ကြိုဆိုပါသည်

♥♥သံယောဇဉ်ပင်လယ်မှနှင်းဆီကလှိုက်လှဲစွာကြိုဆိုပါ၏..အလယ်ေ၇ာက်လာသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်..လှုပ်လှုပ်သဲ၇င်တွင်းစကားလေးတွေအန်ချရာပင်လယ်..Roseayemaung@gmail.comမှာပျော်ရွှင်နိုင်ကြပါစေ.♥♥.

Wednesday, March 27, 2013

ကွမ်းယာမစားတဲ့ချစ်သူ



ကွမ်းယာမစားတဲ့ချစ်သူ


ရေခဲ နှင့် မီးခဲ
လူကြီးတွေသဘောတူမှာမဟုတ်ဘူးဆိုပြီးထွက်ပြေးလာတာ
၎နစ်ရှိခဲ့ပါပြီ.တဦးကိုတဦးအ၇မ်းလည်းချစ်ကြတယ်တဲ့…
တနေ့ နေ့လယ်ခင်းမှာ…အနဲငယ်စကားများကြတယ်…
ညအချိန်ေ၇ာက်တော့ ရေခဲ တယောက်မိုးချုပ်မှအိမ်ပြန်လာတယ်
မီးခဲ တယောက်အတော်လေးကိုစိတ်ဆိုးနေချိန်

မီးခဲ…..ဟဲ့…လာစမ်း.နင်ဘယ်ကပြန်လာလဲပြောစမ်း
ရေခဲ……သူငယ်ချင်းအိမ်ကပြန်လာတာပါကွာ

ကဲညာအုံးမလား.ဆိုပြီး..ရေခဲ ပါးစပ်ကိုဆွဲဆိတ်…ဆွဲလိမ်ပါလေရော
ကျောတွေရင်တွေပါလက်သီးနဲ့ထုချပါေ၇ာလား
နင်နော်…နင်နော်…ဆိုပြီငိုချုပါလေေ၇ာ..

မီးခဲ….နင့်နှုတ်ခမ်းတခုလုံးနီရဲနေတာငါမယုံဘူး…
နင်ကောင်မလေးတွေဆီသွားတယ်မနက်ရုံးတော်မှာ.ပြတ်စဲပြီဟေ့၊့ 
ရေခဲ….ချစ်ချစ်ေ၇ယုံပါကွာ..ရေခဲ ဘယ်သူ့ဆီမသွားပါဘူး
ငါနှုတ်ခမ်းတွေနီနေတာကွမ်းယာစားထားလို့ပါကွာ
မီးခဲ……နင်ဘယ်ခါကကွမ်းယာစားဖူးလို့လည်း။

ဆိုပြီ.ဒေါအိုးကပေါက်ကွဲ၇င်းပေါက်ကွဲပါလေရော ရေခဲ နှုတ်ခမ်းကိုအားပါတရဆွဲဆိတ်..ဆွဲလိမ်နေပြန်ေ၇ာ…
ကျောကုန်းကိုလည်းကုန်းကိုက်လေသည် ချစ်ချစ်နိပ်စက်မှုကို
ရေခဲ မှာမခံနိုင်အောင်နာကျင်လာတော့…ယောကျာင်္းတန်မဲ့မျက်ရည်တွေဝဲလို့နေပြီ။

ရေခဲ….ကဲ…ချစ်ချစ်ရေ…ရေခဲသက်သေပြမယ်
မီးခဲ…..ထပ်ညာရင်တော့သေပြီသာမှတ်
ရေခဲ....အေး…ပါ…ဒီမှာကြည့်….
ဆိုပြီး သွားကလေးတွေစေ့ထားပြီး နှုတ်ခမ်းကိုဟပြလေသည်….

မီးခဲ…….ဟောတော်…ဆိုရင်း.
သွားနီနီလေးကသက်သေပြလိုက်နိုင်လို့ရေခဲခဗျာအသက်ချမ်းသာရလေသည်
မီးခဲတယောက်သူ့အမှားကိုဒီလိုဝန်ခံလိုက်တယ်
ရေခဲ ကိုတွန်းလှဲချလိုက်ပြီး…..အနမ်း၁၀၀ကျွတ်ကျွတ်….တဲ့လေ….အဟီး……


                                                                                 ♥♥နှင်ဆီအေးမောင်♥♥2013.March.27

♥♥ကောင်လေးတို့ရေ......သတိရှိစေ.ကွမ်းယာစားပြီးပြန်လာဖို့မမေ့စေနဲ့နော်....ပျော်ရွှင်ပါစေ♥♥

Thursday, March 7, 2013

♥♥နင်ရှိနေ၇င်ကောင်းတယ်♥♥



 ♥♥နင်ရှိနေ၇င်ကောင်းတယ်♥♥
ငါ့ ရဲ့ကမ္ဘာထဲမှာနင်ရှိနေမယ်ဆိုရင်
လွမ်းဆွေးနေစရာလည်းမလိုတော့ဘူး
နင်ဟာငါ့အပေါ် အချစ်ကြီးချစ်ခဲ့သူ
နင်ဟာငါ့အပေါ် ဂရုတစိုက်ရှိခဲ့သူ
နင်ဟာငါ့အပေါ်အလိုလိုက်သီးခံခဲ့သူ
ပင်လယ်ထဲအပ်တချောင်းရှာတွေ့ရသလို
ဒီလိုချစ်သူမျိုးငါရလိုက်တာ
ငါ့ဘ၀ပြည့်ဝနေပါပြီလေ
နင်သာငါ့ဘေးမှာရှိနေမယ်ဆိုရင်
ဘယ်လောက်ကောင်းလိမ့်မလည်း

♥♥နှင်းဆီအေးမောင်♥♥



 
♥♥ဘ၀ရဲ့ပျော်ရွှင်မှု♥♥
အမှတ်ရသတိ၇နေတာလည်းပျော်ရွှင်မှုတမျိုးပါပဲ
ဒါတွေမရှိလာ၇င်လည်း အချစ်ဆိုတာလည်းမရှိတော့ဘူး
လွမ်းဆွေးမှုမရှိ၇င်လည်း ကိုယ့်မှာပျော်ရွှင်မှုရှိလာမမဟုတ်ဘူး
ငါတို့ရဲ့ဘ၀ထဲမှာ ဒီလိုအလွမ်းအဆွေးတွေနဲ့ ဖွဲ့နွဲ့ထားတာလေ
ဘယ်သူ့ကိုပဲဖြစ်ဖြစ် လွမ်းဆွေးနေရတဲ့အချိန်မှာ
ဒီလိုဖြစ်နေရင်စိတ်ထဲမှာဘ၀ရဲ့ပျော်ရွှင်မှုတွေ ပြည့်စုံနေပါပြီ


♥♥နှင်းဆီအေးမောင်♥♥2013March.6….73း0

Monday, March 4, 2013

*•´*• အိပ်မက်မူးမူး*•´*•


ဝလေး ရဲ့....အိပ်မက်မူးမူး....ကဗျာလေးနဲ့အတူခံစား ရင်းရောမူးကြည့်၇အောင်နော်

 *•´*• အိပ်မက်မူးမူး*•´*•
အတ္တကို မှောက်လိုမှောက်
သွန်လိုသွန်
ငါ့လက်ခုတ်ထဲကရေ
ဝိဥာဉ်ချုပ်ထားတဲ့မျက်ရည်
အသက်မဲ့ညနေ
ရက်ရှည်နွေညများ
မွန်းကျပ်လို့အသက်ရှုမ၀သေးဘူး
အိမ်မက်တွေ...
ရှင်သန်ခွင့်မရှိတဲ့ဘဝ
ရာသီတွေရှည်လိုက်တာ
လောကမှာ...
သဟဇာတမဖြစ်တဲ့
လွဲချော်မှုကများတယ်...။

ဖိုးခွားစီ(၀လေး) ၂၀၁၃.မတ်လ.၃ ရက်..ညအချိန်၂၂:၃၀


Sunday, February 24, 2013

´¯) •.¸.•´ ♥♥၇င်ထဲကယိုဖိတ်ကျလာတဲ့အတွေးတစ♥♥•.¸.•´ (¯`

   
   
ဦးနှောက်ကဆုံးဖြတ်နိုင်ပေမဲ့ နှလုံးသားကလက်မခံဘူး
 
စူးနစ်နေတဲ့ အချစ်ဆူးကို ဆွဲနုတ်ချင်ပေမဲ့
 
သွေးစိမ်းတွေပန်းထွက်လာမှာကိုမခံစားနိုင်ဘူး
 
သူဘယ်လောက်ချစ်တယ်ပြောပြော အပြင်လူဝင်လာရင်
 
ငါ့ကိုဘေးချိတ် ချောင်ကုတ်ထားခြင်းခံ၇တာများနေတယ်
 
တယောက်ထဲဝမ်းနဲစွာကျန်ခဲ့ရတာ  ကျလာတဲ့မျက်ရည် သူ မှမမြင်ပဲ
 
နားလည်မှုတွေပေးလိုက်ရတာ ရင်ထဲမှာဆို့နစ်နေတယ်ကွာ
 
အချစ်တခုထဲသာပေးဆပ်တတ်ပြီး အကြိမ်ကြိမ်နားလည်ပေးပါလို့တောင်းဆိုတတ်တဲ့ သူ
 
စိတ်တွေ ပင်ပမ်းလွန်းလို့ အော်ငိုမိတာ သူ မှမကြားနိုင်ပဲ
 
မာကျောလှတယ်ဆိုတဲ့ ငါ့ အသဲ...သူ နဲ့ကျမှအရည်ပျော်ကျခဲ့၇တယ်
 
သူ့ ကို ငါ ဘယ်လောက်ချစ်တာ ငါ့ ကိုယ်တိုင်တောင်မသိလိုက်ဘူး
 
ပင်လယ်ကိုဖြတ်သမ်းအေ၇ာက်လှမ်းခဲ့ဖို့မျှော်လင့်နေရင်း
 
လေထဲမှကောင်းကင်ယံ ငါ့ စိတ်တွေဘယ်ဆီထိလွင့်မျောနေ၇အုံးမယ်ဆိုတာ
 
တိမ်လွှာလေးတွေသိ၇င်ပြောပြခဲ့ပါအုံးလားနော့......
 
 

           ♥♥နှင်းဆီအေးမောင်♥♥ ~2013.FEB.24.PM..26:15

Saturday, February 23, 2013

**မိတ်ဆက်ကြေညာအပ်ပါသည**

မိတ်ဆက်ကြေညာအပ်ပါသည်..အွန်လှိုင်းပေါ်ကမောင်နှလိုခင်မင်တဲ့အကိုတယောက်...

 သူငယ်ချင်းများသို့
ကျွှန်တော်က ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်၊သံပုရာကုန်ကျေးရွှာမှ
 လူငယ်တယောက်ပါ ကျွှန်တော်အခုတင်ပြလိုသောအကြောင်အရာက
ိုစိတ်ဝင်တစားနဲ့ဖတ်ကြည့်ပေးပါရန်လေးစားစွာမေတ္တာရပ်ခံအပ်ပါတယ် ။
ကျွှန်တော်တို့ရွှာဟာ ရန်ကုန်-မန္တလေးအမြန်လမ်းရဲ့
92 မိုင် 5 ဖာလုံ တွင်တည်ရှိပါသည်။သူငယ်ချင်းများအားလုံးနှင့်တကွ
 မိဘ၊ဆွေမျိုးများ၊ညီအစ်ကိုမောင်းနှမများကို ခရီးသွားလာရာတွင် အ
ခက်အခဲရှိပါက ရွှာထဲသို့ဝင်ပြီး ကိုနေ၀င်းအောင်အိမ် ဘယ်နားမှာလဲဟ
ု မေးကာ အကူတောင်းနိုင်ပါသည်။ လိုအပ်သည့်အခက်ခဲများကို
တက်နိုင်သလောက်ကူညီဖြေရှင်းပါမည်။ရွှာနားရောက်ပြီး ဖုန်းနံပါတ်ဖြင့်
့်ဆက်သွယ်ကူအညီတောင်းလိုလျှင် 09-428199325 ကိုဆက်သွယ်
လိုက်ပါ .အလည်အပတ်လာရောက်လိုသူများကိုလည်တောဓလေ့နဲ့
တောသဘာဝကိုပြချင်ပါသေးသည် လာရောက်လည်ပတ်ကြပါရန
် အထူး
ဖိတ်ကြားအပ်ပါတယ်....................

သူငယ်ချင်းအားလုံးကိုခင်မင်စွာဖြင်......*phyutharlay007@gmail.com*
ကိုနေ၀င်းအောင်  ( 09-428199325 ) ကိုဆက်သွယ် ပါခင်ဗျား

မျှဝေလိုပါ၏..

Tuesday, February 19, 2013

¤°3 D စိတ်ကူးသူများ°¤


နတ်ဆိုး…လေးရဲ့စာပန်းချီလက်ရာလေးပါ ကျေးဇူးတင်ပါသည်..ချင်

¤°3 D စိတ်ကူးသူများ°¤
လေပြေသည်..အလွန်ပျင်းရိစွာတိုက်ခက်နေတက်၏
ညသည်..သူယောင်မယ်နှင့်..တွေ့ဆုံဖို့အကောင်းဆုံးအချိန်သို့ရောက်နှင့်နေပြီ
ခပ်စောစောအချိန်က..မြင်တွေ့ခဲ့ဖူးသောမြင်ကွင်းများသည်လည်း
ယခုအချိန်၌..အစွယ်များလည်းထွက်လာကြ၏
လူတို့၏..အမြင်သည်..မဟူရာညထက်နက်၏..မှောင်၏..စက္ကုဒုက္ခိတသည်များသာ
မဖြစ်နိုင်တာ..တွေး၏..ရေး၏..အသိခေါက်ခက်အဝင်နက်၏
ကိုယ်ကိုကိုယ်တက်၏..မြက်၏..ငါသာဆရာဟု..သွေးနထင်ရောက်နေတက်၏
မသေခင်..ယူလို့ရသမျှယူ၍ကောင်းရာဘုံဘဝသို့လည်း..လားချင်ကြ၏
လောဘ..ဒေါသ..မောဟနှင့်တဏှာအားနေ့စဉ်တွေ့နေကြမြင်ကွင်းဟုသဘောထားကြ၏
ကိုယ်မကြားဖူးသောစကားကို..ကိုယ်ရင်ထဲရောက်အောင်ထည့်ပေးနိုင်သူကိုလည်းထိုင်ရှိခိုးချင်ကြ၏
အမှန်စင်စစ်..ထိုသူသည်..လူ့အလကားလူသာဖြစ်၏
တရားသဘောအား..သိ၏..လောကသဘာဝတရားအားထိုသူမသိနားမလည်
တရားသဘော..သိ၍..တရားဟော၏
လောကသဘာဝတရားအားထိုသူမသိ..နားမလည်၍..ထိုသူ၏စကားဘောင်မဝင်ဖြစ်၏
ထိုအခါ..ထိုသူသည်..မခံမရပ်နိုင်ဖြစ်၍..တဖက်စွန်းသို့ရောက်၏
သိထားသောအရာအား..လိုက်မလုပ်နိုင်သောအချိန်သည်..ယခုအချိန်လည်းဖြစ်နေ၏
ဘဝနှင့်အသိသည်..လက်တွေ့မှာတထပ်တည်းကျဖို့အတွက်..ကောင်းကင်က
နေမင်းအရည်ဖျော်ချခံရဦးမည်ဖြစ်သည်
အမြင်သည်..ဒြပ်မဲ့..အသိသည်..နာမ်မဲ့..စိတ်ကူးသည်..ဒြပ်မဲ့..နာမ်မဲ့
လက်တွေ့ဘဝသာလျှင်..ဒြပ်ရှိ..နာမ်ရှိ..ဖြစ်၏

Nattso နတ်ဆိုး..2013.Feb.19

Sunday, February 17, 2013

♡❤♡❤ GO TO ❤♡❤♡


❤♡❤ဘယ်လောက်ပြောပြောနားမထောင်ဘူး
အရေးမထားတော့..ဒီကလဲပေါ့ပေါ့ပဲ
GO TO….အမှိုက်ပုံး..သွား…ကွာ ❤♡❤


Wednesday, February 13, 2013

♥♥ချစ်သူ(Valentine`s Day) ♥♥


  ချစ်သူများနေ့..ချစ်သူတိုင်းပျော်ရွှင်ကြပါစေ..

Saturday, February 9, 2013

                                      新年快樂...