nattso နတ်ဆိုး..ကဗျာလေးပါ…နတ်ဆိုး..လက်ရာ အရသာကဗျာပန်းလေးကို..အနော့နဲ့အတူ ခံစားကြည့်ရအောင်နော်…နတ်ဆိုးတော့လုပ်ချလိုက်ပြီ လက်ရည်
°¤~ကျနော်နှင့်ကျနော်ထိတွေ့ခံစားမိလိုက်သော
နှင်းဆီ ၏ဝေါဟာရများ ~°¤
လှလိုက်တဲ့နှင်းဆီ
သင်းပျံ့စူးရှတဲ့ရနံ့နဲ့
အထပ်ထပ်အလွှာလွှာအလှဆင်
ရဲရင့်သူတို့ရဲ့အရောင်ကိုပိုင်ဆိုင်ထားမှု
အသဲနှလုံးထဲထိဆူးနစ်စေမယ့်ဆူး
ထားတော့..နှင်းဆီ
ငါမဆန်းစစ်ပါဘူး...ဒါပေမယ့်
မင်းအလွှာလေးနူးညံ့လွန်းတယ်နှင်းဆီ
မင်းရနံ့လေးသင်းပျံ့လွန်းတယ်
မင်းအရောင်လေး..ရဲရင့်ပြတ်သားလွန်းတယ်

မင်းအလှတရား..မင်းဂုဏ်သတင်းနဲ့
မင်းရဲ့ကျော်ဇောမှုတွေကို
အသဲနှလုံးမှာတဆစ်ဆစ်နာကျင်ခံစားနေရအောင်
အဆိပ်တက်အိပ်ခက်စေမယ့်
ဆူးလေးတွေကမင်းရဲ့အလှတရားအားလုံးကို
ဝိုင်းရံကာကွယ်ထားတယ်နော

လေပြေတွေဆော့ကစားနေတဲ့
မင်းပတ်ဝန်းကျင်ဝဲဂရက်ထဲမှာ..မင်းရနံ့လေးကြောင့်
ငါမိန်းမောနေရပြီနှင်းဆီ

ဝဲပျံနေတဲ့ပျားပတုံးတွေ
ကမ်းလင့်နေတဲ့ချူချင်သူတွေက
ဝိုင်းရံကာထားတဲ့ဆူးလေးတွေကြောင့်
မ၀ံ့ရဲနေရတာပါနှင်းဆီ
ခုနှစ်ဆောင်ဘုံနန်းအရှုံးပေးရလောက်တဲ့
ထပ်ခါထပ်ခါအရစ်ထပ်တွေနဲ့
နူးညံ့လွန်းတဲ့အလွှာလေးတွေက
နတ်ပန်းလေးလား..နတ်မိမယ်လေးများလာကွာ...

ငါပိုင်ဆိုင်ချင်လိုက်တာကွာ

ငါနမ်းရှိုက်ချင်လိုက်တာကွာ

ငါထွေးပိုက်ချင်လိုက်တာကွာ

မင်းကို..မင်းရဲ့ကျောဇာမှုဂုဏ်ရှိန်တွေကြောင့်
ပိုင်ဆိုင်ချင်..နမ်းရှိုက်ချင်..ထွေးပိုက်ချင်နေတဲ့သူကို
အသဲနှလုံးထဲထိအဆိပ်တက်..
အအိပ်ခက်စေမယ့်ဆူးလေးတွေ
ခနလောက်ဖြစ်ဖြစ်
သိမ်းထားပေးပါလားကွာ...

nattso.နတ်ဆိုး~~~~2013.Feb.14
ဒီကဗျာလေးကနတ်ဆိုးရဲ့အရင်ကမိနန်းလေးအတွက်ရင်ထဲကပေါက်ထွက်လာတဲ့
့စကားတွေလို့ဆိုတယ်…အပြောအဆိုမတတ်.မချစ်တတ်…ချစ်တတ်နဲ့ခုတော့တကိုယ်တည်းဖစ်နေရတဲ့နတ်ဆိုးလေးပေါ့…ချင်... ဟိ့
~¤°မိနန်းလေး...သိစေဖို့ရာ°¤~
မိနန်းလေးရေ.....
တကယ်တော့..ခင်ဗျားလေးက..ကျုပ်ကို
ဆုပ်လည်းဆူးစားလည်းရူးစေမယ့်
အသီးကိုမှကမ်းပေးချင်တာကိုးဗျ.......
သို့...မိနန်း.....
မိနန်းကိုကျုပ်..အရမ်း..သံယောဇဉ်ကြီးခဲ့တယ်...သိရဲ့လားဗျာ
သို့ပေမယ့်လည်း
သို့...မိနန်း.....
မိနန်းကိုကျုပ်....မုန်းနေရတယ်ဗျ
မိနန်း....ခင်ဗျားလေးဟာ...ပန်းတပွင့်လိုလှပပြီး...
ပန်းသီးတလုံးလို..ချိုမြိန်မှာပါ...
သို့...မိနန်း.....ခင်ဗျာဟာ...ကျုပ်အတွက်တော့ ဆုပ်လည်းဆူး..စားလည်းရူးစေမယ့်
ပဒိုင်းသီးရယ်ပါဗျာ...
မိနန်းလေးရေ.....
ခင်းဗျားလေးရဲ့..စကားပြောအလွန်ကောင်းခြင်း...
ခင်ဗျားလေးရဲ့...အသံအလွန်ချိုသာခြင်းတွေကြောင့်
ကျုပ်ခမျှာ...မကြားရ..မနေနိုင်....အောင်ကိုဖြစ်လှပါတယ်ဗျာ
သို့ပေမယ့်..မိနန်းလေးရယ်.....
ခင်ဗျားလေးရဲ့စကားပြောကြွယ်ဝမှုနဲ့
စကားပြော..အလွန်သာယာမှုမှာက...
ကျုပ်အတွက်တော့...ကျီးလန့်စာ စားနေရသလိုပါပဲဗျာ
မိနန်း.....ကျုပ်..နားမလည်လို့..မလေ့လာ..မလိုက်စားခဲ့တဲ့ဘာသာတခုကို
အခု..ခင်ဗျားလေးကအဖြေထုပ်ခိုင်းအုံးမလို့လားဗျာ.....
မိနန်းလေးရေ.....
ခင်ဗျားလေးရဲ့လက်ကိုဆွဲပြီး..လောကကြီးရဲ့
အဆုံးစွန်ထိရွက်လွင့်လိုက်ချင်တယ်ဗျာ....
မိနန်းရေ.....
ကျုပ်ရင်ထဲကဝေခွဲလို့မရခဲ့တဲ့ပြဿနာတခုကို
ခင်ဗျားလေးဝင်ပြီး..မဖြေရှင်းချင်ပါနဲ့တော့ဗျာ.....
မိနန်းရေ...
ခင်ဗျားလေးရဲ့အသံတွေကြားတိုင်း...
ခင်ဗျားလေးနဲ့အတူရှိချိန်တိုင်း...
ခင်ဗျားလေးနဲ့...သာယာနေရတိုင်း...
မိနန်းလေးရယ်.....ကျုပ်ကိုကျုပ်တောင်မေ့နေခဲ့ရတာပါဗျာ
မိနန်းလေးရေ....
တကယ်တော့အရာရာဟာ..အပူမီးတွေပါဗျာ....
ဒါတွေကိုကျုပ်..မလောင်ကျွမ်းချင်လို့..
အရက်ပဲသောက်နေတာပါ
သတိ
~¤°အရက်သောက်ခြင်းသည် သင့်ရဲ့စိတ်ခံစားချက် စေညွှန်ရာအား
အဆုံးစွန်ထိ ရွက်လွင့်စေပါသည် ~°¤ မိနန်းလေးရေ...
ကျုပ်ဆိုတဲ့ကောင်က...လွတ်လပ်ပျော်ရွှင်တာကို
နှစ်သက်မြက်နိုးတယ်ဗျ...
ဒီနေ့ရတဲ့ငွေကို..ဒီနေ့အပြက်ဖြုတ်ရမှ..ကျေနပ်တဲ့ကောင်မျိုး
¤°မနက်ဖြန်သည်..ယနေ့လောက်မကြိမ်းသေ °¤ဆိုသလိုပေါ့...
မိနန်းလေးရေ....
ကျုပ်ရဲ့ဖြူစင်သန့်ရှင်းလှတဲ့ချစ်ခြင်းတရားတွေနဲ့
ကျုပ်ရဲ့လန်းဆန်းတက်ကြွနေတဲ့နှလုံးသားတခုက
ပျော်စရာကောင်းလွန်းလှတဲ့လူ့ဘဝအချိန်တိုလေးကို
ခံစားနိုင်စွမ်းမရှိဘူးဗျ...ဒါကြောင့်..ကျုပ်ကိုယ်တိုင်ပဲ
သော့ခက်သိမ်းထားခဲ့တာကြာပါပြီဗျာ.....
မိနန်းလေးရေ....
ကျုပ်ရဲ့ရင်ခွင်မှာယနေ့အချိန်ထိ..မည်သူမှ..မအိပ်စက်ခဲ့ဖူးဘူးဗျ
ကျုပ်ကလည်း...
တသက်မှာ..တယောက်..တယောက်မှာ..တချစ်
တခွန်းတည်းသောစကားတခွန်းအတွက်....
တခါပဲ..သစ္စာပြုခဲ့မယ်.....
မိနန်းလေးရေ.....
ကျုပ်..လည်းခင်ဗျားလေးကိုချစ်သလို...မချစ်သလိုလိုနဲ့....
ကျုပ်ကိုယ်တိုင်ကလည်း....
အော်......တိမ်လိုလို...မီခိုးလိုလိုပါပဲလားလေ
nattso နတ်ဆိုး…၅း၄၅ မနက်..2013.Feb.14
nattso ရဲ့နှင်းဆီကိုတင်စားပြီး ချစ်တဲ့ အကြောင်းလေးကကြေညာဝင်ထားပုံလေးလှတယ်နှင်းဆီရေ
ReplyDeleteမိနန်းလေးရဲ့ မာယာတွေနဲ့ နေလာခဲ့ရတဲ့ ကဗျာလေးကလဲကောင်းလှပါပေတယ်
Thanks fri...have a good day.....
ReplyDeleteနတ်ဆိုးးးးး
ReplyDeleteနတ်ဆိုးးးးးးးးးးးးး
ဘာမှမဟုတ်ပါဘူး
ရန်တွေ့တယ် မထင်နဲ့နော်...
နှင်းဆီနဲ့ ပတ်သက်တဲ့ ကဗျာလေး
အရမ်းကြိုက်ပါအိ...
မိနန်းလေးကလဲ
ချစ်သလိုလို မချစ်သလိုလိုနဲ့
တိမ်လိုလို မီးခိုးလိုလိုပါပဲတဲ့လေ....:)
ဟား.....ဟား......
ReplyDeleteပြောပါဗျာ....
ကျနော်ကရေလည်
ဒေါသကြီးခဲ့တာ...အခုတော့...
ရေရေလည်လည်..စိတ်ရှည်တက်နေပြီလေ....
အရာရာကို...အပြုံးနဲ့ပေါ့....