ကြိုဆိုပါသည်

♥♥သံယောဇဉ်ပင်လယ်မှနှင်းဆီကလှိုက်လှဲစွာကြိုဆိုပါ၏..အလယ်ေ၇ာက်လာသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်..လှုပ်လှုပ်သဲ၇င်တွင်းစကားလေးတွေအန်ချရာပင်လယ်..Roseayemaung@gmail.comမှာပျော်ရွှင်နိုင်ကြပါစေ.♥♥.

Tuesday, January 3, 2012

♥♥ နင်မသိဘူးလား ♥♥



♥♥ နင်မသိဘူးလား ♥♥

♥ချစ်တာမှနင့်ကိုအားလုံးတွေထက်ချစ်တယ်
နင်မသိဘူးလား ?

♥နင်ပြောသမျှအ၇ာအားလုံးကိုနားလည်မှုလေးပေးခဲ့တယ်ဆိုတာ
နင်မသိဘူးလား ?

♥ငါ့ကိုနင်ကဂ၇မစိုက်နိင် ပစ်ထားခဲ့တဲ့၇က်ပေါင်းတွေမနဲတော့ဘူး
နင်မသိဘူးလား ?

♥တနေ့…တရက်…ဒီနေ့…မနက်ဖန်…နင်ပြန်လာမလားလို့..စောင့်မျှော်နေတာ
နင်မသိဘူးလား ?

♥နင်ပြန်လာမဲ့ရက်ကို…၁…၂…၃…ရေတွက်ရင်း ငါ့လက်ချောင်းတွေလဲညောင်လှပြီ
နင်မသိဘူးလား ?

♥မျှော်သာမျှော်ပြန်မလာတော့တဲ့ နင့်အ၇ိပ် နင့်ခြေရာ လေးတွေအနံ့ခံ ငါံလိုက်ကောက်နေတုံးပဲ
နင်မသိဘူးလား ?

♥ပြီးခဲ့တဲ့အချိန်…ပျော်ရွှင်ခဲ့၇တဲ့နေ့လေးတွေ ငါ မမေ့နိုင်သေးဘူးဆိုတာ
နင်မသိဘူးလား ?

♥နင့်ကိုပြန်လည် စဉ်းစား တမ်းတမိတိုင်းလွမ်းမျက်ရည်မှဆွေးမျက်ရည်ဖြစ်ခဲ့ရတာချည်းပဲ
နင်မသိဘူးလား ?

♥နှစ်သစ်ရောက်ပြီ…2012. ဒီနေ့ ငါ့မွေးနေ့လေ
နင်မသိဘူးလား ?

   ♥ငါ့ ၇င်ထဲမှာနေရခက်လို့…ငါ အားရပါး၇ကျုံးအော်လိုက်မယ်

♥နင်မသိဘူးလား ?းးးးးးးးးးးးးးးးးးးး
♥နင်မသိဘူးလား ?းးးးးးးးးးးးးးးးးးးး
♥နင်မသိဘူးလား ?းးးးးးးးးးးးးးးးးးးး

♥နင်ဘယ်ဆီရောက်နေလဲလို့..းးးးးးးးးးးးး

♥♥နှင်းဆီအေးမောင်♥♥2012.January.3rd.Pm2:00 ၇င်တွင်း

*လွတ်လပ်ရေးနေ့*

Monday, January 2, 2012

*ဗိုလ်ချုပ်အောင်ဆန်း*

**ယောကျာင်္းတို့အတွက်သဘောင်္ရွက်**

**ယောကျာင်္းတို့အတွက်သဘောင်္ရွက်**
 
ယောက်ျားမှာ ဆီး၊ မိန်းမမှာ မီး-လို့ ဆိုရိုးစကား ရှိပါတယ်။ 
စာရေးသူတို့ ယောက်ျားတွေ တော်တော်များများ ဖြစ်တတ်တဲ့ ဝေဒနာတမျိုးပါ။ စာရေးသူဟာ မကြာခဏ ဆီးနည်း၊ ဆီးအောင့်၊ ကျောက်ကပ်ရောင်ခြင်း ဖြစ်တတ်ပါတယ်။
ဆီးအောင့်ပါများပြီး ကပ်ပယ်အိတ်ပါ ရောင်လာတတ်ပါတယ်။ လက်သီးဆုတ်လောက်အထိ ရောင်လာပြီး ထိုင်ထ လမ်းလျှောက်ရင် အောင့်ပြီး ခံရခက်တာကို ဖြစ်ဖူးသူတိုင်း သိကြမှာပါ။ အလေးအပင် မ,မိရင်လဲ ဖြစ်တတ်ပါတယ်။ 
တနေ့မှာ စာရေးသူလဲ ကပ်ပယ်အိတ်ပါရောင်ပြီး လမ်းတောင် မလျှောက်နိုင်ပါဘူး။ ဆေးထိုးတော့လဲ သက်သာပေမယ့် အရောင်က မကျဘူး ဖြစ်နေပါတယ်။ 
ဒီလိုနဲ့ တနေ့မှာ (ကိုကြည်နိုင်)ဆိုတဲ့ မိတ်ဆွေနဲ့ တွေ့တုန်း သူဖြစ်တုန်းက ပအိုဝ်းတိုင်းရင်းသား မိတ်ဆွေပြောတဲ့ ဆေးမြီးတိုနည်းကြောင့် သက်သာ ပျောက်ကင်းခဲ့တဲ့နည်းကို ပြောပြပါတယ်။

စာရေးသူလဲ သူပြောတဲ့နည်းလေးကို သုံးကြည်တာ သက်သာပျောက်ကင်းခဲ့လို့ အခု တင်ပြပေးလိုက်ပါတယ်။
* သင်္ဘောရွက် အကြမ်းရွက်ကို မီးနဲ့ ကျွမ်းအောင်ကင်ပြီး ရေနွေးဖြူ ပူပူထဲ ခြွေထည့်ပြီး
ရေနွေးကြမ်းသောက်ပန်းကန် နှစ်လုံးစာလောက်ကို တနေ့ သုံးကြိမ် သောက်ပေးရပါတယ်။ 
ခါးလွန်းခြင်း မရှိဘဲ သောက်လို့ ကောင်းပါတယ်။
သင်္ဘောရွက် အနုကိုတော့ မီးအုံးကင်ပြီး ထမင်းစားတဲ့အခါ တို့စရာလို စားပေးရပါတယ်။
၂-ရက်လောက် စားပြီးတဲ့အခါ သက်သာလာပါတယ်။ ၅-ရက်လောက် သုံးပြီးတော့ သက်သာပျောက်ကင်းသွားပါတယ်။


ဦးဌေးနိုင်-မန့်စတိုး (ရွှေညောင်ဈေး) 
(နက္ထတ္တ ၂၀၀၉-ဇွန်)

**ဂရင်ဂျီနာ လိပ်ခေါင်းအတွက် ဆေးတလက် **

**ဂရင်ဂျီနာ လိပ်ခေါင်းအတွက် ဆေးတလက်**

အဲဒီအနာတွေဟာ အပူအပုပ်ကြောင့် ပေါက်တာ၊ ပေါက်လိုက်ရင်လဲ ချက်ကောင်းချည်းပဲ။ 
လက်ပံဆူးကို အစိုအတိုင်း ဖြတ်၊ အစီးတွေ အဖြူရောင် ထွက်တယ်။ အဲဒီ အဖြူရောင် အစီး (အစေး)နဲ့ အနာပေါ် လိမ်းပေး၊ လက်ပံဆူး ခြောက်သွားရင်လဲ ကျောက်ပျဉ်ပေါ်မှာ ရေနည်းနည်းဆွတ်ပြီး သွေး၊ အဲဒီအရည်ကို ဆွတ်ပေး၊ လူးပေး၊ တနေ့ သုံးခါလောက် ပျစ်ပျစ်လူးပေး၊ သက်သာသွားမယ်။

ဒီထက်ကောင်းတဲ့နည်း ရှိသေးတယ်။
ရှားစောင်းလက်ပပ် အလက်ထဲက အရောင်အဆင်းမဲ့ တုံတုံတုံတုံနဲ့ အစေး၊ အဲဒါသာ အနာပေါ်လူးပေး၊ ဂရင်ဂျီနာ မပြောနဲ့ လိပ်ခေါင်းတောင် သက်သာပျောက်ကင်းတယ်။

ရှားစောင်းလက်ပပ် အနှစ်ကို လိပ်ခေါင်းမှာ ပွတ်၊ တဖြည်းဖြည်း ပြန်သွင်း၊ ဝင်တယ်ဗျာ၊ နောက်တော့ စအိုထဲကို ရှာစောင်းလက်ပပ်အနှစ်ထည့်၊ အပြင်က တိပ်နဲ့ ပိတ်ထား၊ (အဲ ဝမ်းသွားပြီးမှ လုပ်နော်၊) သက်သာပျောက်ကင်းတယ်ဗျ။ အပူအစပ်နဲ့ အညောင်းထိုင်တာ ရှောင်၊ ရေများများ သောက်၊ လမ်းလျှောက်ပေးဗျာ။
အန္တရာယ် မရှိပါဘူး၊ ရောဂါရှင်များ လက်တွေ့စမ်းကြည့်ပါ။ 

ကျော်ကြီး(လှည်းကူး)
(နက္ခတ္တ ၂၀၀၉-ဇွန်လ) မင်္ဂလာသတင်းစဉ်မှမှတ်သားဖွယ်
 ဗဟုသုတဆိုင်ရာ အကြောင်းအရာများမှကူးယူတင်ပြပါတယ်။

 ♥♥နှင်းဆီအေးမောင်♥♥ 2012.Jan.2.Pm 10:00

♥♥ လက်ဖက်၇ည်ကြမ်း..(ေ၇နွေးကြမ်း)..(အခါးရည်ကြမ်း)♥♥

♥♥ လက်ဖက်၇ည်ကြမ်း..(ေ၇နွေးကြမ်း)..(အခါးရည်ကြမ်း)
သောက်းပေးပါက♥♥

1*လက်ဖက်ရည်ကြမ်းသောက်ခြင်းဖြင့်ကင်ဆာ..
ကင်ဆာရောဂါဖြစ်ပွားနိုင်မှုကို လျှော့ချပေးနိုင်ပါတယ်။

2*လက်ဖက်ရည်ကြမ်းသောက်သုံးခြင်းနှလုံး
လက်စထရောကိုကျဆင်းစေတာကြောင့်
နှလုံးရောဂါဖြစ်ခြင်က်ာကွယ်ပေးပါတယ်.။

3*လက်ဖက်ရည်ကြမ်းနှင့် အိုမင်း
ရင့်ရော်ခြင်း. ပါးရည်တွန့်ခြင်း၊
အသားအရေပျက်စီးခြင်းကိုကာကွယ်ပေးပါတယ်။
..
4*လက်ဖက်ရည်ကြမ်းနှင့် ကိုယ်အလေးချိန်လျှော့ပါ
လက်ဖက်ရည်ကြမ်းဟာ…ကိုယ်အလေးချိန်လျှော့ချနိုင်ဖို့လည်း
ထိရောက်စွာ ကူညီပေးပါတယ်။

5*လက်ဖက်ရည်ကြမ်းသောက်သုံးပေးခြင်းဖြင့်အဆစ်နာ
 နာကျင်ကိုက်ခဲမှုကို.ကာကွယ်ပေးနိုင်ပြီး၊.အဆစ်အမြစ်ရောင်ရမ်းကိုက်ခဲသည့်ရောဂါဖြစ်ပွားနိုင်ခြင်းကို  လျှော့ချပေးပါတယ်…ကာကွယ်ပေးနိုင်ပါတယ်။

6*နေ့စဉ်.လက်ဖက်ရည်ကြမ်း.သောက်သုံးပေးခြင်းဖြင့်အရိုး.
ကိုသိပ်သည်းကျစ်လစ်စေပါတယ်ယ်။အရိုးကို သန်မာစေနိုင်ပါတယ်။

7*လက်ဖက်ရည်ကြမ်းသောက်ခြင်းဖြင့်
အဝလွန်ခြင်းမှတာဆီးပေးပါတယ်။

8*လက်ဖက်ရည်ကြမ်းဟာ..မှတ်ဥာဏ်စွမ်းအား
ကို ကောင်းမွန်လာစေတဲ့အစွမ်းရှိတယ်။

9*လက်ဖက်ရည်ကြမ်းနှင့်သွေးတိုးရောဂါ
သွေးအရမ်းတက်ခြင်းကိုကာကွယ်
ပေးပါတယ်.. သွေးတိုးခြင်းကို ကျဆင်းစေပါတယ်။

10*လက်ဖက်ရည်ကြမ်းဟာ ပန်းနာရင်ကျပခြင်းမှု.
အသက်ရှုလေပြွန်ကို.ထောက်ပံ့ပေးတဲ့.ကြွက်သားတွေကို
.ပြေလျှော့စေတာကြောင့် ပန်းနာရင်ကျပ်ရောဂါကို သက်သာစေပါတယ်===

11*လက်ဖက်ရည်ကြမ်းနှင့် သွားပျက်စီးမှု
.ခံတွင်းအနံ့ဆိုးမှုကိုကာကွယ်ပေးပါတယ်===

♥♥ နှင်းဆီအေးမောင်♥♥်.ရှာဖွေတင်ပြပေးလိုက်ပါတယ်.
ကျန်းမာခြင်းဖြင့်ပျော်ရွှင်နိုင် ကြပါစေ..2012.Jun.3..PM1:20

Monday, December 26, 2011

♥♥မမေ့နိုင်ဘူးချစ်ဦး♥♥



♥♥မမေ့နိုင်ဘူးချစ်ဦး♥♥

မေနိုင်ဘူးကွဲ့ချစ်ဦး…ေ၇♥♥

မဆုံဖြစ်ခဲ့  ရက်လတွေနဲ့♥♥

ဝေးနေ၇တဲ့၇က်တွေလဲဆက်♥♥

နစ်ဟောင်းမှာလွမ်းမျက်ရည် ♥♥

အကြွေအစတွေနဲ့ထားခဲ့တဲ့ချစ်ဦးရေ♥♥

အတိတ်ဆိုတာအ၇ိပ်လိုထင်နေဆဲ ♥♥

ကြင်နာယုယချစ်စကားတွေ♥♥

လမ်းကြောင်းဟောင်းကိုပြန်လယ်တွေးမိလေတိုင်း♥♥

ငေးမောနွမ်းလျ လွမ်းဆွတ်ရင်းနဲ့♥♥

ဆွေးမြေ့ ကြွေကျ ငါ့သဲညှာ♥♥

လှမ်းလို့သာ ကောက်လှဲ့ပါ…ချစ်ဦးရေ♥♥

တွေ့ဆုံကြုံမဲ့နေ့တွေလည်း ကုန်ဆုံးသွားနေပြီပဲ♥♥

နှင်းဆီအေးမောင်.2100.Dec.28..Pm…2:30

“ အန်တုသူ ”


“ အန်တုသူ ”



http://t1.gstatic.com/images?q=tbn:ANd9GcS4Z0TyKlrFcZqhQF48aLemLlVVth-SbJjUg9r5jKMZvTLyF1l7


လောကကို ခါးစောင်းတင်...
ခါချဉ်ကောင်မာန် မျိုးတော့မဟုတ်ဘူး...
လာချင်ရာလာလို့ရတယ်...
လက်ဖြန့်ရင် လက်ဖဝါး...
နောက်ကြည့်ရင် ငါ့ကျော ပဲရှိတဲ့ ဘဝ...
ဒီဘဝမှာ လူမလှရင်နေပါစေ...
စိတ်ထားမွန်မြတ် အနေတတ်ရင်ကျေနပ်စရာပဲ...။

အိမ်ကထရံကာ ၊လူက အပေစုတ်
ရွှေထုပ်တဲ့ မြပဝါမဖြစ်ချင်နေပါစေ...
ဒီဝန်တာကျေမယ်ဆို...
ငါ့ပုခုံးတွေ သွေးအလိမ့်လိမ့်စီးစမ်းပါစေ....
နာကျင်စရာတွေ မျိုသိပ်...
အံကိုကြိတ်လို့ ခါးစီးခံမယ်...။တစ်နေ့ တစ်လှမ်း ပုဂံ ဘယ်ရွေ့မလည်း...
ငါရွေ့ တဲ့ ခြေလှမ်းဝေးချင်ဝေးပါစေ...
ငါကျတဲ့မျက်ရည် လူမမြင်စေရ...
ငါယုံကြည်တဲ့ ဘဝမှာ..
ငါ ရင်ခုန်ကြည့်ချင်တာ အချစ်မဟုတ်ဘူး..။

ဝမ်းရေးထက်လွမ်းရေးတွေးတွေးခဲ့တဲ့ငါ...
လမ်းဘေးက အတွေးလောက်မှ ဇောက်မနက်...
ကိုယ့်ဘဝကိုမသိ ၊ကိုယ်အကြောင်းကိုယ်မသိနဲ့..
ယဉ်မိတဲ့စိတ်ကူး ခြေဖျားထောက်လို့ ဘုံထိရူး...
အချစ်ကြောင်းတွေ အခါခါမှန်းဆတဲ့စိတ်...
သွားစမ်းပါ....
ထားရာနေ...စေရာသွား
အချစ်ရဲ့စကားတွေအောက်..နှလုံးသားတွေ
စတေးသူတွေ ဘယ်လောက်များပြီလည်း...။

ဘဝဟာစိတ်ကူးယဉ်ဆန်တဲ့ ဇာတ်လမ်းမဟုတ်ဘူး...
အမှားနဲ့အမှန်ရောထွေး...
အမှားတွေပဲအထပ်ထပ်ကြုံ..ရီစရာတော့ကောင်းနေပြီ...
မာနကိုလတ်ဆုတ်..ငါမရွံလို့လှမ်းခဲ့တာ...
လူတကာရဲ့ အသနားခံစုတ်သပ်...
မင့်ဘဝက ရင်နင့်စရာပဲတဲ့...ဟဟဟ..
တော်ပါ...အလိုလူတွေကပဲ...
နင်းနင်းချေသွားတာ...။

အစမ်းသပ်ခံဘဝမှာ
ကြုံစရာတွေ ဘာကျန်သေးလည်း...
နောက်ဆုတ်ဖို့တော့ ငါအတိတ်မှာမရှိဘူး...
ကြုံရာလမ်းကြုံရာဘဝမှာကြုံသလိုဖြတ်သန်းနေကျ...
အခြေမလှတဲ့ ဘဝမှာ ရင်ထုပြီး
ငါနာနေလည်းအပိုပဲ...။ဒုက္ခတွေနာကျင်မူ့တွေသာ
စကားပြောတတ်ရင် ပြောလိုက်ချင်တယ်...
မင်းနဲ့စတွေ့ကတည်းက ငါဟာအရင်အတိုင်း...
ရှိဆဲနေမြဲရပ်ဆဲ...ဒီလိုပဲ...
မပြောင်းလဲပဲ ရင်ဆိုင်...
အမှောင်ထဲလည်း ငါထိုင်ရဲတယ်...ဆိုတာမမေ့နဲ့...။

ငါလှမ်းတဲ့လမ်း ဘယ်လောက်ကြမ်းကြမ်း...
ငါနေတဲ့အိမ် အမိုးမလုံစေလည်း...
နွေးထွေးအေးမြ ငါနေရဖို့ မှာမာန်ရှိတယ်..။စကားတွေတလှေကြီး...
အသွားအပြန်တစ်စုံခရီးမရှိမှတော့...

လှမ်းကြည့်နေလည်း ဘာထူးတော့လည်း...
ကဲ..လောကကြီးရေ...
မင်းနေတတ်သလိုနေလိုက်စမ်း...
စိန်ခေါ်လာရင် မာနကို လက်ဆုပ်...
မင်းလုပ်သမျှ ငါညွှတ်ရမယ့်ဘဝမဟုတ်ဘူး...။ယောက်ျားမာန ပြင်းပြလိုက်မယ်..
လွယ်မယ်ထင်ရင်....
မင်းသိမ်းပိုက်ကြည့်စမ်း....။


လေးစားလျက်.ချမ်းhttp://htarwayathitsar.blogspot.com/
နှင်းဆီအေးမောင်

Sunday, December 25, 2011

ဒီဇင်ဘာ ၂၃ရက် ၂၀၁၁ နံနက် ၁၀ နာရီ တွင် နေပြည်တော်သို့ 

၂၃-၁၂-၂၀၁၁ (ဓါတ်ပုံ AP)
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင်များဖြစ်ကြသော ဦးတင်ဦးနှင့်  ဒေါ်အောင်ဆန်း
စုကြည်၊ ရှေ့ နေကြီး ဦဥာဏ်ဝင်း အပါအ၀င် အဖွဲ့ ချုပ်ခေါင်းဆောင်များ ယနေ့  ဒီဇင်ဘာ ၂၃ရက် ၂၀၁၁ နံနက် ၁၀ နာရီ တွင် နေပြည်တော်သို့ 

ပါတီမှတ်ပုံတင်ရန်ရောက်ရှိလာသည်ဟုသိရှိရပြီး နေပြည်တော် အမျိုးသားလွှတ်တော် ဥက္ကဌ
ဦးခင်အောင်မြင့် ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရရွှေမန်းနှင့် အစိုးရတာဝန်ရှိသူများက လက်ခံကြို
ဆိုတွေဆုံကြသည် ဟုသိရှိရပါသည်။
ယင်းကဲ့သို့တွေ့ဆုံမှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊
ဦးဥာဏ်ဝင်း၊ ဦးခွန်သာမြင့်၊ ဒေါက်တာငယ်ငယ်တို့ ပါဝင်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်
မရှင်မှ ဥက္ကဌ ဦးတင်အေး၊ အတွင်းရေးမှုး ဦးဝင်းကို၊ အဖွဲ့ဝင် ဦးမြင့်နိုင်၊ ဦးအောင်မြင့်၊ ဦးသာဦး၊ ဒေါက်တာဒေါ်မြင့်ကြည်၊ ဦးဝင်းကြည်၊ ဦးညွန့်တင်တို့ ပါဝင်ကြောင်း သိရပါသည်။ ဒေါ်အောင်ဆန်းစုကြည်နေပြည်တော်သို့ လာရောက်သည်မှာယခုအကြိမ်သည်ဒုတိယအကြိမ်
ဖြစ်ပြီးယခင်ဩဂုတ်လကသမ္မတဦးသိန်းစိန်နှင့်တွေ့ ဆုံရန်တကြိမ်ရောက်ခဲ့ဘူးပါသည်။

Friday, December 23, 2011

**ကျောက်ကပ်ရောဂါ.**


**Polycystic Kidney Disease (PKD) (ပေါ်လီဆစ်စတစ်) ကျောက်ကပ်ရောဂါ **


ဆိုတာ မျိုးဗီဇရောဂါတခု ဖြစ်ပါတယ်။ ကျောက်ကပ်ထဲမှာ Cysts ခေါ်တဲ့ အရည်ပါအိတ်လေးတွေ ဖြစ်လာတာပါ။
အိတ်တွေကြောင့် ကျောက်ကပ်အရွယ်က ကြီးကြီးလာမယ်။ သူ့အလုပ်က လည်းနည်း လာမယ်။ နှစ်တွေ ကြာတော့ သူ့အလုပ်သူ မလုပ်နိုင်တော့ဘူး။ Dialysis ကျောက်ကပ်ဆေးတာနဲ့ Kidney transplantation ကျောက်ကပ်အစားထိုးတာ လိုလာမယ်။ တချို့ကြ ကျောက်ကပ်သာ မဟုတ်ဘဲ အသဲ၊ သွေးကြော၊ ဦးနှောက်တွေမှာပါ ရောဂါတွေ ဆက်ဖြစ်တတ်တယ်။

**ကျောက်ကပ်ေ၇ာဂါကုထုံးနည်း**

 သွေးတိုး ထိန်းဆေးပေးမယ်၊ အစာ (အငန်-အချို-အဆီ) ရှောင်ရမယ်၊ 
  အနာသက်သာဆေး၊   ပဋိဇီဝဆေးတွေ ပေးမယ်။ 
  ရောဂါက တဖြေးဖြေး ကြာလေဆိုးလေ၊
  နောက်ဆုံး End-stage renal disease ကျောက်ကပ်
အလုပ်မနိုင်တော့တာ ဖြစ်လာရင်
  Dialysis ကျောက်ကပ်ဆေးတာ နဲ့
  Kidney transplantation ကျောက်ကပ် အစားထိုးတာ လုပ်ရမယ်။
 
ပူပိုင်းဒေသမှာချွေးထွက်များပြီအပူပိုင်းဒေသများတွင် နေထိုင်သူများမှာ ကျောက်ကပ်ရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ်နှင့်ပိုမို နီးစပ်ပါတယ်…
လူတစ်ယောက်က တစ်နေ့ကို ရေတစ်လီတာဝင် ရေသန့်ဘူး ၂ ဘူး၊ ၃ ဘူး ပုံမှန်သောက်သင့်ပါတယ်။ ဒါဆို အညစ်အကြေးအဖြစ် ၁ ဘူးပြန်ထွက်မယ်။ ချွေးတို့၊ ဆီးတို့ အနေနဲ့ပေါ့။ ဆီးအရမ်းသွား နေရင်လည်း ကျောက်ကပ် အား နည်းတာမျိုးဖြစ်တတ်ပါတယ် ကျောက်ကပ်ဝေဒနာမှာ အသက်အရွယ်အပိုင်းအခြား မရွေးဖြစ်ပွားနိုင်ကြောင်း၊ ဆီးချိုရောဂါရှိသူ များမှာ နောက်ဆက်တွဲ ကျောက်ကပ်ပျက်စီးမှုရောဂါ ခံစားရနိုင်ပြီး ဆေးဝါးသုံးစွဲမှုများပြားပါက ဆေးများ၏ ဘေးထွက်ဆိုးကျိုးများကြောင့်လည်း ကျောက်ကပ်ပျက်စီးမှု ဝေဒနာခံစားရနိုင်ပါတယ်
၎င်းအပြင် အမျိုးသမီးများမှာ သဘာဝအရ ဆီးလမ်းကြောင်းတိုသည့်အတွက် ပိုးဝင်လွယ်ကာ ကျောက်ကပ်ရောဂါခံစားရနိုင်ပြီး ဓမ္မတာလာသည့်အချိန်နှင့် သွေးဆုံး ချိန်တို့တွင် ဂရုစိုက်ရန်လိုအပ်ကြောင်း၊ အမျိုးသားများအနေဖြင့်လည်း အသက် ၅ဝ ကျော်ပါက ဆီးကျိတ်ကြီးလာတတ်သည့် သဘောရှိရာ ယင်းအချိန်၌ ကျောက်ကပ် ယောင်ရောဂါများ ခံစားရလွယ်ကြောင်း ကျောက်ကပ်အထူးကု ဆရာဝန်ကြီးဦးမြသောင်းကပြောသည်။
လူတစ်ဦးတွင် ကျောက်ကပ် ၂ လုံးရှိရာ ယင်းမှ ၁ လုံး၏ တစ်ဝက်ကောင်းလျှင်ပင် အသက်ရှင် နိုင်ကြောင်း၊ ကျောက်ကပ်ရောဂါ ခံစားနေရသည်ဆိုသည်မှာ ကျောက် ကပ်အတွင်း အဆိပ်အတောက်များ ဖြစ်ပွားနေခြင်းမျိုး ဖြစ်သဖြင့် တစ်ပတ်လျှင် ၃ ကြိမ် ကျောက်ကပ်ဆေးရန်လိုအပ်ပြီး ယင်းမှ သက်သာလာပါက တစ်ပတ် လျှင် ၂ ကြိမ်မှ ၁ ကြိမ်အထိ လျှော့ချကာ ကျောက်ကပ်ဆေးမှု ပြုလုပ်ရမည်ဟု ဆရာဝန်ကြီး ဦးခင်မောင်ဌေးက ဆိုသည်။

”နာတာရှည် ကျောက်ကပ် ပျက်စီးမှု ဝေဒနာခံစားရတာဆိုရင် အသက်ရှင်သမျှ ကာလပတ်လုံး ကျောက်ကပ်ဆေးမှု ပြုလုပ်ရပါ တယ်။ တချို့က ခဏတာကျောက် ကပ်မကောင်းတာမျိုးလည်းရှိတယ်။ ဥပမာ-ြေ>ွမကိုက်တာ၊ ဝမ်းလျှော တာ မျိုးဖြစ်ရင် ကျောက်ကပ်မှာ အဆိပ်ဖြစ်တယ်။ ဒါဆို ကျောက် ကပ်ကောင်းတဲ့အချိန်ထိပဲ ဆေးဖို့လို ပါတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောသည်။ ကျောက်ကပ်အတွင်း အဆိပ်အတောက်များ၍ ကျောက်ကပ်ဆေးရန် လိုအပ်ပါ က ဗိုက်ဖောက်၍ ဆေးခြင်း၊ သွေးဖောက်၍ ဆေးခြင်း  ၂ မျိုးအနက် အဆင်ပြေမည့်နည်းဖြင့် ဆေးကြောနိုင်ပြီး ကျောက်ကပ်အတွင်း၌ ကျောက်တည်ပါက ကျောက်ချေစက်ဖြင့် ကျောက်ချေခြင်း၊ မှန်ပြောင်းဖြင့် ခြစ်ခြင်းများ ပြုလုပ်နိုင်သည်ဟု သိရသည်။

 *http://popularmyanmar.com/mpaper/archives/18741*

**ကျောက်ကပ်အတွက်ဆီးကိုစစ်ဆေးပါ**

ဓါတ်ခွဲခန်းမှာစစ်ဆေးရပါမယ်..ဆီးစစ်ဆေးတဲပအခါဆီရဲ့အသွင်အပြင်နဲ့ဆီးမှာပါဝင်တဲ့ဓါတုပစ္စည်းတွေကိုစစ်ဆေးတာပါ.စစ်ဆေးတဲ့အဖြေကပံမြမှန်ခဲ့၇င်ကျောက်ကပ်ရောဂါ.ဆီးလမ်းကြောင်းပိုးဝင်တာ.အချို့ကင်ဆာ(သို့)ဆီးချိုဖြစ်တဲ့လက္ခဏာတွေပါပဲ
ပရိုတင်း…….ပုံမှန်အားဖြင့်ကျောက်ကပ်အနေနဲ့..ပရိုတင်းကိုဆီးထဲမှာမစွန့်နိုင်ပါဘူး…ဆီးထဲမှာပါရိုတင်းပါဝင်နေရင်ကျောက်ကပ်ရောဂါလိုမျိုးဆီးရေဂါတခုခုဖြစ်နေပါပြီ…ကျောက်ကပ်မှထွက်လာတဲ့အနည်အနစ်များ..ဆီးထဲမှာပါဝင်နေ၇င်ကျောက်ကပ်ရောဂါ.ဆီးချိုရောဂါပြသာနာညွန်ပြနေပါပြီ
ဆိုးဝါးတဲ့အသဲရောဂါဖြစ်ဖို့လဲပြသနေပါပြီဆကျာက်ကပ်ရောဂါ၉သို့)ဆီးလမ်းကြောင်းမှာထိခိုက်ဒဏ်၇ာရတာ..ကင်ဆာရေါဂါဒါမှမဟုတ်ဆီးလမ်းကြောင်းပိုးဝင်တာတွေရဲ့လက္ခဏာပါ…။။


**လူငယ်နဲ့ကျန်းမာေ၇းသွေး.ချို.ဆီးချို.နဲကျောက်ကပ်**


 သွေးချို-ဆီးချိုရောဂါရျင်များဟာကျောက်ကပ်ပျက်ယွင်းမှုကြုံရတတ်တယ်
.သွေးချို-ဆီချိုကြောင့်