြောင်း ချစ်သ၀ဏ်လွှာဆက်သလိုက်ပါသည်♥♥
အကိုတော်မင်းကြီးဖုရား သိစေသော်♥♥
♥♥အွန်းလှိုင်းပေါ်ကချက်တင်နေရင်းပျောက်ပျောက်သွားတဲ့အကိုတော်ကြောင့်ရေးဖစ်သွားတာပါ
 နှင်းဆီအေးမောင်♥♥2013.Jan.10. PM♥♥253း0
Friday, January 4, 2013
♥♥ချစ်သော စစ်သားကြီးကိုကို♥♥
                                            နင်ကငါ့ကိုအချစ်ကြီးနေလို့♥♥
ငါ့မှာအခက်ဝေဖြာ♥♥
ငါဘယ်လိုဆိုးဆိုးနေခွင့်လွတ်မြဲပဲနော်♥♥
ချစ်သူေ၇♥♥
ငါလည်းနင့်ကို ပစ်ထားခွဲထွက်မသွားရက်ဘူး♥♥
သံယောဇဉ်တွေဖြတ်တောက်ခွဲထွက်ရုန်းကန်သွားချင်ပေမဲ့♥♥
ငါနောက်ပြန်လှည့်ပြီ နင်ကိုပဲပြန်ကြည့်နေမိတယ်လေ♥♥
နင့်အပေါ်အနိုင်ယူဆိုးခဲ့တာတွေ နင်ခွင့်လွတ်နေတမျှ♥♥
ငါဘယ်လိုခွဲထွက်သွားနိုင်ပါ့မလဲနော့♥♥
အဖြစ်နိုင်ဘူးလို့အကြိမ်ကြိမ်တွေးမိတယ်လေ♥♥
ငါကတိတွေအထပ်ထပ်ပေးခဲ့ပြီပဲ…♥♥
ချစ်သော….ဖေဖေ စကားတခွန်းလေးကိုပေါ့♥♥
အဲဒါက……….စစ်နဲ့……ပြည်သူ…...အချစ်……♥♥
လက်ညှိုး၅ချောင်း ငါ့ကို ၀ိုင်းထိုးကြပြီ..သစ္စာဖောက်တဲ့….။♥♥
ချစ်သူေ၇…..ငါတို့၂ယောက်ကမ္ဘာအပြင်ဖက်ပြေးထွက်ကြစို့နော……♥♥
♥♥ချစ်တဲ့ကိုကို နှင်းဆီ ♥♥2013.JAN.4. (လွတ်လပ်ေ၇းအထိမ်းအမှတ်)
Friday, December 21, 2012
♥♥•*¨*•လက်ကျန်အားဆေးတခွက်•*¨*•♥♥
 ♥♥*¨*လက်ကျန်အားဆေးတခွက်*¨*♥♥
ကံစေရာမျောလွင့်ရ
မိဘမေတ္တာခံစားလိုလဲ
ခိုကိုးရာမဲ့ အားငယ်ရ
 ပေးခဲ့တဲ့ ဖေဖေ-မေမေ အမွေ
နင်တယောက်သာလက်ကျန်အားဆေးတခွက်
နင်သာငါ့ဘေးမှာအမြဲရှိနေချင်
ဒီလိုပဲ စဉ်းစားရင်း
လေပူသက်ပြင်းမှုတ်ထုပ်ရင်း
နင့်ကိုပဲလွမ်းတတ်နေပြီ....
 ♥♥*¨*ရင်ခုန်သံ*¨*♥♥
ရင်ခုန်ခြင်းတွေကိုပွေ့ဖက်ထားရင်း
နင်ကိုလွမ်းနေတာဘယ်သူမသိ.....
ရင်မှာဆို့နစ် တယောက်ထဲကြိတ်မှိတ်လို့
        လွမ်းမျက်ရည်စို့.....
ထွက်ပေါ်လာတဲ့ရင်ခုန်သံတိုင်းမှာ
မေးကြည့်လိုက်တိုင်း နင်ပဲဖြစ်နေတာ.....
 ♥♥*¨* ဆောင်း*¨*♥♥
ဟေမာန်ဆောင်းညတည
နှင်းမှုန်ပုလဲ ဖွဖွကြဲရွေ့
သဲခိုက်အောင်တုံ
ချစ်သူ ရင်ခွင်နွေး တမ်းတမိတယ်
ဘယ်မှာလဲကွယ်....
 ♥♥*¨*ဟုတ်တယ်မှတ်လား*¨*♥♥
ဒီညတည ငါတို့၂ယောက်
အိပ်မပျော်နိုင်ဘူးဆိုတာ
ငါတို့အတွေးတွေထဲမှာ
နင်ရယ်.....ငါရယ်
ဝမ်းနဲနေကြလို....
♥♥နှင်းဆီ♥♥၂၀၁၂.ဒီဇဘာၤ.၂၂ ည၁း၄၅