ကြိုဆိုပါသည်

♥♥သံယောဇဉ်ပင်လယ်မှနှင်းဆီကလှိုက်လှဲစွာကြိုဆိုပါ၏..အလယ်ေ၇ာက်လာသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်..လှုပ်လှုပ်သဲ၇င်တွင်းစကားလေးတွေအန်ချရာပင်လယ်..Roseayemaung@gmail.comမှာပျော်ရွှင်နိုင်ကြပါစေ.♥♥.

Tuesday, December 13, 2011

**သိစေ**


ချစ်သူ
အိပ်မက်တွေနဲ့ ရောယှက်နေတဲ့
မျှော်လင့်ချက်တွေက
ကြာလေ... ကြာလေ
အရောင်မှိန်လာလေပဲ။

နံနက် မျက်ဝန်း နှစ်လွှာဖွင့်မိကတည်းက
လွမ်းမိတဲ့ စိတ်
အနားယူ မှေးစက်နေတဲ့ ညဥ့်နက်ချိန်မှာတောင်
အိပ်မက်ထဲမှာ လွမ်းတုန်းလေ။

ပေးဆပ်ခဲ့ရတဲ့အချိန်တွေအတွက်
မင်းရဲ့အကြင်နာတွေကို တမ်းတဆဲပါ။

ချစ်သူ
မဖြစ်နိုင်မှန်း သိလျက်နဲ့ ချစ်ခဲ့မိတဲ့ အချစ်က
ဖြူစင်သန့်ရှင်းတဲ့ ရင်ခုန်ခြင်းတွေနဲ့ပေါ့။

အတ္တနဲ့ မာနကို စတေးပြီး
ရိုးသားမှုအပြည့်နဲ့ နှလုံးသားက
မင်းတစ်ယောက်တည်းအတွက်လေ
ဒါတွေကို မင်းသိရင် ကောင်းမှာပဲလို့ တွေးမိပေမယ့်
မသိစေချင်ခဲ့ဘူး ချစ်သူရယ်။

ဂုဏ်သိက္ခာ ကန့်လန့်ကာရဲ့နောက်ကွယ်က
မို့အစ်နေတဲ့ ငါ့မျက်လုံးတွေကို
မင်းမြင်မှာ စိုးရွံ့ခဲ့လို့
ငါ အမြဲတမ်း ခေါင်းငုံ့နေမိတာ
ဒီနေ့အထိပဲ။


သူငယ်ချင်း.ချမ်း..(ဧဒင်ဥယျာဉ်)ကဗျာ
နှင်းဆီအေးမောင်..၂၀၁၁.ဒီဇဘာင်္.၁၄ညနေခင်း၃း၃၁.အချိန်

Saturday, December 10, 2011

♥♥ စိတ္တဇ မ အလွမ်း♥♥

      ♥♥ စိတ္တဇ မ အလွမ်း♥♥


အချိန်တွေကုန်ဆုံးသွားခဲ့ပြီ♥♥♥♥

မျှော်လင့်၇င်းနဲ့ ဝေးကွာ၇တော့မလား♥♥♥♥

တနေ့တနေ့စိတ်၇ဲ့ဝေဒနာမသက်သာခဲ့ပါလားမင်းလေးေ၇♥♥♥♥

မင်းလေး ကိုလွမ်းတယ်ဆိုတဲ့အလွမ်း မ မုန်းလိုက်ချင်ပြီ♥♥♥♥

မင်းလေးေ၇ မုန်းတယ်ဆိုတဲ့စကားလေးတခွန်းပြောကြားလိုက်ပါလား♥♥♥♥

လွမ်းတယ်ဆိုတဲ့စိတ်ကလေးသက်သာသွားမလားလို့ပါ…ကွာ♥♥♥♥

မ၇ဲ့အလွမ်းတွေ မ၇ဲ့အချစ်တွေ မ၇ဲ့ယံယောဇဉ်တွေ မင်းလေး…

ဆီမှာထားခဲ့ပြီးပြီမို့ အသစ်အသစ်ချစ်ဖို့၇ာ မ ၇င်မှာမ၇ှိတော့ဘူး♥♥♥♥

မင်းလေး၇ဲ့အ၇ိပ် မင်းလေး၇ဲ့လက်၇ာ မင်းလေး၇ဲ့အသံ အင်တာနက်

မှန်သားပြင်ပေါ်မှာ အခါခါ အဖန်ဖန် မ လိုက်၇ှာနေတုံးပါပဲ မင်းလေးေ၇♥♥♥♥

သတိ၇မိတိုင်း လွမ်းဆွတ်တမ်းတမိတယ် မင်းလေး၇ဲ့အကြင်နာစကားတွေ♥♥♥♥

မင်းလေးအပေါ်ထားခဲ့တဲ့ သံယောဇဉ် အချစ်တွေဘယ်တော့မှ

ပြောင်းလှဲ. သွားမှာမဟုတ်တော့ဘူး♥♥♥♥

အနေဝေးလို့…...ပိုလို့……ပိုလို့……တိုးလို့……♥♥♥♥

လွမ်း၇ပါလား မင်းလေး….ေ၇…. ♥♥♥♥



♥♥ နှင်းဆီအေးမောင်♥♥၂၀၁၁.ဒီဇဘာင်္.၁၁ ည 33း0အချိန်သန်ံကောင်ယံ


**ညီမလေးဖက်ဖို့(၁)**

**ညီမလေးဖက်ဖို့(၁)**

ညီမလေး.............ကံကြမ္မာဆိုတာကပုံသေမှတ်လို့မရမပါဘူးအောင်မြင်နေချိန်မှားပျော်ရွှင်နေဖို့ထက်
ကျရုံးချိန်မှာခံနိုင်ရည်ရှိဖို့အရေးကြီးပါတယ်......။

ညီမလေး...........လူတွေအမျှားစုကအောင်မြင်မူ၊ကျော်ကြားမူဖို့ဆိုရင်အရာအရာကိုကျော်ဖြက်ရဲကြ
ပါတယ်.တချို့လဲအောင်မြင်ကြပါတယ်မအောင်မြင်ရင်လည်းထပ်ပြီးကြိုးစားဖို့တိုက်တွန်းလိုက်ပါတယ်......။

ညီမလေး.........အဆိုးနဲ့အကောင်းဆိုတာအမြဲတွဲနေလျှက်ပါအဆိုးလို့မြင်တဲ့အရာတွေကိုအကောင်း
ဖက်ကကြည့်ပြီးအကောင်းတွေကိုလည်းထပ်ပြီးဘယ်လိုကောင်းအောင်ဆိုပြီးစဉ်းစားတက်ဖို
့လိုတယ်နော်........။

ညီမလေး……….
.လူတွေရဲ့အကြောင်းကိုလူတွေများများပေါင်းကြည့်မှသိပါလိမ့်မယ်ကို့ပက်ဝန်းကျင်မှာ
လည်းကောင်းတဲ့သူတွေရှိသလိုဆိုးတဲ့သူတွေရှိပါတယ်ဒါတွေကိုသိဖို့တော့လိုပါတယ်…..။

သူငယ်ချင်း…အကိုနေမင်း..(ဧဒင်ဥယျာဉ်)
ညီမလေးအတွက်ပို့ပေးတာ.. ♥♥နှငိးဆီအေးမောင်♥♥..2011.ဒီဇဘာင်္.11.ည 12း00်


Friday, December 9, 2011

♥♥ မလွမ်းချင်တော့ပါ♥♥

♥♥ မလွမ်းချင်တော့ပါ♥♥

.လွမ်းတော့မလွမ်းချင်တော့ပါဘူး♥♥

သံယောဇဉ်ဆိုတာကြောင့်လွမ်းနေ၇တယ်♥♥

ချစ်ခဲ့ပေမဲ့လဲ မုန်းမေ့ဖို့ခက်နေခဲ့တယ်♥♥

.မင်းလေး၇ဲ့ပုံ၇ိပ်လေးတွေငါ့၇င်ထဲမှာကျန်နေဆဲ♥♥

မင်းမရှိတော့ပေမဲ့လဲ မင်းလေးရဲ့အပြောလေးတွေ♥♥

ယနေ့တိုင်ကြားယောင်နေသေးတယ် ♥♥

၇င်ထဲမှာမ၇ှိတော့တဲ့မင်းလေးကို ♥♥

ခုတော့….မေ့လိုက်ဖို့ကြိုးစားနေမိတယ်♥♥

မဖြစ်ပါဘူးမင်းလေးမှ မင်းလေးဆိုတော့လဲ♥♥

ခက်နေပြီ….ခက်နေပြီ♥♥

လွမ်းတော့မလွမ်းချင်တော့ပါဘူး♥♥

ွ♥♥နှင်းဆီအေးမောင်♥♥2011.ဒဒီဇဘာင်္10-Pm2:20

Thursday, December 8, 2011

**မမျှတခြင်း**

**မမျှတခြင်း**

အချစ်ဆုံး ချစ်သူ နှစ်ယောက်ဟာ
အဝေးဆုံးမှာ ရှိနေကြသတဲ့လား...
နာကျင်မူ့ကိုယ်စီနဲ့
ဆုံမှတ်တစ်ခု ရောက်ဖို့
အလွမ်းတွေ စတေးသူနှစ်ယောက်..
အချစ်စစ်တို့လမ်း မဖြောင့်တန်း..တဲ့လား
ဆို၇ိုးစကားထားခဲ့သူများ
ကျိန်ဆို ခဲ့လေရော့သလား...။

သူလည်း လွမ်း ၊ကိုယ်လည်းလွမ်း
သူလည်းငို ၊ ကိုယ်လည်း ငို..
အို..
ချစ်သူနဲ့ ဝေးကွားခြင်းဟာ
ခါးသီးပါလား..။

ငါတို့ အနာဂတ်တွေ
သေချာပါ့မလား ချစ်သူရေ...
ဘယ်လိုတွေးတွေး..
ဝေးဖို့အေ၇း စဉ်စားလေတိုင်း..
နာကျင်စို့နင့် ရင်ဘတ်တွေ မွန်းကြပ်လေပါလား...။

ချစ်ဆုံး ချစ်သူနှစ်ယောက်ရဲ့ ...
နှလုံးသားတွေ စာနာဖေးမ
ကံတရားရယ်..တစ်ခါလောက်
ငါတို့ ဆုံပါရစေ....။

နှစ်ယောက်မပျော်ရရင်တောင်မှ
နှစ်ယောက်လုံးငိုရတဲ့အဖြစ်ကို
ငါမလိုချင်ဘူး...
သူငိုမယ့်အစား..
သူနာကျင်မယ့်အစား..
ငါ့တစ်ယောက်တည်းသာ..
ပေးပါဟာ...........။


အချစ်စစ်တို့ လမ်း မဖြောင့်တန်း..တဲ့..
မျှတပါရဲ့လား..အို..ကံတရား..။

သူငယ်ချင်း...http://htarwayathitsar.blogspot.com/ထာ၀၇လေးစားလျက်..
နှင်းဆီ(ဆူး)..2011.December.8.pm11:00


Tuesday, December 6, 2011

“အရိုင်းဆန်တဲ့ အတ္ထုပ္ပတ္တိ”

“အရိုင်းဆန်တဲ့ အတ္ထုပ္ပတ္တိ”

မာန...တဲ့...
ရီစရာကောင်းလိုက်တာ...
အကြိမ်ကြိမ် ရွတ်ကြည့်တာတောင်
အစွမ်းမထတ်တဲ့ ဂါထာလို။

ဒါပေမယ့်
ငါ ဖတ်တွယ်ထားဆဲ..။

အမှန်တိုင်းနေတတ်ဖို့
ဘာတွေ လိုအပ်သလည်း...မမေးနဲ့
ငါဆိုတဲ့ကောင်က အရူး..
ထင်ရာမြင်ရာ ယုံကြည်တတ်တဲ့ အကောင်..
ကိုယ့်အလင်းနဲ့ ကိုယ်မကျေနပ်တဲ့ မီးစ...
တစ်လောကလုံး
လောင်ကျွမ်းပစ်လိုက်ချင်သေးတယ်..။

ဘဝဟာ ဘာလည်း...
တခါလာလည်း..ဒါပဲ
နောက်တစ်ခါလည်း..ဒီလိုပဲ...
ဘာထူးဆန်းလို့လည်း......။
အခု မကြုံလည်း နောက်ကြုံမယ်..
အခု မရှိလည်း နောက်ရှိမယ်..
သံသရာဟာ လည်နေသ၍
ငါဟာ ဒီလိုပဲ...။

ဘာအတွတ်နဲ့ ဘယ်သူ့ကို
အပြစ်တင်စရာလိုလို့လည်း...။

ကိုယ်ဘဝကို အေးချမ်းဖို့တွက်များ
သူတစ်ပါးရဲ့ ဘဝတွေကို
အစားထိုးလိုက်ရမှာလား.။

သွားစမ်းပါ....
ဘယ်သူရှိရှိ မရှိရှိ
ငါဆိုတာ ငါပဲ..။

အမှန်တရားတွေ
မလင်းလက်တဲ့
ကောင်းကင်မှာ ကြယ်တစ်လုံးလောက်ရှိတာ
ဘာများထူးလို့လည်း..။

မင်းလမ်းတွက်..
မီးအိမ်ရှင် လိုအပ်သလား မေးရင်...
မလိုအပ်ဘူး ဖြေတော့မယ်..
ကိုယ့်ဘဝကို လှပဖို့
ဘယ်သူ့လက်မှ မလိုအပ်တော့ဘူး..။

မင်းမှာ အယုံကြည်ရဆုံး ရှိလား မေးရင်..
မရှိဘူး ဖြေတော့မယ်..။

အဒီအယုံကြည်ရဆုံးတွေကပဲ
နောက်ကျောကို ဓားနဲ့ထိုးတာ..။

အရင်ကလည်း ဒီလိုပဲ
အခုလည်း ဒီလိုပဲ
နေတတ်ဖို့သာ အရေးကြီးဆုံး..။

လူဟာလူလို
အသိတရားရှိရှိနေတတ်ဖို့
ငါဟာ လုပါလို့ လူတကာ
လိုက်ပြောစရာမလိုဘူး..။

တွေ့ရာလူရဲ့ နူတ်ခမ်းဖျားမှာ
ကိုယ့် ကိုယ်ကျင့်တရားတွေ
မပုတ်သိုးဖို့ပဲလိုတယ်..။

လွယ်လွယ်လေးလို့ထင်ရင်
ငါ့ကို သိမ်းပိုက်ဖို့..
ကြိုးစားလိုက်ဦး..။

မင်းရှေ့မှာ ဒူးထောက်
အမှန်တရားကို ကြောက်လို့
ရှောင်ပုန်းသူထဲ
ငါမပါဘူး....။

ငါ့ကို ချစ်တဲ့သူတွတ်
ဘာတွေပဲ ငါပေးရပေးရ
ငါ့ကို မချစ်တဲ့သူတွေဆီလည်း
ဘာကိုမှ ငါပေးစရာ မလိုဘူး..။

စံပ္ပာယ်ချို(jasmine) ပြောသလိုပေါ့..
ငါ့ကို “အချစ်စစ်စစ်နဲ့ ချစ်ရသူရယ်
ငါ့ကိုမုန်း(မလိုအပ်)တဲ့ရန်သူ စစ်စစ်ရယ်ပဲ လိုအပ်တယ်။”

**ထားခဲ့ပါကို့ရင်ခွင်**

**ထားခဲ့ပါကို့ရင်ခွင်**

 မှတ်နေသလား ၊ အချိန်ကြာကြီး
အခက်အခဲ ၊ မရှိပဲနဲ့
ဘာဖြစ်လို့များ ၊ မဆက်သွယ်လည်း
လျှောက်လည်ဘူးတဲ့ ၊ ရေပန်းဥယျာဉ်
ခုချိန်မှာတော့ ၊ လှပနေလည်း
ကို့အတွက်တော့ ၊ မပျော်နိုင်ပြီ
ကို့ရင်ခွင်ကို ၊ ထားခဲ့မယ်ဆိုလည်း
ဖွင့်ပြောခဲ့ဖို့ ၊ မမေ့ပါနဲ့
ပြောလိုက်ပါစေ ၊ ချစ်သူလေးရယ်........။

သူငယ်ချင်း..အကိုနေမင်း(ကဗျာ)
ပေးပို့တာပါ..အမှတ်တ၇

နှင်းဆီအေးမောင်
                     .2011.December.6 Pm 10;10

♥♥ပြန်လာပါတော့♥♥

Sunday, December 4, 2011

♥♥အချစ်ေ၇♥♥

**လူလိမ် **


လူလိမ်
















ကျွန်တော်နဲ့စတွေ့တော့..
မဂ်လာပါ ..တဲ့.
တွေ့ရတာ ဝမ်းသာပါတယ် ဆို..
တစ်ယောက်လတ် တစ်ယောက်ဆွဲလို့
ဖတ်လဲတကင်း နူတ်ဆတ်ခဲ့...
ကိုယ်ဆီ အကြောင်းတွေ
ရက်ရက်ရောရော ရင်းနှီးကျွမ်းဝင်စေခဲ့...
အပြုံးတွေ လှိုင်လှိုင်ကြီး ပွင့်ဖူးခဲ့...
အနုပိယဘာဏီ တစ်ဝကြီး ပုတ်ခတ်ကြ..
ကိုယ့်ကျူံးထဲ ဝင်လာဖို့..
ကိုယ်သုံးတဲ့စကားတွေ အလကား လေ တွေဖြစ်လို့...
အချိန်တန်ရင် မျတ်နှာဖုံးချွတ်လို့..
နောက်ကျောကို ဓားနဲ့ထိုးဖို့
အသင့်ရှိနေတဲ့ လူ...။
ကျေးဇူးပြုရ်ျ့ ..သင့်ရဲ့ ...
မျတ်နှာဖုံးအောက်က..
အပြုံး စစ်စစ်ကို တွေ့ပါရစေ..

ကျေးဇူးတင်ပါတယ်၇ှင်...လေးစားလျက်
နှင်းဆီအေးမောင်.၂၀၁၁.ဒီဇဘာင်္.4 ၇က်.ညနေ.၄း၂၅အချိန်.

Friday, December 2, 2011

ကိုယ့်ရဲ့ Gmail ထဲကို ဘယ်သူတွေ ၀င်မွှေသွားလဲ စစ်ကြည့်ဖို့

Sunday, November 20, 2011


ကိုယ့်ရဲ့ Gmail ထဲကို ဘယ်သူတွေ ၀င်မွှေသွားလဲ စစ်ကြည့်ဖို့




ဒီနေ့ခေတ် အင်တာနက်ပေါ်မှာ ဟက်ကာတွေ ကြီးစိုးနေတာဖတ်ရတယ် ၊ နာမည်ကြီး ၀ဘ်ဆိုတ်တွေ ၊ အင်တာနက် စနစ်တွေ ၊ တယ်လီဖုန်း စနစ်တွေအထိ ရပ်ဆိုင်းသွားအောင် ဟက်တာတွေ ခံနေရတယ် ၊ ကျနော်တို့က ကိုယ့်ဆီကို မရောက်လာသေးတော့ မသိနိုင်ဘူးဖြစ်နေတယ် ၊ ကျနော်တို့မှာ ဒေါ်လာတွေ သန်းချီပြီး ထည့်ထားတဲ့ ဘဏ်စာရင်း နံပါတ်တွေလည်း မရှိဘူး ၊ သတင်းတွေ အတင်းတွေကို ရောင်းစားလို့ ရလောက်အောင် ကျနော်တို့က super stars celebrities တွေလည်း မဟုတ်ဘူး ၊ အဲဒါကြောင့် အများစုက ဟက်ကာတွေရဲ့ရန်ကနေ လွတ်ကင်းနေကြသေးတယ် ၊ သို့သော်လည်း ဘာအတွက်မှ မဟုတ်ပဲ ဟက်လို့ရတဲ့ Gmail တို့ facebook တို့က ID နဲ့ password တွေကို ထောင်သောင်းချီပြီး ထုတ်ပြနေတဲ့ ဟက်ကာငကြွား အစွမ်းပြသမား တွေကလည်း ရှိနေတော့ သတိတော့ ထားရမှာပဲ ။

တချို့တွေ ကျပြန်တော့လည်း ဟိုဖက်ဒီဖက် password လေးတွေ လဲလှယ်ထားကြတာမျိုး ကလည်းရှိနေတော့ ကိုယ်ဝင်ဖတ်လိုက် သူဝင်စစ်လိုက်နဲ့ပေါ့ ။

အဲဒီလိုမျိုး ကိုယ့် Gmail ထဲကို ဘယ်အချိန်မှာ ဘယ်နေရာကနေ ၀င်သွားတယ်ဆိုတဲ့ မှတ်တမ်းကလေးကို ကျနော်တို့ သိနိုင်ရင် ကောင်းမှာပါ ၊ တလောက ကျနော့်သူငယ်ချင်းတစ်ယောက်ရဲ့ Gmail ကို ဖွင့်ပြီး စစ်ပြတော့ မသင်္ကာစရာ တစ်ခုတွေ့ရတယ် ၊ အဲဒီလိုပဲ မကြာမကြာ ဆိုသလို Gmail account တချို့ ၀င်မရဘူးလို့ ပြောနေတာတွေလည်း ကြားနေရတယ် ၊ ဒါနဲ့ပဲ စစ်ကြည့်ရမယ့် နည်းလမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ၊ အနည်းဆုံး တစ်ခါတော့ စစ်ကြည့်သင့်ပါတယ် ။

သေချာစေချင်တယ်ဆိုရင် ပထမဆုံး ကိုယ်သုံးနေတဲ့ IP (Internet Protocol) address ကို သိအောင်လုပ်ရပါမယ် ၊ အဲဒါကလည်း ဘာမှမခက်ပါဘူး google search bar (www.google.com) မှာ my ip လို့ရိုက်လိုက် ၊ ရိုက်လို့တောင် မပြီးသေးဘူး ပေါ်လာပြီ ၊ အောက်မှာ ဖတ်ကြည့်ပြီး မှတ်ထားလိုက် ၊ အဲဒါမှ ခက်သေးရင်လည်းရတယ် ဘာမှမလုပ်နဲ့ ၊ နောက်မှ အဖြေကို ကြည့်ပြီး စဉ်းစားနည်းပြောမယ် ။

ကြည့်တော့မယ်ဆိုရင် ကိုယ့်ရဲ့ account နဲ့ login ၀င်လိုက်ပါ ၊ mail စာမျက်နှာရဲ့ ဟိုးညာဖက် အောက်ဆုံးဒေါင့်မှာရှိတဲ့ Details ဆိုတဲ့ စာလုံးလေးပေါ် ကလစ်လုပ်လိုက်ပါ ၊ အဲဒီမှာ Gmail account ထဲကို ၀င်သွားတဲ့မှတ်တမ်းလေး ပေါ်လာပါလိမ့်မယ်
Access type (ကွန်ပြူတာကနေ၀င်သုံးတာလား ၊ ဖုန်းကနေ ၀င်တာလား စသည်) ၊
Location (၀င်သုံးတဲ့နိုင်ငံ) ၊
IP address ( အင်တာနက်လိပ်စာ) ၊
Date/Time (၀င်သွားတဲ့ရက် နဲ့ အချိန် ) … စတာတွေကို တွေ့ရပါမယ်

အဲဒီမှာ ထူးခြားပြီး ၀င်သွားတာမျိုးရှိရင် Google ကသိနေပြီး အနီရောင် highlight ပြထားပါတယ် ၊ ပြီးရင် အနီရောင်စာတမ်းနဲ့ပဲ password အမြန်ပြောင်းဖို့ကိုလည်း သတိပေးချက် ရှိနေပါလိမ့်မယ်



ကိုယ်ရှိနေတဲ့နိုင်ငံနဲ့ ကိုယ်သုံးစွဲခဲ့တဲ့ အချိန်တွေကို ကြည့်ပြီး ကိုယ့်စက်ရဲ့ IP ဘာဖြစ်မလဲ ကြည့်ပါ ၊ မကြာခဏ တူနေတာ ကိုယ့် IP ပေါ့ ၊ ကိုယ်က Gmail တဲ့သုံးတဲ့အချိန်နဲ့ စက်ကဖေါ်ပြထားတဲ့ သုံးစွဲချိန်ကို တိုက်ဆိုင်ပြီးတော့လည်း စစ်ဆေးနိုင်ပါတယ် ၊ သူငယ်ချင်း အခန်းမှာ သွားလည်တုန်း Gamil ဖွင့်တယ်ဆိုရင်လည်း IP ပြောင်းသွားပါလိမ့်မယ် ၊ နိုင်ငံတော့ မပြောင်းဘူးပေါ့


ဒါဆိုရင် ကိုယ်နဲ့ ဆိုင်တဲ့သူ ၀င်တာလား မဆိုင်တဲ့သူ ၀င်မွှေသွားတာလားဆိုတာကို စစ်ဆေးကြည့်နိုင်ပါပြီ ။
နောက်ထပ် Gmail လုံခြုံရေးအတွက် ဘာညာဘာညာ လေးတွေရေးပါဦးမယ် ၊ အခုတော့ ဒီမှာတင်ရပ်လိုက်ပါပြီ ။

ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ ။


http://www.voiceofdaegu.org/2011/11/gmail.html မှ ပြန်လည်ကူးယူမျှဝေပေးပါတယ်။

♥♥ဆောင်း♥♥...♥♥လွမ်း၇ပြန်ပြီ♥♥

Thursday, December 1, 2011

♥♥ပျော်၇ွှင်ကြပါစေ♥♥

  ♥♥ဒပ်♥♥
ငါလာပြီဟေ……..ငါးပိေ၇
ဝေး………………...သခွားသီး…
 ငါးပိနဲ့သခွားသီး ဒပ်….

♥♥အား အ အာ♥♥
ငါ့အကြွေးတွေဘယ်တော့ပြန်ဆပ်မလဲဟေ့ ကောင်
မဆပ်ဘူးကွာ ဘာလုပ်ချင်လဲ မင်းက…

      ကဲ..ကွာ..တာဗြဲ                              

ဟိုက်

ငါ့အချစ်ကိုလက်မခံနိုင်တာ
နင်လိုပေါကြောင်ကြောင်မှတ်နေလို့လား..ဖိုးအ ၇ယ်..အမ်

တိန်
ငါ့ချစ်တာကိုဝေ့လယ်လယ်နဲ့ေ၇ှာင်ပတ်နေတာ..
 နင်ဝဋ်လယ်ဖူးလို့လား..ဖိုးအ..ဟဟာ

ဟမ်းးးးးး
အိမ်ထောင်ပြုမယ်ဆို၇င်..
နင်လိုပညာတတ်ကိုမယူဘူး.
တောင်ယာစပါးစိုက်သူကိုပဲယူမယ်..
ဘာကြောင့်လဲကွာ
ထမင်းပြတ်မှာကြောက်လို့…ဂျင့်..့်.









ဒုတ် ခွမ်းးးးးးး
 
ဒီလိုပုံကြီးနဲ့ပြန်လာတယ်
ငါစိတ်ပူနေတယ်ဆို
နင်မသိလေေ၇ာလား.. သွား…သွား..
မကြမ်းပုံ၇ယ်..သနားပါကွယ်…

ဒန် ဒန်း ဒန်

နင်ကအချက်အပြုတ်တော်တယ်ဆိုတာ…
ငါချက်နေတာနင်ထိုင်ကြည့်နေတယ်မို့လား…ဖိုးတုံးေ၇…
♥♥ ဒီနေ့♥♥
့ဒီနေ့သူေ၇ာက်လာပြီ♥♥♥♥
အနော့၇င်ထဲဒိုင်းကနဲ♥♥♥♥
ကာနာမငြိမ်ခုန်ပေါက်နေတဲ့♥♥♥♥
အနော့အသဲ♥♥♥♥

♥♥ ဒီလိုနှင်ထုပ်♥♥
သူေ၇ာက်လာပြီ♥♥♥♥
နှင်းဆီေ၇…. သူခေါ်နေပြီ♥♥♥♥…
အင်း…သိစေပေါ့♥♥♥♥
ဘာတုံး…..ကုလား♥♥♥♥
သူစိတ်ဆိုးလို့ပြန်သွားပြီ♥♥♥♥

နှင်းဆီအေးမောင်..၂၀၁၁.ဒီစဘာင်္.၁..ည၁း၃၀အချိန်
ပျော်၇ွှင်ကြပါစေနော်။။ကိုယ်ပိုင်ဟာသလေးပါ