ကြိုဆိုပါသည်
Monday, June 18, 2012
Tuesday, June 12, 2012
♥♥ဖြစ်ရလေ မနှင်းဆီ ၂ ခါရှက်♥♥
အနော့ ရဲ့တကယ်အဖြစ်ဇာတ်လမ်းလေးပေါ့….
မနေ့ညကတညပေါ့..အင်တာနက်ေ၇ှ့မှာအလုပ်တွေများနေတယ် အနော့ညအိပ်ယာဝင်တာအ၇မ်းကိုမိုးချုပ်သွားပါတယ်
မိုးချုပ်ဆို…မိုးတောင်လင်းတော့မှာလေ..ကြက်--၀က်--ငှက်တွေတောင်--
အော်နေကုန်ပြီ…..
အချိန်နာရီကိုကြည့်မိတဲ့ခါ…မနက်၎နာရီ၇ှိနေပြီ…ဟ…ဟ…
အဲခါမှပဲ…ငါအလုပ်တက်၇အုံးမယ်.ခဏလောက်အိပ်တော့မယ်ဆိုပြီးကုတင်
ပေါ်မှောက်ရက်အိပ်ချလိုက်တာပေါ့……
ဘယ်လိုအိပ်ကောင်းသွားတယ်မသိဘူး…နတ်ပြည်ရောက်သွားသလိုပါပဲ..
အနော်လှန့်နိုးလာတဲ့ခါတခန်းလုံးသိပ်ဆိတ်နေလေရဲ့…နေ့လားညလားဇဝေဇ၀ါနဲ့..မျက်လုံးမှ..မျက်ချေးကပ်တွေကို အနော့လက်နဲ့အမြန်ပွတ်ပြီး…စားပွဲတင်နာရီကိုလှမ်းကြည့်မိတယ်ဆိုပဲ….မနက် ၁၀း၃၀ ရှိနေပြီလေ…ဘေးဖက်ကုတင်ကိုလှဲ့ပြန်ကြည့်မိတယ်…ဘယ်သူမှမရှိတော့ဘူး…သူငယ်ချင်းတွေလစ်ကုန်ပြီ…ဟီးဟီး…ကုတင်ပေါ်ကအနော်…
အမြန်ခုန်ထပြီး.မျက်နှာကိုဖြစ်လိုသစ်လိုက်တယ်….အ၀တ်ကိုအမြန်လှဲတာ
ပေါ့…အလုပ်ဝတ်စုံလေး….တိတ်စကပ်တို ၀မ်းဆက်အနက်ရောင်ကိုအမြန်ဝတ်ပြီး…အလုပ်ထဲဝင်သွားပါတယ်…အလုပ်ရောက်တော့အနော်ခတ်တည်တည်ပဲ…ဘယ်သူ့ကိုမှဂရုမစိုက်ဘူး…အနော်လုပ်စရာ၇ှိတာလုပ်နေတာပေါ့….နေ့လယ်ထမင်းချိန်ေ၇ာက်ပါပြီ…..သူငယ်ချင်း ၃ယောက်နဲ့အတူ ကော်ဖီဆိုင်မှာသွားထိုင်ပြီးစားသောက်ကြတယ်လေ……စားသောက်ပြီး
နာရီဝက်အကြာမှာပဲ…အလှသွားပြင်မယ်ဆိုပြီ…သန့်စင်ခန်းထဲဝင်သွားတာ
ပေါ့…..အဲဒီတော့မှပဲသိလိုက်၇တော့တယ်….ဟိုက်
နောက်၃မိနစ်အချိန်ပြီးေ၇ာအနော့ထိုင်ခုန်ကိုပြန်ရောက်လာတယ်…
သူငယ်ချင်းတွေက အနော့မျက်နှာကိုကြည့်ပြီး…စိုးရိမ်ပူပန်စွာမေးပါတယ်…..
ဟဲ့……..နှင်းဆီဘာဖြစ်လာတာလဲ…နင့်မျက်နှာပျက်နေပါလား.နီရဲနေတာပဲ…
ကောင်မတို့ေ၇……..ငါဘာလုပ်၇မယ်မသိတော့ဘူး….ငါ့ကိုတခုကူညီကွာ….
ဟာ့……ပြောမှတာပြောစမ်းပါ ဘာဖြစ်လာလဲ……။။။။။
အနော်လဲဘာမှမတတ်နိုင်တော့ပါတနေ့လုံးဒီလိုနေလို့လဲမရတော့ဘူးဆိုတာ
လေ….ဟီးဟီး…မျက်ရည်ကလယ်လယ်နဲ့ပေါ့သူငယ်ချင်းတွေကိုယုံကြည်စိတ်နဲ့ပြောပြလိုက်ပါတယ်…
ကဲ…ငါ့ကိုသွားဝယ်ပေး
.ဒီလို….ဒီလို….လေ….အနော်…ကပြာကရာနဲ့…..၀တ်ဖို့တထည်မေ့ကျန်ခဲ့တာပါ…သူငယ်ချင်းတို့ရေ သိတယ်မို့လား….ညစ်ပစ်ပြောပြလိုက်ပြီး…အာ့ဟာ့ဟာ…ရီပြလိုက်မယ်နော်…
နောက်အလုပ်ခန်းထဲရောက်လာပါပြီ…ဟောင်ပွာကောင်မလေးက…ပွာတယ်ပေါ့……အနော်ဘေးမှာခတ်တည်တည်နဲ့လာမှုတ်တယ်…သူက
မန်နေဂျာကြီးတယောက်ပေါ့..ရီုစီရယ်ဖြစ်၇လေကွာ (ပြုံးစိစိနဲ့)
အနော်ခေါင်းမထောင်ရဲတော့ဘူး…ကြောက်လဲအရမ်းကြောက်နေတယ်ပေါ…့ငရုပ်သီးမှုန့်နဲ့ ဆနွမ်:မှုန့် မျက်နှာအေ၇ာင်ပြောင်းလို့နေပြီ…ဟဲဟဲ……
♥♥♥♥ ၂…..ခါရှက်၇ပြန်ပေါ့လေ ♥♥♥♥
♥♥နှင်းဆီအေးမောင်♥♥2012.June.13..pm26
Saturday, June 9, 2012
♥ ဆုံနိုင်ခွင့် ♥
အမြဲတမ်းထာဝရ ဖြစ်လျှက်တည်ခဲ့ပြီလေ..
မနီးစပ်နိုင်တဲ့ ဘ၀မှာ
ဆွေးရင်းနဲ့ပဲဝေးနေရတယ်..
အနာဂတ်မျှော်လင့်ချက် အတွက်
တောက်ပတဲ့အလင်းရောင် မရှိခဲ့ရင်တောင်
အေးမြတဲ့ လရောင်လေးတော့
ပေးခဲ့သင့်ပါတယ်..ချစ်သူရယ်....
ဒိုင်ယာရီ မှတ်တမ်းမှာ
စာပန်းတွေ ဝေခဲ့ပေမယ့်
ဖြေမရတဲ့မေးခွန်းးတွေကြောင့်
ရမှတ်တွေဆုံးရှုံးခဲ့တယ်....
စိတ်ကူးနဲ့သာ ပျော်မွေ့
လက်တွေ့ မဲ့တယ် ဆိုပေမယ့်
ဆုံနိုင်ခွင့်ကိုတော့ တမ်းတမိပါတယ်..ချစ်သူရယ်....
အနာဂတ်မျှော်လင့်ချက် အတွက်
တောက်ပတဲ့အလင်းရောင် မရှိခဲ့ရင်တောင်
အေးမြတဲ့ လရောင်လေးတော့
ပေးခဲ့သင့်ပါတယ်..ချစ်သူရယ်....
ဒိုင်ယာရီ မှတ်တမ်းမှာ
စာပန်းတွေ ဝေခဲ့ပေမယ့်
ဖြေမရတဲ့မေးခွန်းးတွေကြောင့်
ရမှတ်တွေဆုံးရှုံးခဲ့တယ်....
စိတ်ကူးနဲ့သာ ပျော်မွေ့
လက်တွေ့ မဲ့တယ် ဆိုပေမယ့်
ဆုံနိုင်ခွင့်ကိုတော့ တမ်းတမိပါတယ်..ချစ်သူရယ်....
Saturday, June 2, 2012
♥♥ ကျောက်စိမ်းပုတီးလေး ရဲ့သက်သေ♥♥
မင်းလေးေ၇…..အလွမ်းကမ္ဘာထဲမှာလွမ်း၇က်တွေလဲကြာခဲ့ပြီလေ…
အင်း.တချိန်ကအတိတ်ကိုပြန်လယ်စဉ်းစားမိတယ်ဆို၇င်ပဲ.
မင်းလေးနဲ့မမတွေ့ဆုံခဲ့တဲ့အချိန်ကပေါ့…
.
.
မင်းလေး….မမကို.ကျောက်စိမ်းပုတီးလေးလက်ဆောင်ပေးခဲ့တာနော်…
ဒီပုတီးလေးကရိုးရိုးပုတီးမဟုတ်ဘူး ဘု၇ားပုတီးလေးနော်…
ဒီပုတီးလေးက…မမနဲ့ မင်းလေးကိုခွဲခွါတာလားပဲ….
မင်းလေးပေးခဲ့ပြီး…၁လအကြာမှာပဲ…မင်းလေး.မမ ကို.ခွဲခွါသွား၇ပြီလေ…
ကံကြမ္မာ၇ယ်.မွေနှောက်လေပြီနော်……မမ ဆက်ပြောပြဖို့အားမရှိတော့ဘူး….မင်းလေး
မင်းလေးပြောပြခဲ့တဲ့၇က်ကိုကျော်လွန်လာတော့…မမ ရင်တွေပူလောင်ခဲ့ပြီ…မင်းလေးဘယ်ရောက်နေလဲလို့..ဟိုဒီမေးမြန်းစုံစမ်းရင်းပေါ့….မမ မယုံနိုင်အောင်…
ကြား၇တဲ့သတင်းလေးကတော့….မင်းလေး…ဟိုမှာကောင်းစားနေပြီဆိုပဲလေ….
မမသိလိုက်ပါပြီးလေ…မင်းလေး….အမြန်ပြန်ထွက်လာဖို့မမ..ဘု၇ားမှာဆုတောင်းပေး
နေပါတယ်….မင်းလေးပေးခဲ့တဲ့ပုတီး…နမိတ်လေးမမတွေးမိတော့…မင်းလေး…အတွက်.ညစဉ်တိုင်းပဲဂုဏ်တော်၉ပါး.ပုတီးလေးစိတ်ပြီး...
မင်းလေး…အမြန်….ပြန်လာနိုင်ဖို့.အဓိဠါန်ပုတီး.ညစဉ်မပျက်စိပ်ပြီးမမဆုတောင်းပေးခဲ့ပါတယ်
မင်းလေး….
မမရဲ့ဆုတောင်းတွေပြည့်ဝခဲ့ပါပြီလေမင်းလေးေ၇…. မင်းလေး…ချမှတ်တဲ့ရက်ထက်…
၇က်လျော့့၇ခဲ့တာ လေနော်……မမကြား၇တော့အ၇မ်းပဲဝမ်းသာခဲ့၇ပါတယ်မင်းလေး….မင်းလေးနဲ့အဆက်သွယ်၇ခဲ့ဖို့လဲ…..ကိုသက်ဆက်သွယ်ပေးခဲ့တာလေ….မင်းလေး…မမ…ဖုန်းဆက်ခဲ့တယ်နော်. မင်းလေးအသံကြး၇တော့ မမအလွန်ပဲဝမ်းသာခဲ့မိတယ်….
မမရင်တွေလဲတုန်နေတော့မင်းလေးကို
မမရင်တွေလဲတုန်နေတော့မင်းလေးကို
စကားအများကြီးမပြောဖြစ်ခဲ့ဘူးလေ….
မင်းလေး…မမ ကိုအိပ်မက်ကနေစကားပြောခဲ့တာလား….မင်းလေး….ဒီလ.. ၁၅..၇က်ထွက်လာ၇မယ်ဆိုတာလေ…. မမအိပ်မက်ကနေနိုးလန့်လာတော့မမအ၇မ်းဝမ်းသာမိတယ်….တကယ်ဖြစ်ပါစေလို့ဆုတောင်းရင်း……မမ မျှော်နေမယ်နော်….မင်းလေးပြန်လာရင်မမဆီတန်းပြန်လာပါနော်. မမအွန်လှိုင်းပေါ်ကနေစောင့်လို့ကြိုနေပါ့မယ်…
မင်းလေး…
မင်းလေး…
**လွမ်း၇က်ကရှည်.ဆွေးရက်တွေကလဲများခဲ့ပါပေါ့လား…
ဒီသံယောဇဉ်ကရစ်ချည်နှောင်ကြိုး…
ဘယ်သူဖျက်လို့ပျက်နိုင်ပါအုံးမလားပဲနော်…
.မင်းလေး…..ေ၇…..** ♥♥♥♥
အကြောင်းကြားပြောပြခဲ့သောသူငယ်ချင်း….ကိုသက်….ကိုဆိုး….တို့အား…လေးစားလျက်ကျေးဇူးတင်ပါတယ်ချင်….။။
♥♥♥♥ နှင်းဆီအေးမောင်♥♥♥♥….2012..June.3…Pm.27း
Gmail account ကို အပြီးဖျက်မယ်
အလကားပေးတော့ အကောင့်တွေ ပွနေအောင် ဖွင့်တတ်ကြလွန်းလို့ နဲ့တူပါတယ်..အခုဆို Google က free |
Friday, June 1, 2012
♥♥ ရွက်လှေငယ်♥♥
အလွမ်းစိတ်နှင့်ဆွေးရိပ်ကယ်ဖြာ♥♥♥♥
ဘယ်ဆီသို့လွင့်မျော ရွက်လှေငယ်လေးရယ်♥♥♥♥
တလူလူလေဟုန်စီးလို့ ရွက်လွင့်ရင်းသွား♥♥♥♥
နေအဟုန်ရယ်ပြင်းပြပူလောင်မွန်းတည့်ချိန်တကိုယ်တည်း♥♥♥♥
ဘယ်သောင်းကမ်းရယ်မမြင် ပြည့်ကြပ်ရင်အုံထဲ♥♥♥♥
ကျွမ်းရင့်ဝေပူလောင်နေ ချစ်သူဆီဘယ်ဌါနေမျော♥♥♥♥
ဝေးလွင့်လွင့်ကာ မျှော်ကာမှန်းဆ♥♥♥♥
ညခင်းမိန်မိန် နေ၀င်ချိန်ရောက်ပေါ့လေ♥♥♥♥
လွမ်းစိတ်နဲ့ပဲဆွေးရအုံးမယ်…ချစ်သူ…♥♥♥♥
♥♥နှင်းဆီအေးမောင်♥♥2012.June.2.Pm26;30
Tuesday, May 29, 2012
Friday, May 25, 2012
**ဒဏ်ရာ တစ်ခု ရဲ့  လျှော်ကြေး**(အပိုင်း၇)
မောင်လွမ်းဆု(၀တ္ထု)
ဒေါ်ချယ်ရီ ရဲ့ မျှော်လင့်ချက် ရှိုင်းထက် ရဲ့  ရက်ဆက်ခြင်း ဘယ်ဘ၀ က ၀ဋ်ကြွေး တွေ ပါလာခဲ့ ကြတာလဲ။
အခုတော့  ဗိုလ်ရှိုင်း တစ်ယောက် တစ်ခါ တစ်ခါ တစ်ပါတ် လောက် ရွာက ပျောက်သွားလိုက် ။
တစ်ခါတစ်ခါ သူ့ အမေ့  နှင့်  သူညီမလေးရဲ့  အုတ်ဂူ ကြား မှာ သွားသွားငို လိုက် နဲ့ ။
ရွာက လူတွေ က သူ့ ကို ဂရုမစိုက်ပေမယ့် ကျောင်းဆရာမ ကတော့  သူ့ကို တွေ့ တိုင်း သူဘ၀ရဲ့ နောက် ကြောင်းတွေကို အစဏ မေးကြည့် တော့လဲ
ဘာမှ ပြန်မပြော ဒီလို အချိန် ရှိသရွေ့  စိတ်တွေ ကို အရက်ထဲ မျှော ပြီး သူဘ၀ကို သူ ကိုယ် တိုင်ပဲ မေ့ နေပြီထင်ပါတယ်။
ဒီနေ့ တော့  အရက်ပုလင်းကို လက်က ကိုင်ပြီး ခေါင်းငိုက်စိုက်နဲ့ အရက်ဆိုင်ထဲ
**ဒဏ်ရာ တစ်ခုရဲ့  လျှော်ကြေး*(အပိုင်း၆)
မောင်လွမ်းဆု (၀တ္ထု)
သံသရာ စက်ဝန်းထဲမှာ ငိုကြွေးရင်း နဲ့  ရင်မောခဲ့ ရပါပြီ....ဖြစ်ချင်တဲ့ အရာကို ဖြစ်လာအောင် လုပ်နိုင်ခဲ့ ပေမယ့်
မဖြစ်သင့် တဲ့ အရာတွေကလဲ ဖြစ်လာခဲ့ တော့  ငိုကြွေးရင်း နဲ့ သံသရာ စက်ဝန်းကြီးကို ဆက်ရအုံးမယ်ပေါ့ ။
အခု အမေ့ ရဲ့ အုတ်ဂူ နဲ့  ညီမလေးရဲ့ အုတ်ဂူ ကြားမှာ ကျနော် ငိုနေရင်း နောက်က ရောက်လာသူက တော့  တစ်ခြားသူမဟုတ်
ကျနော်နဲ့ ငယ်ငယ်က ပေါင်းလာခဲ့ တဲ့ ကျနော်သူငယ်ချင်း မြင့်သော် ပါ။
မြင့်သော် ပြောလာတဲ့ စကားတွေကတော့ ။
....သူငယ်ချင်း မင်းပြန်လာတယ် ကြားလို့  မင်းဒီနေရာမှာ ရှိနေမယ်ဆိုတာ ငါ သိလို့  လိုက်လာခဲ့ တာ....
...ဒီလို ပါပဲလူဘ၀ကြီး က ကိုယ်ဖြစ်ချင်တာတွေ အားလုံးဖြစ်လို့ မရပါဘူး.. ..
..လောကကြီးက ဖြစ်ပေးတဲ့ အရာတွေနဲ့ ပဲ ဒို့ တွေ ဖြစ်နေကြရတာပါ ...
...လာပါ သူငယ်ချင်း ရာ ရွာပြန်ရအောင်.....
...ဟေ့ ကောင် ဖိုးသော် ဒီအချိန်မှာ ငါ ဘယ်လောက်ခံစားနေရတယ်ဆိုတာ
Subscribe to:
Posts (Atom)



