ကြိုဆိုပါသည်

♥♥သံယောဇဉ်ပင်လယ်မှနှင်းဆီကလှိုက်လှဲစွာကြိုဆိုပါ၏..အလယ်ေ၇ာက်လာသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်..လှုပ်လှုပ်သဲ၇င်တွင်းစကားလေးတွေအန်ချရာပင်လယ်..Roseayemaung@gmail.comမှာပျော်ရွှင်နိုင်ကြပါစေ.♥♥.

Sunday, October 23, 2011

ကျန်းမာေ၇း

         

1*သခွားသီးဟာ ဘီတာမင် ဘီနဲ့ ကစီဓါတ်များစွာ ပါဝင်တာကြောင့်.စားသုံးပါက
          စိတ်ကြည်လင်ပြီး. မြန်မြန် လန်းဆန်းမှုကို ရစေပါတယ်။။

2*သင်ကြည့်မှန်တွေပေနေသလား..ဖုန်မှုန့်ုံ့တွေတင်နေသလား..
         သခွားသီးကို.ပါးပါးလှီးပြီး ကြည့်မှန်ပေါ်မှာသုတ်ပေးပါ
         ဖုန်မှုန့်တွေ ပြောင်လက်သွားတဲ့အပြင် ကြည်လင်ပြီး
         မွှေးပျံ့တဲ့ ရနံ့တစ်မျိုးကို ခံစားရစေမှာ ဖြစ်ပါတယ်။။


*သင်္ဘောရွက်ကကင်ဆာရောဂါ အမျိုးမျိုးကိုကာကွယ်* 

သင်္ဘောရွက်နှင့် သင်္ဘောရွက်ခြောက်ကို ရေနွေးကြမ်း လုပ်သောက်ခြင်းက
 ကင်ဆာရောဂါ အမျိုးမျိုးကို တိုက်ဖျက်နိုင်စွမ်း ရှိသည်ဟု ယုံကြည်ကြပါတယ်....။။


*ရင်သားအလှကိုယူကြပါ*

သဘောင်္နို့ဖျော်ရည်ကိုနေ့တိုင်းသောက်ပေးပါ.မိန်းခလေးတွေအတွက်
.(ငယ်ရွယ်ခလေးဘ၀အချိန်ကစသောက်ပေးပါက)၇င်သား ထွားကျိုင်း်ပါတယ်...။။

      နှင်းဆီအေးမောင်.2011.oct.24.pm1;00

                 

Saturday, October 22, 2011

ကျန်းမာေ၇း

 
လေဖြတ်ေ၇ာဂါဖြစ်စေတတ်သောအခြေခံေ၇ာဂါ---*

1* ဆီးချိုေ၇ဂါ ကြောင့်ဖြစ်တတ်ခြင်း…
2* နှလုံးေ၇ာဂါ ကြောင့်ဖြစ်တတ်ခြင်း…
3* သွေးတိုးေ၇ာဂါ ကြောင့်ဖြစ်တတ်ခြင်း…
4* အရက်သေစာ အလွန်သောက်စားမှုကြောင့် လေဖြတ်ခြင်း၊
5* ခါးကြောရိုး နာဗ်ကြောတွင် ထိခိုက်ဒဏ်ရာကြောင့် လေဖြတ်ခြင်း၊
စတဲ့အခြေခံေ၇ာဂါတွေဟာ.လေဖြတ်ဖို့အင်မတန်နီးစပ်တဲ့ေ၇ာဂါဖြစ်စေနိုင်ပါတယ်..။။။


ဒန့်သလွန်၏စွမ်းပကား---*
 
(၁) ဒန့်သလွန်ရွက် ဟင်းခါးကို ကြက်သွန်ဖြူခတ်၍ နေ့, ည သောက်ပေးပါက
 မိုးဥတုတွင် ဖြစ်ပေါ်တတ်သည့် နှာစေးခြင်း၊ နှာမွှန်ခြင်း၊ အအေးပတ် ဖျားခြင်းတို့ကို
ပျောက်ကင်းစေပါတယ် *

(2) ဆီးေ၇ာဂါအတွက်
     ဒန့်သလွန်သီးခြောက် အတွင်းသား (အစေ့ပါ) ကို အမှုန့်ပြုပြီး နေ့စဉ် သကြားနှင့်
ေ၇ာသောက်ပေးပါက ဆီများကိုေ၇ာဂါပျောက်ကင်းစေပါတယ်*

 
ခေါင်းအုံဇက်လေး---*

ဒန့်သလွန်အပင်မှ အခေါက်ကိုခွါပြီး အဝတ်သန့်သန့်ဖြင့်ထုပ်ကာ ထုခြေပြီး နာနာရှူပေးပါက ခေါင်းအုံ၊ ဇက်လေးရောဂါများ ပျောက်ကင်းစေတယ်။

ပန်းသေပန်းညှိုး---*

ဒန့်သလွန်သီး မနုမရင့်ကို ငါးကြင်းသားနှင့်ချက်ပြီး မကြာခဏစားပေးပါက ပန်းသေ၊ ပန်းညှိုးခြင်းမှ သက်သာပျောက်ကင်းစေပါတယ်။။။

မြင်းခွါရွက်၏ ဂုဏ်၇ည်စွမ်း၇ည်---*

မြင်းခွါပင်ကလေးဟာ ဆီးပူ၊ ဆီးနည်း၊ ဆီးအောင့်၊ ဆီးသွေးပါ၊ ဆီးကျင်၊ သွေးဝမ်းသွားခြင်းရောဂါများအတွက်
ဆေးအသုံးဝင်လှတယ်။
မြင်းခွါပင်ဟာ ဆီးကို အထူးရွှင်တယ်။ ပြီးတော့ လူ့ခွန်အားကိုလည်း တိုးပွားစေတယ်။ ပြီးတော့ နေ့စဉ်မှန်မှန်
မြင်းခွါရွက်ကိုစားပေးခြင်းဖြင့် အမောအပန်းခံနိုင်တယ်။ သက်လုံကောင်းတယ်၊ ပြီးတော့ မြင်းခွါရွက်ကို မှန်မှန်စားပေးခြင်းကြောင့် သွေးတိုးရောဂါ၊ အဆုတ်ရောဂါ၊ ချောင်းဆိုးရောဂါတွေကို သက်သာပျောက်ကင်းစေတယ်။ နောက် ရေငတ်ရောဂါကို ပျောက်ပြီး အပူကိုငြိမ်းစေတယ်။ အသက်ကို ရှည်စေတယ်။ ဦးနှောက်ကို ကြည်လင်စေတယ်။ မှတ်ဉာဏ်ကောင်းလာစေတယ်။ ဖြူနေတဲ့ဆံပင်ကို
မြင်းခွါရွက်ကို နေ့စဉ်ဆက်ပြီးစားပေးခြင်းဖြင့် ပိတုန်းရောင်ကေသာလို ပြန်လည်နက်မှောင်လာစေတယ်။
ဒါကြောင့် မြင်းခွါပင်ကလေးဟာ အနေစုတ်ပေမယ့် ရွှေထုပ်တဲ့မြပဝါလိုပါလို့ တင်စားချင်တယ်။

မျက်စဉ်းဆေး၇ည်အဖြစ်သုံးနိုင်သည်---*

မျက်စိနာ၊ မျက်ရည်ယို၊ မျက်စိကျိန်းစပ်သော ရောဂါဖြစ်လျှင် မြင်းခွါရွက် ရွက်စိမ်းရည်ကို အရည်ကြည် စစ်ယူပြီး အဲဒီအရည်ကြည်ကို ဝါဂွမ်းစနှင့်တို့ပြီး ည-မနက် မျက်စဉ်းခတ်ပေးလျှင် သက်သာပျောက်ကင်းစေ နိုင်တယ်။

အဆစ်များ ကိုက်ခဲလျှင်---*

မြင်းခွါပင်ကလေးများကို ရေနှင့်သန့်ပြီး အရည်ညှစ်ယူပါ။ ပြီးလျှင် ရေနံဆီနှင့် ဆတူရောရတယ်။ ပြီး အဆစ်အမြစ် ကိုက်ခဲခြင်း၊ အကြောတက်ခြင်း စသည့်နေရာတွေမှာ နာနာပွတ်လိမ်းပေးပါ။ (မနက်တကြိမ်၊ ညတကြိမ်) အဲဒီလိုပြုလုပ်ပေးရင် အဆစ်အမြစ်ကိုက်ခဲခြင်းနှင့် အကြောတက်ခြင်းတို့မှ သက်သာပျောက်ကင်း ပါတယ်။

မှတ်ဉာဏ်နှင့် အားတိုးဆေး---*

မြင်းခွါရွက်စိမ်းရည် တကျပ်ခွဲသားနှင့် သကြား တကျပ်သားတို့ကို နွားနို့စစ်စစ် ပူပူဖြင့် နေ့စဉ် မှန်မှန် သောက်ပေးသွားပါက ကာမအားကို တိုးပွားစေပြီး မှတ်ဉာဏ်ကောင်းလာမယ်။ ဉာဏ်ပညာလည်း ထက်မြက်စေပါတယ်။။။
                        မင်္ဂလာသတင်းစဉ်မှ..ဝေေ၀နွယ်(တိုင်း၇င်းဆေး)မှ
                                                  .ကူးယူ.သည်။
                               နှင်းဆီအေးမောင်.2011.oct.22.ညနေပိုင်း 1း00.

Friday, October 14, 2011

♥♥ ကျမချစ်တဲ့.မမ ကိုအကြွေးနဲ့ယူသွားပြီ♥♥

♥♥ ကျမချစ်တဲ့.မမ ကိုအကြွေးနဲ့ယူသွားပြီ♥♥

ကျမငယ်တုံးကဘ၀လေးကိုပေါ့…….ပြောပြမယ်--နော်
ကျမမှာမမ တယောက်၇ှိတယ် ကျမတို့ညီအမအလွန်ချစ်ကြတာ.ဘယ်သွားသွားတယောက်
်မပါ၇င်မသွားတတ်ပါဘူး
.ခွဲထားလို့မ၇နိုင်အောင်ပါပဲ….ကျမ .မမ.ကလေ အလွန်အေးဆေးတယ်.၇ိုးသားတယ်.
လှလဲအ၇မ်းလှတာပေါ့…ဖေဖေမေမေနဲ့
ကျမ..အားလုံးသောလူတွေ…က မမကိုအ၇မ်းချစ်ကြတယ်
ကျမနဲ့မမဆို.ကျောင်းကပွဲ.၇ပ်ကွက်ပွဲတွေ…၇ံပုံငွေအတွက်.စတိတ်စင်ပေါ်တက်ပြီ.သီချင်းဆိုလိုက် ..လိုက်အော်နေတဲ့သူတွေပေါ့…တနေ့တော့မမကို..ကောင်လေးတယောက်ကချိတ် တယ်
မမကလဲချိတ်လိုက်တယ်…ကျမ-မမကိုချစ်တယ်..သူများချိတ်တာကိုနာမလိုဘူး
တကယ်ကို့ နာမလိုတာပါ.မမဘေးမှာကျမခွဲမခွာအမြဲလိုက်နေတယ်..အိပ်လဲမမနဲ့အတူတူ.စားလဲမမနဲ့အတူ…မခွဲံမခွာ..တတွဲတွဲနေလာတာ…..လေ..မမကမသုံးအဖြုံးကြီးတယ်အမြဲတမ်းမမလက်ထဲ့မှာပိုင်ပြတ်နေတတ်တယ် တာကိုကျမကအခွင့်ကောင်း၇တုံး..…ယူထားလိုက်တာပေါ့နော်…မမနဲ့အပြင်ထွက်တိုင်း…ကျမကမမကိုအမြဲတမ်း.မမဘာလိုချင်တယ်.ဘာစားချင်တယ်.ဘာပစ္စည်းဝယ်ဝယ်..ကျမကအကုန်ငွေးထုပ်၇ှင်းပေးတာပေါ့.မမက
အလကား၇တော့ပျော်နေတယ်…
ကျမဖေဖေမေမေကျွေးတဲ့မုန့်တွေကို.အကုန်မစားပဲဝက်အမြဲချန်ပြီးသိမ်းထားတယ်.နောက်မမပိုက်ဆာလာတဲ့ခါမမဆီပြန်ေ၇ာင်းတယ်…..မမကေ၇ာင်း၇င်.မ၀ယ်နိုင်ဘူး…မမမှာပိုင်ပြတ်နေတယ်လို့ပြောတော့ကျမက..မမ .၇ပါတယ်.၇ှိတဲ့ခါမှယူမယ်ပေါ့….မမကကျေနပ်စွာအပြုံးလေးနဲ့လေ…မမနဲ့အပြင်ထွက်လယ်တော့.တနေ့စာကုန်ကျငွေတွေ ကျမကပဲထုပ်၇ှင်းပေးခဲ့တယ်.အိမ်ပြန်ေ၇ာက်တော့ကျမက.စာ၇င်းအင်းနဲ့မှတ်ေ၇းထားတာ..ဒါတွေနဲ့မလုံလောက်သေးပါဘူး.ကျမ အကျီင်္တွေလုံချည်တွေ.အသုံးအဆောင်အားလုံး
အသေးအမွှားကအစမမကိုပြန်ေ၇ာင်းတယ်.မမ.ငွေမချေနိုင်လဲနောကှ်၇ှိမှပေးလို့ပြောထားတော့.ကျမ.မမကလဲ..အလာကား၇တာပဲဝယ်တယ်ပေါ့….ဘာပစ္စည်းမဆိုအကုန်ေ၇ာင်း တော့
ကျမ .့မမကလဲယူထားတာချည်းပဲပေါ့..နောက်ကွယ်ကကျမစာ၇င်းအင်းနဲ့ေ၇းမှတ်ထားတာ
အော် မမ မသိ၇ှာလေပါလာနော့……..။
                                            အလကား၇တယ်……
.အလကားစား၇တယ်……
.အလကားလယ်၇တယ်…..။
ဆိုပြီမမပျော်နေတယ်…
ကျမကတဖက်လှဲပြီးပြုံးနေတာမမမသိလေေ၇ာလား…
……………..ခိ ခိ……………
ဒီလိုနဲ့ပဲ..တနစ်ဆိုတဲ့အချိန်ကိုေ၇ာက်လာပါပြီ…မှတ်ထားတဲ့စာ၇င်း်ငွေတွေကလဲမနဲတော့ပါလား…..မမကိုချိတ်နေတဲ့ကောင်းလေးကမမကိုလက်ထပ်ဖို့တောင်းဆိုလာပြီ..နှစ်ဖက်မိဘတွေလဲသဘောကိုခွိလို့…မမကို.ခွဲ၇တော့မယ်ဆိုတော့.ကျမမျက်၇ည်တွေကျလာတယ်.ငိုတာပေါ့…..အလကားသူများလက်ထဲမပေးလိုက်ချင်ဘူး…ကောင်းလေးဖက်ကလာတောင်းတော့ကျမ.မမ.လက်ကိုအတင်းဆုတ်ဆွဲထားတယ်လေ ကောင်လေးကလဲမမလက်ကိုဆွဲထားတယ်..နောက်ဆုံးတားမ၇ပြောလို့မ၇တော့ဘူးဆိုတာကျမသိလိုက်တယ်…ကျမမျက်၇ည်တွေတလဟောကျနေတဲ့ကြားကနေ…အားယူပြီးပြောလိုက်တယ်…အေ့ ..နေအုံး..ငါ့မမကိုအလကားယူသွားလို့မ၇ဘူး…လို့ပြော၇င်း
.အိပ်ခန်းထဲ.ဲပြေးဝင်သွားပြီး မကြာပါဘူး.စာအုပ်လေးတအုပ်ကိုင်ပြီးထွက်လာတယ်….

ေ၇ာ့…..ဒီမှာကြည့် ကောင်လေးကိုပေးလိုက်တယ်….
ကောင်းလေး..ကဖတ်ကြည့်နေတယ်…
မမကမျက်လုံးအ၀ိုင်းသားနဲ့နားမလယ်၇ှာ……..
ကျမကခါးကော့ပြီးအပြုံးမျက်နှာနဲ.အောင်နိုင်သူပုံစံအချိုးလေး…..
နှစ်ဖက်မိဘတွေကတယောက်မျက်နှာတယောက်အကဲခတ်နေတဲ့ပုံစံမျိုး…..
….ခနကြာတော့……ကောင်လေးလဲဖတ်ပြီးေ၇ာ……. 
               
…………….ဟိုက်………………..

ကောင်လေးကမမလက်ကိုအတင်းဆုတ်ဆွဲထားပြန်တယ်…
ကျမကလဲပြန်ဆွဲထားတာပေါ့…
ဘယ်နှယ်လဲ..၇ှင်းနိုင်မှ…မမကိုယူသွား….
လို့ပြောလိုက်တော့…..
ကောင်လေးက.ခေါင်းကိုတချက်ကုတ်လိုက်ပြီး ဘာပြန်ပြောလဲဆိုတော့
ငါလဲနင့်အမကိုအကြွေးနဲ့ယူသွားပြီ…တဲ့

…..............တိန်……...........

ကျမဘိုင်းကနဲလှဲကျသွားတယ်..ကျမဘာဆိုဘာမှအကြားတော့
မသိလိုက် မမြင်လိုက်တော့ပါ……..။။။
ကျမသတိ၇လာတဲ့အချိန်ဆေးရုံကုတင်ပေါ်မှာ..
ကျမသိလိုက်တာကကျမချစ်တဲ့မမ ပါသွားပြီ…..
ဟီးဟီး…….ဟီး…..။။။။။။။။။

♥♥ နှင်းဆီအေးမောင်.-2011-Oct-15=PM 3…သံကောင်ယံ♥♥
                           



Sunday, October 9, 2011

♥♥ကိုယ့်ကိုယ်ကိုယ် အနိုင်ယူနည်း♥♥

♥♥ကိုယ့်ကိုယ်ကိုယ် အနိုင်ယူနည်း♥♥

၁။  မိမိရဲ့…… လောဘများကို  ဒါနတရားဖြင့် အနိုင်ယူပါ။
၂။  မိမိရဲ့…… ဒေါသများကို    သီလတရားဖြင့် အနိုင်ယူပါ။
၃။  မိမိရဲ့…… မောဟများကို   ၀ိပဿတရားဖြင့် အနိုင်ယူပါ။
၎။  မိမိရဲ့…… သူတပါးအပေါ်  ယှဉ်ပြိုင်လိုမှုများကို  မေတ္တာတရားဖြင့်
                            အနိုင်ယူပါ။ 
၅။  မိမိရဲ့ ……သူတပါးအပေါ်  အနိုင်ယူလိုမှုများကို  ကရုဏာတရားဖြင့်
                            အနိုင်ယူပါ။
၆။  မိမိရဲ့…… သူတပါးအပေါ်  မနာလိုမှုများကို  မုဒိတာတရားဖြင့်
                            အနိုင်ယူပါ။
၇။  မိမိရဲ့…… သူတပါးအပါ်  ရန်လိုမှုများကို   ဥပေက္ခာတရားဖြင့်
                            အနိုင်ယူပါ။
  ၈။  မိမိရဲ့…… သူတပါးအပေါ်  အပြစ်ပြောလိုမှုများကို ကိုယ်ချင်းစာတရားဖြင့်
                           အနိုင်ယူပါ။
၉။  မိမိရဲ့…… မနောကံ အကုသိုလ်များကို  ၀စီကံကုသိုလ်ဖြင့်
                          အနိုင်ယူပါ။
၁၀။  မိမိရဲ့…… နိမ့်ကျနေတဲ့စိတ်များကို  မိမိကိုယ်တိုင်မြှင့်တင်ခြင်းဖြင့်
                          အနိုင်ယူပါ။

                                                                    (ချမ်းအေး ဆရာတော်။ စစ်ကိုင်း)

                   ♥♥ နှင်းဆီအေးမောင်…ကူးယူတင်ပြပါတယ် ♥♥

                    8.oct.2011..ညနေ ၂ နာ၇ီအချိန်

Friday, October 7, 2011

♥♥လုပ်နိုင်ကြပါစေ♥♥

ယုတ်မာတဲ့မိုက်ရိုင်းတဲ့ကလိမ်ကကျစ်တွေ များတဲ့လူ့လောကကြီးထဲမှာ ကိုယ်က
 ၇ိုးသားဖြူစင်မှုကိုလက်ကိုင်ထား၇မယ်…။။။

                       ♥♥

ကိုယ် ဖြစ်ချင်တာတောင် ဖြစ်အောင် မလုပ်နိုင်ရင် တစ်ခြားသူတွေကို ဘာမှလုပ် ပေးနိုင်မှာ မဟုတ်ဘူး…။။။
                        ♥♥

အထီးကျန်အဖော်မဲ့နေတဲ့အချိန်မှာ သင့်ကူညီမှု အားပေးမှု သီးခံခွင့်လွတ်မှုကို ထိုသူမျှော်လင့်နေမှာအမှန်ပဲ...။။။

                         ♥♥

သူလူဆိုးမဟုတ်ပါ သူ့၇ဲ့စိတ်ကောင်းစေတနာထားပြီးကူညီပေးခဲ့တာကို ကျေးဇူးကမ်း
နာရွက်တို ကလိန်ကျတော့ ထိုသူအားမှတ်လောက်သားလောက်အောင်ဆုံးမပေးလိုက်
တာ သူ့မှာအဖြစ်မ၇ှိပါဘူး သူကိုလူဆိုးလို့ပြောလို့မ၇ပါ...။။။
                       
                              ♥♥

                                     နှင်းဆီအေးမောင်..8.oct.2011...နံနက် ၇နာ၇ီ..ကိုင်တိုင်ေ၇း

♥♥ပြောလိုက်စမ်းပါချစ်သူ♥♥

♥♥ပြောလိုက်စမ်းပါချစ်သူ♥♥

မိုးစက်ကလေးတွေနဲ့အတူတစက်စက်နဲ့တသက်သက်ချစ်နေမယ်ဆိုတာယုံပါ

ချစ်သူ

တနေကုန်သတိ၇စိတ်တွေ လွမ်း၇စိတ်တွေမီးထတောက်ကုန်တော့..
့ငါ့ဘေးကလူတွေလဲလောင်ကျွမ်းကုန်ပြီလေ………..

ဒီ

သတိ၇စိတ်လွမ်း၇စိတ်တွေကို ငါ့၇င်ထဲမှာမျိုသိပ်ထား၇တော့လဲကြာ၇င် ငါ့၇င်တခုလုံးမီးခဲံပြာကျလို့ သေ၇တော့မယ်……………………

ချစ်သူ

တမိုးအောက်မှာတယောက်ထဲဘဲ ငါ့၇င်ထဲမှာ၇ှိနေတာနင်ပဲလေ 
အပိုတွေချွဲအချွဲတွေပိုတယ်လို့ဆိုပြီး နင်ဟားတိုက်လို့၇ီအုံးမလား?...ဟင်…
တချိန်ကနင် လေ ငါ့ကိုတနေ့မမြင်၇၇င်အလွမ်းတွေပိုလို့ နင်အပြောချိုချိုလေးတွေနဲ့ငါ့ကိုချော့ခဲ့တာလေးတွေ…..ခုတော့အ၇ာအားလုံးခါးသက်ကုန်ပြီလား….ဘာကြောင့်လဲ ?.......ဘာကြောင့်လဲ ?..............

ဒါဆို၇င်

နင် ငါ့ ကိုမုန်းပြီပေါ့…………
နင် ငါ့ ကို မေ့လိုက်ပြီပေါ့………..
သေချာေ၇လယ်လယ်စကားလေးတခွန်း ငါ ကြားသွားချင်တယ်

♥♥ငါ့ ကို မုန်းလိုက်ပြီ မေ့လိုက်ပြီလို့♥♥့

ပြောချလိုက်စမ်းပါ   ပြောလိုက်စမ်းပါ…………

ချစ်သူ

ငါေ၇ှ့ဆက်ဘာလုပ်၇မယ်ဆို ငါ ဆုံးဖြတ်နိုင်မှာလေ

ဟိုး..းးးးးးးးးးးး နင် ကောင်းကင်ကြီးကိုမော့ကြည့်လိုက်စမ်းပါ
လမင်းကြီးကိုတိမ်လွှာတွေဖုံးလို့ကွယ်ပျောက်နေပြီ…………
               ဟိုး..းးးးးးးးးးးး နင်ကြည့်လိုက်ပါအုံး ပင်လယ်၇င်ပြင်ကြီးကို လှိုင်းလုံးတွေရိုက်ခတ်လို့နာကျင်စွာအော်နေသံ…………
               ဟိုး..းးးးးးးးးးး နင် ကြည့်စမ်းပါအုံး……လမင်းကြီးအောက်
ပင်လယ်ကမ်းခြေဘေးက………….
ငါ သွား၇မဲ့နေ၇ာလေ……………

♥♥……အုပ်……….ဂူ……….ဖွေး……….ဖွေး……….လေး………♥♥


2011.oct.3…ညသံကောင်ယံ.၂.၃၀ အချိန်

နှင်းဆီအေးမောင်…



ချစ်စ၇ာကောင်းတဲ့ဖိနပ်လေးတွေ

                                                    ကိုကို အတွက်နော်ယူလိုက်

ဒါလေးက မောင်လေးးအတွက်ယူထား


ပါမုန့် နော်အတူတူစားကြမယ်


ငှက်ပျောသီး ဘယ်သူစားမလဲ


ခေါက်ဆွဲစားချင်၇င်ဒီမှာလာယူ


လာမစနဲ့နော်.ကွလေးဖိနပ်ကိုကြည့်ထား


ဒီလိုဖိနပ်လေးကိုစီးကြည့်ပါလား


နှင်းဆီ ဖိနပ်နော် မပေးဘူး

Saturday, October 1, 2011

♥♥ ပြန်လာပါ♥♥

♥♥ပြန်လာပါ♥♥
မင်းလေးေ၇….ငါတို့စတွေ့တဲ့အချိန်မှာနှစ်ဦးသားကြည်နူးပျော်မြူး ..ချိုသောစကားလေးတွေဟာသလေးေ၇ာနှောလို့ငါကိုပျော်၇ွှင်စေခဲ့တာ ငါဘ၀တသက်ဆုံ်းတိုင်မေ
့မ၇နိုင်တော့ဘူး..နင်လဲပြန်လယ်စဉ်းစားလိုက်ပါအုံးလား…နင်ဟာ ငါ့၇ဲ့  နံပါတ် ၁ အချစ်
နင်ဟာ ငါ့၇ဲ့  နံပါတ်၁ သံယောဇဉ် ဆိုတာနင်ပါပဲ ။။။
အချစ်နဲ့ သံယောဇဉ်ဆိုတာ နင့်ကိုတွေ့မှသိလာတာ ညစဉ်တိုင်းနင်၇ဲ့အပြောလေးတွေနင့်၇ဲ့စကားဟာသလေးတွေထဲငါနင့်မျောသွားတာတဖက်ကမ်းကိုေ၇ာက်လို့သွားခဲ့ပြီ--ခုတော့နင်ငါ့ကိုလမ်းခွဲသွားးတာလားမသေမချာေ၇ေ၇လယ်လယ်ငါမသိခဲ့…ငါသိတာနင့်ကိုလွမ်းနေတာ….
ဲနင်ဘယ်မှာလဲ?ဟင်---နင်နေကောင်း၇ဲ့လား?---နင်ဘာဖစ်နေလဲ`?  ငါ့မှာအတွေးတွေချာချာလယ် အိပ်ပျက်ညပေါင်းများခဲ့ပြီလေ---နင်အပေါ်ချစ်တဲ့သံယောဇဉ်တွေငါဘယ်သူ့ကိုမှမပေးနိုင်တော့ဘူး နင်ပြန်လာပါ…..နင်ပြန်လာပါ  ။။။
ဟေားးးးးးးးဟိုးးးးးးးးသံယောဇဉ်ဆိုတဲ့ပင်လယ်ကမ်းယံမှာနင့်ကိုစောင့်နေပါ့မယ်----
ငါလေနင်အပေါ်ထားတဲ့သံယောဇဉ်ဟာ
ဟေားးးးးးးးဟိုးးးးးးးးးပင်လယ်ကြီး၇ဲ့တဖက်ကမ်းကိုမမြင်နိုင် တဲ့ သံယောဇဉ်ပင်လယ်ကြီးလောက်လေ……..
ပြန်လာပါတော့ မင်းလေး….ေ၇ ။။။။

ဘာ……..ကြောင့်……..ခွဲ……….သွား……..၇……..တာ……..လဲ…..လို့

                         ♥♥ နှင်းဆီအေးမောင်..2011.oct.1..ညအချိန်၂နာ၇ီ…♥♥

Friday, September 30, 2011

♥♥ ဒေါသကြီးတဲ့ Manager♥♥

♥♥ ဒေါသကြီးတဲ့ Manager♥♥
….တနေ့ကပေါ့.အလွန်ဒေါသကြိးတဲ့မန်နေဂျာ..ဦးဦးသူကအပျိုချောလေးတွေထွက်လယ်ချင်စိတ်ပေါက်လာတယ် ဒါနဲ့အပျိုချော(၄)ယောက်ကို
သူကားနဲ့ခေါ်လယ်တယ်လေ..အပျိုချောလေးတွေနဲ့ ကားလေးမောင်းပြီး၇ီလိုက်မောလိုက်နဲ့မန်နေဂျာကြီးကအပျော်ကြီးပျော်နေတာပေါ့.။
                 **** အဟမ်း****
မီးပွိုင့်ထခုေ၇ာက်တော့.အချက်ပြမီးနီလေးကြောင့်.ကားလေးကိုအရှိန်သတ်၇ပ်လိုက်တဲ့အချိန်မှာပေါ့..ဘေးမှဆိုင်ကယ်တစီးကပွတ်သပ်ကာအ၇ှိန်ပြင်းစွာနဲ့ထိုး၇ပ်လိုက်ပါေ၇ာ
မန်နေဂျာကြီးခဗျာဘယ်ပြောကောင်းမလဲ သူကားကိုလာတိုက်ခါနီးတော့လန့်သွားပြီး..ကားမှန်တံခါးတ၀က်.ဖွင့်ချလိုက်ပြီးဆိုင်ကယ်စီးလူငယ်ကိုအော်ဆဲပါလေေ၇ာ မန်နေဂျာကြီးဆဲလိုက်ပုံကဒီလိုလေ..
                နင့်အမေ   (x x x x)  တဲ့
                    တိန်……တိန်…..တိန်
မန်နေဂျာကြီး သူ့ပင်ကိုယ်ကဒေါသကြီးသူဖြစ်နေတော့…သူဘာကိုဆဲလိုက်မှန်းသူမသိ၇ှာဘူးလေ..အင်း…ကားပေါ်မှာပါလာတဲ့အပျိုချော(၄)ယောက်ကသူကိုကြည့်ပြီးတပြုံးပြုံး တခိခိနဲ့
၇ီနေကြတယ်ပေါ့..ဒါကြောင့်… အဲ မန်နေဂျာကြီးကသူ့ကိုဘာကြောင့်၇ယ်နေလဲဆိုတာမသိ၇ှာသေးဘူး.သူ့ကို၇ယ်၇ကောင်းမလားပုံစံနဲ့အပျိုချော(၄)ယောက်ကိုမျက်နှာတင်းကြီးနဲ့ ပုတ်ထားလိုက်တာပဲပုတ်ချပ်လိုပါဘဲ
အတော်လေးကြာလာတော့မန်နေဂျာခဗျာမနေတာတော့.အပြုံးလေးအားယူတင်ပြီးမေးလာတယ်လေ (နင်တို့ငါ့ကိုဘာကြောင့်၇ယ်နေကြတာလဲ.)….တဲ့…
အပျိုချောတယောက်ကအ၇ဲစွန့်ပြီး..
(မန်နေဂျာကြီး က သူအမေမှာမ၇ှိတာထဲ့ဆဲတာကိုး….)
ဟုပြောပြလိုက်တော့မန်နေဂျာကြီးအတွေးပေါက်သွားတော့..
       **** ဟိုက် ! ***
အပျိုချော(၄)ယောက်ကိုမကြည့်၇ဲလောက်အောင်၇ှက်သွားပြီ…သူမျက်နှာကြီးကနီ၇ဲလို့..င၇ုပ်သီးဆီစိမ်ထားသလိုပါပဲ……အမ်း…ကဲ….ကဲ….သူငယ်ချင်းတို့ေ၇
မန်နေဂျာကြီးဆဲလိုက်တာ (x x x x)ကွက်လပ်လေးကိုဖြည့်ပြီး၇ီမောနိုင်ကြပါစေနော်..///
(တကယ့်အဖစ်ဟာသလေးပါ)
    နှင်းဆီအေးမောင်.pm 1:00ညအချိန်..2011.sept.15

♥♥ ဒေါသ ကို…ဘယ်လိုထိန်းမလဲ♥♥

♥♥ ဒေါသ ကို…ဘယ်လိုထိန်းမလဲ♥♥ 

ဒေါသထွက်နေသူကိုဘယ်လိုထိန်းကြမလဲ..
ဒေါသတွေထွက်နေတဲ့ခါ…၇င်တခုလုံး..တဒိုင်းဒိုင်းနဲ့နှလုံးခုန
မြန်ဆန်နေတတ်ပါတယ် စိတ်တွေလဲအ၇မ်းပင်ပန်းတတ်ပါတယ် အိပ်လို့လဲမပျော်ဖြစ်တတ်ပါတယ်..ကိုယ့်ဒေါသကိုယ့်ကို
ေ၇ာဂါဖြစ်စေပါသည်..။
ဒေါသဖြစ်လာတဲ့ခါကိုယ့်ဒေါသကိုမည်သူတဦးတယောက်မှထိန်းချုပ်ပေးလို့မ၇ကြသူတွေလဲ၇ှိကြပါတယ်…ဒေါသကိုငယ်
ထိပ်ပေါက်အောင်ထွက်နေပါကထိုသူသည်ဘာကိုမှမစဉ်းစားမဆင်နိုင်တော့ပါ.ကိုယ့်ဒေါသကိုအစွမ်းကုန်ထုပ်သုံးလိုက်ပါကဒေါသတွေမွန်းနေပြီးဖြစ်ပါသောကြောင့်ဘာကိုမှမစဉ်းစားမဆင်ချင်နိုင်တော့ဘဲမဖြစ်သင့်တာတွေဖြစ်ကုန်ကြ၇ပါတယ်.နောက်ဆုံးတော့ရာဇ၀တ်မူ့တွေဖြစ်လာတဲ့အထိကြီးမားလာ၇ပါတယ်…တကယ်ဆို၇င်.လူတွေဟာ..ဒေါသမဖြစ်ဖူးသူမ၇ှိပါဘူး…လူတိုင်းဟာဒေါသဖြစ်ဖူးကြလိမ့်မယ်..
*(ဒေါသကိုဘယ်လိုချုပ်ထိန်း၇မလဲဆိုတာ…ဒေါသကြီးသူသည်)*……..
(1)တဦးတယောက်တည်း…အထီးကျန်နေခြင်းသည်..ကောင်း၏ (2)အများသူုငှါနဲ့စကားမပြောမိအောင်နေနိုင်လျှင်ကောင်း၏
(3)အိမ်ထောင်မပြုဘဲနေလျင်အကောင်းဆုံးဖြစ်ပါသည်
(4)ချစ်သူမထားမိအောင်ဝေးဝေးေ၇ှာင်ပါလေ..
(5)သေေ၇.သေ၇က်သောက်စားခြင်းမှရှောင်ကျဉ်နိင်လျင်ကောင်း၏

       ထိုကဲ့သို့ဒေါသကြီးသောသူသည်..မိတ်ဆွေကောင်း ဆ၇ာသမားကောင်းတွေနဲ့ပေါင်းသင်းပြီးတ၇ားနာ..တ၇ားစကားတွေများများပြောပေးပါ.နားထောင်ပါ..တ၇ားအားထုပ်ခြင်းဖြင့်ဒေါသကိုထိန်းချုပ့်နိုင်ပါ၏
     တချို့သောသူတွေသည် ဒေါသထွက်နေချိန်ကိုယ့်ကိုယ့်ဟာကိုဒေါသဘယ်လောက်ကြီးနေတယ်ဆိုမသိပါ…ကိုယ်အမူအ၇ာဘယ်လောက်ကြည့်၇တာ၇ုပ်ဆိုးနေတယ်ဆိုတာလဲမသိတော့ပါ.ဒေါသကိုဆက်ကာဆက်ကာထိန်းမ၇သူနဲ့အပြိုင်ပြန်ပြောနေခြင်းဖျောင်းဖြနေခြင်းမလုပ်ကြပါနဲ့ထိုသူအား.အားပေးနေသလိုဖြစ်နေပါမယ်ထိုသူေ၇ှ့ကဝေးဝေးေ၇ှာင်သွားခြင်းဖြင့်ပိုကောင်းပါသည်။။။။။။။


            (ဆောင်းပါး) မူပိုင် 
နှင်းဆီအေးမောင်..30.စက်တင်ဘာ၂၀၁၁…ညသန်းကောင်ယံ၃း၀၀ နာ၇ီ

Tuesday, September 27, 2011

♥♥မင်္ဂလာပါ ကလေးတို့ရေ-♥♥

♥♥မင်္ဂလာပါ ကလေးတို့ရေ-♥♥

တောင်တွေထဲမှာ အမြင့်ဆုံး တောင်ကို မြင့်မိုရ်တောင်လို့ ခေါ်တယ်။ ဒါကြောင့် လောကမှာ မြင့်မိုရ် တောင်ထက် မြင့်တဲ့တောင် မရှိဘူး၊အမြင့်ဆုံးေ တာင်မို့ တောင်တကာ တို့ရဲ့မင်း၊ တောင်မင်းလို့သာ မှတ်ထား။ ကလေးတို့ သိနေတဲ့ ဧဝရက် တောင်ကြီးထက် အပုံကြီးမြင့်တယ်။
ကလေးတို့ ကြားဖူးကြတယ် မဟုတ်လား?
ဒီကနေ့ခေတ်မှာလေ မိမိအတွက် အကျိုးများမယ်၊ တန်ဖိုးရှိမယ်ဆိုရင် လူတွေက ဘယ်လို ပြောတတ်ကြသလဲ?
“ရွှေပဲကွာလို့” ပြောကြတယ် မဟုတ်လား။
ပညာရှင်တွေက မိဘများကို “မြင့်မိုရ်ရွှေတောင်”လို့ ဆိုကြတယ်။ ဘာလို့လဲဆိုတော့ မိဘဆိုတာ ကလေးတို့အတွက် အမြင့်ဆုံး ကျေးဇူးရှင်တွေဖြစ် သလို၊အလွန်လည်း အဖိုတန် သူတွေ ဖြစ်ကြလို့တဲ့။
ဒါကြောင့် “မြင်းမိုရ်ရွှေတောင်” ဆိုတာ ဘယ်သူတွေလဲလို့ မေးရင်?
ကလေးတို့ရဲ့ မေမေနဲ့ဖေဖေ ဖြစ်တယ်ဆိုတာကို ဘယ်တော့မှ မမေ့ကြပါနဲ့။ ရွှေတောင်ကြီး တွေမို့ ကလေးတို့က အမြဲ တမ်းတန်ဖိုးထားကြရမယ်။ ရိုသေကြရမယ်။ စကားနားထောင်ကြရမယ်။ ရိုးရိုးတောင်မဟုတ်ဘူးနော် “ရွှေတောင်” တဲ့။
ကလေးတို့ဖေဖေနဲ့မေမေက ဘယ်လောက်မြင့်မြတ်တုန်း၊ ဘယ်လောက် အဖိုးတန်တုန်း ဆိုရင် ဘုရားနဲ့တောင် တစ်တန်း စားတည်း တန်းတူ သတ်ခံ ထားကြရတဲ့သူတွေ ဖြစ်တယ်။
ဘုရားဆိုတာကတော့ ကလေးတို့ရဲ့ နေအိမ်တွေမှာ ခေါင်းရင်းဖက် ဘုရားခန်းမှာ ဗုဒ္ဓပုံတော်တွေ ရှိကြတယ်။ အဲဒီ ပုံတော်တွေ၊ ရုပ်ပွားတော်တွေဟာ ဘုရားရှင်ရဲ့ကိုယ်စား တော်တွေ ဖြစ်တယ်။ ဟိုလွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်တုန်းက ပွင့်တော်မူပြီး၊ သက်တော်(၈၀)မှာ ပရိနိဗ္ဗာန်စံဝင်သွား တဲ့ ဘုရားအစား ကိုးကွယ်ပူဇော်ထားတာ ဖြစ်တယ်။
ပရိနိဗ္ဗာန်စံတယ်ဆိုတာကို ကလေးတို့ နာမလည်ဘူးထင်တယ်၊ ရပ်ကွက်ထဲမှာ တချို့လူတွေ သေကြတယ်မဟုတ်လား။ အဲဒါမျိုး ကိုယ်မျက်စိ အောက်က ပျောက်သွားတာ၊ လူလောကထဲ မရှိတော့တာကို ပြောတာ။ မရှိတော့ပေမယ်လို့ ကြီးမြတ်သူ ဖြစ်လေတော့ အခုတိုင် ကိုးကွယ် နေကြတာ၊ ဆည်းကပ် နေကြတာ။
အဲ ကိုးကွယ် ဆည်းကပ်တာ ဆိုတာက ကလေးတို့ရဲ့ ဖေဖေ မေမေတွေက ပန်းကပ် လှူတယ်၊ ရေချမ်းကပ်လှူတယ်၊ ဆွမ်း ကပ်လှူတယ်။ ဆီးမီး ကပ်လှူတယ်။ ရှိခိုးဦးချတယ်။ အဲလိုမျိုး ဘုရားစဉ်ရှေ့မှာ လုပ်ဆောင်တာကို ပြောတာ၊ အရိုအသေ ပြုတာ ပေါ့နော်။ ကလေးတို့လဲ အဲလိုမျိုး ဘုရား ရှိခိုးကြရမယ်၊ ပန်းကပ်လှူရမယ်၊ ကလေးတို့ စားမဲ့မုန့်လေးတွေကို ဘုရားစဉ်မှာ တင်ပြီးကပ်လှူရမယ်။ အဲလိုမျိုး ကပ်လှူရင်၊ရှိခိုးရင် ကုသိုလ်ရတယ်။
ကုသိုလ်ရတယ်ဆိုတာကတော့ စားမေးပွဲတေ အောင်မယ်၊ မုန့်ဖိုးတွေအများကြီးရမယ်၊ မိဘတွေ ဆွေမျိုးတွေ ဆရာ၊ဆရာ မတွေက ကလေးတို့ကို ပိုချစ်ကြမယ်။ အဲဒါတွေရချင်ရင် နေ့တိုင်း အိမ်ရာမဝင်ခင် မျက်နှာသစ် ခြေလက်တွေ ရေဆေးပြီးရင်ဘုရားရှိခိုးကြရမယ်နော်။
ဘုရားရှိခိုးပြီးရင် မေမေနဲ့ဖေဖေကိုလည်း ရှိခိုးကြရမယ်။ဘာလိုလဲဆိုတော့ ဘုရားနဲ့ အတူတူ ထားရမယ်လို့ ဘုန်းဘုန်း ပြောခဲ့တယ်မဟုတ်လား။ ဒါကြောင့်ပါ။
ကလေးတို့ လူဖြစ်လာကြတာက သူအလိုလို ဖြစ်လာကြတာ မဟုတ်သလို၊ ယခု ရှင်သန် နေကြရတာ၊ စားသောက် နေကြရတာ၊ ပညာသင်နေကြရတာ၊ သက်တောင့်သက်သာ ချမ်းချမ်း သာသာ ပျော်ပျော်ရွှင်ရွှင် နေကြရတာ ကလေးတို့ ဖေဖေနဲ့ မေမေကြောင့် ဖြစ်တယ်။
အရွယ်မရာက်သေးခင် ကလေးတို့ရဲ့ ဘဝရပ်တည်ရှင်သန်မှု့ဟာ မိဘတွေအပေါ်တည်ကြရတာမို့ ဖေဖေနဲ့မေမေဟာ ကလေးတို့ရဲ့ ကျေးဇူး ရှင်တွေ ဖြစ်တယ်။ အဲဒါကိုတော့ မြဲမြဲမှတ် ထားကြရပါမယ်။
ကလေးတို့ ဖေဖေနဲ့မေမေက ကလေးတို့အတွက် အဘယ်မျှ ကျေးဇူးကြီးသလဲဆိုရင် အမြင့်ဆုံး မြင်းမိုရ်တောင်ကြီးထက်ပင် သာလွန်သတဲ့၊ ဒါကြောင့် “ မြင်းမိုရ်တောင်ဦး၊ မကကြူးသား၊ ကျေးဇူးအရှင်၊ မွေးမိခင်နှင့်ဖခင်တို့အား”လို့ စာပေမှာ အခိုင်အမာ ဆိုထား တာပေါ့။ ကလေးတို့ စိတ်ထဲမှာ တသက်လုံး ရှိနေကြရမယ့် ကျေးဇူးရှင်တွေ ဖြစ်တယ်။
ကျေးဇူးရှင်ကို စိတ်ဆင်းရဲအောင် မလုပ်ကြရဘူးတဲ့။ အဲလို စိတ်ဆင်းရင်အောင်လုပ်ရင် ကျေးဇူးကန်းသူလို့ ဆိုတယ်။
ဥပမာ ကလေးတို့ နေပူရင် သစ်ပင်ရိပ်မှာ အရိပ်ခိုကြရတယ်မို့လား၊ မိမိအရိပ်ခိုးဖူးတဲ့ သစ်ခက် ကိုင်းတောင် ဖျက်ဆီးလိုတဲ့ စိတ်ထားနဲ့ မချိုးကောင်းဘူး တဲ့၊ လူဟာအရိပ်နေပြီး အခက်ချိုးရင် လူ့ဘဝမှာ ကျေးဇူးကန်းသူဖြစ်လို့ ဘယ်သောအခါမှ မကြီးပွားနိုင်ဘူး။ မိဘကျေးဇူးကန်းရင် သစ်ကိုင်း ချိုးတာထက် ပိုဆိုးတော့မပေါ့၊ ဟုတ်ဖူးလား။ ဒါကြောင့် ဖေဖေတို့မေမေတို့ စိတ်ဆင်းရဲအောင် ကလေးတို့က မလုပ်ကြရဘူး။ လိမ္မာကြရမယ်၊ မေမေ ဖေဖေ စိတ်ချမ်း သာအောင် နေကြရမယ် ။ကျေးဇူးသိတတ်ကြရမယ်။
ကလေးတို့ကို ပုံပြင်လေးတစ်ပုဒ် ပြောပြရဦးမယ်၊ လှိုင်ဂူထဲမှာ ခွေးမိသားစုတွေ နေထိုင်ကြတယ်၊ တစ်နေ့တော့ ကျား ကြီးတစ်ကောင် က ခွေးမိသားစုကို စားဖို့ လာပြီး ချောင်းနေသတဲ့။
အဲဒီအခါမှာ ခွေးအဖေကြီးက ခွေးအမေကြီးကို “ရှင်မရေ၊ သားလေးတွေ သမီးလေးတွေ အသံအော်မြည်အောင်လုပ် ပေးပါ” လို့ တိုးတိုးလေး ကပ်ပြောသတဲ့။
ခွေးအမေကြီးကလည်း ခွေးသားပေါက်ကလေးတွေကို အသံမြည်အောင်လုပ်တော့ ခွေးသားပေါက် ကလေးတွေက တအီးအီး တအဲအဲ အသံမြည်ကြတော့ တာပေါ့။ အဲဒီတော့ ခွေဖေကြီးက “ရှင်မရေ၊ သားသားမီးမီးတို့ ဘာလို့ အော်နေကြ တာတုန်းလို့” မေး လိုက်သတဲ့။ “ ရှင့်သား သမီးတွေက ကျားအသား စားချင်လို့တဲ့တော်ရေ” လို့ ပြန်ပြောတယ်။
“ဟဲရှင်မရဲ့ ဟိုနေကမှ ကိုးတောင်ကျားကြီးကို ကိုက်သတ် ပေးထားတာဘဲ” လို့ ပြောတော့ “ကုန်သွားပြီးတော်ရေ့” လို့ ခွေးအမေက ကျယ် ကျယ် ပြန်ပြော လိုက်တယ်။

အဲဒီ ခွေးအဖေနဲ့ ခွေးအမေ ပြောနေတာကို ဂူပေါက်မှာ ချောင်းနေတဲ့ ကျားကြီးက ကြားပြီး “အဲ ငါက ခြောက်တောင် လောက်ပဲရှိတာ ကိုးတောင် ကျားကြီးတောင် ကိုက်သတ်တာဆိုတော့ ငါဆို မလွယ်ဘူး လစ်မှဖြစ်တော့မယ်” လို့ စဉ်းစားမိးပြီး တချိုးတည်း ထွက်ပြေးသွားသတဲ့။
ဘုန်းဘုန်းတို့ ကျေးလက်အရပ်တွေမှာ ညနေစောင်းရင် ပိုးကောင်လေးတွေ မြေကြီးက နေထွက်ကြတယ်၊ အဲဒီအချိန်မျိုး မှာ သိမ်းစွန်ငှက်ကြီးတွေ ကလည်း ပိုးကောင်လေးတွေ ဖမ်းစားကြဖို့ ကောင်းကင်မှာ ပျံဝဲနေတတ်ကြတယ်။ စွန်ငှက်ကြီးတွေက ပိုးကောင်လေးတွေတင် မကဘူး မြင်မြင်းသမျှ အကောင်ငယ်လေးတွေကို သူတို့ ခြေသည်းတွေနဲ့ကုတ်ပြီး သယ်ဆောင် ဖမ်း စားလေ့ရှိတတ်ကြတယ်။
အဲဒီအခါမျိုးမှာ အစာရှာနေတဲ့ မိခင်ဖြစ်ကြတဲ့ ကြက်သားပေါက်မတွေဟာ “ ကတော် ကတော်” မည်ကာ သူရဲ့သား သမီးဖြစ်ကြတဲ့ ကြက်ပေါက်စ ကလေးတွေကို သူ့အတောင်နဲ့ အုပ်ကာ ဝပ်နေကြတယ်။ အကယ်၍ ကြက်ပေါက်ကလေး တစ်ကောင် တစ်လေဟာ မိခင်ကြက်မ ကြီးရဲ့ ဝပ်နေတဲ့ ရင်ခွင်အောက်မှာ ရှိမနေလို့ စွန်က ချီရန် ထိုးဆင်းလာရင် မိခင်ကြက်မကြီးဟာ အဲဒီစွန်ကို ပြန်လှန်တိုက်ခိုက်တော့တာဘဲ
ကလေးတို့ရေ-
ဒီပုံပြင်နဲ့ဒီဖြစ်ရပ်က ဘာကို ပြောပြတုန်းဆိုရင် တိရစ္ဆာန်ပေမယ့် ကိုယ်သားသမီး ဘေးဒုက္ခမရောက်အောင် နည်းပရိယာယ်သုံးပြီး ကိုယ်ထက် အင်အားကြီးတဲ့ သတ္တဝါတွေ ကိုတောင် မောင်းထုတ်နိုင်တာ သားသမီးကို ချစ်တဲ့စိတ်ကြောင့်ပေါ့၊ မိဘဆိုတာ ကိုယ့်သား သမီးကို ဘယ်လိုေ ဘးအန္တရာယ်မျိုးကိုမှ မကျရောက်စေလိုကြဘူး။ ကိုယ့်အသက်သာ အသေခံမယ် သားသမီးကိုတော့ လာမစမ်းနဲ့ အသက်ချင်းလဲပစ်တတ်တာ မိဘတို့ သာဖြစ် နိုင်တယ်။
ဗြဟ္မာဆိုတာကို ကလေးတို့ ကြားဖူးကြမလားမသိဘူး၊ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားတွေနဲ့ အမြဲနေသူ ကို ဗြဟ္မာ လို့ ခေါ်တယ်။
မြင့်မြတ်တဲ့စိတ်နဲ့ နေသူလို့ အလွယ်မှတ်နိုင်ပါတယ်။ ကလေးတို့လဲ မြင့်မြတ်သူများဖြစ်အောင် အဲဒီ စိတ်(၄)မျိုးနေကြရမယ်။ စိတ်လှသူလို့ လည်း ခေါ်နိုင်တယ်။ စိတ်လှမှ ရုပ်လှတာ။ စိတ်ပုတ်ရင် ရုပ်လဲဆိုးသွားရော။
မေတ္တာဆိုတာ အများကောင်းကျိုးလိုလားစိတ်၊ ကရုဏာဆိုတာ ဆင်းရဲဒုက္ခ ရောက်နေသူ များကို သနာကြင်နာစိတ်၊ မုဒိတာဆိုတာ ကိုယ်ထက်တော်တဲ့ သူတွေအပေါ်မှာ ဂုဏ်ယူဝမ်းသာစိတ်၊ ဥပေက္ခာဆိုတာ ဆင်းရဲချမ်းသာ မခွဲခြားဘဲ အညီအမျှ ခံစားနိုင်စိတ် ဖြစ်တယ်။
ဘုရားကဟောထားတယ်။ မိဘဆိုတာ အဲလိုဗြဟ္မာတွေနဲ့ တူသတဲ့။ ဘာလို့လဲဆိုရင် သားသမီးတွေရဲ့ ကောင်းကျိုးကို အမှန်လိုလားတာ မိဘတွေပဲ ဖြစ်တယ်။ မိဘတိုင်းဟာ ကိုယ့်သားသမီး ကြီးပွားတာ တိုးတက်တာ ပညာတတ်ကြီးဖြစ်တာ ချမ်းသာတာ ကောင်းတာတွေ မှန်သမျှ သားသမီးဖို့ ချည်း ရစေချင်တာ မိဘပါ။ ဘာလိုလဲဆိုရင် သားသမီးအပေါ် မေတ္တာရှိ လို့ဖြစ်တယ်။
သားသမီးတွေ ဆင်းရဲနေရင် ဒုက္ခရောက်နေရင် “ငါသားလေး ဆင်းရဲနေရှာတယ်၊ ငါ့သမီးလေး ကျန်းမာရေးချို့ယွင်း နေရှာတယ်၊ အဲလိုဒုက္ခမျိုး ငါ့မှာသာ ဖြစ်လိုက်စမ်းပါဟယ်၊ ငါ့သားလေး၊ ငါ့သမီးလေး သနားလှချည်ရဲ့လို့” မချိတင်ကဲြွေကကွဲ ရှာတာ မိဘရယ်ပါ။
သားမီးဒုက္ခရောက်ရင် နှလုံးတုန်လှုပ် အလွန်ခံစားရတာ မိဘထက် ပိုလွန်တဲ့သူ မရှိနိုင်ဘူးတဲ့။ အဲဒါဘာဖြစ်လိုလဲ ကရုဏာရှိလိုပေါ့။
သားသမီးတွေ ပညာတတ်ကြီးတွေ ဖြစ်ကြတယ်၊ ချမ်းသာကြွယ်ဝကြတယ် ဆိုရင်လည်း အလွန်ဝမ်းသာကြတယ်၊ သား သမီးကြီးပွား တိုးတက်တာကို မနာလိုမရှုစိမ့်တဲ့ မိဘဆိုတာ မရှိဘူး။ ဘာလို့လဲဆိုတော့ ကလေးတို့အပေါ် မုဒိတာစိတ်ရှိလို့တဲ့။
သားသမီးတွေအပေါ်မှာ ဒီသားကတော့ ချမ်းသာလို့၊ ဒိသမီးကတော့ ရာထူးကြီးလို့ဆိုပြီး ပိုချစ်တာ မရှိသလို၊ ဒီသားဒီသမီးတွေကတော့ ဆင်းရဲကြလို့ဆိုပြီး အထင်သေး နှိမ့်ချတယ် ဆိုတာလည်း မိဘမှာမရှိဘူး၊ သားသမီးတွေ မြင့်မြင့်နိမ့်နိမ့် အတူတူ ဘဲ ချစ်ကြတယ်။ ဒါပေမယ် ပြည့်စုံနေ တဲ့ သားသမီးထက် နိမ့်ပါးတဲ့သမီးကြတော့ သနားတာလေးတောင် အပိုဆောင်းပြီးချစ် တတ်ကြသတဲ့။ အဲဒါကတော့ ဥပေက္ခာစတ်ရှိလို့တဲ့။
ကိုယ့်သားသမီး မကောင်းမှန်သိသိကြီးနဲ့ သားသမီးဖက်က နာတတ်ကြ မိဘတွေရယ်ပါ။ ဥပမာ ကလေးတို့ ကျောင်းမှာ ရန်ဖြစ်လာကြတယ် ဆိုပါတော့၊ ရန်ဖြစ်တာ ကောင်းလား၊ မကောင်းဘူး၊ ဒါပေမယ့် ကလေးတို့မိဘတွေက ကိုယ့်သားသမီး ခံလာရရင် မကြိုက်ဘူး၊ ကိုယ်သားသမီးက ရိုက်လာလို့ကတော့ တစ်ဖက်ကို ခြေတောင် ဖက်တောင်းပန်ရပါစေ၊ မိဘတွေက ကျေနပ်နေတတ်ကြတယ်။ ဘာလို့လဲ ကလေးတို့ကို ချစ်လို့ပေါ့။ တချို့မိဘတွေဆို မှာလိုက်သေးတယ်၊ “ကိုယ်ကခံမလာရစေနဲ့” တဲ့။
အဲလို သားသမီးတွေ အပေါ်မှာ မေတ္တာစတဲ့ စိတ်ကောင်းတွေ အလွန်အကဲ ထားတတ်ကြလို့ ကလေးတိုရဲ့ ဖေဖေနဲ့မေမေ ကို မြတ်စွာဘုရား က ဗြဟ္မာတွေနဲ့တူတယ်လို့ ပြောတာဖြစ်တယ်။ ဒါကြောင့် မေမေနဲ့ဖေဖေကို ကိုယ့်ကြောင့်စိတ်မဆင်းရဲစေ ကြရဘူး၊ မျက်ရည် မကျစေရဘူးနော်။
ဘုန်းဘုန်းတို့ မြန်မာယဉ်ကျေးမှု့မှာ “ မိဘမျက်ရည်တစ်စက်၊ သားသမီး ဒုက္ခတစ်သက်”တဲ့။ ကလေးတို့ကြောင့် ဖေဖေနဲ့ မေမေ စိတ်မချမ်း သာဖြစ်ကြပြီး မျက်ရည် ကျလို့ရှိရင် ကလေးတို့ တစ်သက်လုံး ဒုက္ခရောက်ကြရတော့မှာ၊ ဆင်းရဲကြတော့မှာ ဖြစ်တယ်။ ဒါကြောင့် ကလေးတို့ ကြောင့် မေမေနဲ့ ဖေဖေကို တစ်သက်လုံး မျက်ရည်မကျစေရဘူးနော်။
မိဘကို စိတ်ချမ်းသာစေတဲ့ သားသမီးကြတော့ တစ်သက်လုံး မဆင်းရဲသည့်အပြင် ဘယ်တော့မှလည်း ဒုက္ခမရောက် နိုင်ဘူးတဲ့၊ အဲဒီအကြောင်းကိုလည်း နောက်မှ ဘုန်းဘုန်း ပြောပြပါဦးမယ်။
လောကမှာ အပေးမရှိဘဲနဲ့ အယူချည်းသက်သက်ဆိုတာ မရှိနိုင်ဘူး၊ ကလေးတို့က ခု သားသားမီးမီး ဖြစ်နေသေးချိန် မှာ သားလိမ္မာ ၊သမီးလိမ္မာလေးတွေ ဖြစ်ပါမှ ကလေးတို့ကြီးလာတဲ့ အခါ မိဘတွေဖြစ်လာကြရင် သားလိမ္မာ သမီးလိမ္မာတွေနဲ့ ကြုံကြရမှာ။ ဒါကြောင့် လိမ္မာတဲ့၊ စာကြိုးစားတဲ့ သားသား မီးမီးတွေ ဖြစ်အောင်ကြိုးစားကြပါလို့ ဘုန်းဘုန်းက လိမ္မာပြီးသား၊ တော်ပြီးသား ကလေးတို့ကို ထပ်ပြီး အလိမ္မာတွေ တိုးအောင်၊ တော်တာတွေ ပိုတော်လာအောင် တိုက်တွန်းတာပါ၊ ဘုန်းဘုန်း က ဆရာကြီးလုပ်တာ မဟုတ်ဘူးနော်-။
ကလေးတို့ရေ မိဘဆိုတာ “ မြင့်မိုရ်ရွှေတောင်” တဲ့။ ပြီးတော့ ဘာတဲ့လဲ “ဗြဟ္မာကြီးတွေ” တဲ့
ကလေးတို့အားလုံး လိမ္မာရေးခြားရှိတဲ့ လူတော်လူကောင်းများ ဖြစ်ကြပါစေကွယ်။


ဘုန်းဘုန်းဦးပညာ(ပဉ္စနိကာယ်)

Posted by YATANAVASA ….ကူးယူတင်ပြလိုက်ပါတယ်။။။

♥♥ G.Talk.အကောင့်မ၇ှိဘဲ mail ပို့နည်းလေးပါ ♥♥

♥♥ G.Talk.အကောင့်မ၇ှိဘဲ mail ပို့နည်းလေးပါ ♥♥

ဒီနည်းကိုအသုံးပြု့ ပြီး မေး ပို့ လို့ ရပါတယ် .. နည်းလေးကတော့..


1.http://www.note2email.com/write ဒီဆိုဒ်ကို အရင် ဖွင့်လိုက်ပါ။
2.Gmail Address နေရာမှာ မိမိပို့ချင်တဲ့ Gmail အကောင့်ကို ရိုက်လိုက်ပါ။
3.Title မှာကတော့ မိမိ ရေးချင်တဲ့အကြောင်းအရာ ရေးလိုက်ပါ။
4.Note နေရာမှာ မိမိ ရေးချင်တဲ့ ပို့ချင်တဲ့စာတွေကိုရေလိုက်ပေါ့ ။
5.Encryption Key နေရာမှာ ဘာမှ မရေးလဲရပါတယ်။
6.ပြီးရင် ပုံကို ကြိုက်နှစ်သက်ရာထပ်ရွေးလိုက်ပါ။
7.ပြီရင် Send It ကိုနိုပ်လိုက်ပါ။

http://mmflashsongs.multiply.com/ … -မှကူးယူတင်ပြပေးပါတယ်