ကြိုဆိုပါသည်

♥♥သံယောဇဉ်ပင်လယ်မှနှင်းဆီကလှိုက်လှဲစွာကြိုဆိုပါ၏..အလယ်ေ၇ာက်လာသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်..လှုပ်လှုပ်သဲ၇င်တွင်းစကားလေးတွေအန်ချရာပင်လယ်..Roseayemaung@gmail.comမှာပျော်ရွှင်နိုင်ကြပါစေ.♥♥.

Wednesday, March 14, 2012

အစိုးရဝန်ထမ်းတို့ လစာတိုးမြှင့်

 

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။        ။ နိုင်ငံအတွင်း နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအားလုံး လက်ရှိ ရရှိနေ သည့် လစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တလကို ကျပ် သုံးသောင်း ထပ်မံတိုးမြှင့်ပေးလိုက်သည်ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ နိုင်ငံပိုင် ရုပ်မြင်သံကြား MRTV-4 မှတဆင့် ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ကြေညာ လိုက်သည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အမိန့်ကြေညာစာ

Thursday, March 8, 2012

♥♥ နွေဦးနှင့်အတူငိုကြွေးနေပြီ♥♥



 ငါ စိတ်ကူးတိုင်း ၀င်လာတဲ့နင့်အရိပ်♥♥♥♥

ရင်ဘတ်ထဲမှာနင့်အကြောင်းတွေ♥♥♥♥

ရင်တခုလုံးစိုချွဲအောင်ရွာချလိုက်တဲ့မိုးတွေက♥♥♥♥

စိတ်တခုလုံးကိုထိန်းမရချုပ်မရမျောလွင့်နေပြီ♥♥♥♥

အိမ်မက်မှာလဲနင်သာလွမ်းမိုး နွေဦးလေရှုးမြေမှုန့်လေးတဆုပ်လို♥♥♥♥

       နင်ဟာ♥♥♥♥♥♥♥♥

ငါ့စိတ်ကူးတိုင်းမှာမွေနှောက်နေပါလား♥♥♥♥

သံယောဇဉ်အချစ်နဲ့ရင်ဘတ်ထဲဝှက်ထားတဲ့ငါ့ရဲ့ချစ်ခြင်းတွေ♥♥♥♥

တိတ်ဆိတ်လွန်းလှတဲ့ ဒီ့နွေဦးတည♥♥♥♥

ငါတယောက်တည်းတိုးတိုးလေးငိုကြွေးနေတယ်♥♥♥♥

ဟာလာဟင်းကျင်းနေတဲ့ငါ့ရင်ဘတ်ထဲမှာ♥♥♥♥

အသိစိတ်ကလေးနဲ့ခဲခဲယဉ်းယဉ်းရှာဖွေနေတာ♥♥♥♥

ပျော်စရာတွေဆိတ်သုန်းနေတဲ့နွေည♥♥♥♥

နာကျင်စွာနဲ့မေ့ပျောက်ဖို့ကြိုးစားရင်းငါ့၇င်ထဲမှာအဖျားတက်လာသလို♥♥♥♥

စိတ်တွေက ကတောင်ကယမ်းချောက်ခြားနေပြီ♥♥♥♥

ရီုီုးသားချင်းနဲ့ချစ်ခဲ့တဲ့ ငါ့ဝိဥာဏ်ဟာ♥♥♥♥

                 ခုတော့♥♥♥♥♥♥♥♥

ပူဆွေးဝမ်းနည်းပက်လက်ငိုကြွေးနေရှာပြီနွေဦးနှင့်အတူ♥♥♥♥



♥♥နှင်းဆီအေးမောင်♥♥၂၀၁၂.မတ်လ.၉၇က်.သမ်းယံ၂၅း၃၀

Tuesday, March 6, 2012

♥♥ တုံးတဲ့ကောင်မလေး(တောင်ပေါ်သူ) ♥♥



ငါတို့သူငယ်ချင်း၂ယောက်မြို့ပေါ်တက်လာပြီး
ဘိုဆန်ဆန်..အင်္ဂလိပ်ဆန်ဆန်.နာမယ်ထားကြတယ်
ငါတို့၂ယောက်ပေါင်းလိုက်တဲ့ နာမယ်က..W.C တဲ့
တနေ့ကပေါ့ မိုးတွေက နေ့၇က်ဆက်တိုက်မနားတန်း၇ွာနေတော့
အိမ်မှာထမင်းအတူစား၇င်းစကားလက်ဆုံကြနေကြတယ်ပေါ့…

W……..ဟေ့..C..ေ၇..မိုးတွေကလဲ၇ွာနေတော့အလုပ်ကလဲနား
နေ၇တယ်လေကွာ ♥♥♥♥

C…..…….ဟုတ်လား….အလုပ်မ၇ှိလဲခနအနားယူလိုက်အုံးပေါ့♥♥♥♥

W………...အနားယူတာကတော့ဟုတ်တာပေါ့….ဒါပေမဲ့မန်မန်း
တူတူ…ပုန်းနေ၇တယ်လေနော့….ဟိဟိ♥♥♥♥

C……….…မန်မန်း ဆိုတာဘာလဲနော့…….
တူတူ ပုန်းဆိုတာကကော ဘာလဲဝေ့♥♥♥♥

W………….မန်မန်ဆိုတာဘာလဲ နင်တွေးကြည့်လေ♥♥♥♥

C…………….အေး…ငါပြောကြည့်မယ်နော်  မန်မန်း….ဆိုတာ
မန်းနီး…ငွေ….ဟုတ်လား?…..တူတူပုန်းဆိုတာက
ငါတို့ငယ်ငယ်တုံးကကစားကြတာလေဟုတ်လား? ♥♥♥♥

W…...ကစိတ်မ၇ှည်လာတော့…

W………..…အာ…..ထပ်ထ၇ီး♥♥♥♥
မန်မန်းဆိုတာထမင်းလေ တူတူပုန်းဆိုတာ
ထမင်းမ၇ှိဘူးတဲ့♥♥♥♥
ကဲ…မှတ်ထား♥♥♥♥

……………. ဒုတ်……………
……………..အား…………...

ထမင်းခွက်နဲ့ပေါက်ခံထိသွားပြီ….ဟီးဟီး…♥♥♥♥

♥♥(တောင်ပေါ်သူလေး)နှင်းဆီ♥♥2012.Mar.6.pm2

♥♥ဘော့စ် နဲ့ အနော့ အင်တာဗျူး♥♥


သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်.ရိုးသားခြင်းနှင့်
ပွင်းလင်းစွာပြောဆိုတတ်တာ.. ကောင်းသလား၊ ဆိုးသလား ဆိုတာ
ဘယ်လိုသိနိုင်ကြမလဲ…

ဘော့စ်♥♥မနက်အိပ်ယာထလာရင်ဘာလုပ်လဲ..

အနော်♥♥သွားမတိုက်မျက်နှာမသစ်ပဲအလုပ်ကိုဝင်တယ်..
အိပ်ယာထ နောက်ကျလို့…

ဘော့စ်♥♥အလုပ်ရောက်ရင်ဘာလုပ်လဲ..

အနော်♥♥အလုပ်ရောက်တော့အိပ်ငိုက်ထိုးတယ်…ညမအိပ်လို့..ဟီးဟီး…

ဘော့စ်♥♥အလုပ်မှာအိပ်ငိုက်တော့အပစ်ပေးခံရမှာပေါ့

အနော်♥♥ဟဲ..ဟဲ..အပစ်ပေးခံဖို့မရှိပါဘူး..ငါပဲအကြီးဆုံးပဲလေ…

ဘော့စ်♥♥အကြီးဆုံးကဒီလိုဆိုတော့ပုံမမှန်ဘူးနော်
.အောက်လက်ငယ်သားတွေဘယ်လိုလုပ်မလဲ?

အနော်♥♥ငါလဲအောက်လက်ငယ်သားတွေကိုပုံမှန်အိပ်ခိုင်းထားတာလေ…အိ

ဘော့စ်♥♥ဒီလိုဆိုတော့အံဝင်ဂွင်ကျတွေပဲပေါ့နော်…

အနော်♥♥ဟုတ်ပါ့…ဟုတ်ပါ့…အားလုံးကသဘောကြကျတယ်…ဂွင်ကျနေတာပဲ..

*နေ့လယ်ချိန်ရောက်ပြီ*

ဘော့စ်♥♥နေ့လယ်ထမင်းဘယ်အချိန်စားလဲ?

အနော်♥♥အချိန်မမှန်ပါဘူး…ဆာတိုင်းထိုင်စားနေလို့….ဟီးဟီး….

*ညနေချိန်ရောက်ပြီ*

ဘော့စ်♥♥အလုပ်ဘယ်နာရီဆင်းလဲ..သိလား?

အနော်♥♥အလုပ်ဆင်းချိန်မရောက်ခင်အမြဲတမ်း်အပြင်မှာဆိုတော
ဆင်းချိန်မသိဘူး…ဟဲ..ဟဲ…..။။။

ဘော့စ်♥♥အေး..အေး.ကောင်းကွာ.မနက်ဖန်ကစပြီးနင်ကိုအလုပ်ထုပ်လိုက်ပြီ.
ထပ်ထရီး.။။

      ….. ဂိန်…..ဒပ်…..

ပွင့်လင်းစွာပြောမိတာ ခုတော့ ခက်၇ပြီ…။။။


♥♥နှင်းဆီအေးမောင်♥♥2012.Mar.6 pm24

♥♥ဖြစ်နိုင်မလား ?..????? ♥♥


*သင်စိတ်ညစ်နေချိန်မှာ…သင့်အတွက်အကောင်းဆုံးသူဟာ…
ရီမောစရာ ပြောတတ်သူပဲဖြစ်တယ်..။။

*ကိုယ်ပျော်နေတဲ့စကား…သူများကိုပြောပြနေသည်ထက်….
ကိုယ်ကပိုပျော်နေတာကို ကိုယ်ပဲပိုခံစား၇ပါတယ်…။

*မေ့လို့ခက်တဲ့သူကရှိနေတဲ့သူမဟုတ်ဘူး…
မရှိတော့တဲ့သူကိုမေ့၇ဖို့ခက်တယ်…။

*သင်ချစ်သူကို သစ္စာစကားလက်ဆောင်မပေးချင်နေပါ…
              ညာမယ်.ဆိုတဲ့စကား၂လုံးမပေးမိပါစေနှင့်…။

*ချစ်သူ-၂ ဦး-ူချစ်နေချိန်မှာ…...
သင်ကအလေးမမှု-အေ၇းမကြီးတဲ့လူတယောက်လိုမထားပါနဲ့….
       သူမုန်းပြီဆိုရင်သင်………?...။

*မိမိကိုယ်-ကိုမချစ်ပဲသူတပါးကိုချစ်တယ်ဆိုတာဖြစ်နိုင်မလား?…။

*လူတွေဟာ.အချိုကိုကြိုက်သလို အချော့လည်းကြိုက်ကြပါတယ်…။

*သင်အိမ်ထောင်ပြုမယ်ဆို၇င်….သင်ထက်ကြီးသူကိုယူပါ…
ကြီးရင်မှီ၇တော့.သင့်အတွက်ဘ၀အသက်အာမခံ.
တံတိုင်ကြီး..ဖြစ်လို့…သင့်ဘ၀အကွက်အေးချမ်း၇ပါပြီ…..
     ကြီးရင်မှီ…..ငယ်ရင်ချီ…..ကြိုက်တာေ၇ွးယူနိုင်ကြပါစေတည်း….။။။

♥♥နှင်းဆီအေးမောင်♥♥2012.Mar.6 PM26:10

Friday, March 2, 2012

**ကိုယ်အလေးချိန် လျှော့ချသူများ -စားသင့်သည့်အစားအစာများ **

*ကြက်ဥ*

လတ်တလော လေ့လာထားမှုအရ တစ်နေ့ကို ကြက်ဥတစ်လုံး စားပေးတာက ကျန်းမာစေပြီး အာဟာရဓာတ် ညီညွတ်မျှတစေတယ်ဆိုတာ တွေ့ရပါတယ်။ သင့်မနက်စာမှာ ကြက်ဥတစ်လုံးစားတာက ကိုယ်အလေးချိန် လျှော့ချပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြက်ဥမှာ ပရိုတင်းဓာတ်တေ များစွာပါဝင်တာကြောင့် အစာချေဖျက်ဖို့အတွက် အချိန်ပေးရပါတယ်။ မနက်စာမှာ ကြက်ဥစားပေးတဲ့အခါ အစာချေဖျက်မှု နှေးတာကြောင့် အစာအိမ်ထဲမှာ အချိန်ကြာကြာ ပြည့်နေစေပါတယ်။ ဒါဟာ နောက်ထပ် အစာထပ်စားဖို့ကို နည်းသွားစေပါတယ်။


* အမဲသား *

ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေက အနီရောင်ရှိတဲ့အသားတွေကို စားသုံးဖို့ အားမပေးခဲ့ပါဘူး။ အနီရောင်ရှိတဲ့ အသားတွေထဲမှာ အမဲသားလည်း အပါအဝင်ပါ။ ဒါပေမဲ့ အမဲသားက သင့်ခါးပတ်လည်က အဆီတွေကို လျှော့ချဖို့အတွက် စားလို့ရတယ်လို့ နောက်ဆုံးပေါ် လေ့လာမှုတွေက ဆိုပါတယ်။ တကယ်တော့ အဆီမပါတဲ့ အမဲသားက အရေခွံမပါတဲ့ ကြက်ရင်ပုံသားထက် ပြည့်ဝဆီတွေ များတာမှန်ပေမဲ့ အမဲသားကနေ ပရိုတင်းဓာတ်တွေ ပိုမိုရရှိနိုင်ပါတယ်။ ကြက်ဥလိုပဲ အမဲသားမှာ ပရိုတင်းတွေ များစွာပါရှိတာကြောင့် ဗိုက်ပြည့်တင်းနေစေပြီး ဆာလောင်မှုကို နည်းစေပါတယ်။ ဒါပေမဲ့ အမဲသားကို အလွန်အကျွံမစားသုံးဘဲ ချင့်ချင့်ချိန်ချိန် စားသုံးဖို့တော့လိုပါတယ်။


*ချိစ်***

ကိုယ်အလေးချိန်လျှော့ချသူ အများစုက ကိုယ်အလေးချိန် လျှော့ချနေချိန် အတွင်းမှာ ချိစ်စားသုံးတာကို ရှောင်တတ်ကြပါတယ်။ ချိစ်က ကယ်လ်စီယမ် ကြွယ်ဝတဲ့ အစားအစာဖြစ်တာကြောင့် တချို့လေ့လာမှုတွေက ချိစ်စားသုံးမှုကို ရှောင်ရှားလိုက်တာဟာ မှားယွင်းတယ်လို့ဆိုပါတယ်။ လေ့လာမှုတစ်ခုက ခန္တာကိုယ်က အဆီတွေကို လောင်ကျွမ်းဖို့အတွက် ကယ်လ်စီယမ်ဓာတ် အလုံအလောက်ရှိဖို့ လိုတယ်လို့ပြောပါတယ်။ ဒါကြောင့် အဆီနည်းတဲ့ ချိစ်၊ ဒိန်ချဉ်နဲ့ နို့သောက်ပေးတာက ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူဖြစ်စေပါတယ်။ ကယ်လ်စီယမ် ဖြည့်စွက်သောက်သုံးတာက အစားအစာတွေက ရရှိတဲ့ကယ်လ်စီယမ်လောက် ခန္တာကိုယ်အတွက် အကျိုးမရှိဘူးလို့လည်း ဆိုပါတယ်။ ဒါကြောင့် ခန္တာကိုယ်အတွက် ကယ်လ်စီယမ်ဓာတ်ကို အစားအစာကနေ ရရှိအောင် စားသုံးသင့်ပါတယ်။

*ကော်ဖီ *

ကော်ဖီသောက်သုံးမှုနဲ့ ပတ်သက်ပြီး သုတေသနတွေကနေ တွေ့ရှိချက်တွေ အမျိုးမျိုးပြောခဲ့ကြပါတယ်။ ကိုယ်အလေးချိန် လျှော့ချနေတာနဲ့ပဲ သင်ကြိုက်နှစ်သက်တဲ့ ကော်ဖီသောက်သုံးမှုကို ရှောင်ရှားနေဖို့ မလိုတော့ပါဘူး။ ကော်ဖီဖျော်ရာမှာ ထပ်ပေါင်းထည့်တာတွေက ကော်ဖီကိုနာမည်ပျက်စေပါတယ်။ ခရင်မ်၊ သကြားနဲ့ တခြားအနံ့အရသာအမျိုးမျိုးတွေ ထည့်သွင်းဖော်ပြထားတဲ့ ကော်ဖီကတော့ သင့်အတွက် ကောင်းကျိုး မရှိနိုင်ပါဘူး။ သင်ဟာ ကိုယ်အလေးချိန်လျှော့ချနေသူ တစ်ယောက်ဖြစ်ပါက ကော်ဖီဖျော်ရာမှာအဆီထုတ်ထားတဲ့ နွားနို့ထပ်ပေါင်းထည့်ဖျော်ပေးပါ။ အချိုဓာတ်လိုအပ်တယ်ဆိုရင်တော့ သကြားအနည်းငယ် ထည့်ဖျော်နိုင်ပါတယ်။ နွားနို့က ကယ်စီယမ်နဲ့ ဗီတာမင် ဒီကို ရရှိစေတာကြောင့် ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူဖြစ်စေပါတယ်။


မြန်မာသတင်းရပ်ဝန်း ကျန်းမာရေးကဏ္ဍ မှယူလာတာပါ..

♥♥နှင်းဆီအေးမောင်♥♥

Sunday, February 26, 2012

ရှားပါးဖြစ်စဉ်အဖြစ် ခန္ဓာကိုယ်အပြင်ဘက် နှလုံးရောက်သည့်ကလေး အသက်သုံးနှစ်ပြည့်တော့မည်

ခန္ဓာကိုယ်အပြင်ဘက်တွင် နှလုံးရောက်ရှိသည့် ကလေးများမှာ ပုံမှန်အားဖြင့်ဆိုလျှင် သုံးရက်အထိသာ အသက်ရှင်နိုင်သော်လည်း အမေရိကန်မှ Ryan Marquiss ဆိုသူကလေးမှာ အသက်သုံးနှစ်ပြည့်မွေးနေ့ကို မကြာမီပြုလုပ်နိုင်တော့မည်ဖြစ်သည်။ Ryan ၏မိခင် Marquiss ကိုယ်ဝန် ၁၂ ပတ်ရှိသည့်အချိန်တွင် ကလေးအသက်ရှင်နိုင်ခြေမရှိသည်ကို စမ်းသပ်တွေ့ရှိခဲ့သဖြင့် ယင်းကိုယ်ဝန်ဖျက်ချရန် ဆရာဝန်များက အကြံပြုခဲ့သော်လည်း Ryan ၏မိဘနှစ်ဦးစလုံးက ငြင်းဆန်ခဲ့သည်။
အသက် ၃၄ နှစ်ရှိ မိခင် Marquiss က မိမိတို့ သည် သဘာဝဖြစ်စဉ်အတိုင်းရှိစေလိုသဖြင့် ဖျက်ချရန်ငြင်းဆိုခဲ့ခြင်းဖြစ်ကြောင်း၊ Ryan ကဲ့သို့ အခြေအနေမျိုးမှာ အသက်ရှင်နိုင်ခြေမရှိဟု ဆရာဝန်များက ပြောကြားခဲ့သော်လည်း ယခုအခါ Ryan က မိမိတို့အနီးတွင် ရှိနေသေးသဖြင့် အားလုံးအတွက် အံ့အားသင့်စရာ ဖြစ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။ Ryan ကဲ့သို့ ကလေးမျိုးမှာ သန်းပေါင်းများစွာ မွေးဖွားလာမှုတွင် ရှစ်ဦးခန့်သာရှိနိုင်ပြီး ယင်းရှစ်ဦးခန့်မှာလည်း သုံးရက်အတွင်း သေဆုံးနိုင်ကြောင်း သိရသည်။
Ryan ကို ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလကုန်ပိုင်းတွင် ၀ါရှင်တန်ရှိ ကလေးဆေးရုံတစ်ခု၌ မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သော နှစ်နှစ်အတွင်း Ryan ကို ခွဲစိတ်ကုသမှု တစ်ဒါဇင်ကျော် ပြုလုပ်ပေးခဲ့ရပြီး တစ်ဝက်သာ ဖွံ့ဖြိုးသော ၎င်း၏နှလုံးကို ပုံမှန်နှလုံးကဲ့သို့ အလုပ်လုပ်နိုင်ရန်အတွက် နေရာချသည့် ခွဲစိတ်ကုသမှုပြုလုပ်ခဲ့သည်။ ယင်းနောက် အပြင်ဘက်ထွက်နေသော နှလုံးကိုဖုံးသွားစေရန်အတွက် ၎င်း၏အရေပြားအောက်တွင် တစ်သျူးများ ပျံ့ထွက်စေသည့် အရာများကို ဆရာဝန်များက ထည့်သွင်းပေးခဲ့ကြောင်းသိရပြီး နှလုံးအစားထိုးကုသမှုကိုလည်း အနာဂတ်တွင် ပြုလုပ်ရန်ရှိကြောင်း သိရသည်။
Ref: Weekly Eleven

chandra bahadur dangi from nepal the new world's smallest man

ကမ္ဘာ့သက်ကြီးပု ဂရင်းနစ်စံချိန်ဝင်

2/25/2012 ယခုလ 21 ရက်နေ့ တုန်းက Nepal’s နိုင်ငံတွင် Chandra Bahadur Dangi ဆိုသည့် အသက် 72အရွယ်အမျိုးသားတစ်ဦး

သည် Media များနှင့်တွေ့ ဆုံကာ ၄င်းသည်ယခုလက်ရှိကမ္ဘာ့အရပ်အပုဆုံး(short man) တစ်ဦးဖြစ်ကြောင်း ဂရင်းနစ် စံချိန်

တင်လိုက်ပါသည် ။ Chandra မတ်တပ်ရပ်နေ စဉ်တွင် ၄င်းအရပ်သည် 56 cm ခန္ဒာကိုယ်အလေးချိန်ကတော့ 12 kg သာရှိပါ

သည်.။ယခုဆို Chandra ဟာ 2012ဂရင်းနစ် စာအုပ်ကြီးထဲကို ၀င်သွားပြီဖြစ်ပါသည်။‘the World’s shortest man ' ဟုအမည်ဖြင့်ဝင်သွားတာဖြစ်ပါတယ်. ယခင် Chandra အရင်ဝင်ထားသည့် သူကတော့ Filipino Junrey ဆိုသည့်သူပဲဖြစ်ပါသည် ။ ၄င်းအရပ်ကတော့ 60 cm ဖြင့်ဝင်ရောက်ထားတာဖြစ်ပါတယ် ယခုတော့ ၄င်းထက်ပုသော သူပေါ်ပေါက်လာပြီဖြစ်ပါသည် ။ Chandra က၄င်းစံချိန်ကို 4 cm နှင့်ချိုးလိုက်နိုင်ပါသည် ။



*ဆက်လက်ကြည့်ရှုပါခလေးလေးတွေရဲ့ဘ၀ဖြစ်အင်*
အနော်ကတော့အပစ်မဲ့တဲ့ခလေးတွေကိုအ၇မ်းချစ်တာ..အပစ်မဲ့တဲ့ခလေးဘ၀မှာ..
ဒီလိုလာခံစားနေ၇ပါလားနော့
ဒီလိုခလေးတွေကြည့်မိပြီး..အနော်ခလေးမမွေးချင်ဘူး...အနော့ကြောင့်ခလေး
လေးဒီဘ၀မျိုးမရောက်လာလိုဘူး..သနားတယ်...သနားတယ်......
ဟင့်ဟင့်....အိအိ...
ခလေးတို့ေ၇....ဘ၀ဆက်တိုင်း..သန်မာထွားကျိုင်းတဲ့ဘ၀မျိုးရနိုင်ပါစေလားနော့...

Wednesday, February 22, 2012

မြန်မာ့ဂုဏ်ဆောင် ဧည့်စာရင်းစစ်ခြင်း နှင့် အင်တာနက်ဆိုင် မာရှယ်လော




မြန်မာ့ဂုဏ်ဆောင် ဧည့်စာရင်းစစ်ခြင်း နှင့် အင်တာနက်ဆိုင် မာရှယ်လော

(ဓာတ်ပုံ - fu-min)

ရန်ကုန်မြို့ရှိ အင်တာနက်ဆိုင်များအားလုံး ည ၁၁ နာရီ နောက်ဆုံးပိတ်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှုးတို့က အင်တာနက်ဆိုင်များကို လိုက်လံ အကြောင်းကြားလျက်ရှိသည် ဟု အင်တာနက်ဆိုင်ရှင်များနှင့် အင်တာနက်သုံးစွဲသူများက ဆိုသည်။

“ကျွန်တော်တို့ အင်တာနက်

Monday, February 20, 2012

♥♥ရုန်းထွက်နေဆဲပါ♥♥


မနက်ဖန်ဆိုတဲ့မျှော်လင့်ချက်လေးတခုကြောင့်♥♥♥♥
ဘ၀အတွက်အသက်ရှင်ရေးဆက်ထားရတယ်♥♥♥♥
တနေ့တနေ့၂၄နာရီဆိုတဲ့အချိန်ကိုဖြတ်ကျော်ခဲ့တယ် ♥♥♥♥
မြင်တွေ့နေ၇ထွေလာပေါင်းစုံစိတ်ရှုတ်စ၇ာ♥♥♥♥
ငါ့ရဲ့အပြုံးတပွင့်ပြုံးပြဖို့ရာငါမေ့နေခဲ့တယ်♥♥♥♥
ကြွေလွင့်နေတဲ့သစ်ခြောက်၇ွက်တွေတ၇ွက်ချင်း♥♥♥♥
ငါကောက်ယူနေ၇င်း♥♥♥♥
ကွယ်ပျောက်သွားတဲ့သူ့ကို.ငါလိုက်၇ှာနေဆဲပါ♥♥♥♥
ဘယ်သူများငါ့ကိုကူနိုင်ပ့ါမလဲလို့အတွေးတွေတွေး၇င်း♥♥♥♥
သုညဆိုတဲ့ဝလုံးကိုသာ..အဖြေ၇ခဲ့တယ်♥♥♥♥
၂၄နာ၇ီဆိုတဲ့တ၇က်တာ♥♥♥♥
ငါဘယ်လိုဖြေသိမ့်ခဲ့၇တယ်ဆိုတာ♥♥♥♥
ငါတကိုယ်တည်းအေးစက်စက်အတွေးတွေနဲ့♥♥♥♥
ကော်ဖီပူပူလေးတခွက်ကို မျိုချရင်းနဲ့သာမိုးလင်းခဲ့၇တယ်♥♥♥♥
ငါ့ကိုကမျက်ရည်လွယ်လွန်းလှပါတယ်.နင်နာမယ်မေးလာတိုင်း♥♥♥♥
ငါငို၇တာချည်းပဲလေ..အချစ်ဆိုတာဘာဆိုတာငါမသိ♥♥♥♥
နင်နဲ့တွေ့နေချိန်ငါပျော်တာပဲသိ♥♥♥♥
ပျော်စ၇ာတွေတပိုက်တပိုးနဲ့ပြည့်နှက်နေတယ်♥♥♥♥
ဘာဆိုဘာမှမတွေးတော့ဘူး.ငါတို့၂ယောက်♥♥♥♥
မခွဲခွါ၇တော့ဘူးလို့ ထင်နေတာ♥♥♥♥
ခုလိုဝေးသွားတဲ့ချိန်မှာ♥♥♥♥
ကမ္ဘာကြီးပျက်သလိုငါခံစား၇တယ်♥♥♥♥
ငါနင့်ကိုလွမ်းလို့အလွမ်းမျက်ရည်တွေစုဆောင်းထားလိုက်တာ ♥♥♥♥
ခုဆို♥♥♥♥♥♥♥♥
ပင်လယ်ပြင်ကြီးကသက်သေပြနေပြီ♥♥♥♥
နင်ကြည့်လိုက်စမ်းပါ♥♥♥♥
ဒီေ၇ပြင်ကြီးကငါ့မျက်ရည်ငါ့၇င်ဘတ်ကြီးပါပဲ♥♥♥♥
ငါ့၇င်ဘတ် ကြီးပေါ်မှာ♥♥♥♥
လိုင်းလုံးလေးတွေကဖြတ်သန်းသွားနေတယ်♥♥♥♥
ငါကိုမွေးမွေးလေးပေးခဲ့တယ် ငါ့ကိုနှစ်သိမ့်ဖို့လာကြတယ် ♥♥♥♥
ငါဖမ်းယူမထားပါဘူး.သူတို့လို၇ာသွားပါစေ ♥♥♥♥
ငါဆိုတဲ့ငါ♥♥♥♥♥♥♥♥
ခုတော့ပျော်စရာတွေပျက်-နင်မရှိတော့တဲ့ညတွေမှာ♥♥♥♥
ညရောက်လာမှာကိုပဲ ငါကြောက်ရွှံနေပြီ ညကိုလဲမုန်းလိုက်ချင်ပြီ♥♥♥♥
ငါ့နှလုံးသားကိုပြုစားခဲ့တာလား? ♥♥♥♥
သံယောဇဉ် ရဲ့မွန်းကြပ်အောက်မှာငါရုန်းထွက်နေဆဲ♥♥♥♥
အလွမ်းကမ္ဘာမှာအဆွေးတွေနဲ့ငါမနေတော့ဘူး♥♥♥♥♥♥♥♥

♥♥နှင်းဆီအေးမောင်♥♥၂၀၁၂.ဖေဖော်ဝါရီ.21.သန်းယံ.၂း၂၀ အချိန်

♥♥ အမျိုးသားများ*ဆေးလိပ်သောက်ခြင်းရလဒ်*♥♥



ဆေးလိပ်တလိပ်သောက်ခြင်းသည်အသက်..၁၁မိနစ်တိုနိုင်ပါတယ်..

ဆေးလိပ်သောက်ခြင်းကြောင့်..ကင်ဆာ-နှလုံးသွေးကြောရောဂါများ-

လေဖြတ်ခြင်း- သွေးကြောများနှင့်ဦးနှောက်တွင်သွေးကြောပိတ်ခဲခြင်း-

နာတာရှည်အသက်ရှုလမ်းကြောင်း- ဆိုင်ရာရောဂါများ.-ကျောက်ကပ်ပျက်စီးခြင်း-

ခြေထောက်နံခြင်း-နှလုံးသွေးကျင်းရောဂါ- ရင်ဘတ်အောင့်ရောဂါ-

ကင်ဆာရောဂါတွေထဲမှာ-အဆုတ်ကင်ဆာပိုဖြစ်နိုင်ပါတယ်-

ဆေးလိပ်သောက်လွန်လွန်းသူသည်-ဆီးအိမ်ရောဂါ-အစာမျိုကင်ဆာ-

 ကျောက်ကပ်ကင်ဆာ-တင်ပါးဆုံးရိုးဂွင်းကင်ဆာ-တို့ဖြစ်နိုင်ပါတယ်။

ပန်းနာရင်ကြပ်-အနံ့အရသာ- များပျက်စီးခြင်း-ပါစပ်နံခြင်း-

သွား.သွားဖုံးတွေပျက်စီးစေပါတယ်..သွေးကြောကျဉ်းမြောင်း

ထိခိုက် ပျက်စီးလာပါတယ်.

ပန်းသေ-ပန်းညှိုး-စိတ်ကျရောဂါ-စိတ်ပူပင်လွန်ကဲမိမိကိုယ်ကို

ယုံကြည်မှုတွေနဲ လာတတ်ပါတယ်..။

♥♥ နှင်းဆီ♥♥

Saturday, February 18, 2012

ပြည်တော် ပြန်များ နိုင်ငံသား ခံယူခွင့် ပြန်လည် လျှောက်ထားနိုင်

ပြည်တော် ပြန်များ နိုင်ငံသား ခံယူခွင့် ပြန်လည် လျှောက်ထားနိုင် PoorBest
သတင်း - ပြည်တွင်း


Sunday, 19 February 2012 09:11 Written by ရွှေဟင်္သာသတင်းဌာန 0 Comments
အကြောင်း အမျိုး မျိုးကြောင့် နိုင်ငံ တကာကို ရောက်ရှိ နေကြသော မြန်မာနိုင်ငံ သားများကို အမိ နိုင်ငံ သို့ ပြန် လာပြီး မြန်မာ နိုင်ငံသား အဖြစ် သက်သေ အထောက် အထား ပြည့်စုံ ပါက နိုင်ငံသား ခံယူ ခွင့် ပြန် လည် လျှောက်ထား နိုင်ပြီး ဖြစ်ကြောင်း ဖေဖော် ၀ါရီ လ ၅ ရက်နေ့ လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီး ဌာန အကြီးတန်း အရာရှိ များက မီဒီယာ တွေ့ဆုံပွဲ တခုမှာ ပြောကြား ခဲ့ပါသည်။

“ပြည်ပက ပြန်ဝင်လာတဲ့မြန်မာတွေ အနေနဲ့ နိုင်ငံသား ခံယူခွင့် ပြန်လည်လျှောက်ထားတဲ့အခါမှာ ဟိုဘက်နိုင်ငံ သားခံယူပြီးသားဖြစ်နေရင်တော့ စွန့်လွှတ်ပြီးမှ လျှောက်ခွင့်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ သားအဖြစ် ပြန်လည်ခံယူဖို့အတွက် ပြည်ပရှိမြန်မာသံရုံးတွေမှာ လျှောက်ရမှာဖြစ်တယ်။ ပြည်ပရောက်မြန်မာတွေ အနေနဲ့ တရားဝင်နိုင်ငံသားပြန်လည် ခံယူခွင့်ရှိတယ်ဆိုတာကို အသိပေးထားတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ယင်းတွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါ သည်။

ပထမ အဆင့်အနေနှင့် မြန်မာနိုင်ငံသားဘ၀မှ တခြားနိုင်ငံသားအဖြစ် ခံယူထားသူများသည်၊ မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူခွင့်လျှောက်ထားသည့်အခါမှာ လျှောက်ထားသူ၏ ကိုယ်ရေး အချက်အလက်များကို သက်ဆိုင်သည့်နိုင်ငံရှိ မြန်မာသံရုံးလူဝင်မှု ကြီးကြပ် ရေးဌာနက စီစစ်ပြီး သဘောထား မှတ်ချက်တောင်းမည်ဖြစ်ပါသည်။

နိုင်ငံသား ခံယူခွင့်လျှောက်သူသည် မြန်မာနိုင်ငံသားဖြစ်နေမည်ဆိုပါက ပြန်လည်လက်ခံပေးမည်ဟုဆိုပါသည်။ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးသည့် နိုင်ငံသားတွေသည် မွေးရာပါနိုင်ငံသားများ ဖြစ်သဖြင့် နိုင်ငံသား စိစစ်ရေးကပ် ရမည် ဖြစ်ပါသည်။ ဥပဒေအရသာ သက်ဆိုင်သည့် နိုင်ငံသားများက ဧည့်နိုင်ငံသားကပ်များသာ ရရှိမည်ဖြစ်ပါသည်။ ပြည်တွင်းကနေရာအသီးသီးများ၌ အခွန်ဆောင်နေသည့် နိုင်ငံခြားသားများကိုမူ အက်ဖ်အာရ်စီနှင့် အကြောင်းအမျိုးမျိုးကြောင့် နောက်ကြောင်းမပြည့်စုံသေးသူများကိုမူ ယာယီနိုင်ငံသား ကပ်များ ထုတ်ပေးမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံသားအဖြစ် လျှောက်ထားသူများသည်၊ နိုင်ငံသား ခံယူခွင့်အတွက် နိုင်ငံသား စီစစ်ရေး ဗဟိုအဖွဲ့ထံ တင်ပြ လျှောက်ထားနိုင်ပြီးဖြစ်ပါသည်။ လျှောက်ထားသူမည်သူမဆို အထောက်အထားပြည့်စုံဖြင့် ဥပဒေနှင့်အညီဖြစ်ပါကရင် နိုင်ငံသား ခံယူခွင့်ပြုသည်ဟု ယင်းမီဒီယာတွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲံပါသည်။

ဤကဲ့သို့ အစိုးရမှ နိုင်ငံသားပြန်လည်လက်ခံရေးကို ဆောင်ရွက်နေသော်လည်း အထွေအထွေ လွတ်ငြိမ်းချမ်းသာခွင့် မပြု သေးသည့်အတွက် အများစုမှာ ယုံကြည်နိုင်စရာ မရှိသေးဟု ပြောဆိုနေကြပါသည်။ (၁၉၈၈) ခုနှစ်အရေးတော်ပုံကြောင့် နိုင်ငံမဲ့ဘ၀ဖြင့် ရောက်နေကြသော မြန်မာနိုင်ငံသားများရှိနေကြသလို၊ သောင်းချီပြီး တတိယနိုင်ငံကိုရောက်ရှိသွားကြ ပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/1146-2012-02-19-02-17-18.html

*ဖိုးချစ် အငြိမ့်လေးပေါ့*

...၀ူး..ဒီနေ့အ၇မ်းပျင်းဟာ..သူငယ်ချင်းတို့..ချစ်စရာနှစ်ပါးခွင် Starring : ဖိုးချစ် | Phoe Chit..အငြိမ့်ကြည့်ကြရအောင်နော်..အနော်ကတော့သူတို့ဘာတွေပြောနေလဲဆိုတာနားမလယ်ပါဘူး.သူတို့ကနေတာ.၇ယ်သူတို့ဝတ်ထားတဲ့အ၀တ်လေးတွေကလှတယ်နော်.အနော်ဝတ်ချင်လိုက်တာ.၀ူး....